Powered By Blogger

Tuesday, February 3, 2015

ပယောဂလော..?..ဟုတ်..အင်းးးးး...မတိပုစ်..ငင့် ...ခိခိ(ဗေဒင်)


ပယောဂလော..?..ဟုတ်..အင်းးးးး...မတိပုစ်..ငင့် ...ခိခိ
-----
ဝတ္ထုရေးသလို ရေးပြလက်စတွေ တန်းလန်းထားပြီး အခုလက်တွေ့ ဖြစ်ရပ်တစ်ခုကို ရေးပြပါမယ်..ဒီနေ့ အဖြစ်အပျက်ပေါ့ ..အဲ့ အမျိုးသမီးက အောက်တိုဘာ ၈၅ ဘွန်း ကြာသာပတေးသမီးပါ...အဲ့ တော့  ၃ကြွင်း သိုက်ဖွားပါ..၊ ဆရာဝန်မလေးပါ..ဗေဒင်လာတွက်ရတဲ့ မူလအကြောင်းက နောက်လမှာ အိန္ဒိယသွားဖို့ ရှိလို့ လာခဲ့ တာပါ။ ကြာသာပတေးသမီး အသက် ၃၀ ဆိုတာ အင်္ဂါသက်ရောက်ပါ...ဒီတော့  အင်္ဂါသက်ရောက်ရဲ့  စိတ်တိုစရာနဲ့ စိတ်ဖိစီးမှု့ တွေအကြောင်းနဲ့  တနင်္လာနံခိုက်လို့  ဖြစ်တတ်တဲ့ သဘာဝတွေ ပြောလိုက်ပါတယ်...ကားမတော်တဆမှု့ ပါဖြစ်တတ်ကြောင်း ပါသွားပါတယ်...(အမှန်က အင်္ဂါသက်ရောက်သူမှန်သမျှ တနင်္လာနံခိုက်သတ္တိကြောင့် ကားသတိထားပါချည်းထည့် သတိပေးတာပါ သူ့ ကိုချည်းကွက်ပြောတာမဟုတ်ပါဘူး ) လစိတ်ချတော့  ပြီးခဲ့ တဲ့   ဇန္န၀ါရီလထဲ နဲ့  အခုဖေဖေါ်ဝါရီလ ဒုတိယပတ်အထိဟာ ဒီအသက် ၃၀ထဲမှာကျနော်ပြောတဲ့  စိတ်တိုစရာစိတ်ဖိအားတွေနဲ့  ကားမတော်တဆမှု့ တွေ စသဖြင့်  အဖြစ်နိုင်ဆုံး ပထမ နေရာဖြစ်တယ်လို့ ထည့် ပြောတာပါသွားတယ်ဗျ..
အဲ့ မှာ အဲ့ ဆရာဝန်မလေးဆီက စကားသံထွက်လာတာက ဒီလပိုင်းထဲမှာပဲ ကားသွားသွားပွတ်မိတာ ၂ ခါရှိပြီလို့ ပြောတော့ တယ်( ဒါလဲကြားဖူးပေါင်းများလို့ ရိုးနေပါပြီ)..

ဒါပေမယ် သူ့ မှာပြဿနာဖြစ်နေတာက...သူဟာ အိန္ဒိယကပြန်လာရင် မေလထဲမှာ မင်္ဂလာဧည့် ခံပွဲလုပ်ဖို့ ရှိတယ်လို့ ဆိုတယ် ( ကျနော်နဲနဲ မျက်လုံးပြူးသွားပါတယ်..အင်္ဂါသက်ရောက်မှာ မင်္ဂလာ ဆောင်မယ်ဆိုတော့ လေ)..ဒါပေမယ့်  လက်မှတ်ထိုးထားတာ သုံးနှစ်လောက်ရှိပြီလို့ ဆိုတယ်
( ငင့် ..အဲ့ ဒါဆို အခုအသက် ၃၀ထဲကနေ ၃ နှစ်ပြန်နှုတ်တော့  သောကြာမရဏမှာ လက်မှတ်ထိုးထားတဲ့ သဘောပေါ့ )..သူ ဘယ်လိုမှ မေတ္တာမရှိတာ ယောက္ခမအိမ်က အိမ်အကူအမျိုးသမီးကြီးကိုပါတဲ့ 
 ...( တိန်...အခုထဲက ယောက္ခမအိမ်တက်နေလို့  ယောက္ခမအိမ်က ဘဏ္ဍာထိမ်းနဲ့ ကွိုင်နေတာလား..ယောက္ခမအိမ် သွားလည်တုန်း ကွိုင်လာတာလားတော့ ဆက်မမေးမိတော့ ပါဘူးဗျာ စကတည်းက ယဉ်သကိုးတော့ ဖြစ်နေပြီပေါ့ လေ့ )...အဲဒါ အဲ့ အမျိုးသမီးကြီးက သူ့ ကို ဘာညာဘာညာများ..?...( ငင့် ...စွပ်စွဲချက်ကလည်း ပြင်းထန်လှချည်လားဝေ့ ....)

အဲ့ တော့  ကျနော်က အဲ့ ဒီ့ အမျိုးသမီးက လုပ်မလုပ်တော့  ကျနော်မသိဘူးဗျ...ကျနော်သိတာ..ဒီဇာတာ အရ အခု ၁လပိုင်းနဲ့ ၂လပိုင်းကြား ၁ကြိမ် မေလလယ်ကနေ ဇွန်လကြားတစ်ကြိမ် ၊ ၃၀ပြည့် ခါနီး ၁လအလို တစ်ကြိမ် အရင်နှစ်တွေထက် အရစ်ခံရမယ်...ဒါပဲဗျာ..အခု ဖြစ်ခဲ့  ဟိုအမျိုးသမီး ပယောဂပါမပါတော့ မသိဘူးဆိုပြီး...သက်ရောက်အကြောင်း နဲနဲ ရှင်းပြလိုက်ပြီးမှ အကာအကွယ် ယတြာတွေ ပြောလိုက်ရတယ်

သဘောက လောကဓံက သူ့ အလုပ် သူလုပ်နေတာကို ကျနော့် ထောင့် က ဒီလိုမြင်တာကို ပြတာပါ ပယောဂ ဟုတ်မဟုတ်ဘာညာတွေက ကျနော့် လိုင်းနဲ့ မဆိုင်လို့  ကျနော်မဝေဖန်နိုင်ပါဘူး ကျနော်ဘာလုပ်ပေးလို့ ရမလဲသာ စဉ်းစားပါတယ်လို့ ပါ...ပြီးတော့  သက်ရောက်တဲ့ လစိတ်ကို ပြောပြတာပါ...ဘယ်လို့ အဆင့် အတန်းဘာပညာရှင်ဖြစ်စေ သူ့ သက်ရောက်နဲ့  သူ့ လစိတ်က လစ်ရင် လစ်တဲ့ နေရာက ရသလောက် တွယ်လွှတ်လိုက်တာပါပဲလို့ ပြောတာပါပဲဗျာ)

ကိုယ့် ရှေ့ မှာ လာပြီး နှပ်ချေးထွက်မျက်ရည်ထွက်ပြီးငိုပြတဲ့ ပထမဆုံးကြုံရတဲ့  တနင်္ဂနွေသမီးလေး အင်္ဂလောင်မလေး အကြောင်း နောက်တော့ ရေးပြပါ့ မယ်..ဘာတွေဖြစ်ခဲ့ ကြတာလဲငင့်  ငင်...ပေါ့ လေ..ကျနော်လည်း ဘိုမလေး လှတပတလေးတျောက် ကိုယ့် ရှေ့ မှာ လာငိုပြတာ မကြုံဘူးလို့  ဗိုက်နာသလိုလို တေးပေါက်ချင်သလိုလို ခါးက၀တ်ထားတဲ့  ခါးပုံစ ပုဆိုးစလေး ရှည်ရှည်လေးဆွဲဖြည် လှမ်းပေးပြေီး ရော့ ရော့  နိုနဲ့  တိတ်တိတ် လို့ ချော့ ရမလိုလို ဖစ်တွားပါတီ...ငိငိ..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..