'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Tuesday, June 30, 2015
အတွေ့ လေးရယ်မှ အိုအကြုံ.....
အတွေ့ လေးရယ်မှ အိုအကြုံ.....
--------------
ဝဋ်သဘောကို ယုံကြည်လက်ခံထားတဲ့  ကျနော်တို့ တွေ ကိုယ် မလုပ်ရဲ တွေးတောင် မတွေးရဲတာတွေကို တွေးရဲ လုပ်ရဲတဲ့ သူတွေရှိတာ ကိုယ်တွေ့ တစ်ခုပြောရရင်
ကျနော်တို့ အိမ်ရဲ့ မျက်စာင်းထိုးမှာ စပေါ်တင် လခပေးနေတဲ့ အိမ်ငှားမိသားစုတွေ ရှိပါတယ်..ရရစားစားတွေပေါ့ လေ....အခန်း ၄ ခန်းဖွဲ့ စည်းထားတဲ့  တိုက်ကြီး တစ်တိုက်လုံးမှာ ကျန်သုံးခန်းက တိုက်ရှင်တွေပေါ့  သူတို့ က ငါးဒိုင်သမားတွေပါ...တော်တော်ကြီးကို ချမ်းသာပါတယ်......ခေတ်တွေပြောင်းလာတော့  တိုက်သစ်တွေ ဆောက်လာကြလို့  တိုက်ရှင်တွေက အဲ့ အငှားခန်းကို ပြန်လိုချင်လာပါတယ်...အဲ့ အချိန်မှာ အငှားသမားတွေဟာ နေထိုင်သက် နှစ်သုံးဆယ်လောက်ရှိလာပါပြီ....
ပြန်ရစ်
ပြန်ရစ်
-----
ဘယ်သူ့ ကိုမှ မထိခိုက်ပဲ သူတို့ ယုံကြည်ရာ သူတို့ လုပ်ကြပြီး သူတို့ ဟာသူတို့ သူ့ တို့ ဘ၀လေးတွေမှာ အေးအေးလူလူနေတဲ့  သူတစ်ပါးတွေကို .......
မလိုအပ်ပဲ အသားလွတ်သွား ပုတ်ခတ်လိုက်ရမှ နေသာထိုင်သာ ရှိတတ်ပုံရတဲ့  သဘောကို ကိုယ်ပေးချင်တဲ မတ်စိအကောင်းလေး ရေးတာထဲတောင်မှ လွတ်လွတ်လပ်လပ် မရေးနိုင်ပဲ ပုတ်ခတ်ပြီးမှ ရေးလိုက်တာမျိုးကို ဖြတ်သွားဖြတ်လာ လှမ်းကြည့် လိုက်ရင်းက ဖြတ်ကနဲတွေ့ လိုက်ရတယ်....
'''''ဘာဖြစ်ချင်လား ဘာဘာလုပ်ဆိုတဲ့ အကြံဥာဏ်မျိုးဒဲ့ ပေးလည်း ဖြစ်နေရဲ့ သားနဲ ''..... '''ဘုရားမှာ ဆုတောင်းနေယုံနဲ့ တော့  ဘာမှ ဖြစ်မလာပါဘူး ..''လို့  ဘာကြောင့်  သူတို့ ဖီလင်နဲ့ သူတို သူတို့ ယုံကြည်ရာ ဘုရားမှာ ဆုတောင်းတတ်တဲ့ သူတွေကို ဘာကြောင့် များ ပုတ်ခတ် ထိခိုက်ပြောစရာ ရေးစရာလိုပါသလဲ.?...လို့ က စတွေးကြည့် လိုက်တာ .
သွားကြားထိုးတံလေးတစ်ခုကနေ....
သွားကြားထိုးတံလေးတစ်ခုကနေ....
----
ဆိုင်က ထ္မင်းကြော် ၀ယ်စားရင်ပါလာတဲ့ ဇွန်းလက်ကိုင်ကို အမှတ်တမဲ့  ကြည့် မိလိုက်တော့  သတိထားမိလိုက်တာက တစ်ခြားဇွန်းတွေနဲ့ မတူပဲ ကွဲထွက်ပါလာတာက ဇွန်းလက်ကိုင်မှာ သွားကြားထိုးတံလေး တစ်ခု အသားထွင်း ထည့် ပေးထားတာလေးမြင်လိုက်ရတယ်....
အိမ်သစ်တက်ပွဲ..
အိမ်သစ်တက်ပွဲ..
---
လက်တော့ ထဲက ဒေတာတွေ အပိုဟာဒ့် ထဲ ပြောင်းထည့် ရတာလည်း အိမ်ဟောင်းကနေ အိမ်သစ် ပြောင်းရသလိုပဲ အမှိုက်တွေလို့ ထင်စရာတွေကလည်း တစ်ပုံကြီး ...
လွှင့် ပစ်ရမှာကလည်း နှစ်တွေ အကြာကြီး စုထား သုံးထားခဲ့ တော့ လာလောဆယ်မသုံးပေမယ့်  သံယောဇဉ်က ဖြစ်နေသလိုလို အမှိုက်ထဲကလည်း နောက်တော့ အသုံးလိုရင် သံချေးတက်နေတဲ့ ခေါင်းပြုန်းမူလီတစ်လုံး နဲ့ သံကွေးတစ်ချောင်းကအစ အသုံးတည့် တယ်ဆိုပြီး
အိမ်ထဲ တွေ့ သမျှ သစ် အတိုအစ ဇွန်းအကျိုးအလယ် သုံးပြီးသား ကျွတ်ကျွတ်အိပ်အဆုံး လျှောက်ကောက် သိမ်းထုပ်သေခြာတွေလုပ်နဲ့  တော်တော်နဲ့  လွှင့် မပစ်တတ်လို့  ဘာပစ္စည်းတွေနဲ့ အိမ်ထဲပြည့် ကျပ်နေမှန်းတောင်မသိတော့ တဲ့  နော်တို့ အမျိုးတွေရဲ့  စုဆောင်းထားတတ်တဲ့ အကျင့် တွေလိုလို....
အာ့ နဲ့  ကိုယ့် ခေါင်းပေါ်ရွက်ထားရတာမှမဟုတ်တာဆိုပြီး ဒေတာတွေ အပို ဟာဒ်ဒစ်ထဲ ရွှေ့ တာ...ကြာချက်က သင်္ချေဝက်နဲ့ ကမ္ဘာငါးသောင်းလောက်ထင်ရပါ့ ဗျာ.စောင့် နေရတာများ .နှာ နဲနဲစီးတာလေးကို ပါရဂူနဲ့ မှ ပြချင်လို့  တုံကင်ယူစောင့် တာ ဆေးခန်းဝမှာ နာမည်ခေါ်ပေးနေတဲ့  စစ်စတာလေးနဲ့ ဘာညာသာရကာ ဇာတ်လမ်းလေးတောင် ဖြစ်လုလု ဆိုသလိုပေါ့ ...အဟိ....ခိခိ
နိုးဖရီး
နိုးဖရီး
----
အခန်းလေး၂ခန်းခွဲထားတဲ့  ဟဒ်ဒစ်ထဲက အခန်းတစ်ခန်းမှာ ဒေတာတွေပြည့် နေကြောင်း အနီတန်းကြီးထွက်လာတော့  ဟိုအခန်းထဲခွဲပို့ ဒီအခန်းထဲရွှေ့ တွေလျှောက်လုပ်လိုက်တော့ အနီတန်းကပျောက်သွားတယ်..ဒါပေမယ့်  ပြည့် လုလုကပြည့် လုလုပဲ..ဒါနဲ့ ထူးပါဘူး သိပ်မကြာခင်ပဲ ပြည့် တော့ မှာလို့ ဆိုပြီး အိပ်စ်တာနယ်လေးဟာဒ်ဒစ်လေး တစ်ခု သွားဝယ်လိုက်ပါ့ မယ်လေဆိုပြီး ဈေးစပ်စု လိုက်တော့  ၀မ်းတီဘီကို ၈သောင်းကျော်တဲ့  အမငီး..တီဘီဆေး အပြင်မှောင်ခိုက ၀ယ်ရသလိုပဲ အိုင်တီပစ္စည်း လက်တစ်ဝါးစာလေးများ လှုပ်တောင် မလှုပ်ရဲ သလောက်ပါလား..စဦး တီထွင်ဥာဏပစ္စည်းတွေ ဆိုတာ ဂလိုပဲနဲ့ တူပါရဲ့ ပေါ့ လေ.....
မောနင်းဖီလင်
မောနင်းဖီလင်
------------
တစ်ခါတစ်လေပေါ့  ကျနော် ဘယ်တုန်းကမှ လခစား မလုပ်ဖြစ်ခဲ့ တဲ့ ဘ၀ကိုရနေတာ ကံကောင်းတယ်လို့ ကိုယ့် ဟာကိုယ်တွေးပြီး သဘောတွေ ကျနေတတ်တယ်...
သဘောကျရတာက အစကတည်းက ကိုယ်တိုင်တစ်ခုခု ထွင်နေရတာမျိုး ကိုယ်တစ်ခုခုလုပ်တိုင်း မှားမှား မှန်မှန် မှားရင်ခံမယ် မှန်ရင်ပျော်မယ် ကိုယ့် ကြမ္မာလမ်းကို ကိုယ်တိုင်ဆုံးဖြတ်ခွင့် ကို အပြည့် လိုချင်တာမျိုး ။ ကိုယ့် လုပ်အားကြောင့် ရလာတဲ့ ပိုက်ဆံကို ငါးပြားတစိ မကျန် ကိုယ့် ဟာ ကိုယ်သာ စီမံခန့် ခွဲပြီး စိတ်ကူးတည့် ရာ သုံးချင်တာမျိုး.။ ကိုယ့် ပိုက်ဆံကို အရက်သောက်ပစ်ချင်သောက်ပစ်မယ် ဘုရားတည်ချင်တည်မယ် ကိုယ့် စိတ်သဘောပဲဖြစ်ချင်တာမျိုး ..စိတ်အခြေခံက ကြီးနေလို့ ပေါ့ ဗျာ.......
ပြီးတော့  ဘာလုပ်လိုက်ပါလားဆိုတာထက် ဘာလုပ်သင့် တယ်ထင်တယ်လို့  ပြောလာပေးသူတွေ ဘာလုပ်ရမယ်ဆိုတာထက် ဘာလုပ်ကြရင် ပို မကောင်းဘူးလားဆိုတဲ့ လူမျိုးတွေရဲ့ အကြံဥာဏ်တွေမျိုးကို ပိုသဘောကျတယ်...ကိုယ့် ကို ကိုယ့် ဘ၀ကိုယ် လွတ်လပ်စွာရွေးခြယ် ဆုံးဖြတ်ခွင့် ရှိတဲ့ လူအဖြစ် အသိအမှတ်ပြုသလိုမျိုးလို့ ခံစားရလို့ ပဲ.။
.မရောက်ချင်ဆုံးဘ၀က သူများမျက်နှာအောက်မှာ ဘ၀ပေးအနေအထားအရ အရုန်းခက် အလှန်ခက် ရွံကြောက်ကြီးဘ၀နဲ့ ခေါင်းငုံ့ ပြီး ထမင်းကို ခပ်ကုပ်ကုပ်လေး စားနေရမယ့် ဘ၀ကို မရောက်ချင်ဆုံးပဲ သူများတွေကိုလည်း ကိုယ့် ကို အရုန်းခက် အလှန်ခက် ရွံကြောက်ကြီးဖြစ်ပြီးခေါင်းငုံ့ ထမင်းစားနေရတာ အနေအထားမျိုးရောက်အောင်ကို မလုပ်ခဲ့ ဘူးဘူး.....ကိုယ့် ဖီလင်ပြောတာပါ..ဒီလို ဖီလင်က သားချင်းမတော် စိမ်းတဲ့ သူတွေနဲ့  လူမှု့ ဆက်ဆံရေး သဘောတွေမှာဖြစ်တဲ့ ဖီလင်ပေါ့  မိဘတို့  ကိုယ့် ထက်အကြီးတို့ သီလ သမာဓိ သိက္ခာ ပြည့် ဝပြီး လေးစားကြည်ညိုထိုက်တဲ့ ဂုဏ်ရည်စစ်ရှိတဲ့ သူတွေ နဲ့ ဆက်ဆံရေးမျိုးတွေ သဘောတရား နဲ့ တော့ မတူဘူး...
Monday, June 29, 2015
အတိတ်တံခါးတို့ ပွင့် တဲ့ အခါ
အတိတ်တံခါးတို့ ပွင့် တဲ့ အခါ
------
ချစ်ခြင်းကို
ဘယ်လောက် ချစ်ကြောင်း
ချစ်ခြင်းတရားတွေကနေ
ဝေးကွာသွားမှ သိလိုက်ရတဲ့ အခါ
အစက ဒီလောက်ချစ်တတ်ခဲ့ မှန်း
ကိုယ့် ရင်ဘတ်က အသံတွေကို
ဘာလို့ များ ဂရုတစိုက်
နားမထောင်မိခဲ့ ပါလိမ့် လို့ 
နှောင်းလွန် တမ်းတ လွမ်းရတဲ့ 
အတိတ်ရက်တွေကိုသာ
ပြန်လည် တံခါးဖွင့် ရင်း.....
လွမ်းလို့ ကောင်းတုန်းပဲပေါ့ 
ဒဏ်ရာတွေ နဲ့  အလွမ်းတွေဟာ
မင့် ကိုယ်စား အမှတ်တရတွေအလား
မြတ်နိုးစရာတွေတောင် ဖြစ်ခဲ့ ပြီ ။ ။
------
ချစ်ခြင်းကို
ဘယ်လောက် ချစ်ကြောင်း
ချစ်ခြင်းတရားတွေကနေ
ဝေးကွာသွားမှ သိလိုက်ရတဲ့ အခါ
အစက ဒီလောက်ချစ်တတ်ခဲ့ မှန်း
ကိုယ့် ရင်ဘတ်က အသံတွေကို
ဘာလို့ များ ဂရုတစိုက်
နားမထောင်မိခဲ့ ပါလိမ့် လို့ 
နှောင်းလွန် တမ်းတ လွမ်းရတဲ့ 
အတိတ်ရက်တွေကိုသာ
ပြန်လည် တံခါးဖွင့် ရင်း.....
လွမ်းလို့ ကောင်းတုန်းပဲပေါ့ 
ဒဏ်ရာတွေ နဲ့  အလွမ်းတွေဟာ
မင့် ကိုယ်စား အမှတ်တရတွေအလား
မြတ်နိုးစရာတွေတောင် ဖြစ်ခဲ့ ပြီ ။ ။
ဇွတ်ရွတ်
ဇွတ်ရွတ်
--------
ဘ၀ဟာ
တစ်ခါတစ်ခါ
မှင်မလိုက်တတ်တဲ့ 
ဆော့ ပင်ကို တံတွေး ဆွတ်ပြီး
ဇွတ်ရေးမိသလိုပဲ
ဘ၀မှာ
ထင်တိုင်း မဖြစ်သေးတော့ 
တစ်နေ့ တော့ ဖြစ်နိုးနိုးနဲ့ 
ဘုရားစာတွေ ဇွတ်ရွတ်ရင်း
ဘ၀ခရီးကို
--------
ဘ၀ဟာ
တစ်ခါတစ်ခါ
မှင်မလိုက်တတ်တဲ့ 
ဆော့ ပင်ကို တံတွေး ဆွတ်ပြီး
ဇွတ်ရေးမိသလိုပဲ
ဘ၀မှာ
ထင်တိုင်း မဖြစ်သေးတော့ 
တစ်နေ့ တော့ ဖြစ်နိုးနိုးနဲ့ 
ဘုရားစာတွေ ဇွတ်ရွတ်ရင်း
ဘ၀ခရီးကို
သို့ သော်ငြားလည်းပေါ့ လေ
သို့ သော်ငြားလည်းပေါ့ လေ
----------
မြဲမယ်လို့  စိတ်က သိပ်မထင်ပေမယ့်  တစ်ခါတစ်လေ လက်မှတ်ထိုးမယ့် ရက်တို့ ဧည့် ခံပွဲရက်တို့ ကို ရွေးပေးလိုက်တာမျိုးတွေလည်းရှိတယ် သူတို့ လာတာကိုက မြဲမမြဲ လာတွက်တာမျိုးမဟုတ်တော့ ပဲ သူတို့ ဟာသူတို့ ခန့် မှန်း လတွေ ရက်တွေ ယူလာပြီး အဲ့ ရက်တွေ ယူမလို့  အဲ့ ရက်တွေထဲက တစ်ရက်ရက် ရွေးပေးပါဆိုပြီးလာတာလေ.....

အတွေးသီ
အတွေးသီ
--
လူရဲ့ ကောင်းမှု့ ဆိုးမှု့ တွေမှာ ဒဲ့ လာဖြစ်တာ သွယ်ဝိုက်ဖြစ်သွားတာတွေ ရှိတာ ကိုယ့် ဘ၀တွေ တစ်ချိန်လုံးမြင်နေရတဲ့ သူများဘ၀တွေကို စောင့် ကြည့် မှ တွေ့ ရတာမျိုးပဲ အများအားဖြင့်  ကိုယ့် ကိုတိုက်ရိုက်လာမှ လောကဓံ အကောင်းအဆိုးလို့ ထင်လေ့ ရှိတယ်.....အကောင်းသဘောမှာ ဆိုပါတော့  ကိုယ်ကတော့ တနင်္လာသက်ရောက်ဖြတ်လို့ တိုက်ခန်းဝင်ကိန်းရှိတယ်ဆိုပါတော့  ကိုယ်တိုင်တော့  တိုက်ခန်းသွားမ၀ယ်ဘူး ၀ယ်ဖို့  စိတ်ကူးလည်းမရှိဘူး ဒါပေမယ့့် မိသားစုဝင်တွေအားလုံးရဲ့ ဆန္ဒအရ မိသားစုအားလုံးပိုင်တိုက်ခန်းကို ၀ယ်သူအမည် အဖြစ် ကိုယ့် အမည်ခံပြီး ၀ယ်လိုက်တာမျိုးက ဒါက သွယ်ဝိုက်လောကဓံ အကောင်းကိန်းသဘောမျိုးပေါ့ 

ဗြဟ္မာတို့ ၏ သက်တမ်း
ဗြဟ္မာတို့ ၏ သက်တမ်း
---
နိရဗ္ဗုဒ= အရေအတွက် သဘောကား တစ်ဆယ် ဆယ်လီ တစ်ရာ ၊ဆယ်ရာကိုတစ်ထောင်၊ ဆယ်ထောင်ကို တစ်သောင်း ၊ဆယ်သောင်းကို တစ်သိန်း ၊ ဆယ်သိန်းကိုတစ်သန်း ဆယ်သန်းကို တစ်ကုဋေ ၊ကုဋေပေါင်း သိန်းတစ်ရာကို ပကောဋိ ၊ ပကောဋိပေါင်း သိန်းတစ်ရာကို ကောဋိ ပကောဋိ ၊ ၄င်းပေါင်း သိန်းတစ်ရာကို နဟုတ ၊
ဆုမတောင်းကောင်းလို့ သာ...ခိခိ
ဆုမတောင်းကောင်းလို့ သာ...ခိခိ
----
အေးလေ ပြန်ငေါ့ လဲငေါ့ စရာပဲ သူတို့ ဟာသူတို့ ထီးထီးမမတွေကို လော နဲ့ တြားဝင် လက်ထပ်ခွင့် ပြုလိုက်တာနဲ့  ဘယ်လိုဖြစ်ပြီး နေ့ ချင်းညချင်းပဲ ကမ္ဘာကြီး လူမျိုးတုံးတော့ မလိုလို ပျားတုတ် ကုန်ရတာလဲလို့ ရိချင်စရာပေါ့ .

ဗေဒင်
ဗေဒင်
--
အ၀င်ကောင်းသဘောက ဂြိုလ် ၈ ခွင်မှာ...
တနင်္ဂနွေသက်ရောက်ဆို သောကြာနံနဲ့  ဟူးနံ
တနင်္လာသက်ရောက်မှာ စနေနံနဲ့  တနင်္လာနံ
အင်္ဂါ နဲ့  ဟူး သက်ရောက်မှာ စနေနံနဲ့  ကြာသာပတေးနံ
စနေသက်ရောက်မှာ တနင်္ဂနွေနံနဲ့  သောကြာနံ
ကြာသာပတေးသက်ရောက်မှာ အင်္ဂါနံနဲ့  တနင်္ဂနွေနံ
ရာဟုသက်ရောက်မှာ တနင်္လာနံ နဲ့  ဟူးနံ.....လို့  ဒါက သုံးတန်ပေါ်နိစ္စပညာကလာတာ.....

Sunday, June 28, 2015
စိတ်ကူးပေါက်ရင် လျှာကြောရှည်တတ်တဲ့ သူ
စိတ်ကူးပေါက်ရင် လျှာကြောရှည်တတ်တဲ့ သူ
-----------
ဘွဲ့ ဘယ်နှစ်ခုလောက်ရမလဲရှင့် လို့ မေးလာသူက အသက် ၂၀လောက်သာရှိသေးတဲ့  စာတော်ပုံရတဲ့ ၆ကြွင်းကြာသာပတေးသမီးလေး မှန်ချောင်လေးကျောင်းသူတစ်ယောက်ပါ...ဒီတော့ ကျနော်က...
ကျနော်တို့ ဗေဒင်မှာ အဲ့ ဒါမျိုး မရှိဘူး ကျနော်တို့ ချိန်တာ ဥာဏ်ပညာ တွေးခေါ်ပုံသတ္တိ ကောင်းမကောင်းတွေချိန်တာ နောက် ကျနော်ပြောပြမယ် သူများတွေ ရွှီးတိုင်းလိုက် ယုံမနေနဲ့ ဗျ...အခုကျနော်တို့ ဒီ ဗေဒင်ပေါ်လာတာ ညောင်ရမ်းတွေ ကုန်းဘောင်တွေခေတ်ကတည်းကပေါ်လာတာ နှစ်ကို သုံးလေးရာမကဘူး..အဲ့ ခေတ်တွေမှာ ဘာအစိုးရ စတိတ်ကျောင်းမှမရှိဘူး ဘာဘွဲ့ နှင်းသဘင်မှ မရှိဘူး ကုန်းဘောင်ခေတ်မှာ ကားတောင် ဗမာပြည်မှာ မပေါ်သေးဘူး ကားဝင်မယ်ဘာညာဆိုတာ ဒီဘက်ခေတ် အခြေအနေကြည့် ပြောတာ ဟိုခေတ်က တနင်္လာနံဝင်မယ်တို့ အခြေနှစ်ချောင်း ၀င်မယ်တို့ လောက်ပဲပြောတာ....အခု ဒီဇာတာမှာ မွေးနှစ်ရော မွေးချိန်အရရော ကြာသာပတေးနံ အထိုင်ကောင်းနေတယ်ဒီတော့ ကိုယ်ဖတ်နိုင်ရင် ဖတ်နိုင်သလောက် ပညာကောင်းတွေ ဘွဲ့ တွေ စာတီဖကိတ်တွေ တန်းစီပြီးရနိုင်တယ် ဒီလောက်ပဲ ကျနော်ပြောနိုင်မယ် ဘွဲ့  ၂ ခု ရမယ် ၃ခုရမယ်တွေဘာညာတော့ မပြောနိုင်ဘူး....လို့ ဆိုလိုက်တော့ .....သူလေးက ဟီးဟီးတဲ့ ...သူဟီးဟီးတော့  ကိုယ်လည်း ဟီးဟီးပေါ့ ......
ဟာဟ ကိုယ့် ဂူထဲကိုယ် ကိုယ့် လူနဲ့ ကိုယ့် တော်ကီကတော့  ကိုယ့် ဟာကိုယ်တော့  ဟုတ်နေတာပဲ .အဟီးးးးးးးးခ်ခ်

အိမ်ထောင်ရေးကောင်းလား
အိမ်ထောင်ရေးကောင်းလား
--------
လို့ မေးလာသူက ၁ကြွင်း တနင်္ဂနွေသမီး အသက် ၆၀ မရဏ ဟူး သက်ရောက်နေသူပါ.. လာနေကျဖြစ်ပြီး ယောက်ျားက သင်္ဘောသားပါ ။ ကျားကိုကြောက်ရတာ ထင်ရှားတာက သူ့  ယောက်ျား သင်္ဘောတက်စေချင်လို့ ယတြာခြေရင် အိမ်မှာ မခြေရဲပဲ အပြင်ဘုရားမှာ ခြေရတာ
ဗေဒင်ဆရာဆီမှာ ဒိုင်လျိုလေး ခြေရတာက သက်သေပါပဲ ကိုယ်တိုင်တော့  အိမ်ဖေါ်တွေ ဖက်စလတီတွေ အပြည့် နဲ့ အလုပ် မလုပ်စားရပါဘူး..
ကျနော်က ရုပ်ပိုင်းဘ၀အရဆိုရင် အိမ်ထောင်ရေးကောင်းတယ် စိတ်ပိုင်းသဘောအရဆိုရင် အိမ်ထောင်ရေး မကောင်းဘူးပေါ့ ဗျာ....လို့ ဆိုလိုက်တော့  အဲ့ တနင်္ဂနွေသမီး နားမျက်စိလည်သွားပါတယ်......ဒီတော့ ကျနော်က ကိုယ်ထွင်ပြောတဲ့ စကား ကိုယ့် ဟာကိုယ်ပြန်ရှင်းပြရတဲ့ ဘ၀ရောက်သွားတော့ တာပေါ့ ဗျာ
အစ်မကြီးမှာ စားဝတ်နေရေးတွေ ဘာအလုပ်မှ ကိုယ်တိုင်ထမလုပ်ရပဲ အကုန်ပြည့် စုံနေတာလေးကို ကြည့် ရင် အိမ်ထောင်ရေး ကောင်းတယ်လို့ ပြောရမှာပေါ့  ကောင်းလို့ ပဲ အိမ်ထောင်သက် နှစ် ၃၀တောင်ဖြစ်နေပြီး သားသမီးတွေလည်းကျောင်းပြီးသူပြီးနေပြီလေ...စိတ်ပိုင်းသဘောက ကြည့် ရင် အစ်မကြီးက ယောက်ျားကို ကြောက်နေရတယ် သူ့ စကားသာ နာခံရတယ် အခုလိုနှစ်မှာဆို အစ်မကြီး သူ့ ကြောင့် စိတ်ညစ်နေရတယ် ကွဲပစ်ချင်စိတ်တွေတောင်ဖြစ်နေလို့  အိမ်ထောင်ရေး ကောင်းလားလို့ အခုလို အသက် ၆၀ကြီးကြမှ လာမေးခွန်းထုတ်နေတာ မဟုတ်လား ဒါကြောင့်  ၂ပိုင်းခွဲပြောလိုက်တာလို့ ပြောလိုက်တော့ ............။

''အတိုက်အခိုက်တွေ ဘာတွေ ရှိလားဆြာ ''
''အတိုက်အခိုက်တွေ ဘာတွေ ရှိလားဆြာ ''
---
'''အင်း.ရှိတယ် ကိုယ်သိတာ မသိတာပဲကွာတယ် မွေးစကလေးတောင် မနာလိုခံရတာမျိုးရှိတယ်လေ...
ပြီးတော့  လူမှာ အတိုက်အခံ မရှိတဲ့ လူ မရှိဘူးဗျ ရိုးရိုးလူမပြောနဲ့ ဘုရားတောင် ဘုရားမဖြစ်ခင်ကတည်းက အတိုက်အခိုက် ခံရတာ ပရိနိဗ္ဗာန်ပြုပြီးတာတောင် အတိုက်အခိုက်က ခံနေရတုန်းလေ.''

ပိုက်ဆံ ကုမ္ပဏီ အမေးသမား အဖြေသမား
ပိုက်ဆံ ကုမ္ပဏီ အမေးသမား အဖြေသမား
-------------
'''အဲ့ ဒါ သမီးက လစာတိုးတောင်းမလို့ ဟာ သူငယ်ချင်းက သထေးက လစာ တိုးတောင်းရင်
ကိုယ့် ကို ပိုက်ဆံမက်တယ်လို့ ထင်သွားရင် နောက်ဆို မကြည် ဖြူတတ်တော့ ဘူးလို့ ပြောတယ်
သမီးက အခုလုပ်နေရတဲ့ စာရင်းကိုင်အလုပ်က အရမ်း အလုပ်များတယ် ဖော်ရင်နာတွေကလည်း
အရမ်းခိုင်းတာပဲ သမီးတစ်ယောက်ထဲ လုပ်နေရသလိုပဲ အဲ့ ဒါ ကုမ္ပဏီပြောင်းရင်ရောရမလားဆြာ...'''

''' HIVသမားတစ်ယောက် မိသားစု ဆေးဝါးယတြာ နဲ့ ကံသတ္တိ ''''
''' HIVသမားတစ်ယောက် မိသားစု ဆေးဝါးယတြာ နဲ့ ကံသတ္တိ ''''
----------
အဲ့  HIVသမားရဲ့ မိဘတွေက တော်တော့် ကို ချမ်းသာပါတယ် ၊ စီးပွားရေးသာ နင်းလိုက်နေလို့ သူ့ သားတစ်ယောက်ဟာ အရက် မိန်းမ လောင်းကစား နဲ့ ဒုတ် ဆိုတဲ့ ဖစ်ဂျွိုင်းသူတစ်ယောက်ဖြစ်လာပါတယ် ၂ကြွင်း ဘင်္ဂဖွား တနင်္လာသားပါ ၊ လူက အလွန်လည်ပြီး ကိုယ်တိုင် လေးပင်လိမ်တာက လိမ်တာတစ်ပိုင်း
ပိုက်ဆံအရှာကတော့  ၁၀တန်းအောင်ပြီး အသက် ၁၈နှစ်ကျော်ကတည်းက ကျောင်းဆက်မတက်တော့ ပဲ အရှာအဖွေ ထူးချွန်သူဖြစ်လို့  သူ့  မိသားစုရဲ့ ဖူးဖူးမှုတ်ထားတာကို ထပ်ရနေပြန်ပါတယ် ဒီတော့  မြင်းကို အတာင်တပ်ပေးလိုက်သလို ကဲချင်တိုင်း လွှတ်ကဲနေတော့ တာပါပဲဗျာ
Saturday, June 27, 2015
အယူအဆ
အယူအဆ
ဆရာ နေ့နံမဟာဘုတ်အရမတည့်တဲ့ကျောက်(ရတနာ)ကိုဆောင်မိဝတ်မိရင်ကံနိမ့်တက်ပါလား အဲ့လိုရှောင်ရမယ့်ရတနာမျိုးကောရှိတက်ပါသလားဆရာ
Like · Comment · Translate
တိုက်ဆိုင်မှု့ 
တိုက်ဆိုင်မှု့ 
---
ဒီနေ့လာသမျှထဲက (ကိုယ်စားလှယ်ကလာတွက်ပေး) ကြာသာပတေးသမီး အသက် ၅၇ကနေ အသက် ၅၈ ရာဟုသက်ရောက်အ၀င် ဇွန်လကုန်ခါနီးမွေး ( အခုလောလောဆယ် မွေးလမွေးရက်ပြန်ဝင်ခါနီး ၃ပတ်အလို ) စနေလစိတ် အဖြတ်မှာရေချိုးခန်းမှာချော်လဲလို့  ဆေးရုံရောက်နေတယ်လို့ ဆိုတယ်..သတိရလားဆိုတော့ ရတယ် ခါးဆစ်ရိုးနဲနဲပြားသွားတယ်လို့ ဆိုတယ်....အသက်တော့ လွတ်တယ်ပေါ့ လေ..
ဒါနဲ့  သူ ပြီးတော့  သူ့ သမီး မင်္ဂလာရက်ရွေးပေးပါဆိုတော့  သူ့ သမီး မွေးသက္ကရာဇ်ကြည့် လိုက်တော့  တနင်္ဂနွေသမီး အသက် ၂၃ ရာဟုသက်ရောက်တဲ့ ..
အဲ့ မှ အဓိက ပြောပြချင်တာက ဆေးရုံယာယီရောက်နေတဲ့ မအေ ကြာသာပတေးသမီး အသက် ၅၈ ရာဟုသက်ရောက်အ၀င်မှာ သမီးက မင်္ဂလာထဆောင်တဲ့  တိုက်ဆိုင်မှု့ ပါဗျား...မိဘ ၂ပါးဖြစ်စေ တစ်ပါးဖြစ်စေ ရာဟု သက်ရောက်ဖြတ်ရင် အရွယ်ရောက် လူလွတ်သားသမီး အချစ်ကိစ္စ အိမ်ထောင်ကိစ္စတွေတိုက်ဆိုင်တတ်တယ်ဆိုတဲ့ သဘောကို တိုက်ဆိုင်နှုံးက တော်တော်များတာ ကြုံခဲ့ ရတယ်ဆိုတာပါပဲ ဒါကို ကြိုပြောပြထားလိုက်လို့ ( အရွယ်ရောက်သားသမီး ရှိမရှိ တစ်ချက်ထောက်လိုက်ပြီး)
တိုက်ဆိုင်သွားရင် အဟောခံရတဲ့ သူတွေ ဖြုံသွားပြီး ဗေဒင်ဆရာကို အရင်ထက် ပိုယုံသွားတတ်လို့  ဖေါက်သည်ဖြစ်လာတတ်တယ်လို့ ပါ..

မာယာမေ
မာယာမေ
--
တစ်ခါက အနုပညာပြကြီးတစ်ခုကျင်းပနေလေသည် ။ ပြပွဲတွင်ချိတ်ဆွဲပြသထားသော ကမ္ဘာကျော်ပန်းချီဆရာကြီး၏ ပန်းချီကားတစ်ချပ်ကို လူတစ်ချို့ ဝိုင်းအုံ အမျိုးမျိုး အဓိပ္ပါယ်ကောက်နေကြလေ၏..
'' ဒါကြီးက ခေတ်ယဉ်ကျေးမှု့ ကို သရော်ထားတာဗျ ကောင်းလိုက်တာဗျာ...'''
'''' မဟုတ်လောက်ဘူး ထင်တယ် ဒါက မိန်းမတွေရဲ့ လျို့ ဝှက်တဲ့ စိတ်ကဖြစ်လာတဲ့ သရော်အပြုံးဖြစ်လောက်မယ် ထင်တယ်.'''
''' အင်း ကျုပ်ထင်တာတော့ မြွေလို ကွေ့ ကောက်တတ်တဲ့ မာယာသဘောလေးကို ပါးပါးလေးထည့် ရေးထားတာဖြစ်လောက်မယ်နော...'''
''' ကျနော်ထင်တာတော့  ချစ်ခြင်းမေတ္တာဆိုတာ အတ္တရဲ့  ကိုယ်ခွဲတစ်ခုပါပဲလို့ ညွှန်းလိုက်ခြင်ပုံရတယ်ဗျ.....'''
ထိုသို့  ငြင်းခုန်နေကြတုန်းမှာပဲ ပန်းချီဆရာကြီးရောက်လာလေသည်...''' ဟာ..ဆရာကြီး.အတော်ပဲ ကျနော်တို့ ဆရာကြီးရဲ့ ဂန္တ၀င်မြောက်လွန်းနေတဲ့ ဟောဒီ့ ပုံကားကို အဓိပ္ပါယ်ကောက်နေတာ ခင်မျ အဲ့ ဒါ အဖြေက အမျိုးမျိုးဖြစ်နေလို့  အဲ့ ဒါ ဆရာကြီးရယ် ဒီကားချပ်ရဲ့ အဓိပ္ပါယ်လေး...'''....
ပန်းချီဆရာကြီးသည် ပန်းချီကားကို တစ်ချက်လှမ်း ကြည့် ပြီး ခေါင်းကုတ်လိုက်ရင်းက ပြုံးလျက်...
..''''' သြော်..အဲ့ ဒါ...ဒီလိုပါပဲဗျာ စိတ်ထဲရှိတာလေး ဟိုခြစ်ဒီခြစ် လျှောက်ခြစ်လိုက်တာပါပဲဗျာ '''.....လို့ ဆိုလိုက်လေသည်...။
မိုင်းကွင်း မိုင်းကာကွယ်ရေး နဲ့  ဂြိုလ်
မိုင်းကွင်း မိုင်းကာကွယ်ရေး နဲ့  ဂြိုလ်
----------
သတ္တ၀ါတစ်ခုကံတစ်ခုသဘောထည့် မတွေးထားရင် စောဒက တက်စရာတွေဖြစ်လာတတ်တယ်...
.မိုင်းကွင်းဟောင်းတစ်ခုရှိတယ်ဆိုပါတော့  မိုင်းရှင်းသမားတိုင်း မိုင်းကာကွယ်ရေးဝတ်စုံတွေ အပြည့် အစုံဝတ် သတိကြီးကြီးထားပြီး မိုင်းတွေ ၀င်ဝင်ရှင်းတယ်....မိုင်းရှင်းသမားတိုင်းလိုလို မသေဘူး
တစ်ချို့ မိုင်းရှင်းသမားတွေတော့  အဲ့ ဒီမိုင်းကာကွယ်ရေးဝတ်စုံအပြည့် ဝတ်ထားပြီး မိုင်းရှင်းနေရင်ကပဲ အဲ့ မိုင်းပေါက်ကွဲသွားလို့ သေတယ်..
ကိန်း(၂)
ကိန်း(၂)
---
ကျနော်ကပဲ တလွဲတွေ သိပ်တွေးတတ်သလားတော့ မဆိုနိုင်ဘူး ဗေဒင်နဲ့ သာ ပတ်သက်နေတာ တစ်ခါတစ်လေ အများအယူသဘောနဲ့ ကိုယ့် အတွေးနဲ့ က
ဂလန့် ဖြစ်နေတတ်တယ်
ဆုပ်
ဆုပ်
ခေါင်းစဉ်တစ်ခုခု တပ်ပြီး အလှုလုပ်တဲ့ အိမ်က တွတ်တီးတွေ ချိုင့် ဆွဲလာပို့ တာ သက်သက်လွတ်ဟင်းတွေချည်းပဲ..
ဟင်းချည်း ထိုင်စားလိုက်မယ် ဆိုပြီး ချိုင့် အဆင့် တွေ တစ်ခုပြီးတစ်ခု ဖွင့် လိုက်တော့  ဟင်းဖတ်တွေ အရည်သောက် စတိုင်တွေက သက်သက်လွတ်ပါလို့ ကြိုပြောထားလို့ သာပဲ....
ချိုင့် တွေ တစ်ခွက်ပြီးတစ်ခွက် စတီးဇွန်းလေးနဲ့  လိုက်လိုက် ခပ်ခပ်စားလိုက်တာ ပုဇဉ်းခံတုန်းက ဟင်းခွက် ၅၀ကိုတောင် သတိပြန်ရလိုက်သေးတယ်
ခွက်စုံ လိုက်နှိုက်နေရတာနဲ့  လက်ကတော့ သင်္ကန်းစတောင် ဆီစွန်းကုန်တာ သတိမထားမိတော့ ဘူး လက် ရဲ့ သရုပ်ပျက်ချက်..အင်း လက်အပြစ်တော့ မဟုတ်လောက်ပါဘူး...လက်မှာက မျက်စိမှ မပါပဲနော့်
..အဲ့ တုန်းကဆို ..တော်တော်နဲ့ လူတောင်ပြန်မထွက်ချင်ဘူး ကျောင်းက သထိမ်းကျောင်းလေ အဲ့ တော့  ဟင်းပေါတယ် အိမ်မှာက ဂိတ်ဆုံး ဟင်းသုံးခွက်ထဲဆိုပြီး....အဟီးးး.ခုလည်း ချက်ထားတဲ့ လက်ရာက အသားတုသာဆိုတယ် အရသာက အသား အစစ် လက်ရာတောင် ကျော်သွားသလိုပါပဲဗျာ ....
လက်ထဲက ဟင်းတွေလိုက် ကလော်ခပ်စားနေတဲ့  လက်ရဲ့  အခုမှ သန်မာနေချက်များ ကိုင်ထားတဲ့ ဇွန်းကို မနဲ ပြန်ချထားလိုက်ရတယ် အဟီးးး အဲ့  ဇွန်းကိုင်ထားတာ မြဲနေတဲ့ ကိုယ့် လက်ကိုယ်ကြည့် ပြီး ကွကိုယ် ပြန်ရှက်လာတာနဲ့  ခ်ခ်... ဒီလိုပုံနဲ့ များ....ကျွတ်အုန်းမယ်..ပုဆိုး....ခိခိ
ကိန်း..
ကိန်း..
---
အလုပ်က နားနေပြီး ဖရီးရိုက်ထိုင်စားနေတဲ့  ကြာသာပတေးသား ဖအေ ရာဟုသက်ရောက်ဖြတ်တော့  သူ့ သား က ဖအေ လိုရာလိုသုံး လိုရာ စီးဖို့  ကားတစ်စီးဝယ်ပေးတယ်...ရာဟုသက်ရောက်ဆိုတာ တနင်္လာနံ အ၀င်ပြတဲ့ သက်ရောက်လို့ ဆိုတယ်
(အဖေ့ စိတ်ကြိုက် လုပ်ချင်ရာလုပ်ပါအဖေဆိုပြီး အပြီးပေးတာလား..ရောင်းစားလို့ ရလားလို့  ဦးလေးသားကို မေးကြည့် မိသေးလားလို့ မေးတော့  အဲ့ ကြာသာပတေးသား ရီပါလေရော....ဟီးဟီးး)

ဖေါ်လျိုး
ဖေါ်လျိုး
--
လူတွေ ကိုယ့် နည်းကိုယ့် ဟန်နဲ့ ပေါ်တင်တစ်မျိုး ဒိုင်လျိုတစ်ဖုံနဲ့ ဖေါ်လျှိုးလေးလုပ်ပြချင်တတ်တာ ငယ်ငယ်က ကိုရင်စီးကတည်းက သိခဲ့ တာ....အဲ့ နွေမှာ ကိုရင်စီးတော့  ရန်ကုန်မှာစီးပြီး တစ်နွေလုံးတောမြို့ လေးက အဖေ့ အစ်ကိုအကြီးဆုံး ငယ်ဖြူ ဘကြီးဘုန်းကြီးရဲ့ ကျောင်းမှာ သွားနေခဲ့ ရတယ်..ကိုရင်သာဆိုတယ် ဘကြီးတွေ အဖိုးအဖွားတွေကြားမှာ လူသာသာ ဆော့ ခွင့် ရနေလို့  လူဝတ် နဲ့  သင်္ကန်းရုံ ညစာမစားရတာမျိုးလေးပဲကွာပါတယ်

Friday, June 26, 2015
စာဂေါ့ ဆစ်..
စာဂေါ့ ဆစ်..
------------
လမ်းအလယ် မျဉ်းဝါ ၂ခုကြားမှာ တံခါးလော့ ချပြီး ကားအကောင်းစားကြီးတစ်စီးရပ်ထားတာကို ဘဲဥက ကရိမ်းနဲ့ လာဆွဲနေတာ တွေ့ လိုက်တော့  ကျနော်က သူငယ်ချင်းကို ပြောလိုက်တယ်..ဒါမျိုးတော့ မကျေနပ်စရာ မရှိပါဘူး အိုဗာဖြစ်လွန်းတယ်...မိုးယိုလို့  တစ်အိမ်လုံး စိုရွှဲပျက်ဆီးကုန်တာ ခေါင်းမိုးကစတာ .အဲ့ ကနေ မြေကြီးအထိပါ ဗွက်ထကုန်တဲ့ သဘောပေါ့ လို့ ....

အလွမ်း
ပန်းတို့ အခါခါ ပွင့် လေတိုင်း ...
အိပ်မက်ကမ္ဘာမှာ....
အလွမ်းတို့ အကြိမ်ကြိမ် ဖြစ်ခဲ့ ရတာ...
နင့် ကြောင့် ပေါ့ 
ချစ်သူ
အိပ်မက်ကမ္ဘာမှာ....
အလွမ်းတို့ အကြိမ်ကြိမ် ဖြစ်ခဲ့ ရတာ...
နင့် ကြောင့် ပေါ့ 
ချစ်သူ
ကံပုံသူ
ကံပုံသူ
----
ဘ၀က ဟာမိုနီ ပျက်ခဲ့ တောင်
အချစ်က ရာသီနဲ့ အညီ ပွင့် မြဲပါဆိုတာ
သစ္စာစကားပါလို့ 
နင်မယုံခဲ့ ရင်လည်း
ကံကိုပဲ ပုံလိုက်ရမှာပေါ့ 
ချစ်သူ
----
ဘ၀က ဟာမိုနီ ပျက်ခဲ့ တောင်
အချစ်က ရာသီနဲ့ အညီ ပွင့် မြဲပါဆိုတာ
သစ္စာစကားပါလို့ 
နင်မယုံခဲ့ ရင်လည်း
ကံကိုပဲ ပုံလိုက်ရမှာပေါ့ 
ချစ်သူ
ဒဏ်ရာ

ကဗျာတွေ တစ်ချို့ မှာ
သွေးစသွေးန ဆိုတာတွေတော့ 
နဲနဲပါးပါး စွန်းပေနေမှာပေါ့ ''
သင်းချိုင်းမြေကို
သင်းချိုင်းမြေကို
နင်းခဲ့ တယ်....
သင်းချိုင်းမြေကို
နင်းတယ်ဆိုတာ
ချစ်သောသူအတွက်မို့ သာ
နင်းခဲ့ တာ...
သင်းချိုင်းမြေကို
နင်းတယ်ဆိုတာ
ရှင်နေတုန်းလေးမို့ သာ
နင်းနိုင်တာ...
သင်းချိုင်းမြေကို
နင်းစရာမလိုပဲ
တစ်နေ့ တော့ ရောက်မှာပါ..
..မင်းမရပ်သ၍ပေါ့ ..
မင်းက ခရီးတစ်ခုကို စခဲ့ မိပြီကိုး ..
လျှောက်ပါ ဆက်လျှောက်ပါ အဲ့ ဒီ့  စင်္ကြန်လမ်းလေး အဆုံးမှာ တံခါးမကြီးတွေ့ လိမ့် မယ်..
မင်း..အဲ့ တံခါးမကြီးကို ဆွဲဖွင့် လိုက်ပါ..
.
အကယ်၍ တံခါးမကြီးကိုဆွဲဖွင့် လိုက်လို့  ဘာမှ မတွေ့ ဘူးဆိုရင် စိတ်မပူလိုက်ပါနဲ့ 
အပေါ်မှာ အထပ်တွေ ရှိပါသေးတယ်. အဲ့ အထပ်တွေပေါ် တက်သွားလိုက်ပါ...တစ်ထပ်ပြီး တစ်ထပ် တွေ့ လိမ့် မယ်...
တက်သွားပါ..တက်သွားပါ...တက်ရင်းကနေ ခုန်တက်ချင် တက်လိုက်ပါဦး....မင်း တစ်ထစ်ပြီးတစ်ထစ် တက်နေသမျှ
မင့် ခြေဖ၀ါးအောက်မှာ လှေကားထစ်တွေ တစ်ခုပြီး တစ်ခု ပေါ်ပေါ်လာပေးလိမ့် မယ်...မင်းမရပ်သ၍ပေါ့ ..
.(ဖရန့် ကာဖ်ကာ)
ရိုးသားတယ်ဆိုတဲ့ သူတွေမှာ..

ရိုးသားတယ်ဆိုတဲ့ သူတွေမှာ..
---
ရိုးသားသူ ဆိုတဲ့ ဂုဏ်ရည်က ဘာလဲလို့ စတွေးပြီး ရိုးသားသူလို့ တံဆိပ်အတပ်ခံရတဲ့ သူတွေ ကို ကြည့် တဲ့ အခါ....သူတွေတွေမှာ တူညီပြီး ထင်ရှားရှိနေတဲ့ အချက်တွေက ...
အို...မူးယစ်နွယ်ရေ......

အို...မူးယစ်နွယ်ရေ......
------------
တရှိုက်မက်မက်
လှိုင်းတက်ရေဦး
တမေ့ မူးမူး
အတွေ့ ထူးမှာ
မိန်းမူးနေခဲ့ 
အို...မူးယစ်နွယ်ရေ.......
မျောလွင့် ကောင်းကင်က
အပြာနု
ရွေ့ လျား တိမ်လွှာတွေအပေါ်
ဝဲပျံကာ လေဟုန်စီးစေဖို့ 
စိတ်ကူးအိပ်မက်နန်းတော်ထဲ
မင်း ငါ့ ကို...
ခေါ်သွားလေလျော့ သလားကွယ်..။ ။
အစားတွေ ၀ိုင်းစား စကားတွေဝိုင်းဖေါင်ဖွဲ့ ရင်းက ဧ၀ံ မေ သုတံ
အစားတွေ ၀ိုင်းစား စကားတွေဝိုင်းဖေါင်ဖွဲ့ ရင်းက ဧ၀ံ မေ သုတံ
-----------
ဂျမ်းရှင်းက ဂိမ်းစက်မှာ ရှုံးပြီး အကြွေးတွေလည်ပင်းခိုက်သွားတဲ့ သူတွေ ရွှေထည်တွေပြုတ်သွားတဲ့ သူတွေ နယ်မှာဆို ခြံဝိုင်းအိမ်ဝိုင်းအထိပါ ပြုတ်သွားတဲ့ သူတွေ အဲ့ အရှုံးသမားတွေထဲမှာ ကားဆွဲနေတဲ့ တက္ကစီဆရာသမားတွေတင်မကဘူး သူရို့ မိန်းမတွေ ဈေးသည်မိန်းမတေါပါ ဂိမ်းစွဲနေလို့  တစ်ချို့  လင်မယားတွေမှာ လင်က ရွဲ့ ပြီး သူပါ လိုက် ဂိမ်း လိုက်တာ လင်မယား ၂ ယောက်စလုံး ဂိမ်းစွဲပြီး အကြွေးတွေပိ ဂိန် သွားတဲ့ အကြောင်းတွေ ထိုင်ပြောနေကြတော့ ....ဂိမ်းစက်ကို ခပ်လှမ်းလှမ်းကသာ မြင်ဘူးတဲ့  ကိုယ်တွေမှာ အံ့ တွေသြလို့ ပေါ့ .....
စိတ်ချိန်း
စိတ်ချိန်း
---
ကြုံနေရတဲ့  ခေတ်သဘောအရကို စိတ်မွန်းကျပ်မှု့ တွေ ကိုယ့် နည်းကိုယ့် ဟန် ကိုယ်စီ မွမ်းနေကြတာမို့  အဲ့ ဒါကို ဖြေလျှော့ ချတဲ့ အခါ ဒဲ့ ကြီး ဖြစ်ပြီးရင် ပျက်မှာဆိုပြီးတန်းပြီး ဓမ္မလုပ်နေလို့  အပူမလျော့ လွယ်တတ်ဖူး.
(တရားပွဲထဲတောင်သွားနားထောင်နေတာတောင် ကြာလာတော့  ခါးညောင်းနေတာနဲ့ တြားတောင် နားဆက်က ခပ်ပြတ်ပြတ်ရယ်ဖျင်ကပူ လူစော်ကနံ ခါးကညှောင်း ဒူးကနာ ခြေထောက်ကကျင် ရေကငတ် နှာကမွှန်ချင်လာ မျက်လုံးက ငိုက်သေး အိမ်ကိုနောက်ဆံကငင်.....ငိငိ).
မေးခွန်းတွေတစ်ချို့ မှာ
မေးခွန်းတွေတစ်ချို့ မှာကိုက ခေတ်စနစ်ကို ထင်ဟတ်နေတာတွေပါတယ်.....ကျနော်လုပ်လာသမျှ သက်တမ်းမှာ စကားပြန်တွေနဲ့ လာသမျှ အမေရိကားက ဥရောပက ဂျပန်က စလုံးက ဘယ်နိုင်ငံခြားသားမှ ကားဝယ်ရင် ကောင်းမကောင်း ၀င်ကိန်း ရှိမရှိ မေးတာမျိုး တစ်ခါမှ မခံခဲ့ ရဘူး...ကိုယ့် ပြည်တွင်းသားတွေကချည်း မေးတာ..ထူးဆန်းတယ် ပြည်တွင်းသား ဘောစိတွေကပါ ကားဝယ်ရင် ကားအသစ်လဲရင် ကောင်းမကောင်းတဲ့ ....
အဲ့ ဒီ့ ကားဝယ်ရင်ကောင်းမကောင်း ဆိုတဲ့ မေးခွန်းက ဘယ်ကစဖြစ်လာတာလဲ ဘာလို့  အဲ့ လိုမေးချင်စိတ်ပေါက်ရတာလဲ ဘာကိုကြောက်လို့ လဲ ဘာတွေမြင်သိထားလို့ လဲ ဘာတွေကြုံဖူးထားလို့ လဲ တစ်ခုခုကို ကြောက်လို့ ပါဆိုရင် အဲ့ ဒီတစ်ခုခု ဆိုတဲ့ အကြောက်တရားက ဘာလဲ ပိုက်ဆံနဲ့ ဆိုင်လား အသက်နဲ့ ဆိုင်လို့ လား..ပုဂံခေတ်ကနေ ကုန်းဘောင်ခေတ်ကြားမှာတော့  ကားဝင်ကိန်းရှိမရှိတွေ ကားဝယ်ရင်ကောင်းမကောင်းဆိုတဲ့ မေးခွန်းမျိုးတွေ မပေါ်လောက်သေးဘူး....စသဖြင့် ပေါ့ ....မေးခွန်းလေးတစ်ခု ရဲ့ ဇာစ်မြစ်ကို လိုက်တွေးရတာ ပျော်စရာကောင်းတယ်...နောက်.....
အင်္ဂါသား ၂ ယောက်တို့ သည်...
အင်္ဂါသား ၂ ယောက်တို့ သည်...
---------
ကျနော်တို့ ပတ်ဝန်းကျင်မှာကိုက ကိုယ့် ဘ၀အတွက် လေ့ လာစရာတွေ အများကြီးပဲ....အဲ့ ဒါကိုက မပျင်းရဘူးဖြစ်နေတာမျိုးပဲ..ထူးထူးခြားခြား အမျိုးထဲမှာ ခေတ်ပြိုင် ရွယ်တူ ဦးလေး ၂ယောက်ရှိတယ်..၂ ယောက်စလုံး ဒေါင်ခြားစိုင်းနေအောင် မူးပြဲနေတတ်တဲ့  လူတွေချည်းပဲ စိတ်ကောင်းရှိတာတွေ တူတယ်
လက်ကြော သိပ်မတင်းချင်တာတွေတူတယ် ဖင်ပေါ့ တာတွေတူတယ် မိုက်သွေးကြွတတ်တာတွေ တူတယ်..စိတ်မြန်လက်မြန်ကြတာတူတယ် ၀ူးဝူးဝါးဝါးထထလုပ်တာတူတယ် ပျော်တတ်တာတူ စကားလုံးကြီးကြီးပြောတတ်တာတွေတူတယ် ထေ့ ငေါ့ ပြောတတ်တာတွေတူတယ်...
စံနှုံးရှင်..
စံနှုံးရှင်..
------------
ပုတယ်ဆိုရော ရှည်တယ်ဆိုတာရော ချမ်းသာတာရော ဆင်းရဲတာရော အသက်တိုတာရော အသက်ရှည်တယ်ဆိုတာရော ကိုယ်ကိုင်ထားတဲ့  စံနှုံး တစ်ခုခုနဲ့ တိုင်းတာမျိုးချည်းပဲ..ခေတ်ကြီးက တိုးတက်နေတာလား ဆုတ်ယုတ်နေတာလားကလည်း ကိုယ်ကိုင်ထားတဲ့  စံနှုံးကနေတိုင်းနေတာချည်းပဲ..ဒီတော့  ဒီအတိုင်းအထွာတန်ဘိုးတွေ စံတွေက အငြိမ် စံနှုံးတွေ မဟုတ်ဘူး အတိုင်း နဲ့ အတိုင်းခံတွေက ဖြစ်လာတဲ့ အရွေ့ စံနှုံးတွေသဘောပေါ့ .စံနှုံးရှင်သဘောတွေပေါ့ ...
ခေတ်ကြီးကို ဘာ စံ နှုံးနဲ့ မှ မတိုင်ရင် ခေတ်ကြီးက အခြေအနေတစ်ခုကနေ နောက်အခြေ အနေတစ်ခုကို ရွေ့ ရွေ့ နေတဲ့  ရွေ့ လျားခေတ်ကြီး သဘောဆောင်နေတာမျိုးကလွဲလို့  ဘယ်ခေတ်ကြီးဖြစ်ဖြစ် ခေတ်ကြီးက ခေတ်ကြီးတစ်ခု သဘောလောက်ပါပဲ
.အရွေ့ များ ပုံသေနေတဲ့  လှေကားတောင် ရွေ့ လျားစက်လှေကားတဲ့  ရပ်ပြီး အပေါ်တက် အောက်ဆင်း ဓါတ်လှေကားဆိုတာနဲ့ တောင် မပြီးတော့ ဘူး.... အဲ့ တော့  ''''လှေကား '' ဆိုတာနဲ့  အထစ်ထစ်လေးတွေလို့ ပုံသေမြင်ထားလို့ မရတော့ ပဲ သူ့ ရဲ့  တကယ့် အသုံးကျအနက်က '''' မူလနေရာမှ ရွေ့ လိုရာသို့ ရွေ့ လျားနိုင်အောင် ကြားခံအကူအဖြစ် ဖန်တီးထားသောအရာ '' လို့  ဆိုလို့ ရမှာပေါ့ ....ငိငိ...ခ်
လူ့ သမိုင်းစဉ်..
လူ့ သမိုင်းစဉ်..
----------
လက်လှမ်းမီးသမျှ သမိုင်းမှတ်တမ်းတွေအရဆိုရင် ပုဂံအင်းဝစစ်ကိုင်းညောင်ရမ်းတာင်ငူ ကုန်းဘောင် အင်္ဂလိပ် ဂျပန် စစ်ကြို စစ်ပြီး စသဖြင့်  စသဖြင့် ပေါ့ လေ ဒီလိုပဲ ''ခေတ်''..တွေ လို့ ဆိုပြီး လူအမျိုးမျိုး ဘ၀အမျိုးမျိုး အုပ်ချုပ်သူအမျိုးမျိုး နဲ့  ခေတ်တွေ ခေတ်တွေ ဖြစ်သွားတာမျိုးပဲ ဒါကိုပဲ သမိုင်းစဉ်ကြီးလို့ ဆိုတယ်...
ဥစ္စာခြောက်
ဥစ္စာခြောက်
---
ဥစ္စာဆိုတာ ဘယ်လောက်ခြောက်တတ်လဲဆိုတာ ကိုယ့် အတွေ့ အကြုံအရပြောပြရရင် ပန်းဘဲတန်းမှာနေတဲ့ ဘောစိ သုံးလေးယောက်သူတို့ တိုက်ခန်းတွေ နှစ်ချုပ် အငှားချတော့  အရင်ကတော့  ကြုံရာလူငှားနေတာ ဘာသံမှ မကြားခဲ့ ရဘူး အခုနောက်ပိုင်းတော့  ကုလားဆို မငှားဘူး ထ လုပ်တယ်....တော်တော်နဲ့ မငှားရတော့ ဘူး..လာလာ ငှားတာက ကုလားတွေချည်းဖြစ်နေတယ် နောက်တော့ ဗေဒင်ဆရာဆီလာတယ်
ရေရှည်ယတြာအဖြစ် အညွန့် လေး တစ်ခုခု အမြဲလိုလိုလှုထားတာဟာ
ရေရှည်ယတြာအဖြစ် အညွန့် လေး တစ်ခုခု အမြဲလိုလိုလှုထားတာဟာ
------
ပထမဦးဆုံးအကျိုး ၂ ခုက ကုန်ကျစားရိပ်သက်သာပြီး စိတ်ပိုင်းဆိုင်ရာလုံခြုံမှု့ ကို ရနေတာပါ နောက်အကျိုးသဘောတွေက...
ကျနော်သွားနေတဲ့ စတိုင်
ကျနော်သွားနေတဲ့ စတိုင်က ကိုယ့် အလုပ်အပေါ် အမြင်ရှင်းရှင်းထားသွားနေတဲ့ စတိုင်ပါ.........
ဆိုပါတော့  လောကီစိတ်နဲ့ လောကုတ်စိတ်ကို စခွဲတဲ့  အခြေခံစိတ်က လောကီက ရယူခြင်းကို အခြေခံတယ် လောကုတ်ကက စွန့် ပယ်ခြင်းကို အခြေခံတယ်ပေါ့ .......
လောကီရဲ့ ရယူခြင်းကို ၂ မျိုးထပ်ခွဲတယ် ကိုယ်လိုချင်တာကို ရယူလိုတာရယ် ကိုယ်မလိုချင်တာကို မရအောင် လို့ ဆိုတဲ့  သွယ်ဝိုက်ရယူလိုခြင်းသဘောလို့ ထပ်ခွဲတယ် ရယူလိုခြင်းဟာ သံသရာမှာလည်နေဖို့ အစွဲတစ်ခုဖြစ်လာတယ်
လောကုတ်စိတ်သဘောက အရာရာ သုခ ဒုက္ခ သဘောတွေဟာ မတည်ငြိမ်ဘူး မမြဲဘူး ဘာမှ ဆုပ်ထားလို့ မရဘူး ၃၁ ဘုံမှာ ဖြည်တည်ပျက် လည်နေရတာ ဘူတာအိမ်လေး ၃၁အိမ်ရှိတဲ့  ကလေး ကစားစရာ စက်ဝိုင်းပုံ မီးရထားလမ်းပေါ်မှာ ပြေးနေရတဲ့  ရထားလေးသဘောလိုပဲ အဆုံးကို မသတ်နိုင်တော့ ဘူး အဲ့ ဒီင့်္ အခြေအနေမျိုး သံသရာမှာ လည်နေရတာကိုက မဟာဒုက္ခကြီးဖြစ်တယ် အတက် အကျတွေ ငရဲနဲ့ နတ်ဘုံတွေ မှာ ဟိုသွားဖြစ်လိုက် ဒီပြန်ဖြစ်လိုက်နဲ့  မတည်ငြိမ်တာ ထာဝရနေရမယ့်  နေရာလို့  ၃၁ဘုံမှာ မရှိတာကိုက စိတ်ကုန်စရာကို ကောင်းတယ် လို့ စိတ်ဝင်လာပြီး ၃၁ဘုံကနေ ဘယ်ဘုံမှာမှ မရှိတော့ ပဲ အပြီးထွက်သွားချင်စိတ်သဘော
၃၁ဘုံမှာ လည်နေရတာဟာ တစ်ခုခုဖြစ်ချင်နေသေးတဲ့ စိတ်က အစွဲဖြစ်လာတာဖြစ်လို့  အစွဲတွေကို ချက်ချင်းမပယ်နိုင်သေးတောင် စွဲချင်စရာတွေကို တစ်စတစ်စ လျှော့ ချတာမျိုးသဘောလို့ ....
ဒီတော့ လောကီပန်းတိုင်နဲ့ လောကုတ်ပန်းတိုင်က မတူတော့ ဘူး.ကိုယ်လုပ်နေတာက လောကီပန်းတိုင် ခေါင်းစဉ်အောက်မှာဖြစ်နေတာထင်ရှားတယ် ဒီတော့  လောကီကိစ္စတွေ လုပ်ပေးရတဲ့ အခါ လောကုတ်အကြောင်းဘက်က အရင် မတွေးပေးတော့ ဘူး သုခလို့ ထင်နေတာရော ဒုက္ခလို ထင်နေတာရော ဘာမှ မတည်ငြိမ်ဘူး မမြဲဘူးဆိုတာ မေ့ နေလို့  လိုချင်တာ မလိုချင်တာ တစ်ခုခု စိတ်ရှိနေသေးလို့ ကိုယ့် စီလာတာသာဖြစ်တယ် သူသာ တကယ့် လောကုတ်သမား စစ်သွားရင် ကိုယ့် စီလာနေမှာ မဟုတ်တော့ ဘူး
ဒီတော့ ကိစ္စအတော်များများကို ဘယ်တော့ မှ မသေတော့ မယ့် လူလို လောကီနည်းတွေဘက်ကနေ ၀ိုင်းစဉ်းစားပေးလိုက်တယ် လောကီနယ်သားတွေမှာ ရှိနေတဲ့ ကုသိုလ် အကုသိုလ်သဘောတွေကို တွေးပေးတယ် အကုသိုလ်ကို ရှောင်မရရင်တောင် နဲနိုင်သမျှ နဲသွားအောင် သံသရာမှာ ၀ဋ်ကြွေးတုံ့ တင်ကြီးလွန်းနိုင်တဲ့  အလွန်ကြီးကျယ်တဲ့  ငရဲသားသက်တမ်းကြာလွန်းနိုင်တဲ့  အကုသိုလ်မျိုးတွေ မလုပ်ဖြစ်ရင်ပြီးရော သဘောထားပေးလိုက်တယ် ကုသိုလ်လေးများနိုင်သမျှ များအောင် တွေးပေးလိုက်တယ် ဒါ ကျနော်သွားနေတဲ့  စတိုင်ပါပဲဗျာ...................
ရာဟုစန်း
ရာဟုစန်း
--
မိဘ ၂ ပါး တစ်ပါးဖြစ်စေ ၂ပါးစလုံးဖြစ်စေ ရာဟုသက်ရောက်ဖြတ်တဲ့ အခါ အရွယ်ရောက်သားသမီးတွေထဲက
လူလွတ်သားသမီးတွေ အချစ်ရေး အိမ်ထောင်ရေးကိစ္စတွေ ပေါ်လာ အသံတွေကြားလာရတာမျိုးတွေ တိုက်ဆိုင်တတ်လေ့ ရှိပါတယ်....
တစ်ချို့ ကတော့  အဲ့ ရာဟုဖြတ်တဲ့  မိဘကိုယ်တိုင် ဖေါင်းတွေ ထဖြစ်ကုန်တာမျိုးလည်း ရှိပြန်ပါတယ်...
တစ်ချို့ ကတော့  အောင်သွယ်လုပ်ပေးရတာမျိုးတွေ တောင်းရမ်းပေးရတာမျိုးတွေ မင်္ဂလာဆောင်ပွဲတွေမှာ
ပန်းကုံးတက်စွပ်ပေးရတာမျိုးတွေ စေ့ စပ်ခံပွဲတွေ အတွက် သက်သေပြုပေးရတာမျိုးတွေလည်း ကြုံကြိုက်ရတတ်ပါတယ်

ပညာသုံး အတွေး သဘော
ပညာသုံး အတွေး သဘော
----
မွေးနှစ်ရော မွေးချိန်အရပါ မရဏအိမ်ရဲ့ သတ္တိက အတော်လေး အံ့ သြစရာကောင်းပါတယ် လက်တွေ့ မြင်ရ သိရတာကိုသာ မဟာဘုတ်နဲ့ တိုက်ဆိုင် မကြည့် ရင် သာမန်သဘောလောက်ပဲ ထင်စရာရှိပါတယ် ဆိုပါတော့ တကယ် ဖြစ်ခဲ့ တာတွေထဲက တစ်ခုက
အစာအိမ်က ပြဿနာရှာတာခံရတာချင်းအတူတူတောင် ၅ကြွင်းက နာတာရှည်သဘော ဆန်ပြီး ချက်ချင်း သေလွယ်ပျက်လွယ် မဖြစ်တတ်ပေမယ့်  အစာအိမ်သွေးကြောပေါက်တာ ပိတ်မရတော့ ပဲ သွေးထွက်လွန်ပြီး ကွိသွားချက်က နောက်ကနေ သွေးလိုက်သွင်းတာတောင်မမှီတော့ လောက်အောင် ဖြစ်သွားတာဟာ ၃ကြွင်းမွေးတွေရဲ့  သောကြာနံ မရဏ သွေးနီဥုပြဿနာ သဘောဆိုတာ သတိပြုထားလိုက်လို့ ရသလို
၁ကြွင်းရဲ့ အစာအိမ်ပြဿနာက လေ ပြဿနာ ဦးစီးနေတာ ၀မ်းကိုက်ပိုးသဘောဆန်တာ သုညရဲ့ အစာအိမ်က စိတ်လှုပ်ရှားမှု့ ကလာတတ်တာ ဆေးသောက်တာလွန်သွားတာမျိုး ၂ကြွင်းက အစာအိမ်လိုလိုကနေ အူမကြီးဘက် သွားရစ်တာ ၆ကြွင်းကတော့  အစာအိမ်လို့ အမည်တပ်ရခက်ပြီးဖြစ်ခဲတာ ၄ကြွင်းအစာအိမ်က အစာအိမ်ပိုးကြောင် သဘော နဲ့ သွေးအဆိပ်သွေးချုပ်သဘောကနေလာတတ်တာ။
ဒီတော့  ဗိုက်ခွဲတာချင်းအတူတူ ၄ကြွင်းနဲ့ ၃ကြွင်းတွေက လိုရလိုမယ် အရံသင့် အဖြစ် သွေး အပိုရှိမယ့် နေရာလေးကြိုပြီးတွေးထားဖို့ လိုကောင်းလိုမယ်ဆိုတဲ့  ပညာအသုံး အတွေး သဘော ရလာပါတယ်
ရောဂါနဲ့ ယတြာ
ရောဂါနဲ့ ယတြာ
-----
ရောဂါဖြစ်နိုင်ခြေတွေ ဖြစ်ရခြင်းအကြောင်းတွေ ကာကွယ်တာကပိုကောင်းကြောင်းတွေ ဘယ်လောက်ပြောပြော
တစ်ချိန်ချိန်တော့  ရောဂါ တစ်ခုခုလာတာပါပဲ.ဒီတော့  ရောဂါကုဖို့ ဆေးကလိုပြီ...မကုပဲနဲ့ တော့  အလွယ်နဲ့ အသေ မခံနိုင်ဘူးလေ
ရောဂါအလိုက် ဆေးနည်းတွေတော့ စုံမှာပေါ့  ဆရာဝန်အမျိုးစားတွေလည်းအစုံပဲ
ဟောကိန်းတွေ ထုတ်တယ် ဖြစ်နိုင်ခြေ ကံကြမ္မာတွေ တွက်ထုတ်တယ် လောကီပညာဘက်ကနေ
လောကီဘ၀နေနည်းတွေပြောပြတယ်..
.
ဘယ်လောက်ပြောပြော တစ်ချိန်ချိန်မှာ ကိုယ်မလိုချင်တဲ့  အခြေအနေတစ်ခု ဆိုက်ရောက်လာတာပါပဲ...
ဒီတော့  ယတြာလိုပြီ...တစ်ခုခုနဲ့ မခုခံမတွန်းလှန်ပဲနဲ့ တော့  ကံကြမ္မာအောက်မှာ ဒူးမထောက်ချင်ဘူးလေ
ကံကြမ္မာစတိုင်တွေမတူတော့  ယတြာနည်းတွေကတော့  စုံမှာပေါ့ ..ကောင်းမှု့ ကုသိုလ်တွေနဲ့ ဘာသာရေးလုပ်တာတောင် ဘုရားယတြာလို့ တစ်ချို့ က ယတြာထဲ စွဲစိလိုက်သေးတယ်
ရောဂါကတော့ ယုံတယ် မယုံဘူးတွေနဲ့ သွားပြောလို့ မရဘူး...ရောဂါတကယ်ဖြစ်နေရဲ့ သားနဲ့ ဆေးမကုလို့ အဆင်မသင့် ရင် ရှောမှာ ရောဂါက ရုပ်သဘောဖက်အားကြီးတယ်
ယတြာကတော့  ယုံတာမယုံတာတွေတော့ ရှိမှာပေါ့ နာမ်ခံစားမှု့ ကလည်း ပိုများတတ်တယ် ...အခြေအနေတစ်ခုကို ကံဆိုးတယ် မဆိုးသေးဘူးလို့ သုံးသပ်ပုံက အမြင်မတူတတ်ကြဘူး..

သိမ်ဝင်ချည်မန်းကွင်းထဲမှာ န၀င်းထိုင်ရင် ပြန်ရတဲ့ သက်ရောက်မှု့ က
သိမ်ဝင်ချည်မန်းကွင်းထဲမှာ န၀င်းထိုင်ရင် ပြန်ရတဲ့ သက်ရောက်မှု့ က
----
ပယောဂတွေ စုန်းတိုက်နတ်တိုက်တွေကိစ္စတော့ ကျနော်က လိုင်းမပူးတော့ ပဲ ရှောင်ခဲ့ လို့  ကိုယ့် ကိုယ် တိုက်မတိုက်တွေဘာတွေ မသိဘူး ဒီနေ့ အထိကတော့  အေးဆေးပဲပေါ့  သူများ အပူးအခွာတွေကိုလည်း စစချင်းမှာ လာကြုံကြပေမယ့်  ကျနော်က ပုတ်ထုတ်ခဲ့ လို့  နောက်တော့ လာမပတ်သက်ကြတော့ ဘူး အဲ့ တော့  အဲ့ လိုင်းတွေ ကျနော့် ဆီမှာ လာမပတ်သက်ကြတော့ ဘူး..
သိမ်ဝင်ချည်မန်းကွင်းထဲမှာ

သိမ်ဝင်ချည်မန်းကွင်းထဲမှာ
--------------------
အဲ့ ဒါ ကျနော့် ဝေါပေါ်တက်လာတာလေး ယူလာတာဗျား.. သူရဇ္ဇထဲမှာ ဆရာတစ်ယောက်ဆောင်းပါးရေးခဲ့ တာ ကျနော်ရေးပြဘူးတဲ့ သိမ်ဝင်ချည်မန်းကွင်းထဲမှာ အဓိဌာန် နဲ့  ၉ရက်ထိုင်ခဲ့ တယ်ဆိုတာ ဒီနည်းပညာပါပဲဗျာ..အဲ့ ဒီ့  ၁၀၈ထုံး ချည်က သိမ်ဝင်အပ်ချည်နဲ့ လုပ်တာပါ...အဲ့ တုန်းက ဆရာက ဆရာကြီးက မင်းတို့ ထိုင်ချင်ထိုင်ကြည့် ကြဆိုပြီး ညွှန်လိုက်တယ် မင်းတို့ ထိုင်ကြမလားလို့ ဆိုတော့  ကျနော် နဲ့ အောင်ကြင်နဲ့ က ဘာမှန်းမသိပေမယ့်  ဆရာက ကောင်းမယ်ထင်ရင် ဒူးကြတာပေါ့  ဆိုပြီး ထိုင်မယ်လုပ်လိုက်ကြတာ့ 
အထားအသို
အထားအသို
---
ကျနော်တို့ န၀င်းရိုက်ဖို့  စီစဉ်တဲ့ အခါ မွေးနံကိုယ်စား တစ်တောင်လောက်ကို
န၀င်းထိုင်မယ့် သူရှေ့ မှာ ချထားလေ့ ရှိပါတယ် ဗုဒ္ဒဟူးသားဆို ရွက်လှညွန့်  တစ်တောင်လောက်ပေါ့ 
့သန္ဓေစိတ်ထု အက်ကြောင်း
သန္ဓေစိတ်ထု အက်ကြောင်း
-------
အင်္ဂလန်မှာ ဗြိတိန်ကနေ ခွဲထွက်ဖို့  ဆန္ဒခံယူတော့  မခွဲဖို့ ဖက်က နိုင်သွားလို့  ဘုရင်မကြီးနဲ့  အင်္ဂလန်သားတွေ ဟူးးး ကနဲ သက်ပြင်းချသွားရတယ် ဒါပေမယ့်  အိပ်မက်ဆိုးက ဆက်မက်နေရဆဲပဲ နိုင်သွားတဲ့ ရလာဒ်က မြင်မကောင်းအောင် မဲအပြတ်အသတ်ကြီး ကွာမနေတော့ ပဲ အနိင်မဲနဲ့  အရှုံးမဲရလာဒ်ဟာ မတိမ်းမယိမ်းလေးပဲကွာနေလို့ ပဲ ဒါဟာ ခွဲထွက်လိုနေသူတွေ ကိုယ့် တိုင်းပြည်ကိုယ်ပြန်လုပ်ချင်နေသူတွေ ရှိနေတဲ့ အင်အားထုကြီးဟာ မသေးဘူး ဆိုတဲ့ လက္ခဏာပဲ ဒါဟာ တစ်ချိန်ချိန်မှာ အင်္ဂလန်ကနေ ပြန်ခွဲထွက်ဖြစ်လိမ့် မယ်ဆိုတဲ့  ရှေ့ ပြေး လက္ခဏာတွေသေဘာ အက်ကြောင်းတွေသဘာလို့ ဆိုတယ် ဒီလို ခွဲထွက်ချင်စိတ်တွေကို ခွဲထွက်လိုတဲ့  ဒေသကလူတွေက မျိုးဆက်တွေတစ်ဆက်ပြီးတစ်ဆက် လက်ဆင့် ကမ်းသွားကြမှာပဲဆိုတာကိုလည်း ကြိုတွေးထားကြတယ် နောင်အနာဂတ်မှာ ခွဲထွက်ဖြစ်သွားနိုင်တယ်လို့ လည်းတွေးဆထားကြတယ်လို့ ဆိုတယ်
သန်းခေါင်တော့ ကျော်ခဲ့ ပြီ.......
သန်းခေါင်တော့ ကျော်ခဲ့ ပြီ.......
အိမ်ပြင်ဘက်မှာ မိုးသံတွေ တဖြောက်ဖြောက်နဲ့ ကြားနေရတယ် လေအေးလေးတွေကလည်း တစ်ချက်တစ်ချက် ဝှေ့ ကနဲ ဝှေ့ ကနဲ တိုက်တိုက်သွားတာ အေးကနဲပဲ
လေအေးလေးတွေ ၀င်ဝင်လာတာနဲ့  သွပ်းပြားပေါ် တာလဘတ်ပေါ် ပန်းရုံလေးတွေပေါ် မိုးပေါက်ကျသံလေးတွေနဲ့ က သံစဉ်အေးလေးတစ်ခု နားထဲ သာသာယာယာလေး လာရိုက်ခတ်နေသလိုပါပဲ
လမ်းမဘက်မှာတော့  မိုးမှောင်ကြောင့်  အလင်းဖြော့ နေလို့  စိတ်ခြောက်ခြားချင်စရာကောင်းအောင် နဲနဲမှောင်နေတယ် လူသွားလူလာရော ကားသံပါ ပြတ်နေလို့  တစ်လောကလုံးငြိမ်နေသလိုပဲ မိုးသံတွေသာ အဆက်မပြတ်ကြားနေရတယ် ဒီလိုညကြီး တစ်အိမ်လုံးမှာကိုယ့် တစ်ယောက်ထဲ အိပ်မပျော်သေးဘူး ပျော်လု ပျော်ခင်တော့ ဖြစ်နေပြီ အိပ်ပစ်ရမှာကလည်း ဒီလို မိုးညသံချိုမျိုးလေးနဲ့ ညမျိုးကို နှမျောစရာ မအိပ်ပစ်ရက်.
အများဆိုင်ရာ ဟောကိန်းမှ တစ်ဦးချင်း ဘ၀ခရီးအတွက် သဘောတရားကို ဆွဲထုတ်တဲ့ အခါ
အများဆိုင်ရာ ဟောကိန်းမှ တစ်ဦးချင်း ဘ၀ခရီးအတွက် သဘောတရားကို ဆွဲထုတ်တဲ့ အခါ
------------------
ဗေဒင်ကို လိုင်းပူးကာစက သူလို ကိုယ်လိုပါပဲ အများဆိုင်ရာ ဗေဒင်သဘော အတိတ်နမိတ်သဘောတွေကို စိတ်ဝင်စားခဲ့ တာပါပဲဗျာ...နောက်တော့  ကိုယ့် ရှေ့ က ကိုယ့် ကြားဆရာ မြင်ဆရာ ဆရာသ္ခင်တွေရဲ့  ဖယိုဖရဲ အဖြစ်တွေကို ကြည့် ပြီးတော့ ရယ် ။ (ကိုယ့် အတ္တသဘောကြောင့် ) ကိုယ့် ဘ၀ဖြစ်တည်မှု့ ကို ထိခိုက် နိုင်ခြေတွေ ရှိလာနိုင်တာတွေကို တွက်ပြီးတော့ ရယ်။ ပြီးတော့  ကိုယ် ဟာ အများကို ဗေဒင်နဲ့ အန်တာတိမ့် မန့် ဆန်ဆန် ဖျော်ဖြေရေးလို လုပ်နေတဲ့ အူကြောင်ကြောင်ကောင်လို့  အထင် မခံနိုင်တာရယ်။ ဗေဒင်ကို စိတ်ဝင်စားလားအောင် လူတွေကို ဆွယ်နေသလိုမျိုးလို့  အထင်မခံနိုင်တာရယ် ။ စသဖြင့် တွေ တွေးပြီး အများဆိုင်ရာ ဗေဒင်သဘောတွေ တွက်ကိန်းတွေ နမိတ်ဖတ်တာတွေ မလုပ်တော့ တာပါပဲ ။ ကိုယ့် စီလာတဲ့ သူတွေရဲ့ ကိုယ်ရေးကိုယ်တာသဘော ၀မ်းဘိုင်ဝမ်းသဘော နောက်ကိုသာ အာရုံပြုလိုက်တော့ တယ်...
မြန်မာပြည်ရဲ့  မဟာဘုတ်
မြန်မာပြည်ရဲ့  မဟာဘုတ်
-----
ပညာတွေလိုက်ခါစက အများကြီးတွေးခဲ့ ဘူးတယ် အဲ့ မှာ မဟာဘုတ်နဲ့ အခါတိုင်ဘက်ကနေ မြန်မာပြည် တရားဝင် လွတ်လပ်ရေးယူတဲ့ (အလံတင်နေ့ ) ၁၉၄၈ ဇန္န၀ါရီ ၄ ရက် တနင်္ဂနွေ မနက် ၄း ၂၀ ဆိုတာကို အခြေခံပြီးတွေးဘူးပုံက ..
Monday, June 22, 2015
အတွေးများ..
မေးခွန်းတွေကို ကြောက်တတ်တဲ့ လူတွေကတော့  မြေကြီးမှာနေ မြေကြီးမှာပဲ နိဂုံးချုပ်သွားရတာချည်းပါပဲ
နိဗ္ဗာန်ရောက်ကြောင်းတရား တွေ ဖေါ်ထုတ်လို့ ရလာတယ်ဆိုတာတောင် မေးခွန်းတွေ ထုတ်ကြည့် လို့ သာ ဖြစ်တယ်ဆိုတာ ဘုရားရှင်ရဲ့  နမိတ်ကြီးလေးပါးကို မြင်ယုံနဲ့ တင်ရပ်မသွားပဲ ဘာကြောင့်  အို နာ သေ ? အိုနာသေ ကင်းရာအရပ်ရှိသလား?...စသဖြင့် မေးခွန်းတွေထုတ်လာ အဲ့ မေးခွန်းတွေရဲ့ အဖြေမှန်ကို လိုက်ရှာ အချိန်တန်တော့ တွေ့ နိဗ္ဗာန်ကိုမျက်မှောက်ပြုခွင့် ရသွားတဲ့ ဘ၀ကို ရခဲ့ တဲ့ သဘောပဲ
လောကီနယ်မှာလည်း ဒီသဘောရှိတာပါပဲ....ကောင်းကင်ပျံတဲ့  ငှက်တွေတောင်ရှိသေးတာ လူတွေကရော ပျံလို့ မရနိုင်ဘူးလား ဆိုတဲ့  အခြေခံမေးခွန်းတစ်ခု စဖြစ်လာ..အဲ့ ကနေ ပျံသန်းကြည့် ဖို့ ကြိုးစားရင် ဒီနေ့ တော့  လူတွေ ကောင်းကင်ကို အုပ်စုလိုက် ပျံသန်းသွားနေခဲ့ ကြပြီ....
မေးခွန်းတွေကို ကြောက်တတ်တဲ့ လူတွေကတော့  မြေကြီးမှာနေ မြေကြီးမှာပဲ နိဂုံးချုပ်သွားရတာချည်းပါပဲ
လောကီဖြစ်စေ လောကုတ်ဖြစ်စေ မေးခွန်းတွေဟာ အလွန်အရေးပါတယ်
မနေ့ က စုံတွဲတတွဲပေါ့ ဗျာ....
မနေ့ က စုံတွဲတတွဲပေါ့ ဗျာ....
ပြိုင်တက်ပြိုင်ဆင်း လင်မယားနဲ့  တစ်ယောက်ကံတက် တစ်ယောက် ကံကျလင်မယားက ဘာကွာလဲတဲ့ ဗျာ..အဟီးးး ကွကိုယ် ထွင်ပြောထားမိတဲ့ စကားလုံး
ကွကိုယ်ပြန်ရှင်းပြရတဲ့ အဖြစ်ပေါ့ ..အဲ့ တော့  အားနာပါးနာနဲ့ ဥပမာတွေ ဒဲ့ ပေးယူရတော့ တာပေါ့ ...
ဒီလိုဗျာ တစ်ယောက်ကံကျတုန်း တစ်ယောက်က ကံတက်နေတဲ့ လင်မယားတွေကျတော့  တစ်ယောက်ကံက တစ်ယောက်ကို ပြန်ထိမ်းထားတဲ့ 
သဘောရှိနေတတ်လို့  စီးပွားဝုန်းကနဲ မဖြစ်လွယ်ပဲ ဖြေးဖြေးမှန်မှန်သာ တက်တတ်လို့  အတက်နှေးတယ်ထင်ရပေမယ့်  ကျတဲ့ အခါကျတော့ 
ပိုးစိုးပက်စက်မဖြစ်တတ် လူမြင်ကွင်းမှာ သရုပ်မပျက်တတ်ဖူးပေါ့ 
ဟို..ကံ အတူတူတက် အတူတူကျလင်မယားက ယူပြီး စီးပွားတက် ထောလာတာကြတော့  သူများ အားကျအောင်မြန်တတ်ပေမယ့် 
ကျပြီဆို လင်မယား၂ ယောက်စလုံး ဂျေးထဲရောက် လူကောင်းသူကောင်းတွေတော မတိုးတော့ တာမျိုးဗျာ...ဟိုဗျာ အခုဖြစ်နေတဲ့  ဝေါ လင်မယားတွေ
မောင်ညွန့် တို့ မောင်ဆန်းတို့ လင်မယား ဘ၀တွေလို့ ပေါ့  မြောင်းထဲရောက်တော့  တောင်မင်းကြီးက မြောက်မင်းကြီးကို မကယ်နိုင်ဘွပေါ့ .လို့ 
ဆိုလိုက်တော့  သြော်...ဟုတ်ပြီ ဟုတ်ပြီ ကြောက်စရာကြီင်္းနော် အကြီးအကျယ်မချမ်းသာရင်နေပါစေ အာ့ မျိုးကြီးတော့ မဖြစ်ချင်ပါဘူးတဲ့ ...အဟီးးးးး
♫ ♪အခါတော်..ပေးးးးတာက♫ ♪
♫ ♪အခါတော်..ပေးးးးတာက♫ ♪
----------
ရက်မြတ်မင်္ဂလာ လာရွေးတိုင်း ခဏခဏပြန်ရှင်းပြရတဲ့  ကိစ္စက ပြက္ခဒိန်ပေါ်က ရက်ရာဇာ ပြဿဒါးကို ကျနော်တို့ ကိုင်ထားတဲ့ လိုင်းက ထည့် မစဉ်းစားပါ ဆိုတဲ့ အကြောင်း အဲ့ ပြက္ခဒိန်ပေါ်က သဘောဟာ အများဆိုင်ရာ ယေဘူယျ သဘောသာဖြစ်ကြောင်း ကျနော်တို့ စဉ်းစားတာကို မောင်နဲ့ မယ်တို့  ၂ယောက်ရဲ့ အများ နဲ့ မဆိုင်တဲ့  ကိုယ်ပိုင် သီးသန့် ဘ၀ ၂ ခုရဲ့ ချိတ်ဆက်ကြတော့ မယ့်  ကံသဘောတွေကို ဘယ် ညာ ချိန်ညှိကြည့် တဲ့ စတိုင်သာ ဖြစ်ကြောင်း...
ဒီသဘောကနေ တစ်ခါတစ်လေ ရက်မြတ်မင်္ဂလာတစ်ခုဟာ ပြက္ခဒိန်ပေါ်က ပြဿဒါးတွေ နဲ့ တိုက်ချင်တိုက်နေတတ်ကြောင်း......အဲ့ လိုတွေ..ထွေလီကာလီတွေ ရှင်းပြပြီးတဲ့ သကာလ.....
ကိုယ့် ဟာကိုယ် ဆက်တွေးမိတာက ယူပြီးမှ သက်ဆုံးမတိုင်ပဲ လမ်းခုလပ်တင် ကွဲသွားတဲ့ လင်မယားတွေမှာ ဗေဒင်နဲ့ ရက်မြတ်တွေ နေ့ကောင်းရက်သာတွေ ရွေးပြီး မင်္ဂလာဆောင်ကြသူတွေရော မပါပေဘူးလား..ပါလား..ပါရင် ဘယ်လောက်များများပါနိုင်လဲ...ရက်ရွေးယူပြီးမှ ဘာလို့ ကွဲကုန်လဲ
.ဗေဒင် မမေးပဲ ကိုယ့် ဟာကိုယ်ထယူလိုက်ကြသူတွေရော ရှိလား ရှိရင် သူတို့ ရော သက်ဆုံး မတိုင်ဘူးလား သက်ဆုံးတိုင်ရင်ရော ဘာကြောင့် သက်ဆုံးတိုင်သလဲ...ဘာညာဘာညာတွေပေါ့ လေ...ငိငိ
အဲ မင်္ဂလာဆောင်မယ့်  ရက်မြတ်မင်္ဂလာသာ ဗေဒင်နဲ့ လာလာရွေးကြတာ.....ကွဲမယ့် ရက်ဆိုး ရက်ကိုတော့ ဗေဒင်လာတွက်ပြီး ရက်မရွေးကြတာကလည်း အံ့ သြစရာပဲလို့ ....အဟိ...ဟီးဟီးး
လင်မယား ၂ ယောက်ကို ကံချိန်တဲ့ အခါ..
လင်မယား ၂ ယောက်ကို ကံချိန်တဲ့ အခါ..
---
ဒီ ကိစ္စက ကျနော့် ဂရုမှာ အကျယ်ရေးပြီးသားလေးဗျ..အခုက အများသိအောင် ချုပ်ရေးပြတာပါ...ကိုယ့် အမေနဲ့ ကိုယ့် အဖေ အကြောင်းကို ဗေဒင်နဲ့ ကြိုတွက်ခဲ့ တဲ့ အကြောင်းပါ...
အမေက တနင်္လာသမီး ပါ သူ့ အသက် ၅၅ သောကြာသက်ရောက် ၀င်စမှာ ကင်ဆာစဖြစ်ပါတယ်...အဲ့ အချိန်မှာ အဖေက ဗုဒ္ဓဟူးသားဖြစ်ပြီး အဲ့ အချိန်မှာ အသက် ၆၄ အင်္ဂါသက်ရောက်ကိုဝင်နေပါပြီ...( လင်မယား ၂ ယောက်စလုံး ဓမ္မာသောက အင်းဝရာဇာ ဆိုတဲ့  အိမ်ထောင်ရန်ကိန်းကို တနင်္လာသမီးက
သောကြာသက်ရောက်ကို သောက ကိန်း ဗုဒ္ဓဟူးသားဖအေက အင်္ဂါသက်ရောက်ကို ရာဇာကိန်းနဲ့  ပြိုင်တူ ၀င်သလိုဖြစ်နေပါတယ်)
မိဘနဲ့ ကလေး
မိဘနဲ့ ကလေး
---
မွေးကင်းစကနေ မူလတန်း အလယ်တန်းအရွယ်သဘောအထိ ကလေးထဲ အကျုံးဝင်တာ ယေဘူယျသဘောပေါ့ ...
အထူးသဖြင့်  ရင်ခွင်ပိုက်ကနေ မူကြို မူလတန်းအရွယ်တွေအထိကို ရည်ညွှန်းရရင် အဲ့ ကလေးတွေဟာ တစ်ခါတစ်လေ ဖျားနာမယ်ပေါ့ 
အဲ့ မှာ ပုံမှန်သဘာဝအားဖြင့်  ဖျားနာတာတွေဖြစ်လာရင် ပျောက်သင့် တဲ့ ပုံမှန်ကာလလေးတွေ ရှိပါတယ်...ဆိုပါတော့  ကလေးတစ်ယောက်ဖျားရင်
၃ရက် ၅ရက် အလွန်ဆုံးတစ်ပတ်ပေါ့  အဲ့ လောက်ဆိုပြန်ကောင်းလေ့ ရှိတာ ပုံမှန်ပေါ့ ..
Sunday, June 21, 2015
( ဘ၀ထိုထို လူထိုထိုတည့် ..)
( ဘ၀ထိုထို လူထိုထိုတည့် ..)
---
''အို ဘယ့် ဘယ် အိုဘယ့် 
မြတ်သော ..မွေးသမိခင်....''..
---------------
အမျိုးထဲမှာ အဖက်ဖက်က နိမ့် ပါးတဲ့ အမျိုး ရိုးရိုးကြီးတွေ ရှိပါတယ်..တစ်ချို့ အမျိုးတွေက ပြည် ပေါက်ခေါင်းဘက် တောလက်တွေထဲကပါ...နိမ့် ပါးတဲ့ မိသားစုတွေမှာ သားသမီးများတတ်တဲ့ သဘာဝအတိုင်း သားတွေရှိပါတယ်...ရှိတာမှ ၄ ယောက်ရှိပြီး သုံးယောက်က အပြင်မှာ ရုန်းကန်ရင်းကနေ အရပ်ထဲလူတကာနဲ့  ပြဿနာထူလွန်းလာတာနဲ့  နောက်ဆုံးမှာ မထူးဇာတ်ခင်း အဲ..မှားလို့ ...တပ်ထဲ ၀င်သွားကြပြီး ၂ယောက်က ၈ တန်းမအောင်ကြလို ကုန်းတပ်။ ၁၀တန်းအထိနေခဲ့ သူက ရေတပ်ပါ.
(ဒီ ဆရာသမားလေးတွေထဲက တစ်ယောက်ယောက်...တစ်နေ့ သမ္မတ မဖြစ်ဖူးလို မပြောနိုင်ဘူး....အဲ...မပြောနိုင်ဘူးဆိုတာ မပြောနိုင်ပါဘူးလို့ ပြောတာ..ခိခိ)
ကံ စိတ် ဥတု အာဟာရ လေ သလိပ် သည်းခြေ တြိဒေါသ
ကံ စိတ် ဥတု အာဟာရ လေ သလိပ် သည်းခြေ တြိဒေါသ
-------------
ယတြာတွေ ကစားတဲ့ အခါမှာ ထူးဆန်းတဲ့ သဘောတွေ အများကြီးကြုံဖူးပါတယ်..အဲ့ လို ထူးဆန်းတာတွေက တစ်ခုက.ဝေဒနာရှင်တစ်ချို့ ဟာနေမကောင်းဖြစ်နေတာကလည်အမှန်ပါပဲ...ဒါပေမယ့်  ကံ တစ်ခုခုရဲ့ လှည့် စားမှု့ ကြောင့်  ဆီးသွေးလေ၀မ်းလို့  ဆိုရမတတ် နည်းမျိုးစုံးနဲ့ အကုန်အကျတွေခံပြီး
ဆေးတွေစစ်ပေမယ့်  ရောဂါသီးခြားခေါင်းစဉ်တစ်ခုခု အမည်တတ်ဖို့  ရောဂါခေါင်းစဉ်ရှာမရ တတ်မရသေးပဲ မှန်းဆဆေးဝါးတွေ ပဲကြီးလှော်လိုစားနေရပြီးဆေးရွာလည်နေသလို ဖြစ်နေတာမျိုးတွေ ဖြစ်တတ်လေ့ ရှိပါတယ်..
Subscribe to:
Posts (Atom)