အတိတ်တံခါးတို့ ပွင့် တဲ့ အခါ
------
ချစ်ခြင်းကို
ဘယ်လောက် ချစ်ကြောင်း
ချစ်ခြင်းတရားတွေကနေ
ဝေးကွာသွားမှ သိလိုက်ရတဲ့ အခါ
အစက ဒီလောက်ချစ်တတ်ခဲ့ မှန်း
ကိုယ့် ရင်ဘတ်က အသံတွေကို
ဘာလို့ များ ဂရုတစိုက်
နားမထောင်မိခဲ့ ပါလိမ့် လို့ 
နှောင်းလွန် တမ်းတ လွမ်းရတဲ့ 
အတိတ်ရက်တွေကိုသာ
ပြန်လည် တံခါးဖွင့် ရင်း.....
လွမ်းလို့ ကောင်းတုန်းပဲပေါ့ 
ဒဏ်ရာတွေ နဲ့  အလွမ်းတွေဟာ
မင့် ကိုယ်စား အမှတ်တရတွေအလား
မြတ်နိုးစရာတွေတောင် ဖြစ်ခဲ့ ပြီ ။ ။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..