Powered By Blogger
Monday, June 29, 2015
ဗြဟ္မာတို့ ၏ သက်တမ်း
ဗြဟ္မာတို့ ၏ သက်တမ်း
---
နိရဗ္ဗုဒ= အရေအတွက် သဘောကား တစ်ဆယ် ဆယ်လီ တစ်ရာ ၊ဆယ်ရာကိုတစ်ထောင်၊ ဆယ်ထောင်ကို တစ်သောင်း ၊ဆယ်သောင်းကို တစ်သိန်း ၊ ဆယ်သိန်းကိုတစ်သန်း ဆယ်သန်းကို တစ်ကုဋေ ၊ကုဋေပေါင်း သိန်းတစ်ရာကို ပကောဋိ ၊ ပကောဋိပေါင်း သိန်းတစ်ရာကို ကောဋိ ပကောဋိ ၊ ၄င်းပေါင်း သိန်းတစ်ရာကို နဟုတ ၊
နဟုတပေါင်း သိန်းတစ်ရာကို နိန္နတ ဟုဆိုအပ်၏ ဤမျှလောက်အထိသာ သင်္ချာတတ်သော လောကီသားတို့ ရေတွက်နိုင်စွမ်း၏ ထို့ ထက်လွန်သော် ဘုရားရဟန္တာတို့ သာ ရေနိုင်စွမ်း၏။
နိန္နတပေါင်း တစ်သိန်းတို့ ၏ တစ်ရာကို အက္ခောဘိဏီမည်၏။ အက္ခောဘိဏီပေါင်းတစ်သိန်း၏ တစ်ရာသည် ဗိန္ဒု မည်၏၊ ဗိန္ဒုပေါင်းတစ်သိန်း၏
တစ်ရာသည် အဗ္ဗုဒမည်၏ ၊ အဗ္ဗုဒပေါင်း တစ်သိန်း၏ တစ်ရာသည် နိရဗ္ဗုဒ ။ ဤ  နိရဗ္ဗုဒ ပေါင်း တစ်သိန်းသည် ဗြဟ္မာတို့ ၏ သက်တမ်းတည်း..။
အဲ့ မှာဗြဟ္မာတွေရဲ့ ဇာတ်ထုတ်က သူတို့ ကောင်းမှု့ ကကြီးလွန်းတော့  အမြင့် ဘုံရောက် အဲ့ အမြင်ဘုံမှာ စုတေပြန်တော့  ထပ်ပြီး အမြင့် ဘုံရောက် အဲ့ အမြင့် ဘုံတွေ က မဟာကပ်ငါးရာတို့  ၆၄ကမ္ဘာတို့  ၈ ကမ္ဘာတို့ စသဖြင့် ပေါ့  သက်တမ်းတွေက အလွန့် အလွန် ကြာအောင်အသက်ရှည်တော့  ဗကဗြဟ္မာကြီးဆိုတာ သူ့ လာရာလမ်း အစကိုလည်း မမြင်တော့ ဘူး ပဋိသန္ဓေသဘောကိုလည်း မမြင်တော့ ဘူး ပြန်စုတေမယ့် အချိန်ကိုလည်း မသိနိုင်တော့ လောက်အောင် သက်တမ်းက ရှည်နေတော့ တဲ့  သူတို့ ဗြဟ္မာ့ ဘုံကြီးကိုပဲ မြဲပြီ  ငါတို့ ဘော်ဒီကလည်း တည်နေပြီ အိုနာသေလည်းမရှိတော့ ဘူး အတိသုခပဲ နိဗ္ဗာန်ဆိုတာ ဒါပဲ ဒီဗြဟ္မာ့ ရွာကြီးပဲလို့ ထင်သွားတာတဲ့ အဲ့ ဒါကို ဘုရားက သွားချွတ်တာ သက်တမ်းကုန်ချိန်ရှိတယ် မမြဲံသေးဘူး ဆိုပြီး သက်တမ်းကုန်ချိန်တွေ တွက်ပြတာမျိုး
မြဲတာ မမြဲတာထက် အဲ့ လောက် သက်တမ်းရှည်ကြီး စာမေးပွဲတွေမဖြေရ ပိုက်ဆံ မရှာရ သူများလုပ်မကျွေးရ စစ်အစိုးရ မကြောက်ရ
သွာတို့ တိတွေကို ကြောက်ရပါတယ်တွေ ဘာတွေ ပြောစရာမလိုပဲ နှပ်နေရတာကို သဘောကြတာ အဲ့ ဘုံကို.....ခိခိ
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..