Powered By Blogger

Monday, June 29, 2015

သို့ သော်ငြားလည်းပေါ့ လေ

သို့ သော်ငြားလည်းပေါ့ လေ
----------
မြဲမယ်လို့  စိတ်က သိပ်မထင်ပေမယ့်  တစ်ခါတစ်လေ လက်မှတ်ထိုးမယ့် ရက်တို့ ဧည့် ခံပွဲရက်တို့ ကို ရွေးပေးလိုက်တာမျိုးတွေလည်းရှိတယ် သူတို့ လာတာကိုက မြဲမမြဲ လာတွက်တာမျိုးမဟုတ်တော့ ပဲ သူတို့ ဟာသူတို့ ခန့် မှန်း လတွေ ရက်တွေ ယူလာပြီး အဲ့ ရက်တွေ ယူမလို့  အဲ့ ရက်တွေထဲက တစ်ရက်ရက် ရွေးပေးပါဆိုပြီးလာတာလေ.....



ဟိုနေ့ ကလာတဲ့  ၃ကြွင်း တနင်္ဂနွေသမီး အသက် ၂၃ ရာဟုသက်ရောက် မှာယူမယ်ဆိုတာပဲကြည့်  ရာဟုသက်ရောက်နဲ့ တနင်္ဂနွေဆိုတာ ရှိပြီးသားလူတောင် ကွဲတတ်ပြဲတတ်တာ အဲ့ လို နှစ်မှာယူမယ်ဆို ဘယ်လောက်ခက်မလဲ ယူကာနီးလေ ကွိုင်ပူလေပေါ့ ရှေ့ ဂြိုလ်လှမ်းထောက်တော့ သောကြာမရဏသက်ရောက်

သူ ယူမဲ့ ဘဲ ကြည့် တော့  အင်္ဂါသား အသက် ၂၆ တဲ့  ဗုဒ္ဒဟူးသက်ရောက်ထဲမှာ ( ရာဇာကိန်း)နဲ့ ပဲ ဒါလည်း နဂိုရှိပြီးသားဆိုရင်တောင် ကွဲလုလုတို့  ရန်တအားဖြစ်တာတို့ ကြုံနေကြနေရာလေး  စိတ်ကြီးလို့ များကတော့  အိမ်ကတောင်ဆင်းသွားတာမျိုးနှစ်...ပြီးတော့  သူ့ အသက် ၂၇ရောက်ရင်လို့ ဆိုပြီး ရှေ့ ဂြိုလ် လှမ်းထောက်ပြန်တော့  စနေသက်ရောက်က (စနေ ၂ထပ်) ရစ်ဖို့ စောင့် နေပြန်တယ် ..ဒီတော့  ၂ ယောက်စလုံး အကွဲကိန်းတွေ ထပ်နေတုန်း မင်္ဂလာဆောင်မယ်ဆိုရင် အဲ့ မင်္ဂလာပွဲက အဆင်ချောပါ့ မလား တာရှည်မြဲပါ့ မလား တွေးစရာ စိုးရိမ်စရာပေါ့ 

ဒါပေမယ့် ပေါ့  ပြန်ကွဲမယ်လို့ လည်း ပုံသေပြောမရပါဘူး ယူပြီးလို့  လပိုင်းအတွင်း ကလေးတွေ ဘာတွေ ချက်ချင်းရသွားရင်လည်း ကြိမ်းကြေသလို ဖြစ်သွားတတ်တဲ့ သဘောရှိလို့  အိမ်ထောင်သက်တိုတာ ရှည်တာ သူတို့ တွေရဲ့ ကံပဲလေ လို့ တွေးပြီး ရက်ရွေးပေးလိုက်ပါတယ် ခေတ်ကလည်း အရင်လို စိတ်သိပ်ရှည်ပေးတာမျိုးမရှိတော့ ပဲ  နဲနဲရစ်တာနဲ့  ငါ့ မှာလည်း အစွယ်ရှိတယ်ဆိုပြီး  ဟ ပလိုက်မယ်ဆိုတာမျိုးတွေက အတွေ့ ရပိုစိတ်လာသလိုပဲ..
ဘဲလေးက မန်းကတဲ့  မဒီလေးက တာချီလိပ်ကတဲ့  ယူနန်မလေးဆိုပဲ..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..