----
အေးလေ ပြန်ငေါ့ လဲငေါ့ စရာပဲ သူတို့ ဟာသူတို့ ထီးထီးမမတွေကို လော နဲ့ တြားဝင် လက်ထပ်ခွင့် ပြုလိုက်တာနဲ့  ဘယ်လိုဖြစ်ပြီး နေ့ ချင်းညချင်းပဲ ကမ္ဘာကြီး လူမျိုးတုံးတော့ မလိုလို ပျားတုတ် ကုန်ရတာလဲလို့ ရိချင်စရာပေါ့ .
.နော်တို့ တွေးတာက တစ်ခြား ရှု့ ထောင့် တစ်ခုကနေ တွေးကြည့် နေတာ သူတို့ ကို လော မပြဌာန်းပေးတော့ ရော သူတို့ က ဟ၀ှါ အဲ အတူတူ မတွဲကြတော့ လို့ လားပေါ့  လောရှိရှိ မရှိရှိ ဟ၀ှါက ဟ၀ှါ ကြီး တွဲနေကြတာကြီးကိုလေနော့ 
ခုလို အဲ့ နိုင်ငံတွေမှာ ..လော နဲ့ တရားဝင် ပြဌာန်းပေးလိုက်တော့  အဲ့ ဟ၀ှါတွေမှာ ဘာအခွင့် အရေးတွေ ပိုရသွားလဲ တွေးတာ...တွေးမိသလောက်က လစ်ဗစ်တူ သဘော အတူတူနေယုံလေးကနေ လော နဲ့  လက်ထပ်တယ်ဆိုတာ သူတို့  ၂ယောက်ရဲ့ ပိုင်ဆိုင်မှု့ တွေကို ညီတူညီမျှ ပိုင်အဖြစ် တစ်ယောက်ယောက် အရင်ဂန့် သွားရင် ကျန်တဲ့ တစ်ယောက်က တရားဝင် အမွေဆက်ခံခွင့် ရအောင် စွဲစိလိုက်တဲ့ သဘောက ထင်ရှားတယ်ပေါ့ ...
အဲ့ ထီးထီးမမထက် ကမ္ဘာတစ်ခွင် ဗမာတစ်ခွင် ပြဲပြဲစင်မှာ ပေါ်တင်တစ်မျိုး ဒိုင်လျိုတစ်ဖုံ လတ်တလော ပြဿနာပိုကြီးနေတာက အိမ်ထောင်သည်တွေ အတ္တကြီးလို့ စည်းမစောင့် ကြလို့ သစ္စာပျက်လို့  စမော်လ်ဆွဲလို့  ဖေါက်ပြန်ကြလို့  ကွဲကုန်ကြတာနဲ့  ကြားက ခေးတွေက ဘရုတ်ကန်းမိသားစုထဲမှာ လေတွေလွင့်  သရုပ်တွေပျက် မိုက်တွင်းတွေ နက်ကုန်ပြီး ဘ၀နုနုလေးတွေ မြွေဖမ်းကုန်တာမျိုးက ကမ္ဘာပျက်ဖို့  ပိုနီးစပ်တာမျိုးလို့ ထင်တာ....
ထီးထီးမမတွေရဲ့ အသည်းကွဲပြဿနာများ နော်တို့ အလုပ်သက်တမ်းမှာ ကြုံဖူးတာ လက်တစ်ဖက်မပြည့် သေးဘူး အဲ့  ချစ်လှည့် ချည့်ဆိုတဲ့  အိမ်ထောင်သည် အရှုတ်ထုတ်ပြဿနာတွေချည်း လက်ချောင်းလေးတွေနှစ်ဖက်နဲ့  ခြေ ချောင်းလေးတွေ နှစ်ဖက်တင် ချိုးလို့ မလောက်လို့  ကောင်တာပါ နှိပ်နေရတယ်.တစ်ချို့ တွေများ အဲ့ လိုင်း သီးသန့် ကိုင်ပြီး...တစ်လ တစ်လ သူတို့ လာပေးတာနဲ့ တိုက်ခန်းတောင်ဝယ်နိုင်တယ်တဲ့ ...အိမ်ထောင်သည်တွေ စမော် များများဆွဲကြပါစီလို့ ....ဆုမတောင်းကောင်းလို့ သာ...ခိခိ
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..