အတွေးသီ
--
လူရဲ့ ကောင်းမှု့ ဆိုးမှု့ တွေမှာ ဒဲ့ လာဖြစ်တာ သွယ်ဝိုက်ဖြစ်သွားတာတွေ ရှိတာ ကိုယ့် ဘ၀တွေ တစ်ချိန်လုံးမြင်နေရတဲ့ သူများဘ၀တွေကို စောင့် ကြည့် မှ တွေ့ ရတာမျိုးပဲ အများအားဖြင့်  ကိုယ့် ကိုတိုက်ရိုက်လာမှ လောကဓံ အကောင်းအဆိုးလို့ ထင်လေ့ ရှိတယ်.....အကောင်းသဘောမှာ ဆိုပါတော့  ကိုယ်ကတော့ တနင်္လာသက်ရောက်ဖြတ်လို့ တိုက်ခန်းဝင်ကိန်းရှိတယ်ဆိုပါတော့  ကိုယ်တိုင်တော့  တိုက်ခန်းသွားမ၀ယ်ဘူး ၀ယ်ဖို့  စိတ်ကူးလည်းမရှိဘူး ဒါပေမယ့့် မိသားစုဝင်တွေအားလုံးရဲ့ ဆန္ဒအရ မိသားစုအားလုံးပိုင်တိုက်ခန်းကို ၀ယ်သူအမည် အဖြစ် ကိုယ့် အမည်ခံပြီး ၀ယ်လိုက်တာမျိုးက ဒါက သွယ်ဝိုက်လောကဓံ အကောင်းကိန်းသဘောမျိုးပေါ့ 
ကိုယ်က စနေသက်ရောက်ဖြတ်တယ် ကိုယ်ကတော့ အေးအေးနေလို့  ဘာဆိုဘာမှ ဒဲ့ လာပြီး အဆိုးလောကဓံတွေမလာပေမယ့်  ကိုယ့် အိမ်သား ကိုယ့် မိဘ ဆေးရုံတက်နေရလို့ လိုက်စောင့် ရှောက်ပေးရ လူမမာစောင့် တွေလုပ်ပေးနေရ သူတို့ ကျမ္မာရေးအတွက်စိုးရိမ်ပေးရ ငွေကုန်ပေးရတာမျိုးတွေ ကြုံခဲ့ ရတာမျိုးက သွယ်ဝိုက်လောကဓံအဆိုးသဘောပေါ့ 
လာဘ်ရွှင်ခြင်း လာဘ်မရွှ့င်ခြင်းသဘောမှာတောင် သူများ ထင်တဲ့  လာဘ်ရွှင်တာ မရွှင်တာ ကိုယ့် ကိုယ်ကို ခံစားတဲ့ လာဘ်ရွှင်တာ မရွှင်တာမျိုးတွေက ကွဲသေးတယ် ကိုယ်က လစာ တစ်လ ၃သိန်းရတာကို တစ်လ ၁၅သိန်းရသူက သူ့ လောက် မရလို့ ကိုယ့် ကို ၀င်ငွေနဲတဲ့ သူ လာဘ်မရွှင်တဲ့ သူလို့ မြင်နိုင်သလို
လစာ တစ်သိန်းလောက်ရသူက သူ့ ထက်စာရင် ကိုယ်က လစာကောင်းသူ လာဘ်ရွှင်သူလို့ မြင်နိုင်တာက သူများအမြင်....
ကိုယ်လိုချင်တာက ၁၅သိန်းလောက် ၃သိန်းလောက်ပဲရသေးတော့ ကိုယ့် ကိုယ်ကို လစာနဲတယ် လာဘ်မရွှင်ဘူးလို့ ခံစားချင်ခံစားနေတတ်သူတွေလည်းရှိသလို တစ်ချို့ က လစာတစ်သိန်းမပြည့် တဲ သူတွေကြည့် ပြီး ကိုယ့် ၃သိန်းက သဌေးမင်းလိုလို ကိုယ့် ကိုယ်ကို ပြန်ထင်မိနေတာမျိုးလည်းရှိပြန်တယ်...
လာဘ်က အရွှင်လွန်လို့  သုံးချင်သလို စိတ်တိုင်ကျသုံးနိုင်နေတဲ့  ချမ်းသာလိုသူတွေအားကျနေတဲ့ ဗမာပြည်က သူဌေးတောင် ငါတို့ ချမ်းသာတယ်ဆိုတာ အာရပ်စော်ဘွားတွေလောက်မချမ်းသာသေးဘူးလို့ ကိုယ့် ကိုယ်ကိုထင်ပြီး စိတ်ဆင်းရဲနေတတ်တာကရော အံ့ စရာမကောင်းဘူးလား
ဒါဆို ဘာတွေက အစစ်အမှန်သဘောတွေလဲ ကိုယ့် ခံစားချက်တွေက အစစ်အမှန်တွေလား သူများတွေက ကိုယ့် ကိုမြင်တာတွေကရော အစစ်အမှန်လား..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..