မောနင်းဖီလင်
------------
တစ်ခါတစ်လေပေါ့  ကျနော် ဘယ်တုန်းကမှ လခစား မလုပ်ဖြစ်ခဲ့ တဲ့ ဘ၀ကိုရနေတာ ကံကောင်းတယ်လို့ ကိုယ့် ဟာကိုယ်တွေးပြီး သဘောတွေ ကျနေတတ်တယ်...
သဘောကျရတာက အစကတည်းက ကိုယ်တိုင်တစ်ခုခု ထွင်နေရတာမျိုး ကိုယ်တစ်ခုခုလုပ်တိုင်း မှားမှား မှန်မှန် မှားရင်ခံမယ် မှန်ရင်ပျော်မယ် ကိုယ့် ကြမ္မာလမ်းကို ကိုယ်တိုင်ဆုံးဖြတ်ခွင့် ကို အပြည့် လိုချင်တာမျိုး ။ ကိုယ့် လုပ်အားကြောင့် ရလာတဲ့ ပိုက်ဆံကို ငါးပြားတစိ မကျန် ကိုယ့် ဟာ ကိုယ်သာ စီမံခန့် ခွဲပြီး စိတ်ကူးတည့် ရာ သုံးချင်တာမျိုး.။ ကိုယ့် ပိုက်ဆံကို အရက်သောက်ပစ်ချင်သောက်ပစ်မယ် ဘုရားတည်ချင်တည်မယ် ကိုယ့် စိတ်သဘောပဲဖြစ်ချင်တာမျိုး ..စိတ်အခြေခံက ကြီးနေလို့ ပေါ့ ဗျာ.......
ပြီးတော့  ဘာလုပ်လိုက်ပါလားဆိုတာထက် ဘာလုပ်သင့် တယ်ထင်တယ်လို့  ပြောလာပေးသူတွေ ဘာလုပ်ရမယ်ဆိုတာထက် ဘာလုပ်ကြရင် ပို မကောင်းဘူးလားဆိုတဲ့ လူမျိုးတွေရဲ့ အကြံဥာဏ်တွေမျိုးကို ပိုသဘောကျတယ်...ကိုယ့် ကို ကိုယ့် ဘ၀ကိုယ် လွတ်လပ်စွာရွေးခြယ် ဆုံးဖြတ်ခွင့် ရှိတဲ့ လူအဖြစ် အသိအမှတ်ပြုသလိုမျိုးလို့ ခံစားရလို့ ပဲ.။
.မရောက်ချင်ဆုံးဘ၀က သူများမျက်နှာအောက်မှာ ဘ၀ပေးအနေအထားအရ အရုန်းခက် အလှန်ခက် ရွံကြောက်ကြီးဘ၀နဲ့ ခေါင်းငုံ့ ပြီး ထမင်းကို ခပ်ကုပ်ကုပ်လေး စားနေရမယ့် ဘ၀ကို မရောက်ချင်ဆုံးပဲ သူများတွေကိုလည်း ကိုယ့် ကို အရုန်းခက် အလှန်ခက် ရွံကြောက်ကြီးဖြစ်ပြီးခေါင်းငုံ့ ထမင်းစားနေရတာ အနေအထားမျိုးရောက်အောင်ကို မလုပ်ခဲ့ ဘူးဘူး.....ကိုယ့် ဖီလင်ပြောတာပါ..ဒီလို ဖီလင်က သားချင်းမတော် စိမ်းတဲ့ သူတွေနဲ့  လူမှု့ ဆက်ဆံရေး သဘောတွေမှာဖြစ်တဲ့ ဖီလင်ပေါ့  မိဘတို့  ကိုယ့် ထက်အကြီးတို့ သီလ သမာဓိ သိက္ခာ ပြည့် ဝပြီး လေးစားကြည်ညိုထိုက်တဲ့ ဂုဏ်ရည်စစ်ရှိတဲ့ သူတွေ နဲ့ ဆက်ဆံရေးမျိုးတွေ သဘောတရား နဲ့ တော့ မတူဘူး...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..