နိုးဖရီး
----
အခန်းလေး၂ခန်းခွဲထားတဲ့  ဟဒ်ဒစ်ထဲက အခန်းတစ်ခန်းမှာ ဒေတာတွေပြည့် နေကြောင်း အနီတန်းကြီးထွက်လာတော့  ဟိုအခန်းထဲခွဲပို့ ဒီအခန်းထဲရွှေ့ တွေလျှောက်လုပ်လိုက်တော့ အနီတန်းကပျောက်သွားတယ်..ဒါပေမယ့်  ပြည့် လုလုကပြည့် လုလုပဲ..ဒါနဲ့ ထူးပါဘူး သိပ်မကြာခင်ပဲ ပြည့် တော့ မှာလို့ ဆိုပြီး အိပ်စ်တာနယ်လေးဟာဒ်ဒစ်လေး တစ်ခု သွားဝယ်လိုက်ပါ့ မယ်လေဆိုပြီး ဈေးစပ်စု လိုက်တော့  ၀မ်းတီဘီကို ၈သောင်းကျော်တဲ့  အမငီး..တီဘီဆေး အပြင်မှောင်ခိုက ၀ယ်ရသလိုပဲ အိုင်တီပစ္စည်း လက်တစ်ဝါးစာလေးများ လှုပ်တောင် မလှုပ်ရဲ သလောက်ပါလား..စဦး တီထွင်ဥာဏပစ္စည်းတွေ ဆိုတာ ဂလိုပဲနဲ့ တူပါရဲ့ ပေါ့ လေ.....
ဒါနဲ့  ဘာဒေတာတွေ အများဆုံးဖြစ်နေလဲလို့ ကိုယ့် ဒေတာတွေပြန်ကြည့် မိတော့ အများဆုံးက သီချင်းကိစ္စတွေချည်းလိုလို နဲ့  စာအုပ်ဖိုင်လေးနဲနဲရယ်..ဒါနဲ့ ဘာအနဲဆုံးလဲလို့  ထပ်ကြည့် လိုက်တော့  အဟားးးကိုယ့် အလုပ်နဲဆိုင်တဲ့ ဒေတာက မရှိသလောက်နဲ့  ဓမ္မစာအုပ်က မနဲရှာရယူတယ် တစ်အုပ်စ နှစ်အုပ်စရယ် ဓမ္မလမ်းနဲ့ တော်တော် နီးစပ်ပုံရပါ့ ....ခိခိ....
ဒေတာတွေကလည်း ပြည့် မယ့် သာပြည့် ခါနီးနေတာ အဲ့ဒေတာတွေ အကုန်လုံးလိုလိုက အွန်လိုင်းကနေရထားတဲ့  ခိုးရာပါ..အဲ..ဖရီးဒေါင်းထားတဲ့ ဟာတွေချည်းပဲ....ခ်ခ်...ဒါပေသိ တကယ်ကတော့  မဖရီးပါဘူး ကိုယ့် စပ်စုစိတ်နဲ့ ကိုယ် အွန်လိုင်း တက်တက်လာတာ နက်လိုင်းဘေလ်ဖိုးက ကိုယ့် ဟာကိုယ် ကုန်တယ်လေ ပြီးတော့ လက်တော့ ကလည်း ဘယ်သူ့ ဆီကမှ အမွေရထားတာမျိုး မဟုတ်ပဲ ကွကိုယ် ရင်းထားရသေးတာ.အဟီးးး..အဲ..ဒီတော့  ဖရီးဆိုတာ တကယ်တော့  မရှိဘူး သဘောပေါ့  နိုးဖရီးပေါ့  အနဲဆုံးတော့ အချိန်ကို ရင်းလိုက်ရတာချည်းသဘောနေမှာပေါ့ 
.
.အင်းးး..ဟဒ်ဒစ်လေးတစ်ခု သွားဝယ်တာကိုများ ရေးကြီးခွင်ကျယ်လုပ် ကြံဖန်ပြီး စာ မရှည့် တရှည်ကြီး တစ်ပုဒ်ဖြစ်အောင် လျှောက်ရေးတာ တော်တော် တော့  အမြင်ကပ်စရာကောင်းမှာပဲလို့ တောင် အရပ်သင်သင်ပြီး နင်းကျိုးနင်းပ့ဲ သတ်ပုံအမှားတွေ စာအကျန်တွေ ဗလပွနဲ့  လက်ခါးလယ် ၂ ချောင်းထဲနဲ့  ကီးဘုတ်ပေါ် ခပ်တည်တည် စာတက်ရိုက်နေရင်း ကွကိုယ်တောင်တွေးမိသေး....ဟီးဟီးးး
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..