Powered By Blogger
Tuesday, June 30, 2015
အတွေ့ လေးရယ်မှ အိုအကြုံ.....
အတွေ့ လေးရယ်မှ အိုအကြုံ.....
--------------
ဝဋ်သဘောကို ယုံကြည်လက်ခံထားတဲ့  ကျနော်တို့ တွေ ကိုယ် မလုပ်ရဲ တွေးတောင် မတွေးရဲတာတွေကို တွေးရဲ လုပ်ရဲတဲ့ သူတွေရှိတာ ကိုယ်တွေ့ တစ်ခုပြောရရင်
ကျနော်တို့ အိမ်ရဲ့ မျက်စာင်းထိုးမှာ စပေါ်တင် လခပေးနေတဲ့ အိမ်ငှားမိသားစုတွေ ရှိပါတယ်..ရရစားစားတွေပေါ့ လေ....အခန်း ၄ ခန်းဖွဲ့ စည်းထားတဲ့  တိုက်ကြီး တစ်တိုက်လုံးမှာ ကျန်သုံးခန်းက တိုက်ရှင်တွေပေါ့  သူတို့ က ငါးဒိုင်သမားတွေပါ...တော်တော်ကြီးကို ချမ်းသာပါတယ်......ခေတ်တွေပြောင်းလာတော့  တိုက်သစ်တွေ ဆောက်လာကြလို့  တိုက်ရှင်တွေက အဲ့ အငှားခန်းကို ပြန်လိုချင်လာပါတယ်...အဲ့ အချိန်မှာ အငှားသမားတွေဟာ နေထိုင်သက် နှစ်သုံးဆယ်လောက်ရှိလာပါပြီ....
.ဒီအတိုင်း ၆၀လွန်နှစ်တွေက စပေါ်အတိုင်းပြန်ပေးဖို့ လာတာမျိုးဆို  မဖြစ်နိုင်သလို တိုက်ရှင်က ရစ်ချင်နေပြီဆိုတာ သတိတဲ့ အိမ်ငှားတွေက သတိကြီးကြီးနဲ့ နေလို့ ရယ် စနစ်ဟောင်းအရ ချမှတ်ခဲ့ တဲ့ ဥပဒေကို အပြောင်းအလဲမလုပ်ရသေးတဲ့  တည်ဆဲ စည်ပင်လောအရ သက်တမ်းရင့် အငှားသမားတွကို အပြစ်ရှာအလွတ်ဖယ်ခိုင်းဖို့ က တိုက်ရှင်တွေမှာ အကျပ်ရိုက်နေပါတယ်...
အဲ့ ဒီမှာ တိုက်ရှင်တွေ စရစ်ပုံက အိမ်လခကို မကောက်တော့ တာပါပဲ..ဒီတော့  အငှားသမားတွေက စည်ပင်ရုံက တစ်ဆင့် မြို့ နယ်ရုံးမှာ မှန်မှန်သွားသွင့် ပေးနေလိုက်ပါတော့ တယ် မြို့ နယ်ရုံးကလည်း အဲ့ ခန်းဟာကွိုင်တက်နေတဲ့ အခန်းဖြစ်နေတာ သိတာ နဲ့  စည်ပင်လောအရအကျုံးဝင်နေလို့ ကြားကနေ လခကို လက်ခံပေးထားလိုက်ပါတယ်...
ဒီနည်းနဲ့ မရတော့ တိုက်ရှင်တွေက လျပ်စစ် စဖြတ်လိုက်ပါတယ်..ဒီအခါမှာလည်း အငှားသမားမိသားစုက လျပ်စစ်ရုံးကိုသွားတိုင်လို့  လျပ်စစ်ရုံကလူတွေက အငှားသမားဖက်က ရပ်ပေးပြန်လို့  လျပ်စစ်မီတာပုံးကို မတတ်သာပဲ ပေးသုံးလိုက်ရပြန်တယ် ဒေါင်းတောင်းဆိုတာ မီတာ တစ်ခန်းတစ်လုံးဖြစ်နေလို့ နဲ့ မသုံးရင်ပြန်သိမ်းမှာ ဆိုးလို့  ပြန်ပေးသုံးလိုက်ရတော့ တာပါပဲ
လျပ်စစ်ဖက်က ရစ်မရပြန်တော့  ရေဖက်လှည့် လာပုံက ၄ခန်းစလုံးအတွက် တစ်တိုက်လုံးမှာမှ ရေတင်မော်တာက တစ်လုံးသာ ပြေးထားလို့ အဲ့ အငှားသမားတွေကို ရေမပေးတော့ ပါဘူး....
ဒီအခါမှာတော့ အိမ်ငှားသမားတွေ အတော်ညစ်သွားပါတော့ တယ်...ရေစည်လှည်းတွေနဲ့ သွားတွန်း သုံးရတဲ့ အခြေအနေပေါ့ ..အဲ့ ဒီလိုတွေ ကိုယ့် အရပ်သား အချင်းချင်းတွေ သရုပ်ပျက်လာတာမြင်တော့  အိမ်က ကျနော်တို့ ဘိုးတော်ကြီးလည်း အတော် အာရုံနောက်လာပုံရပါတယ်
 ကျနော်တို့ အခန်းကနေ ကားလမ်းကိုဖြတ်ပြီး ရေလိုရင် ယူသုံးဖို့  ရေပိုက်သွယ် ချပေးထားလိုက်ပါတော့ တယ်  အငှားသမားတွေလည်း ၀မ်းသာသွားကြတာပေါ့ လေ...တိုက်ရှင်တွေကတော့  အစာမကျေပေမယ့်  မပြောသာလို့  မသိချင်ယောင်ဆောင်နေပါတော့ တယ်...
အဲ ဒီလို အနေအထားနဲ့ သုံးနှစ်လောက်မှာတော့...ချုပ်ပြောရရင် အလုပ်တအားဖြစ်ချင်နေတဲ့  တိုက်ရှင်တွေနဲ့  အငှားသမားတွေအတွက်ကြားကန ၀င်း-၀င်း သွားလုပ်ပေးလိုက်ရလို့ အိုကေသွားပါတော့ တယ်....အချိန်ဆွဲလာချက်က အရင်က အငှားသမားတောင်းဆိုတဲ့ ငွေထက်တောင်ပိုပေးလိုက်ရတော့ တာပါပဲဗျာ..
ကိုယ်တွေးပုံက အဲ့ လိုကြီးတော့  ကိုယ် နဲံ့ ညှိမရတိုင်း ရေဖြတ် မီးဖြတ်တွေ တိုက်ရှင်နေရာမှာ ငါသာဆိုရင် ၀ဋ်လိုက်ရင်ဒုက္ခဆိုပြီးတွေးပြီး မလုပ်ရဲပါဘူး ကိုယ့် အခန်းပြန်လိုချင်တောင် ဥပဒေနဲ့ တရာစွဲကြည့် တာမျိုးလို့ ပဲ ကြံမိမှာပါလို့ သာတွေးခဲ့ တာပါပဲ.
ဓမ္မစာတွေအရဆိုရင် ပြုသူအသစ်ဖြစ်သူအဟောင်းသဘောမျိုးဆိုတာ ဒါမျိုးတွေလား မသိလို့ တော့ ကိုယ့် အယူဝါဒကနေပြီး တွေးမိပါသေးတယ် ဒါပေမယ့်  ဒါဟာအတွေးပါပဲ သူ တို့ လိုလည်း ကိုယ်က မဟုတ်လို့  သူတို့ လည်းသူတို့ တွေးချင်သလို့ တွေးပြီး လုပ်ချင်သလို လုပ်ပုံပါပဲလို့ သာ....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..