Powered By Blogger

Wednesday, July 1, 2015

တစ်သက်တာမှာ အရသာအရှိဆုံး ရေခဲရေတစ်ခွက်


ဒုတိယမြောက် မနက်ခင်းဝေဒနာ
-------------------
တစ်သက်တာမှာ အရသာအရှိဆုံး ရေခဲရေတစ်ခွက်
---------------
တစ်ခါတစ်လေ တိုက်ဆိုင်မှု့ တွေရှိလာရင် ငယ်က ဝေဒနာတွေ တစ်ချို့ ဟာ သေရွာမရောက်ခင် လမ်းမှာ ပြန်ပြန်ပြီး အစပေါ်လာတတ်ပြန်တယ်....

အိမ်မှာ ရေခဲသေတ္တာဝယ်သုံးနိုင်တာ သူများတွေ သုံးလို့ အီနေလောက်ချိန် အတော် အရွယ်ရောက်မှလို့ တောင်ပြောလို့ ရတယ် ဒါတောင် ဖြစ်ညှစ်ပြီး ဇွတ်ကို ၀ယ်ကြရတာ....ငယ်ငယ်က လက်လုပ် လက်စားဘ၀တွေကဆို ဘောစိတွေအိမ်က မွေးလာတဲ့  ဆော့ ဖက်သူငယ်ချင်းရဲ့ အိမ်က ရေခဲသေတ္တာကြီးထဲက ရေခဲရေကို သိပ်သောက်ဖူးချင်တာပဲ. ..ရေခဲသေတ္တာကြီးတွေကိုက သိပ်ခန့် ညားတယ်လို့ ကို ထင်မိလို့  ကြုံကြိုက်လို့ အနားသွားရတာတောင် မရဲတရဲနဲ့ ....



တစ်နေ့ တော့  အရပ်ထဲမှာ သူငယ်ချင်းတွေနဲ ဆော့ကျရင်းက မောလာကြတာနဲ့  ချမ်းသာတဲ့ မိဘတွေကမွေးလားတဲ့  သူငယ်ချင်းလေးက သူတို့ အိမ်ခေါ်သွား သူ့ ရေခဲသေတ္တာကြီးထဲက ရေခဲရေ တစ်ခွက်ကို ဖန်ခွက်လှလှလေးနဲ့ ထည့် ပြီး တိုက်တာနဲ့ အားရ၀မ်းသာ သောက်မိတာ ရေခဲရေထဲက ရေခဲရေ အအေးသဘောရဲ့  အထာ မသိတော့ သွားတောင် ကျဉ်ကနဲဖြစ်သွားတာ တစ်သက်တာအတွက် မှတ်မှတ်ရရကိုဖြစ်ကျန်ခဲ့ တယ်..အဲ့ ရေခဲရေကို မြန်မြန်ကုန်မှာ စိုးလို့ ခပ်ဖြည်းဖြည်းလေး သောက်မိနေတာကိုလည်း မှတ်မှတ်ရရကို ဖြစ်ကျန်ခဲ့ တယ်...ခန့် ညားလှတဲ့  ရေခဲသေတ္တာကြီးထဲက ပထမဆုံး စ သောက်ဖူးတဲ့ ရေခဲရေ တစ်ခွက်ဖြစ်နေတာကိုး ......

ကိုယ် မတတ်နိုင်ခင်မှာ ကိုယ်လိုချင်လွန်းခဲ့ တာတွေ ကိုယ်ဖြစ်ချင် လွန်းခဲ့ တာတွေကို အိပ်မက်တွေ ကြိုမက်ထားဘူးတာတွေ စိတ်ကူးတွေ ယဉ်ထားဖူးတာတွေ တကယ့် ကို လက်ထဲရောက်လာပြီ တကယ့် ကို တတ်နိုင်ခဲ့ ပြီဆိုရင်....ဘယ်လောက်တောင် သတိ လက် လွတ်ဖြစ် သွားတတ် သလဲဆို တာမျိုးရော...

ဆင်းရဲနေချိန် ကိုယ် ၀ယ်မစားနိုင်လို့  အဝေးက ငေးမောခွင့် လေးသာ ရနေခဲ့ တဲ့  ကိုယ် စားချင်တာလေးတွေများ စားခွင့် များကြုံလိုက်ရရင် ဘယ်လောက်တောင် အင်ပရက်ရှင် လွတ်သွားတတ်သလဲဆိုတာ ဖြစ်ရင်ချင်း ဒဲ့ မတူတောင် သဘောတရားတူတာမျိုးကို ကြုံခဲ့ ဘူးတဲ့  ဘ၀တူချင်းတွေရှိခဲ့ ပြီး ကျုယ်ချင်းလည်း စာတတ်မယ်ဆိုရင်တော့  တစ်ချို့ တွေရဲ့  စိတ်မထိမ်းနိုင်တော့တဲ့ အပြုအမူ တစ်ချို့ အပေါ် ခံစားနားလည်ပေးနိုင်လောက်လိမ့် မယ် .။

ဘ၀တစ်သက်တာမှာ သောက်ဖူးခဲ့ သမျှ ရေခဲရေခွက်ပေါင်းများစွာရဲ့ ရေခဲရေ သောက်ရတဲ့  အအေးဓါတ် အရသာတွေထဲမှာ အဲ့ ဒီ နေ့ က ဆော့ ဖက် သူငယ်ချင်း တိုက်တဲ့  ရေခဲသေတ္တာကြီးထဲက ရေခဲရေတစ်ခွက်ရဲ့ အရသာကို မမီတော့ ဘူး....

ရေမှာ ဘာအရသာမှမရှိပေမယ့်  သိပ်ကို သောက်ကြည့် ချင်နေချိန်မှာ သောက်ခွင့် ရလိုက်တဲ့ ရေခဲရေထဲမှာ ကိုယ် သိပ်သောက်ချင်နေတဲ့  ကိုယ့် ဆန္ဒတွေပြည့် ဝခဲ့ ပြီဆိုတဲ့  အပျော်ပီတိသကာရည်တွေမျိုးစုံ ပါနေခဲ့ တဲ့ ရေခွက်ရေ တစ်ခွက်ဖြစ်နေခဲ့ သလိုပါပဲ....။

ဘ၀အဆက်ဆက်မှာ လူပြန်ဖြစ်ရဦးမယ်ဆိုရင် ငွေကြေးတွေ ထားစရာ မရှိအောင် ချမ်းသာတာမျိုးထက် ပိုမျှော်လင့် တာက ချစ်ခြင်းမေတ္တာတွေ ကရုဏာတွေ ကိုယ်ချင်းစာ သဘောလေးတွေ များပြားတဲ့ လူ့ အသိုင်း အ၀ိုင်းတွေကြားမှာ ချစ်ခြင်းမေတ္တာ ကရုဏာ နဲ့ ကိုယ်ချင်းစာသဘောတွေ ရှိနေတဲ့ လူစစ်စစ်ဖြစ်ခွင့် လေးပါပဲ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..