ပါဏာတိ
---
အသစ်ထောင့် အမြင်တွေထဲမှာဆရာကြီးဦးရွှေအောင်ရဲ့ စာတွေကို တော်တော်သဘောကျသွားတယ်...သူ့ စာတွေက သူ့ အရင် ဘယ်သူ ရေးတာမှ မဖတ်ခဲ့ ဖူး မကြားခဲ့ မနာခဲ့ ရဘူးတာတွေ ဖြစ်နေတယ်...ရှိပြီးသားဖြစ်ကောင်းဖြစ်မယ် ဒါပေမယ့်  ဆရာကြီးရေးပြခဲ့ မှ ဒီလိုတွေးကြည့် ရကောင်းမှန်း သိထားရကောင်းမှန်းသိသွားတာမျိုး...
ဆိုပါတော့  တော်တော်လေးသဘောကျသွားတာတွေထဲမှာ တစ်သက်တာမှာ ကြားနာရွတ်ဆိုနေခဲ့ ရတဲ့  ပါဏာတိ သူတစ်ပါးအသက်တွေကို သတ်ဖြတ်ခြင်းမှ ရှောင်ကျဉ်သင့် တယ် ဆိုတဲ့  သမားရိုးကျအသိသဘောကနေ......
ပါဏာတိ ကိစ္စဟာ ဒါလောက်လေး နဲ့ မပြည့် စုံ မလုံလောက်သေး..တစ်ပါးသူတွေရဲ့ အသက်တွေကိုလည်း စောင့် လျှောက်ပေးအပ်၏ နဲ့  ပေါင်းစပ်မှ ပါဏာတိသဘောဟာ ပြည့် စုံသွားတယ် လို့ ရေးပြလိုက်တယ်...ဒီသဘောလေးဟာ ရှောင်ရန်နဲ့ ဆောင်ရန်သဘော ဒွန့် တွဲမှ တစ်ခု အဖြစ် ပြည့် စုံသွားတဲ့ သဘောကနေ ယူပြလိုက်တဲ့ သဘောလို့ ဆိုတာမျိုး.....ဒီတော့  ရှောင်ရန်နဲ့ ဆောင်ရန် ပေါင်းစပ်ထားလိုက်တဲ့  ပါဏာတိ သဘောဟာ စိတ်အဆင့် ဆင့် မြင့် တက်လာဖို့ ကို အလွန်ကို အထောက်အပံ့ ဖြစ်စေသွားပြီး စိတ်စင်ကြယ်စေဖို့ တွန်းအားတွေဖြစ်လာ...အဲ့ ဒီကနေ အယူဝါဒရဲ့ နောက်ဆုံးပန်းတိုင်ကို တစ်စတစ်စ ပိုပြီးချဉ်းကပ်သွားစေနိုင်တဲ့ အကြောင်းတရားကောင်းတွေ ပိုဖြစ်လာတယ်ပေါ့ လေ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..