Powered By Blogger

Wednesday, July 1, 2015

ရက်စ်အော်နိုး



 ရက်စ်အော်နိုး

ဆုံးဖြတ်ပေးရတာ အခက်ဆုံးက ဒီ နှစ်ယောက် သင့် တော် မတော်ကို လာတွက်ခိုင်းတာမျိုးပဲ....အဲ့ ဒါကို မသင့် တော်ပါဘူး သင့် တော်ပါတယ် လို့  ရက်စ် အော် နိုး ဖြေရမှာဟာ ကိုယ့် စကားတစ်ခွန်းဟာ အဆင်မသင့် ရင် ဘ၀တစ်ခုကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေနိုင်တာကို တွေးမိသူအဖို့ 
ဘယ်လိုလုပ် ရက်စ်အော်နိုး ဖြေပေးလို့ ဖြစ်တော့ မလဲ...



 ပြီးတော့  ကိုယ် ကိုင်ထားတဲ့ ဗေဒင်ကို ကိုယ်တိုင် လက်ခံထားပုံက ဒါဟာ ကံကို ဥာဏ်ကစားတဲ ကိစ္စ.ဖြစ်တန်ရာခြေဖက်ကသာ ပြောပေးရတဲ့ သဘောထက်မပိုဘူး....ပြီးတော့  အတွေ့ အကြုံတွေ စုစည်းလိုက်တဲ့ အခါ အိမ်ထောင်ရေးဆိုတာ တကယ်က အတိတ်ကံရဲ့ စေ့ ဆော်မှု့ တွေရဲ့ သဘောက ပိုအားကြီးတယ်ဆိုတာတွေ့ ခဲ့ ရတာ ။

ယူပါဆိုလို့ ကျချင်မှကျတာ မယူနဲ့ ဆိုလည်း ယူချင်ယူကြတယ် ရှောင်ပါဆိုပေမယ့်  ဒဲ့ တိုးချင်တိုးတယ် ဖိတ်စာဝေပြီးမှ တစ်ခြားလူနဲ့ လိုက်ပြေးသွားတာမျိုးတွေလည်း တစ်ပုံကြီး..ရုပ်ရှင်ကြည့် ရင်းက အိမ်မပြန်ရဲတော့ ဘူးဆိုပြီး ညားချင်ထညားသွားပြန်တယ် ပြီးတော့  လူတစ်ယောက်မှာ သံသရာက အကြောင်းတွေကလည်း ဘယ်လောက် အထိ ပါလာမလဲ ဘယ်အချိန်မှာ ၀င်အကျိုးပေးမယ်ဆိုတာမျိုး ကျနော်တို့ ဥာဏ်လောက်နဲ့ မသိနိုင်ဘူး

ဒီတော့  ဖြစ်တန်ရာခြေသာပြောပေးနိုင်ပြီး ကျန်တာ ကာယကံရှင်တွေကိုယ်တိုင်က ကိုယ့် ဟာကိုယ်လည်း ပြန်သုံးသပ်ပါဦး ညှိကြည့် ပါဦး လေ့ လာကြည့် ပါဦးလို့ သာပြောရတော့ တယ်

ပြီးတော့  ဗေဒင်ဆရာက ကိန်းခန်းအရ ယူသင့် တယ် သဘောတူတယ်ဆိုလို့ ယူတယ် နဲ့  ဗေဒင်ဆရာက ကိန်းခန်းအရ မယူသင့် ဘူး သဘောမတူဘူးဆိုလို့ မယူဘူးဆိုတဲ့ အဆင့် လောက်အထိတော့ လည်း မဖြစ်သင့် ဘူး ကိုယ်စွမ်းကိုယ်စ မရှိရာ ကျတယ်လို့ လည်း ထင်တယ်လေ......

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..