'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, July 1, 2015
ဇိ
ဇိ
----
ခံစားမှု့ နဲ့ အသက်သဘောက ဖတ်ဖူးတဲ့ စာတစ်ကြောင်းထဲကိုပဲ အတွေးတစ်မျိုးတွေ ဖြစ်ကုန်တာမျိုးလည်း ရှိတတ်တယ်...ကြားဖူးခဲ့ သမျှထဲမှာ
'' ကောင်းစေချင်လို့  ဇိကုပ်ပြီး နတ်ပြည်တင်ပေးတာ မြင့်တယ်ဆိုပြီး ခုန်ချတဲ့ ဘာညာ '' ဆိုတဲ့ စကားလေးထဲမှာ ဘယ်ဇိကို ကုပ်ပြီး နတ်ပြည်ကို ဆွဲတင်ပေးမှန်းသာ ရှင်းရှင်း မပြောတာ ...နတ်ပြည်တင်ပေးသူက စေတနာရှင်ကြီး ပြန်ခုန်ချသူက စေတနာနဲ့ မထိုက်တန်တဲ့ ငမိုက်သား သဘောလောက်ထင်ခဲ့ သိမှတ်ခဲ့ တာ...
နောက်တော့ ဘ၀ဖြတ်သန်းမှု့ တွေအရ အဲ့ ဒီ စေတနာရှင်ကြီးတွေဆိုသူတွေရဲ့  စေတနာကြီးတွေကို လိုက်လိုက်ချက်ရာက တစ်ချို့ စေတနာရှင်ကြီးဆိုသူတွေရဲ့  အတွင်းသဘော အနေအထားကြောင့် အတွေးတွေ ပြောင်းကုန်ပုံက......
အဲ့ ဒီ ဇိကုပ် နတ်ပြည် အမြင့်  ခုန်ချ ဆိုတဲ့ စာကို အခါခါ ပြန်ပြန်ရွတ်ရွတ်ကြည့် ရင်းက စာကို နှလုံးသားနဲ့ ခံစားကြည့် ရာက ....
ပထမတော့  အသံမာမာ စေတနာနဲ့ ပြောတဲ့ ကရုဏာ ဒေါသော လေသံအဖြစ်ကနေ ...အရာရာသိ အရာရာသာ ဆရာကျလွန်းနေတဲ့ လေသံသဘော ကိုယ့် ကိုယ်ကို အထင်ဘစ် သူတစ်ပါးကို အလွယ်တကူ အထင်စမော လိုက်တတ်တဲ့ သူမျိုးတွေမှာ အများဆုံးတွေ့ ရတတ်တဲ့  အမြင်သဘော ဇွတ်သဘော အာဏာရှင်သဘော အနိမ့် သမားထက် အားသာသူဆိုပြီး အထက်စီးကနေ ဆက်ဆံတဲ့ သဘော သဟောက်သဟမ်း လေသံသဘော အပြောခံရသူ အဖို့  ပိုပြီး မနှစ်မြို့ ချင်စရာလေသံ ပိုပြီး အရွဲ့ တိုက်ချင်စိတ် ထပ်ဝင်လာချင်စရာ လေသံမာသဘောတွေ အဖြစ် ခံစားမိလာသလို....
.အနိမ့် သမားကို တစ်ဖက်သားကို တကယ့်ကို ကောင်းစေချင်တဲ့ စေတနာကောင်းစိတ်ထားရှိလို့  နတ်ပြည်ကို တင်ပေးချင်လှချည့် ရဲ့ ဆိုရင် ပုခုန်း နဲ့ ထမ်းပြီး ထပ် တင်ပေးကြည့် ပါလားလို့ စောဒက တက်ချင်စိတ်က ၀င်လာတယ်...ဒီလိုတွေးမိတာကိုက ကိုယ်တိုင်မှာရော အရွဲ့ စိတ်တွေ များနေသလားလို့ လည်း ကွကိုယ်..........
Labels:
အတွေးစာများ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..