ငယ်ငယ်က ရင်ကျပ်တာ စိတ်လို့  ဓါတ်အပ်စိုက်တာခံဖူးတယ်...
မီတာခွက်လေးနဲ့ ဗို့ ဒိတ်ကလေးကို ခံနိင်ရည်ရှိတဲ့ အဆင့် အထိတင်ပေးထားတာ
ဆရာဝန်ကြီးက သူ့ ဆေးခန်းမှာ ကုနေတာ...လျပ်စစ်လေး လွှတ်ထားတော့ 
အပ်မျှင်မျှင်လေးတွေက ကျော ရင် ဂုတ် ပခုံး ၀ါယာကြိုးမျှင်လေးတွေအပ်ဖင်မှာတန်းလန်းနဲ့  စိုက်ထားတာ
နေရာအနှံ့ မှာ ထုံကျင်ကျင်လေးဖြစ်နေတာက ဘော်ဒီအပေါ်ပိုင်းမှာ မျှင်မျှင်မျှင်မျှင်နဲ့  လျပ်စစ်စီးကြောင်းလေးတွေ ဖြာထွက်နေတယ်
ရင်ကျပ်တာ အမြစ်တော့ မပြတ်ပေမယ့် ကျဲသွားပြီး သက်သာသွားတယ်
ဒါပေမယ့် အဲ့ အပ်စိုက်နေတုန်း ဖြစ်လာတဲ့ ထုံကျင်ကျင် နဲ့  နဲနဲလေး နာသလိုလိုဖြစ်နေတဲ့ ဝေဒနာကို ကြိုက်သွားလို့ ရင်မကျပ်လည်း အဲ့ ထုံကျင်ကျင်လေးဖြစ်နေတာကို ခံချင်လို့  သက်သက်သွားပြီး အပ်စိုက်ခံလိုက်သေးတယ်...
ဘော်ဒီသဘောလိုပဲ တစ်ချို့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှု့ တွေဟာ မုန်းချင်စရာထက်
တစ်ခါတစ်လေ အဲ့ နာကျင်မှု့ တွေကိုပဲ စွဲလမ်းမိသလိုလိုတောင်ဖြစ်သွားတာမျိုးလည်း ရှိနိုင်တယ်..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..