Powered By Blogger
Wednesday, July 1, 2015
ဇာတ်ခုံ
ဇာတ်ခုံ
---
ဦးပေါ်ဦးလျှောက်ထုံးတွေ ဖတ်ရင်းက စာကိုသာ စိတ်ဝင်စားတတ်လို့  ဦးပေါ်ဦးက တကယ်ရှိတာလား အင်လားဆိုတာ စိတ်မ၀င်စားသလို ဦးပေါ်ဦးစာတွေမှာကြတော့  သူ့ လျှောက်ထုံးဆိုတဲ့ စာတွေထက် ဦးပေါ်ဦးလျှောက်သမျှ ဟီးဟီးဟားဟားလုပ်နေတဲ့  ဘုရင်ကို အာရုံသွားကျပုံက
ကံကြောင့် သာ ဘုရင်ဖြစ်လာပုံရတယ် ကိုယ်တိုင် တွေးခေါ် စဉ်းစားဥာဏ် ဘရိမ်းသိပ်မရှိသလိုပဲ ကြောက်စရာ လေးစားစရာလည်းမကောင်းဘူး..ပေါတောတောကြီးလိုပဲလို့  နဲ့ သွားမြင်လာတယ်...ဒီလိုပါပဲ....စာတွေက ပေးချင်တဲ့ မတ်စိကို ဒဲ့ ယူတာမျိုးရှိတတ်သလို ဒဲ့ မယူပဲ ကိုယ့် အာရုံအခံကနေ  ယူချင်တဲ့ မတ်စိ လျှောက်ယူချင် ယူပစ်လိုက်တဲ့ သဘာဝမျိုးပေါ့ ....
တစ်ချို့ ခေတ်ပျက်သစ် သထိမ်းမင်း ဆိုသဟာတွေလည်း လူ့ ပင်ကိုယ် ပညာရည် ဘရိမ်း အစွမ်းအစက ပံ့ ပိုးလို့ သထိမ်း သဘောဖြစ်လာတာမျိုးတာထက် ဘယ်သူ့ ကိုဖါး ဘယ်သူ့ ကိုနင်း ဘယ်သူခိုင်းတာ ကျွန်လုပ်ပေး ဘယ်သူ့ ကိုတော့ မျက်နှာပြောင် ဘယ်သူ့ ကိုတော့ မွေးထား ဆိုတာမျိုးကို ကျွန်းကျင်တဲ့ 
ဥာဏ်မျိုးပါလာတဲ့  ကံချမ်းသာကြောင့်  သထိမ်းဖြစ်နေသလိုပဲ
မပြောတော့ မပြောဘူး ပြောလို့  ပြောချလိုက်ရင် အဲ့ တော့ မှ တစ်ချို့  သထိမ်းဆိုသဟာတွေဟာ အတိတ်ကံ ပေးတုန်းရထားတဲ့  ငွေကလွဲရင် ဘာမှ မချမ်းသာတဲ့  ပေါတောတောတွေလိုပဲ လို့  ထင်ရတယ်....ကံချမ်းသာနောက် ဥာဏ်ရည်မြင့် သဘောပါလား မပါလားဆိုတာ.......
အမျိုးရင်းလို တော်တော်ရင်းနှီးတဲ့  အသိထဲက လင်မယားမှာ မွေးရာပါ ဥာဏ်ရည်အားနဲသူ သားတစ်ယောက်ပါလာတယ် သူ့ မွေးပြီးတော့ စီးပွားတက်လာတယ်လို့ ဆိုပြီး သူလိုချင်တာတွေတော်တော်များများ ဖြည့် ပေးတယ် ကျောင်းစာသာ သင်မရတာ သူ့ ကိုယ်သူတော့  ဓါတ်ရှင်မင်းသားလိုလိုချည်ထင်နေပြီး မိန်းမမြင်ရင် သူ့ ကိုယ်လာကြိုက်နေတယ်ချည်း ထင်ရတာနဲ့ သူ့ လောက် ဘယ်သူမှ ခေါင်းမကောင်းဘူးထင်ရတာနဲ့ သူ့ ကိုယ်သူ သိပ်အရေးပါသူလို
ထင်နေရတာနဲ့ ..။..
.
အရပ်အခေါ်ကျပ်မပြည့် သူလို့ ဆိုတဲ့  သူတို့ သားက သူ့ ကိုယ်သူ အတွက်ကြတော့  ကျပ်က အပြည့် လွန်နေပုံရပြန်လို့  သူတို့ အိမ်လာတဲ့ ဧည့် သည်တွေဆို ဘောစိကြီးလို ဆက်ဆံတယ်...လာတဲ့ သူတွေနဲ့ တလောကလုံးကို  သူ့ မိဘတွေက သူတို့ သားဟာ ကျပ်မပြည့် ကြောင့် သွယ်ဝိုက်ကော ဒဲ့ ရော ကြိုပြောထားလို့  အဲ့ ဥာဏ်ရည်နိမ့် လေးကို သူ့ မိဘတွေရှေ့ မှာ ကျပ်ပြည့် သူတစ်ယောက်လို မြှောက်ထိုးပင့် ကော် ဖေါရွှေတွေ လုပ်ပြီး အလိုက်အထိုက် ဆက်ဆံပေးနေကြတယ်
ကိုယ့် လို ဘ အတွက်လည်း ပါမှာပေါ့ ..ကွယ်ရာကြမှ ဟာသပြန်လုပ် အတင်းတုတ်ကြတော့ တာ...သူတို့ သားကတော့  မိဘတွေ မသေသေးတော့  သစ်ပင်ဖျားမှာ
့မိဘတွေ အားကိုးနဲ့ လေညှင်းခံလျက်ပေါ့ ...
မိဘ ၂ပ်ါးကတော့  ဒီ သားကိုထားခဲ့ ရမှာ  အသေမဖြောင့် ဘူးလို့ တစ်ခါ တစ်ခါငြီးတယ်...လောကဇာတ်ခုံဆိုတာ ဒီလိုပါပဲ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..