Powered By Blogger

Wednesday, July 1, 2015

အမုန်းစစ်ပွဲတွေ..


အမုန်းစစ်ပွဲတွေ..
--
ကိုယ့် အတွက်ကတော့ ပြဇာတ်တစ်ပုဒ်ကို ကခဲ့ သလားလေ လို့  သဘောထား ထိုင်ကြည့် ပြီး ရယ်စရာလုပ် ဟာသဖြစ်နေပေမယ့်  ကာယကံရှင်တွေ အတွက်ကတော့  ရယ်စရာ မဟုတ်ပေဘူး သူတို့ က တကယ့် ကို အမုန်းစစ်ပွဲတွေ ဆင်နွှဲနေကြတာ

ကိုယ်တွေရဲ့ အသိမှာ ဓမ္မတရားရဲ့  လိုရင်း တကယ့် အတွင်းအနှစ်သဘော ဘုရားကိစ္စ တရားကိစ္စက အများနှင့် မသက်ဆိုင်ပါသော ကိုယ့် ရင်ထဲက ကိုယ်တစ်ဦးတည်းနဲ့ သာဆိုင်တဲ့ ကိုယ့် ရဲ့  နှလုံးသားဝိဥာဉ်ကိစ္စသဘော.က မိန်း ..



ဒါပေမယ့်  အချင်းချင်းတွေတော်စပ်တဲ့  မိသားစုသုံးစုလောက် တစ်အိမ်ထဲနေပေမယ့်  ခါးသီးမှု့ တွေပြင်းထန်နေချက်က

ဒင်းနဲ့ အမည်တူတွေ့ ရင်တောင် ဒေါသက ငယ်ထိပ်ဖေါက်ထွက်တော့ မတတ် အော့ အန်မိတော့ မတတ်ဖြစ်နေချိန်

အိမ်မှာရှိတဲ့ ဘုံဆိုင်ဘုံပိုင် အများပဆိုင်အများပိုင် မိသားစုတစ်စုလုံးဆိုင် ဘုရားစင် ဒင်း ဘာအရွက်တွေ တင်သွားပါလိမ့်  ဟင်..အဲ့ အရွက်ကြီးက ငါ့ မွေးနံနဲ့ ဆို ရန်ဓါတ်ကြီးပဲ ..ဒါ ဒါ...ငါ့ တို့ ကိုတိုက်တာ..လို့ ယိုးစွတ်..ပြန်ယိုးစွတ် အပြန်ပြန်ယိုးစွတ်.အဟားးး  ၃၁ဘုံသားတွေအကုန်လုံးအပေါ် ကွက်ကြားမေတ္တာမိုး မရွာခဲ့ ပဲ  သတ္တ၀ါဟူစမျှအပေါ် မဟာကရုဏာတော့ ထားခဲ့ တဲ့ ဘုရားရှင်တာင် ကြိုးကုန်တတ်လို့ ကြိုးပျောက်နေတဲ့ ကဝေဆရာကြီးဘ၀ရောက်အောင် ခါးသီးမှု့ တွေ သရဖူးဆောင်း နာကျည်းမှု့ တွေ ဓားသွေး တစ်နေ့ တော့ ငါ့ အလှည့် ပေါ့ လေလို့ အမုန်းပြပြီး

ကိုင်း...သင်းတို့ ဘုရားစင်နဲ့  သင်းတို့ နေပစေ နင်တို့ ဘုရားစင် ငါတို့ ဘာမှာ လာမလှုဘူး ငဒို့ လည်း ငဒို့ ဘုရားစင်နဲ့ ငဒို့ အခန်းလေးထဲမှာပဲ စင်ပြိုင်ဘုရားစင်နဲ့ နေမယ် ဘာဖြစ်သေးတုန်းဆိုပြီး. ....ပြောမယုံကြုံဖူးသူတွေတော့  လူ့ အမုန်းတရားသဘောတွေ သိပါလိမ့် မယ်ပေါ့ လေ..

ကိုင်းကိုင်း...ကွကိုယ်ကောင်းမှု့ လုပ်တာ သူတို့ ကို တိုက်တယ်ဖြစ်နေပါ့ မယ် ဘယ်ဘုရားဖြစ်ဖြစ် ဘုရားက ဘုရားပါပဲဗျာ...အပြင်ဘုရားသာ သွားလှိုက်လိုက်ဗျာ.အေးရောပေါ့ ...အဲ့ ဒါမှ ဘုရားသွားတာပါ မသင်္ကာနေရင် ဘာမှ သွားလှုမနေနဲ့  ကိုယ့် ခေါင်းထဲသာ အမြဲဘုရားစာရွတ်နေလိုက် ပြီးရောပေါ့ ..နောက်တော့  ကိုယ့် အိမ်နဲ့ ကိုယ်နေတော့ မြက်ထိုးထိုး ခေါင်ရမ်းတင်တင် ကိုယ့် သဘောပေါ့ .ဆိုပြီး....ဟဲဟဲ....လွယ်အောင်တွေးလိုက်ရင် လွယ်ပါတယ်ပေါ့့ လေ..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..