Powered By Blogger

Tuesday, June 30, 2015

အိမ်သစ်တက်ပွဲ..


အိမ်သစ်တက်ပွဲ..
---
လက်တော့ ထဲက ဒေတာတွေ အပိုဟာဒ့် ထဲ ပြောင်းထည့် ရတာလည်း အိမ်ဟောင်းကနေ အိမ်သစ် ပြောင်းရသလိုပဲ အမှိုက်တွေလို့ ထင်စရာတွေကလည်း တစ်ပုံကြီး ...

လွှင့် ပစ်ရမှာကလည်း နှစ်တွေ အကြာကြီး စုထား သုံးထားခဲ့ တော့ လာလောဆယ်မသုံးပေမယ့်  သံယောဇဉ်က ဖြစ်နေသလိုလို အမှိုက်ထဲကလည်း နောက်တော့ အသုံးလိုရင် သံချေးတက်နေတဲ့ ခေါင်းပြုန်းမူလီတစ်လုံး နဲ့ သံကွေးတစ်ချောင်းကအစ အသုံးတည့် တယ်ဆိုပြီး
အိမ်ထဲ တွေ့ သမျှ သစ် အတိုအစ ဇွန်းအကျိုးအလယ် သုံးပြီးသား ကျွတ်ကျွတ်အိပ်အဆုံး လျှောက်ကောက် သိမ်းထုပ်သေခြာတွေလုပ်နဲ့  တော်တော်နဲ့  လွှင့် မပစ်တတ်လို့  ဘာပစ္စည်းတွေနဲ့ အိမ်ထဲပြည့် ကျပ်နေမှန်းတောင်မသိတော့ တဲ့  နော်တို့ အမျိုးတွေရဲ့  စုဆောင်းထားတတ်တဲ့ အကျင့် တွေလိုလို....

အာ့ နဲ့  ကိုယ့် ခေါင်းပေါ်ရွက်ထားရတာမှမဟုတ်တာဆိုပြီး  ဒေတာတွေ အပို ဟာဒ်ဒစ်ထဲ ရွှေ့ တာ...ကြာချက်က သင်္ချေဝက်နဲ့ ကမ္ဘာငါးသောင်းလောက်ထင်ရပါ့ ဗျာ.စောင့် နေရတာများ .နှာ နဲနဲစီးတာလေးကို ပါရဂူနဲ့ မှ ပြချင်လို့  တုံကင်ယူစောင့် တာ ဆေးခန်းဝမှာ နာမည်ခေါ်ပေးနေတဲ့  စစ်စတာလေးနဲ့ ဘာညာသာရကာ ဇာတ်လမ်းလေးတောင် ဖြစ်လုလု ဆိုသလိုပေါ့ ...အဟိ....ခိခိ

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..