Powered By Blogger

Tuesday, June 30, 2015

ပြန်ရစ်



ပြန်ရစ်
-----
ဘယ်သူ့ ကိုမှ မထိခိုက်ပဲ သူတို့ ယုံကြည်ရာ သူတို့ လုပ်ကြပြီး သူတို့ ဟာသူတို့ သူ့ တို့ ဘ၀လေးတွေမှာ အေးအေးလူလူနေတဲ့  သူတစ်ပါးတွေကို .......

မလိုအပ်ပဲ အသားလွတ်သွား ပုတ်ခတ်လိုက်ရမှ နေသာထိုင်သာ ရှိတတ်ပုံရတဲ့  သဘောကို ကိုယ်ပေးချင်တဲ မတ်စိအကောင်းလေး ရေးတာထဲတောင်မှ လွတ်လွတ်လပ်လပ် မရေးနိုင်ပဲ ပုတ်ခတ်ပြီးမှ ရေးလိုက်တာမျိုးကို ဖြတ်သွားဖြတ်လာ လှမ်းကြည့် လိုက်ရင်းက ဖြတ်ကနဲတွေ့ လိုက်ရတယ်....

'''''ဘာဖြစ်ချင်လား ဘာဘာလုပ်ဆိုတဲ့ အကြံဥာဏ်မျိုးဒဲ့ ပေးလည်း ဖြစ်နေရဲ့ သားနဲ ''..... '''ဘုရားမှာ ဆုတောင်းနေယုံနဲ့ တော့  ဘာမှ ဖြစ်မလာပါဘူး ..''လို့  ဘာကြောင့်  သူတို့ ဖီလင်နဲ့ သူတို သူတို့ ယုံကြည်ရာ ဘုရားမှာ ဆုတောင်းတတ်တဲ့ သူတွေကို ဘာကြောင့် များ ပုတ်ခတ် ထိခိုက်ပြောစရာ ရေးစရာလိုပါသလဲ.?...လို့ က စတွေးကြည့် လိုက်တာ .



ဆုတောင်းတယ်ဆိုတာကို ဘယ်လို နားလည်ထားပါသလဲ " '' ဘုရား''ဆိုတဲ့ စကားလုံးကို ဘယ်လို နားလည်ထားပါသလဲ ? ဘုရား ဆိုတာ သူ့ ဆီ မှာ ဆုတောင်းတတ်တဲ့ သူတွေကို ဘာမှ လုပ်မပေးနိုင်တဲ့ စိတ်ကူးယဉ် စကားလုံး သက်သက်လို့ ဆိုလိုလိုက်တာပါလား..?.လူတွေရဲ့ ဆုတောင်းတဲ့  အပြုအမူဟာ အချီးနှီး အလုပ်ပါလား..?.ကိုယ်ယုံကြည်ရာ ဘုရားဆီမှာ ကိုယ်လိုချင်တာ ကိုယ်ဖြစ်ချင်တာ တစ်ခုခုကို ဆုတောင်းတာဟာ အချီးနှီး အပြုအမူပါလား..? .ဆုတောင်းနေယုံနဲ့ ဘာမှဖြစ်မလာဘူးလို့ ဆိုရင် ကိုယ် ဖြစ်လာသမျှတွေကရော ကိုယ် လုပ်တိုင်းဖြစ်လာနေတာ ဟုတ်ပါသလား..?.. ဆုတောင်းခြင်း အပြုအမူဟာ ရုပ်ပိုင်းကို အကျိုးတစ်ခုခု ဒါမှမဟုတ် နာမ်ပိုင်းကို အကျိုးတစ်ခုခုအဖြစ် တစ်စုံတစ်ရာမှ အကျိုးမရှိပါဘူးလား...အဲ့ လိုတွေပေါ့ လေ...ပြန်ရစ်..အဲ ပြန်မေးချင်စရာတွေ.....
-------------------
ဘယ်လောက်တန်ခိုးကြီးတဲ့ဘုရားမှာဆုတောင်းတောင်း သဒ္ဓါ သီလ သုတ စာဂ ပညာ တည်းဟူသောအကြောင်းတရားငါးချက် မပြည့်စုံပါလျှင်ဆုတောင်းမပြည့်ဘူးလို့ တရားတစ်ပုဒ်မှာတော့နာဖူးပါရဲ့ 
--------------
Na Win Thi Ha နောက်မှာဖြစ်လာ မလာ ရလာဒ်မျိုးကိုပဲ ဇောင်းပေး တွက်လိုက်တာကိုး သောက အလွန်ရောက်နေချိန်မှာ ကိုယ်ယုံကြည်ရာဘုရားမှာ ဆုတောင်းလိုက်ရလို့ လောလောဆယ် စိတ်ချမ်းသာသွားတာ နှလုံးငြိမ်သွားတာ ကုသိုလ်ဖြစ်သွားတာမျိုးလည်းရှိတယ် ။ ဆိုပါတော့  ကိုယ့် မအေ ဆေးရုံတက်တော့  ဘုရားမှာ မအေ နေကောင်းပါစေဆိုပြီး ဆုတောင်းပေးတာဟာ ဆုတောင်းပေးတဲ့ သားသမီးအတွက် ကုသိုလ်ကောင်းမှု့ တစ်ခု ချက်ချင်းဖြစ်သွားတာမျိုးပေါ့ ဗျား (ဒါက ကျနော်ယုံတဲ့ စတိုင်ပါဗျား)
---------
ဒါမျိုးကစိတ်တန်ခိုးရယ် မေတ္တာစွမ်းအားရယ်လည်းပါမယ်ထင်ပါရဲ့ 
------------
Na Win Thi Ha ဟုတ် ရလာဒ်တွေချည်းကြည့် ရင် လည်း စွန်းသွားတတ်လို့  ကမ္ဘာလောကဟာ ရုပ်လောက အဓိကဆိုတာတောင်ဖြစ်လာသေးတယ် နောက်တော့  ရုပ်အာဟာရ အပြင် စိတ်အာဟာရပါလိုတယ် ဆိုတာပါထည့် တွေးလာရတယ် လူတွေလုပ်သမျှ ရုပ် အကျိုးကိုချည်း တွက်လုပ်နေတာ မဟုတ်ပဲ တစ်ခါတစ်လေ စိတ်ချမ်းသာပြီးရောဆိုပြီး ရုပ် အကျိုးထောက်ပြစရာ ထင်ထင်ရားရှား မရှိတဲ့  အပြုအမူတွေလုပ်နေတာ အများကြီးတွေ နိုင်တယ်. ..ချုပ်လိုက်ရင်ဗျာ ..ကိုယ်ယုံတာကိုယ်လုပ်ပြီး  သူယုံတာသူလုပ်ကြတာကို ကိုယ်ယုံတာနဲ့ တူမတူ သွားတိုင်းရင်းက အဆင်မသင့် ရင် အယူဝါဒစစ်ပွဲတွေဖြစ်လာတာမျိုးပဲ

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..