သွားကြားထိုးတံလေးတစ်ခုကနေ....
----
ဆိုင်က ထ္မင်းကြော် ၀ယ်စားရင်ပါလာတဲ့ ဇွန်းလက်ကိုင်ကို အမှတ်တမဲ့  ကြည့် မိလိုက်တော့  သတိထားမိလိုက်တာက တစ်ခြားဇွန်းတွေနဲ့ မတူပဲ ကွဲထွက်ပါလာတာက ဇွန်းလက်ကိုင်မှာ သွားကြားထိုးတံလေး တစ်ခု အသားထွင်း ထည့် ပေးထားတာလေးမြင်လိုက်ရတယ်....
အဲ့ မှာ သွားကြားထိုးတံ ထည့် ထားပုံလေးကနေ ကျော်ပြီး..ဖြတ်ကနဲမြင်မိလိုက်တာက ဒါကြီးကို အဲ့ နေရာလေးမှာ ထည့် ပေးလိုဖို့  စ အကြံရသူဟာ ကိုယ့် ခံစားချက်အတွေ့ အကြုံတွေကနေ အများစု အတွက် ကိုယ်ချင်းစာတတ်တဲ့ စိတ်ကလေးရှိနေသူလို့ ဆိုနိုင်လေမလား...လောကလူသားတွေ အတွက် စေတနာကောင်းတွေ ရှိနေသူလို့ ဆိုနိုင်မလား.....
အဲ့  ဇွန်းလက်ကိုင် နေရာအပိုလေးကို တစ်ခုခု စားပြီးရင် သွားကြား ညပ်တတ်သူတွေ အတွက် သွားကြားထိုးတံ ထ ရှာရတဲ့ ဒုက္ခက လွတ်အောင် ဇွန်း လက်ကိုင်နေရာလေးကို တွေးမိသွားပုံကလည်း လှချက်က ဖြတ်ကနဲ ဥာဏ်အလင်းပွင့် သလို ဆာတိုရီ ရသွားတာမျိုးလား....လွှင့် ပစ်ရတော့ မယ့် ပစ္စည်းတစ်ခုထဲက တစ်ခုခု ထပ်အသုံးတည့် အောင် တွေးနေတတ်တဲ့  စဦး တီထွင်သူ ဥာဏ်ရည်မျိုးရှိသူများလား...
သေခြာတာက ကျနော်တော့  ကော်ဇွန်းတစ်ချောင်းကနေ အဲ့ လို လုပ်ရင် ဘာမှ မဟုတ်သလိုလိုနဲ့  အတော်အသုံးဝင်တဲ့ သွားကြားထိုးတံလေးတစ်ခု ထပ်ရနိုင်သေးတယ် ဆိုတာမျိုး မတွေးမိခဲ့ ဘူးသလို အဲ့ ဒီလို သူများတကာကို ဒုက္ခမရောက်စေပဲ လူတွေအတွက် အကျိုးရှိအောင် တွေးပေးတတ်တဲ့ အတွေးသမားတွေရဲ့ အတွေးမျိုးတွေကိုလည်းသဘောကျတယ်...
-------------
အမငီးးး အာ့နဲ့ ထိုးရင် သွားတွေ ပဲခူး တညင် ဖြစ်ကုန်တော့မှာဘဲ..ဟီးဟီး
----------
ငင့် ..ခိခိ
----------
လက်နဲ့ကိုင်တဲ့နေရာမှာမထားသင့်ပါ ရောဂါဖြစ်စေနှိုင်သည်
-------------------
Na Win Thi Ha ဟုတ် ဖြစ်နိုင်ပါတယ်ဗျား....ဆေးပညာထောင့် ကကြည့် ရင် ကျနော်တို့  အခုစားနေတဲ့  အစားအစာတွေ အခုသောက်နေတဲ့ ရေတွေရော ရှုနေတဲ့ လေတောင် ရဲရဲစား ရဲရဲ သောက် ရဲရဲ ရှု့ ဝံ့ စရာ မရှိဘူး....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..