စိတ်ကူးပေါက်ရင် လျှာကြောရှည်တတ်တဲ့ သူ
-----------
ဘွဲ့ ဘယ်နှစ်ခုလောက်ရမလဲရှင့် လို့ မေးလာသူက အသက် ၂၀လောက်သာရှိသေးတဲ့  စာတော်ပုံရတဲ့ ၆ကြွင်းကြာသာပတေးသမီးလေး မှန်ချောင်လေးကျောင်းသူတစ်ယောက်ပါ...ဒီတော့ ကျနော်က...
ကျနော်တို့ ဗေဒင်မှာ အဲ့ ဒါမျိုး မရှိဘူး ကျနော်တို့ ချိန်တာ ဥာဏ်ပညာ တွေးခေါ်ပုံသတ္တိ ကောင်းမကောင်းတွေချိန်တာ နောက် ကျနော်ပြောပြမယ် သူများတွေ ရွှီးတိုင်းလိုက် ယုံမနေနဲ့ ဗျ...အခုကျနော်တို့ ဒီ ဗေဒင်ပေါ်လာတာ ညောင်ရမ်းတွေ ကုန်းဘောင်တွေခေတ်ကတည်းကပေါ်လာတာ နှစ်ကို သုံးလေးရာမကဘူး..အဲ့ ခေတ်တွေမှာ ဘာအစိုးရ စတိတ်ကျောင်းမှမရှိဘူး ဘာဘွဲ့ နှင်းသဘင်မှ မရှိဘူး ကုန်းဘောင်ခေတ်မှာ ကားတောင် ဗမာပြည်မှာ မပေါ်သေးဘူး ကားဝင်မယ်ဘာညာဆိုတာ ဒီဘက်ခေတ် အခြေအနေကြည့် ပြောတာ ဟိုခေတ်က တနင်္လာနံဝင်မယ်တို့ အခြေနှစ်ချောင်း ၀င်မယ်တို့ လောက်ပဲပြောတာ....အခု ဒီဇာတာမှာ မွေးနှစ်ရော မွေးချိန်အရရော ကြာသာပတေးနံ အထိုင်ကောင်းနေတယ်ဒီတော့ ကိုယ်ဖတ်နိုင်ရင် ဖတ်နိုင်သလောက် ပညာကောင်းတွေ ဘွဲ့ တွေ စာတီဖကိတ်တွေ တန်းစီပြီးရနိုင်တယ် ဒီလောက်ပဲ ကျနော်ပြောနိုင်မယ် ဘွဲ့  ၂ ခု ရမယ် ၃ခုရမယ်တွေဘာညာတော့ မပြောနိုင်ဘူး....လို့ ဆိုလိုက်တော့ .....သူလေးက ဟီးဟီးတဲ့ ...သူဟီးဟီးတော့  ကိုယ်လည်း ဟီးဟီးပေါ့ ......
ဟာဟ ကိုယ့် ဂူထဲကိုယ် ကိုယ့် လူနဲ့ ကိုယ့် တော်ကီကတော့  ကိုယ့် ဟာကိုယ်တော့  ဟုတ်နေတာပဲ .အဟီးးးးးးးးခ်ခ်
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..