Powered By Blogger
Sunday, June 28, 2015
''' HIVသမားတစ်ယောက် မိသားစု ဆေးဝါးယတြာ နဲ့ ကံသတ္တိ ''''
''' HIVသမားတစ်ယောက် မိသားစု ဆေးဝါးယတြာ နဲ့ ကံသတ္တိ ''''
----------
အဲ့  HIVသမားရဲ့ မိဘတွေက တော်တော့် ကို ချမ်းသာပါတယ် ၊ စီးပွားရေးသာ နင်းလိုက်နေလို့ သူ့ သားတစ်ယောက်ဟာ အရက် မိန်းမ လောင်းကစား နဲ့ ဒုတ် ဆိုတဲ့ ဖစ်ဂျွိုင်းသူတစ်ယောက်ဖြစ်လာပါတယ် ၂ကြွင်း ဘင်္ဂဖွား တနင်္လာသားပါ ၊ လူက အလွန်လည်ပြီး ကိုယ်တိုင် လေးပင်လိမ်တာက လိမ်တာတစ်ပိုင်း
ပိုက်ဆံအရှာကတော့  ၁၀တန်းအောင်ပြီး အသက် ၁၈နှစ်ကျော်ကတည်းက ကျောင်းဆက်မတက်တော့ ပဲ အရှာအဖွေ ထူးချွန်သူဖြစ်လို့  သူ့  မိသားစုရဲ့ ဖူးဖူးမှုတ်ထားတာကို ထပ်ရနေပြန်ပါတယ်  ဒီတော့  မြင်းကို အတာင်တပ်ပေးလိုက်သလို ကဲချင်တိုင်း လွှတ်ကဲနေတော့ တာပါပဲဗျာ
အသက် ၂၈  စနေသက်ရောက် အဖြတ်မှာတော့  တီဘီဝင်လာတယ် ၀မ်းခဏခဏပျက်လာတယ် နှုတ်ခမ်းမှာ ရေယုံနဲနဲတွေ့ ရတာကနေ ဆေးစစ်လိုက်တော့ 
မျောက်ခေါင်းရုပ်လေးဖြစ်သွားပါတော့ တယ်..
.
အဲ့ မှာ သူ့ မိဘတွေဟာ ပြာယာခတ်ပြီး လူမသိသူမသိ သတင်းတွေဖုံးဖိပြီး ဆေးကုရင်း ဘုရားယတြာ လောကီယတြာတွေဖက်ပါ အားကိုးလာတော့ 
ကျနော်နဲ့ ဆုံပါတယ်.အသက်ကယ် ယတြာတွေကို ခပ်စိတ်စိတ် လုပ်ပေးနေရသလို ပိုက်ဆံပေါလို့ အာဟာရကိစ္စရော ဈေးကြီးတဲ့ ဆေးတွေပါ သုံးနိုင်တာကြောင့် 
အဲ့ တနင်္လာသားဟာ ၆ လကျော်လောက်အရမှာ အသက် ၂၉ ကြာသာပတေးသက်ရောက်ထဲမှာ ပြန်ပြီးနလံထူပြီး ၀၀ဖြိုးဖြိုးတွေ ဖြစ်လာပြန်ပါတယ်
အဲ့ တော့  လူက အင်းအားတောင့် လာတာနဲ့ ထပ်ကဲပြန်ပါတော့ တယ်.
ဒီတစ်ခါ ကဲပုံက အရင်ထက်ဆိုးပါတယ် သူ့ ကိုယ်သူ သေမထူးနေမထူ နေရလှ ဘာညာဆိုပြီး တော်တော်ပြန်ကဲတော့ ( အဲ့ အချိန်မှာ အသက် ၃၀ရာဟုသက်ရောက်)
 ကျမ္မာရေးက ပြန်ချို့ ယွင်းလာပြန်ပါတယ်..အဲ့ တော့ ယတြာထပ် လုပ်ပေးရပြန်ပါတယ်....ဒီတစ်ခါပြန်လုပ်ရတာတော့ အသက် ၂၈ စနေသက်ရောက်ထဲမှာ
အသက်လု ဆယ်ယူခဲ့ ရတာထက် နလံထ ပိုမြန်ပါတယ် သက်ရောက်ရာဟု အကောင်းစားလေးရဲ့  အကူအပံ့ ရနေလို့ သဘောရှိပါတယ်...
အဲ့ တနင်္လာဟာ ယတြာလုပ်လို့ နလံထမြန်တာ ထင်သွားပုံရတာရယ် သူ့ မိဘတွေ ကိုယ်တိုင်က သူတို့ သား သေမှာကို စိုးလွန်းနေတာကြောင့်  ဒီတစ်ခါကနေ
စပြီး ယတြာကို သုံးပတ်တစ်ခါ ၂ပတ်တစ်ခါ အလုပ်များလို့  ခရီးသွားလို့ ကျဲလွန်းရင်တောင် တစ်လတစ်ကြိမ်တော့  လုပ်ဖြစ်အောင် လုပ်နေပါတော့ တယ်...။
ကျနော်ကတော့  သူ့ ကို အသက် ၃၁ သောကြာသက်ရောက်လောက်ဆိုရင်တော့ (သောက)အားနဲ့ ရှောသွားလောက်မယ်လို့  စိတ်ထဲက ခန့် မှန်းထားရင်း
ယတြာတော့ လုပ်ပေးနေပါတယ်
ဒါပေမယ့်  လူဟာ သေချိန် မကျသေးရင် မသေလွယ်တတ်သေးတဲ့ ကံသဘောအရ အဲ့  အသက် ၃၁ မှာ ၀မ်းလျှောလို့ ဆေးရုံ တက်လိုက်ရတာကလွဲလို့ 
သေနိုင်တယ်လို့ ခန့် မှန်းထားခဲ့ တဲ့  အသက်၃၁ သောကြာသက်ရောက်ကို မသေပဲ ကျော်သွားပြန်ပါတယ်..အဲ့ တနင်္လာသားဟာ အသက် ၃၂ မှာတော့ 
မူလ စိတ်နေသဘောထား အခြေအနေတွေကနေ လုံးဝ လိုလိုပြောင်းလဲသွားပုံက ပိုက်ဆံရှာ အလုပ်လုပ်နေတာမျိုး လုံးဝမလုပ်တော့ ပဲ အချိန်ပြည့် 
အရက် မိန်းမ ဒုတ် လောင်းကစား နောက်ကိုသာ ခြေစုံပစ် ဘ၀ကို ရေစုံမျှောပစ်လိုက်တော့ တဲ့ အနေအထားကို ရောက်သွားပါတော့ တယ်....
အိမ်ကနေ ပိုက်ဆံတွေ ယူသုံးတာဟာ အလွန်အကျွံဖြစ်လာလို့  သူ့ အိမ်ကပါသူ့ ကို စိတ်ပျက်စပြုလာပြီး မသေလည်း မသေစေချင် သေလည်း သေစေချင် တဲ
့အသံတွေ ငြီးသံတွေထွက်လာပါတော့ တယ် ဒါပေမယ့်  သူ့ မိသားစုက သူ့ ကြောင့်  သူမွေးပြီးမှ စီးပွားတက်ခဲ့ တာလို့ အစွဲတွေဖြစ်နေတာရယ် တနင်္လာသား
ကိုယ်တိုင်ကိုက ယတြာကူနေလို့  ဂွတ်နေတာ ရဲကေစ့် တွေကနေလွတ်နေတာလို့  ယုံနေတာကြောင့် ယတြာကတော့  အပြတ်မခံပဲ လုပ်မြဲလုပ်ပြီး
ယတြာ အားကိုးစိတ်နဲ့  ကဲမြဲကဲနေတော့ တာပါပဲ....
ကျနော်ကတော့ အမှန်ပြောရရင် ယတြာ လုပ်မပေးချင်တော့ ပါဘူး သူ့ မိဘတွေကို ဒုက္ခပြန်ပေးနေတာ လွန်လာပြီး ပိုးရှိလျက်နဲ့ မိန်းမတွေနဲ့ ကဲတုန်းဆိုတာ
တမင်သက်သက် ယုတ်မာပစ်ခဲ့ တာမျိုးနဲ့ တူနေတယ် သူ့ ကိုယတြာလုပ်ပေးနေရတာ ပိုက်ဆံတွေရနေပေမယ့်  အဆိပ်ပင် ရေလောင်းနေသလိုကြီးဖြစ်နေပြီ
ထင်တယ် လို့ ကိုယ့် ဟာကိုယ်တွေးပြီး စိတ်တွေကုန်ပြီး  သူတို့ ကို ယတြာ မလိုတော့ ဘူး လို့  အကြောဖြတ်လိုက်ပါသေးတယ်...
ဒါပေမယ့်  သူ့ မိဘတွေကိုယ်တိုင်က သူတို့ သားကို ယတြာ ဆက်လုပ်ပေးပါလို့ ပြန်လာပြောတာနဲ့  သူ့ မိဘတွေကို သနားပြီးဆက်လုပ်ပေးခဲ့ ရပြန်ပါတယ်...
လူမိုက်များ အသက်ပြင်းချက်က ယတြာအကြော ပြတ်သွားတုန်းက နဲနဲပြန်ခြူခြာသွားတုန်းကနေ ယတြာအကြောပြန်ဆက်တော့  ပြန်ပြီး နလံက
 ပြန်ထလာပြန်ပါတယ်...
.ဒီတစ်ခါမှာတော့  သူ့ ကိုရော သူ့ မိဘတွေကို ပါ ကျနော်က ပေါ်တင်ပြောရတာက အခုလို မဆင်မချင် အရက်သောက် မိန်းမပွေ ဒုတ်ရိုက်လုပ်နေရင် မင်း အသက် ၃၄ကနေ ၃၆ကြားမှာ ဂန့် သွားနိုင်တယ် ဘာယတြာ ဘာဘုရားဆေး နတ်ဆေးမှ ကယ်နိုင် ကူနိုင်မှာ မဟုတ်ဘူး
လို့  ကြိုသတိပေးထားလိုက်ပါတယ်..အဲ့ တော့ လည်း အင်း အင်းပေါ့ ...နောက်တော့  ကျည်တောက် စွပ်မြဲပေါ့  အရက်နွံ နဲ့  ဒုတ်နွံ နစ်သွားရင် ၂၄ နာရီ ဒီကိစ္စသာ
 ခေါင်းထဲရှိတော့ တာ ထုံးစံပါ.....
အသက် ၃၄ အင်္ဂါသက်ရောက်မှာ ဆေးရုံ ၂ခါတက်ရတာက တစ်ခါက ကားအပွတ်ခံရတာဖြစ်ပြီး နောက်တစ်ခါက ၀မ်းလျှောတာပါ .နောက်ပိုင်းမှာ လူဟာ ပြန်ပြီး
ဝိတ်ကျလာ ပိန်လိုက်လာ အစားအသောက်ပျက်လာပြီး အသက် ၃၆ မရောက်ခင် အသက် ၃၅ ထဲမှာ လျှောသွားတာပါပဲဗျား....သာသာယာယာလေး
လျှောဘရားသားပြသွားတာမျိုးဖြစ်ပြီး အသုဘက လူစည်လိုက်ပါသေးတယ်....
ချုပ်လိုက်ရင် ဖြစ်နေသမျှ အရာအားလုံးအရ အဲ့ တနင်္လာသားဟာ သေတဲ့ အထိ ကိုယ်ထင်တာ ကိုယ်လုပ်သွားခွင့် ကိုရသွားတာမြင်သာလို့ သူဟာ
အတိတ်ကံကောင်းသူလို့ ဆိုနိုင်ပြီး ဘေးက (ယတြာတွေ ဆေးဝါးတွေ) သူ့ အတွက် ပံ့ ပိုးတာ မှန်သမျှဟာ သူ့ ကံ သတ္တိကြောင့်  မလုပ်ချင်လည်း လုပ်ပေးနေခဲ့ ရ
မကုပေးချင်လည်း ကုပေးနေခဲ့ ရ သဘော ခံစားခွင့် ရနေတာမျိုးသဘောဆောင်ပါတယ် ၊
သူ့ ခံစား စံစားခွင့်  အတိတ်ကံ  ကံသတ္တိတွေ ကုန်သွားပြီဆိုတဲ့ အခါ ဆေးဝါး အကောင်းစားတွေ အာဟာရ အပြည့် အစုံတွေ ယတြာမျိုးစုံတွေအောက်မှာပဲ
လျှောချိန်တန် လျှောသွားတာမျိုးပါပဲဗျာ...ကျနော်လည်း သူ့ လျှောသွားတော့ မှပဲ ( စိတ်အမှန်ပြောရရင်) အလွန် ပျင်းစရာကောင်းလောက်အောင် နှစ်ရှည်ကြီး
အားနာပါးနာနဲ့  ယတြာ လုပ်ပေးနေခဲ့ ရတာကနေ လွတ်ပြီး ကျွတ်ပြီဆိုပြီး စိတ်လက်ပေါ့ ပါးလို့ နေသာ ထိုင်သာရှိသွားတော့ တာပါပဲဗျာ....(ထတော့ မကပါဘူးဗျာ...ခိခိ..ငိငိ)
( အဲ့  ၂ကြွင်းတနင်္လာသားမှာ ချစ်စရာကောင်းတဲ့  အချက်က ပိုက်ဆံအရှာကောင်းတာ လူကြီးတွေ နဲ့ အရမ်းတည့် အောင်ပေါင်းတတ်တာ ဘော်ဒါကဏ္ဍဖင်ပေါ့ တာ
သူများကိုကူညီတတ်တာ ရပ်ရေးရွာရေးကောင်းတာ တော်ကီသိပ်ညက်တာ အပေးအကမ်း ရက်ရောတာ နဲ့ ဘာသာရေးလုပ်ချက်ကလည်း ဒုတ်သမား ဖွန်သမားလို့ 
မထင်ရအောင်ကို လုပ်တာမျိုးပါပဲဗျာ အဲ့ ဒါကြောင့် လည်း သူ့ ကို သူ့ မိသားစုက သဲပေနေတဲ့ အမဲသားလို ထွေးရခက် မြိုရခက်ဖြစ်နေပုံရပါတယ်)
တစ်ခါတစ်လေ ကိုယ်ရလာတဲ့ တစ်ချို့ ပိုက်ဆံတွေဟာ လိုချင်စရာ မကောင်းတဲ့ ပုံစုံမျိုးနဲ့ ရလာတာမျိုးတွေလည်းကြုံတတ်ပါတယ်ဗျား..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..