Powered By Blogger

Sunday, June 28, 2015

ပိုက်ဆံ ကုမ္ပဏီ အမေးသမား အဖြေသမား

ပိုက်ဆံ ကုမ္ပဏီ အမေးသမား အဖြေသမား
-------------
'''အဲ့ ဒါ သမီးက လစာတိုးတောင်းမလို့ ဟာ သူငယ်ချင်းက သထေးက လစာ တိုးတောင်းရင်
ကိုယ့် ကို ပိုက်ဆံမက်တယ်လို့ ထင်သွားရင် နောက်ဆို မကြည် ဖြူတတ်တော့ ဘူးလို့ ပြောတယ်
သမီးက အခုလုပ်နေရတဲ့ စာရင်းကိုင်အလုပ်က အရမ်း အလုပ်များတယ် ဖော်ရင်နာတွေကလည်း
အရမ်းခိုင်းတာပဲ သမီးတစ်ယောက်ထဲ လုပ်နေရသလိုပဲ အဲ့ ဒါ ကုမ္ပဏီပြောင်းရင်ရောရမလားဆြာ...'''



'''ဟားးးးပိုက်ဆံ မမက်တဲ့ ကောင် ဘယ်ကောင်ရှိလဲလို့ ပြန်မေးလိုက်ပါလားဗျာ တလောကလုံး ပိုက်ဆံရှာနေတာ အဲ့ သထေးလည်း ပိုက်ဆံလိုချင်လို့ ကုမ္ပဏီထောင်ထားတာလေ အဲ့ သငယ်ချင်းကို ပြန်မေးလိုက် ပိုက်ဆံ မမက်ရင် လစာ မယူပဲ အလကားလာလုပ်နေပါလားလို့ ..ဒီမှာ ကုမ္ပဏီမှာလာလုပ်နေတာ ပိုက်ဆံလိုချင်လို့ လာလုပ်နေတာ သာသနာလာပြုနေတာ မဟုတ်ဖူးလို့ ပေါ်တင်ပြောပလိုက် အခု ဂြိုလ်ကံလေးကောင်းနေတယ် ပိုက်ဆံပိုရတဲ့ ကုမ္ပဏီကို ဘွန်းပြည့် ရင် ရဲရဲပြောင်း ဘာမှ လွမ်းစရာအကြောင်း မရှိဘူး ကိုယ့် အဖေကုမ္ပဏီလည်း မဟုတ်ဘူး သထေးဆိုတာ ဖြစ်နိုင်ရင် အလကားတောင်ခိုင်းချင်တာ  ဒီတော့  တစ်ခုပဲ ကစားလိုက် ဘွန်းပြည့် ခါနီးရင် ကိုယ့် အရည်အချင်းနဲ့ ချိန်ပြီး နောက်ထပ်ဘွန်းအတွက် ကိုယ်လိုချင်တဲ့ လစာကို ကြိုပြောထားလိုက် ဘာမှ အားနာစရာအကြောင်းမရှိဘူး ပိုက်ဆံမက်တယ်လို့ ထင်ချင်ထင်ပစေ ဂရုမစိုက်နဲ့  ပိုက်ဆံမက်မှ ချမ်းသာတာ ပိုက်ဆံ မမက်တဲ့ သူတွေက မွဲတတ်တယ် တစ်ခုပဲ သူများ မျက်ရည်သောက်ပြီးတော့ တော့  ပိုက်ဆံမရှာနဲ့  အဲ့ လောက်တော့ မကောင်းဘူးပေါ့
ဒီတော့  သထေးက လစာတိုး မပေးချင်ဘူးဆိုရင် ပြောင်းသာပြောင်း အသက် အစိတ်ဆိုတာ ငယ်သေးတယ် ကုမ္ပဏီတွေက ငယ်ငယ်လေးတွေကို
 ကြိုက်တယ် ခိုင်းကောင်းလို့ နဲ့  ဏှာဘူးကျနေလို့ ရလို့  အိုစနာကျသွားရင် ဟိုပြောင်းဒီပြောင်း သိပ်မကောင်းတော့ ဘူး.....''
------------
ဟူးးးးး...မောထှာ....ငိငိ

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..