ကျူရှင်ပြေးနဲ့  သရဲမ
--------------------------
ကျောင်းပြေးတတ်တာက ၇ တန်းမှာတင် ပြေးတတ်နေပြီ နောက်တော့  ၈တန်း ၉ တန်း ၁၀ တန်း ဆက် ကျောင်းပြေးတော့ တာပါပဲ..၊ ပြေးပေမယ့်  အနီးကပ်မှ မအိပ်ပဲ ကပ်စာကျက်ဖြေတန်ခိုးကြောင့်  ၆တန်းကနေ ၉တန်းအထိက တစ်နှစ်တစ်တန်း ကပ်အောင်လာတော့ ၁၀တန်းရောက်တော့  ကျပြီလေ။..အဲ့ တော့ မှ ရပီတာဖြစ်ပြီး ပိုကျောင်းပြေးလို့ ကောင်း..ခိခိ..
အတန်းခွဲကျူရှင်တွေခေတ်ဆိုတော့ ကျူရှင်လခတွေ ပိုတောင်း ညာတောင်း ဘတ်တောင်း ခေါင်းစဉ်မျိုးစုံနဲံ့ ပိုက်ဆံညာတောင်းပြီး နေ့ ကျောင်းရော ကျူရှင်ပါ ကျောင်းပြေးတယ်..အဲ့ တုန်းက ကျောင်းပြေးရတာ သိပ်ပျော်စရာကောင်းတာပဲ..ခွစ်ခွစ်။
မြို့ ထဲမှာပြေးစရာနေရာတွေ ထပ်နေလို့  ပဲခိုးအထိ ဖယ်မလီယာကား နဲ့ ကျောင်းပြေးတယ်..ကျောင်းက မနက် ၇ နာရီကနေ နေ့  ၁၂ခွဲ ဆိုတော့  မနက်၇နာရီမှာ စဉ့် အိုးတန်းထိပ် ကားစတင်းက တူးဒိုး ဖယ်မလီယာကားကို နာရီနဲ့ ငှားပြီး ဘော်ဒါတွေ နဲ့  ပဲခိုးအထိ ကျောင်းပြေးတာ.
.ကားဂိတ်က ရင်းနေတော့  ကားတစ်စီးလုံးပေးလိုက်တာ..သူငယ်ချင်းတစ်ယောက်က ကားကျွမ်းတော့  လေယာဉ်ပျံနီးနီးဗျင်းပြီး အသွားရော အပြန်ပါ မောင်းတာ အဲ့ တုန်းက ပဲခိုးလမ်းက ကောင်းတယ်၊ တစ်ခါတစ်ခါ ကားလေးဘီးစလုံး လေထဲ လွတ်လွတ်သွားတဲ့ အထိဗျင်းတာ..သေကွက်တွေချည်းပဲ..မသေချင်လို့ သာပါ။ ရန်ကုန်ထဲ ၁၂ နာရီစွန်းအရောက်ပြန်ဗျင်းပြီး ကားအပ် အိမ်ပြန်ပေါ့ ..
''' အမေရေ သားကျောင်းက ပြန်လာပြီ ဗိုက်ဆာလိုက်တာ...ဘာဟင်းလဲ..'''.ငိငိ...ကျောင်းအပြေးလွန်သွား အသုံးလွန်သွားလို့  တစ်ခါတစ်လေ လက်က အိုမီဂါ နာရီ အပေါင် ထားခဲ့ ရတာလည်း ရှိသေးတယ်
ညနေပိုင်း ကျူရှင် တစ်နာရီခွဲလေးတောင် အဲ့ ဖယ်မလီယာကား ငှားပြီး ကျူရှင်ပါဆက်ပြေးတာ ယုံဝေး ဆရာဒိုး မင်းသစ် နေအုပ် ဦးအောင်ခိုင် အောင်သောင်း တစ်သုံးလုံး စသဖြင့် ခေတ်တွေပါ...စာရေးတွေနဲ့ ပေါင်းပြီး ကျူရှင်ကို ဖရီး တက် ပိုက်ဆံက ကိုယ်သုံးပေါ့ ..ငိငိ..၊
ကျူရှင်ပြေးချင်လို့  ညနေစောင်း နောက်အကျဆုံး တန်းခွဲကို ယူထားတာ.ဒါမှ မှောင်ရိခို ကဲလို့ ကောင်းကိုး...၊ အဲ့ မှာ တစ်ညနေတော့  ဖယ်မလီယာနဲ့ ကျူရှင်အပြေးကောင်းတာ သရဲ အခြောက်ခံရတယ်.. အနံ့ ပေးတာပါ၊ စဉ့် အိုးတန်းမှာ ကားသွားယူပြီး ဘော်ဒါတွေနဲ့ ဖယ်မလီယာ တစ်စီးနဲ့ ထွက်လာတာအစတော့  အားလုံးအိုကေ၊
နောက်လျှောက်မောင်းလာရင်း ကန်တော်ကြီးစောင်းရောက်တော့ ကားထဲ မီးနေသည် ဆနွန်းမှုံ့ နံ့ က ထောင်းကနဲ ၀င်လာပြီး လူတစ်ကိုယ်လုံး ဖြန်းကနဲ ကြက်င်္သီးတွေထ အကြောတွေ ညောင်းဆင်းသွားတော့ တာပါပဲ... ။
ကျနော်က နောက်ခုံတန်းမှာတစ်ပွေတည်းလိုက်လာတာ၊ ဘော်ဒါ ၂ ကောင်က ရှေ့ ခုံမှာ
'ဟယောင် ဟယောင်..ဆနွန်းမှုံ့ နံ့ ကြီးရနေတယ် မင်းတို့ ရော အနံ့ ရလားလို့  ''အသံတုန်တုန်နဲ့  လှမ်မေးလိုက်တော့  ရှေ့ က ၂ကောင် နှစ်ခေါင်းကို ပွစိပွစိ လုပ်ရင်းက..''မရဘူး''....လို့  ပြန်ပြောပြီးမှ '' ဟာ ဟုတ်တယ် အခုရပြီဟ မဆလာစက်က အနံ့ နဲ့ မတူဘူး ဒါင်္ကြီးက ကလေးမွေးတဲ့ ဗိုက်ကြီးသည်နံ့ ဟ '' တဲ့ ဒီကောင်ပြောမှ ပိုကျွတ် ၊....ကားကို ဖြေးဖြေးလေးမောင်းပြီး ကန်တော်ကြီးပတ်နေတဲ့ ဘော်ဒါလည်း လန့် နေပြီ.
.''''ဟယောင်တွေ ငါ့ ဒူးတွေညောင်းလာပြီဟ ဘာလဲမသိဘူး တစ်ခုခုတော့  တစ်ခုခုပဲ ''လို့ 
ကားမောင်းရင်းကနေ နောက်လှဲ့ မကြည့် ရဲပဲ ဘက်ကြည့် မှန်ကနေ ကြည့် ပြီး ကျွတ်သံကြီးနဲ့ ပြန်ပြောတယ်...နောက်မှာက တစ်ယောက်ထဲ ကျွတ်နေပြီ ကိုယ့် ဘေးတောင် ရဲရဲမကြည့် ရဲချင်တော့ ဘူး..ကြက်သီးကတစ်ဖြန်းဖြန်းနဲ့ လေ..
'''ဒါနဲ့  ဟယောင်တွေ အင်းလျားဘက်ဒိုးမယ်ကွာ...ဒီ လမ်းဘက်က နေရာမသန့် ဘူးနဲ့ တူတယ်'' လို့ တိုင်ပင်ပြီး အင်းလျားဖက်ဒိုးရောဗျာ
သိမ်ဖြူကွင်းတို့ ဘာတို့ နားက အမှုံ့ ကြိတ်စက်နံ့ တွေများလားလို့  ကြောက်ကြောက်နဲ့ လျှော့ ဈေးလေးတွေးပြီး အင်းလျားစောင်းအထိ မီးနေသည်နံ့  က အနံ့ ရလာလိုက် ပျောက်သွားလိုက်နဲ့ ၊ ဒါနဲ့  ကန်စောင်းကွင်းပြင်ထဲ ကားရပ်ပြီး ရှိသမျှ ဘေးတံခါး ဖင်တံခါး အကုန်လှန်ဖွင့် ပြီး ကားနဲ့ ဝေးဝေးသွားနေလိုက်တယ်
လေသလပ် ခံကြည့် မယ်ပေါ့ ၊ နောက်ကားစီပြန်လာပြီး ကားအတွင်းခန်းမီးဖွင့် 
တောင်ကြည့် မြောက်ကြည့်  ဘာမှမတွေ့  ဘာအနံ့ မှမရတော့ လို့  အိုကေ ဆိုပြီး
အဲ့ ကနေ ကားပြန်မောင်းထွက်လာလို့  ပြည်လမ်းမကြီးပေါ်လဲရောက်ရော
''ဟားးးး ကနဲ '' ဖြစ်ကုန်တယ် မီးနေသည်ဆနွန်းမှုံ့  အနံ့ က ထောင်းကနဲ စူးစူးကြီး ပြန်ထွက်လာပါရောဗျာ....အဲ့ မှာ..ဘုရားစာတွေ ကပေါက်တိကပေါက်ချာတွေ ရွတ်ပြီး ကားဂိတ်ကို ကားပြန်အပ်ဖို့  တက်သုတ်ရိုက်မောင်းရတော့ တာပေါ့ ..
ဒူးတွေဆိုတာ တဆပ်ဆပ်တောင်ဖြစ်လာတယ်...ည ၇နာရီလောက်ဆိုတော့ မှောင်ပြီလေ ညငှက်တွေ ကျက်စားပြီလေ.
ဂိတ်ရောက်တော့  ဘော်ဒါ ကားရှင်က စောလှချည်လားတဲ့  ဒါနဲ့ မီးနေသည် ဆနွန်းမှုံ့ အနံ ပေး သရဲအကြောင်းပြောလိုက်တော့  အဲ့ တော့ မှ ကားရှင်လန့် ပြီး ထုတ်ပြောတယ်..
ကန်တော်ကြီးစောင်းမှာ ဟိုနေ့ က ဒီကားနဲ့ ဗိုက်ကြီးသည်တစ်ယောက်ကို ကားငှားမောင်းတဲ့ ကောင်က တိုက်ပစ်လိုက်တာ ဂန့် သွားတယ် အဲ့ ကောင်ကအခု အာမခံနဲ့  ကားက ငါသွားပြန်ရွေးလာတာတဲ့ ...မနက်ကျမှ ကားကို ပရိပ်ရွတ်မလို့ လုပ်ထားတာတဲ့ ..
.၀ှီးးး ဒိုင်ခံကားမောင်းတဲ့ ကောင် ပွစိတွေ ထိုးတော့ တာပေါ့  အစကတည်ကသိရင် မငှားဘူး အခု သေမလို ဖြစ်နေပြီ မနဲ ပြန်မောင်းလာရတာ ဘာညာပေါ့ ..(ကျနော်တို့ တွေကဲချက်က ၅ တန်းကျတွေ ၁၀တန်းကျတွေ မို့  အဲ့ တုန်းက ၁၈နှစ် ၁၉နှစ်သားတွေဖြစ်နေပြီ..)
တော်သေးတယ် အနံ့ လောက်မို့ လို့  ရုပ်ပြပြီး ဘေးနား လာထိုင်ပြလို့ ကတော့ ....အသက်တောင် ဘယ်အပေါက်က ထွက်သွားမှန်းသိလိုက်မှာ မှုတ်ဖူး..ခ်ခ်