Powered By Blogger
Thursday, September 17, 2015
အရွက်သန့် ခြင်း
အရွက်သန့် ခြင်း
--------------------
ရေးဘူးသလား မရေးဘူးဘူးလား မသိ ၊ မေ့နေပြီ  ရေးတော့ ပြလိုက်ပါဦးမယ်ဗျ...၊ လူကို န၀င်းရိုက်မယ့်  အရွက်တွေကို အသန့် စင်ဆုံးဖြစ်သွားအောင် လုပ်ခဲ့ ကြတာဗျ အရင်က တော့ လုပ်ခဲ့ သေးတယ် အခုတော့  မလုပ်တော့ ပါဘူး ဇယားတွေ ရှုတ်လွန်းလို့ ပဲဆိုပါတော့ နော်...
လုပ်ပုံက ... ဥပမာ လူကို န၀င်းရိုက်မယ့် ဆောင်ပန်းအညွန့် စနေနံ အညွန့် ထန်း ညွန့်  ၁၀ ညွန့်  ဆိုပါတော့  ...အဲ့  စနေနံကို လူစနေသားလို့ 
သဘောထားကြည့် လိုက်ဗျ.....ဒီတော့  စနေသားရဲ့  နင်းကြမ်း က ( သောကြာနံ) သီဟို  ဆောင်ပန်းရိုက်ပန်းက  (တနင်္ဂနွေနံ) အုန်း ပေါ့ လေ..
ဒီတော့  ထန်းညွန့်  ၁၀ညွန့်  အောက်မှာ သီဟို ၂၁ ရွက်ခံ  အဲ့  ထန်းညွန့်  ၁၀ညွန့် ကို လူလိုပဲ ခြေမန်းကွင်း ၁ ကွင်း စွပ်  ပြီးရင် ဆောင်ပန်းအညွန့်  အုန်းညွန့်  ၆ ညွန့် နဲ့  ၁ညွန့် စီ ၁ညွန့် စီ နဲ့ လူကို န၀င်းရိုက်ပေးသလို ထန်းညွန့် တွေကို အုန်းညွန့် နဲ့  ရိုက်သပ်ချပေးလိုက်တယ်...ပြီးရင် ခြေမန်းကွင်း
 ချွတ်လိုက် ပြီး ရိုက်ပြီးသား အုန်းနဲ့  သီဟိုရွက်တွေကို စုပြီး ခြေမန်းကွင်းနဲ့ တုတ်လိုက်တယ်..
ဒီတော့ အဲ့ အတိုင်း လူတစ်ယောက်ကို န၀င်းရိုက်တော့ မယ်ဆိုရင် အရွက်တွေတစ်ပုံကြီး ခြေမန်းကွင်းတွေအများကြီးနဲ့  အတော် ဇာတ်ထုတ်ရှုတ်လာပြီပေါ့ လေ  ပိုတော့ ကောင်းမှန်း သိပေမယ့်  အဲ့ လောက် စိတ်မရှည်ဘူးလေ...ပြီးတော့ လေ....အဟီးးး
အခုက နည်းပညာတွေ ဂလို ဂလို ရှိခဲ့ ကြောင်း လုပ်ခဲ့ ကြကြောင်း ရေးပြတဲ့ သဘောပါ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..