Powered By Blogger

Thursday, September 17, 2015

ဆရာကြီးပညာ+ သုံးတန်ပေါ်နိစ္စ

ဆရာကြီးပညာ+ သုံးတန်ပေါ်နိစ္စ
--------
ဆရာကြီးပညာတွေအကြောင်းမသိခင် တွေ့ သမျှ ဗေဒင်စာအုပ်ပေါင်းစုံ ဖတ်ခဲ့ တဲ့ အထဲမှာ  သုံးတန်ပေါ် စာအုပ်တွေနဲ့ ဆန်းပညာစာအုပ်တွေ ဖတ်ခဲ့ တာလည်းပါတယ်...အဲ့ မှာ သုံးတန်းပေါ်မှာ တိုင်ထူနည်းပညာနဲ့  အသင့် ရေးပြီးသား ဟောပြောပုံတွေဖတ်ခဲ့ ပေမယ့်  တကယ်တန်းဆို ကိုယ့် အကြောင်းကိုတောင် မတွက်တတ် မပြောတတ်ပါဘူး ၀င်ထွက်ဝင်ထွက်နာသေထွက်တွေ ဘာညာတွေနဲ့ ချာရပတ်ရမ်းနေတာပေါ့  ပြီးတော့ အပေါ်တန်း ၀င် ၂ နေရာက နံ ၀င်ရင် ကောင်းတယ် ပြသဘောက အရင်ဝင်ရင် နံတူပျက်တတ် ထွက်တတ်တယ် စသဖြင့် ပေါ့  ဒီလောက်ပဲ ပိုဆိုးတာက သုံးတန်လပိုင်းကောက်သဘောဆို ဘယ်ကစရမှန်းကိုမသိဘူး စာအုပ်ကို ဆရာတင်ရင် ကြုံရတဲ့ အခက်အခဲတွေပေါ့ 



နောက်တော့  ကံအလှည့် အပြောင်းက ကားဆွဲရင်းဆရာနဲ့ ဆုံရင် ဒီဗေဒင်စတိုင်ကို ရရောဗျာ..ကံကောင်းတာက ကျနော်တို့ က ဒီဗေဒင်လိုက်တော့ 
အရင်ဖတ်ဖူးတာတွေ အကုန်လုံးမေ့ ထားပြီး ဒီအယူက ပြောတာတွေနောက်ချည်း စူးစမ်းလိုက်တော့ တာ...ဆရာက နဲနဲသင်ပေးပြီးဆရာကြီးဆီင်္ပို့ တော့  အင်တင်တင်နဲ့ သွားတက်တယ်..

.အဲ့ မှာ ဆရာကြီးရဲ့  တော်ကီတွေရဲ့ အနက်တွေကို ကြားက ဘာသာပြန်ပေးတာက ဆရာ...ဗမာစကားကို ဗမာလို ထပ်ပြန်ပေးသလိုမျိုးကြီးပေါ့ လေ....စာသင်တဲ့ နေရာမှာ ဆရာက ဆရာကြီးထက် ပိုရှင်းအောင်ပြောပေးနိုင်တာတော့ သိသာတယ်...ဆရာကလည်း ဆရာကြီင်္း အာဘော် ဆိုလိုရင်းအနက်ကို နှုက်ထုတ်ကောက်တဲ့ နေရာမှာ ဂွတ်ရှယ်သဘောရှိတယ်ဗျား..

အဲ့ လိုကနေ နောက်တော့ ဆရာကြီးဗေဒင်စတိုင်ကို အတော်လေး ရိပ်မိလာပြီဆိုတော့ မှ အရင်က ဖတ်ဖူးခဲ့ တဲ့  သုံးတန်ပေါ်ကိုပြန်ကောက်ဖတ်တော့ မှ သုံးတန်ပေါ်က အထာလေးတွေကို သိလာ ထည့် သုံးတတ်သွားတော့ တာမျိုးပေါ့ လေ....

ဆရာကြီး အယူစတိုင်နဲ့  သုံးတန်ပေါ်စတိုင်နဲ့ ပေါင်းလိုက်လို့  မြင်လာတဲ့  အကွက်တစ်ခုမှာ...ဆိုပါတော့  သုံးတန်ပေါ်က အင်္ဂါသက်ရောက်နဲ့  ဟူးသက်ရောက်မှာ ကြည့် ရင် အဲ့  သက်ရောက် ၂ခုစလုံးရဲ့  ၀င် နေရာမှာ  ကြာသာပတေးနံ အ၀င် သဘောရှိနေတာရော  သောကြာသက်ရောက်က ၀င်နေရာမှာပါ ကြာသာပတေးနံရှိနေတာရော တူနေတယ် ...သဘောက ဂြိုလ် ၈ခွင်မှာ ကြာသာပတေးနံ ၀င် နေရာ ရောက်နေတာ  အင်္ဂါ ၊ ဟူး ၊နဲ့ သောကြာ သက်ရောက်သုံးခုမှာ ရှိနေတယ်...အမှတ်တမဲ့ ဆို သုံးနေရာစလုံး အ၀င်ကောင်းသားပဲထင်ရတယ်..သဘောက အင်္ဂါ ၊ ဟူး ၊နဲ့  သောကြာ သက်ရောက်မှာ ကြာသာပတေးနံ မြေကွက် ၀င်ရင် ကောင်းသလိုလိုချည်းထင်ရတဲ့  သဘောပေါ့ .

ဒါပေမယ့်  ဆရာကြီးရဲ့ ဗေဒင်စတိုင်အရ  အင်္ဂါ နဲ့ ဟူးက လပ်ကီးမကောင်း သောကြာ က လပ်ကီးကောင်း သဘော ယေဘူယျခွဲထားလိုက်ပြီ  ဒီတော့  မြေကွက်ဝင်တာချင်းအတူတူ သောကြာမှာဝင်တဲ့ မြေကွက်က လပ်ကီးကောင်းသဘော ဆောင်ပြီး အင်္ဂါ နဲ့ ဟူးမှာ ၀င်တဲ့ မြေကွက်က အကျိုးဆက်လပ်ကီးမကောင်းလို့  ခွဲမြင်နိုင်သွား ပြောရဲသွားတော့ တာပေါ့ .

..တကယ်တန်းစောင့် ကြည့် တော့ လည်း မြေကွက်ဝင်တဲ့  သတ္တိရော ကြာကြာခံမခံ တို့ အကျိုးအမြတ်ရှိမရှိတို့ မှာ သိပ်ကွာသွားတာတွေ့ ရတယ် အင်္ဂါ နဲ့ ဟူးမှာ ၀င်တဲ့ မြေကွက်က မရှင်းမရှင်းတွ အကျိုးဆက်မဂွတ်တာ မမြဲတာ အမှု့ မကင်းဖြစ်လွယ်တာတွေ ကြုံရလွယ်ပြီး သောကြာက မြေကွက် က အကျိုးရှိတာ မထင်မှတ်ပဲဈေးကောင်းထောင်တက်တက်သွားတာ စသဖြင့် တွေကွာသွားတာတွေ့ နိုင်တယ်

သဘောကတော့  ဆရာကြီးဗေဒင်စတိုင်ကို ဘေ့ စစ် အဖြစ် အခိုင်အမာပညာသဘောအဖြစ် ကိုင်ထားပြီတစ်ခြား ဗေဒင်နည်းတွေကို ပြန်လိုက်ဖတ်ပြီး အလျဉ်းသင့် သလိုထည့် သုံးသွားရင် အတော်လေး ကောင်းတဲ့ ဗေဒင်စတိုင်ကို ရလာတယ်ပေါ့ လေ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..