Powered By Blogger

Thursday, September 17, 2015

ကြံကြံဖန်ဖန် ဓါတ်ရိုက်တာ


ကြံကြံဖန်ဖန် ဓါတ်ရိုက်တာ
----------
ဗေဒင်ဆြာဖြစ်မယ့် လူမို့  ဥာဏ်များသလားတော့ မဆိုနိုင်ဘူး ကြံကြံဖန်ဖန်ယတြာတွေအများကြီးပေးခဲ့ ဘူးတယ်...အဲ့ ထဲကတစ်ခုက...ကျနော့်  လူမှု့ သဘောနဲ့  အလုပ်သဘောဆက်စပ်သွားလို့  ကမ်းဝေးမြိတ်ငါးစက်လှေ အုံနာတွေနဲ့ လည်းပတ်သက်ခဲ့ ဘူးတယ်...တစ်ခါမှာ ရာသီလိုက် သူများတွေလိုပဲ ငါးလှေထွက်တာ ဆီဖိုးတောင်မကျေ ဖြစ်နေလို့  ငါးများများရအောင် ဘာယတြာ လုပ်သွားရမလဲ တစ်ခေါက်တော့ များများရမှ ဖြစ်မယ် ရာသီကုန်ခါနီးနေပြီ လို့  လာငြီးတယ်

ပထမတော့  ဘာသာရေးအသိခံနေလို့ အတော်ညစ်သွားတယ်သေးတယ်..နောက်တော့  မညစ်တော့ ပါဘူး..လောကီအလုပ်ဆိုတာဂလိုပါပဲပေါ့ လေ  ဒါနဲ့   အတော်တော့  တွေးလိုက်ရတယ် ပြီးမှ  အကြံရတာနဲ့ ...ငါးလှေတွေ မထွက်ခင် ( ဂရုလိုက်ထွက်ကြတာ တစ်ချို့ အုံနာတွေက လှေတွေ ဆယ်ချီမက ပိုင်ကြတယ် တစ်ချို့ က စက်လှေတွေ အပြင် ပုလဲပါမွေးသေးတယ် ) ...ကြာသာပတေးနေ့ မနက် ၉နာရီကနေ ၁၀နာရီခွဲကြား မှာ ရေကိုင်းပုံအသေးလေးထဲရေတွေထည့်  လဘက်သား ၉ကျပ်သား ခြေမွထည့်  ဖျော် ရေမွှေးလေးနဲနဲ ညှစ်မွှေလိုက်ရင် လဘက်သားမဲညစ်ညစ် စပ်ထားတဲ့ လဘက်သားဖျော်ရေ ရလာမယ်  အဲ လဘက်သားအရေနဲ့  စက်လှေထဲက ငါးကန်တွေ လက်နဲ့  အကုန်လျှောက်ပက်ပြီးမှ  စက်လှေထွက်ပါ...လို့  ရယ်...

ငါးလုပ်ကွက်ရောက်လို့  လှေကျောက်ခဏချချိန်မှာ လှေဘေးတွေကမေ လဘက်သား နဲနဲ ရေပြင်ထဲ ပက်ကျဲထားလိုက်ဗျာ...လို့  ယတြာပေးလိုက်တယ်  တနင်္လာနံ ကို ဓါတ်မိတ်နဲ့ ခေါ်တဲ့ သဘောတွေးယဘတာပေးတာ...ထူးဆန်းချက်က လုကံ ၀ကံ ၂ယောက်ကန်တော့  ခြင်ထောင်ပြဲ ပဲ...အဲ့ အခေါက်မှာ ငါးတွေ ခန့် မှန်းတာထက် ရလာလို့ အိုကေမှာစိုပြေသွားတယ်လို့ ဆိုတယ်..စက်လှေ အုံနာစိုပြေတော့  ဗေဒင်ဆြာလဲ လန်းတာပေါ့ လေ...ဗေဒင်ဆြာ နာမည်မပျက်ချင်သေးရင်လည်း အဲ့ လိုပဲ ကြံဖန် အလုပ်ဖြစ်သွားတာပဲလို့  ယူလိုက်တာပါပဲ....ဟီးဟီး

တစ်ခုတော့ ပြောလို့ ရတာက ယတြာပေးရင် စိတ်ထင်ရာ ရမ်းသရူးမဟုတ်ပဲ ဘေ့ စစ် သီဝရီတွေ တစ်ခုခုတော့ ချိတ်ဆက်နေတယ်လို့ ပါ

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..