Powered By Blogger
Friday, September 18, 2015
ဒီလိုတွေလည်း လုပ်ခဲ့ ကြတယ်
ဒီလိုတွေလည်း လုပ်ခဲ့ ကြတယ်
------------------
၉၀လွန်နှစ်တွေ ဆရာကြီးပညာလိုက်နေရင်းက လက်တွေ့ တွေ လုပ်ခဲ့ သမျှထဲမှာ ထူးထွေတည့်  အံ့ ရာသော်တွေ အများကြီးပဲ...အဲ့ ထဲက ခြေမန်းကွင်း သဘောက ဘယ်လောက်အထိ လုပ်ခဲ့ ကြသလဲဆိုရင်  ကားတောင် ခြေမန်းကွင်း တစ်ကွင်းစွပ် န၀င်းရိုက်ခဲ့ ကြတယ်
ဆရာနဲ့ အုပ်စုလိုက်ကြီး လှုပ်ရှားနေကြတုန်းပေါ့ လေ....
ကား ကို ခြေမန်းကွင်းစွပ်ချက်က ဆလွန်းကားကိုတင်မက ကုန်တင်ကား အကြီးကြီးကို ပါ စွပ်ခဲ့ ကြတာ...ကုန်တင်ကားကိုတော့ ဗိုလ်တစ်ထောင်ကုန်ကမ်းနားဘက်က ကားရှင်းအိမ်ရှင်းတဲ့ လမ်းကြားတွေမှာ သွားစွပ်ကြတာ  လူအုပ်တောင့် တော့  ပျော်စရာတစ်မျိုးတောင်ဖြစ်ခဲ့ ကြတယ်...
ကားကြီးမှာတော့  ကားကြီးထွက်ရင် လွယ်အောင် ခြေမန်းကွင်းကို ၀ါးလုံးရှည် ၂ လုံးထောင်ပြီး ဘယ်ညာဘေးကနေ မပေးရတယ် ကားလေးကတော့  လက်မြှောက် မ ပေးလိုက်ရင်လ မောင်းထွက်သွားလို့ ရတယ်
အခက်အခဲက ကားအတွက်လုပ်တဲ့ ခြေမန်းကွင်းက အရှည်ကြီးမှ အရှည်ကြီးးဆိုတော့  လူ ၂ ယောက်သုံးရလို့  လက်ပေါက်ကပ်တယ်ပေါ့  တစ်ယောက်ထဲဆို တစ်ခြားအမာခံမှာ အပ်ချည်ကြိုးအစ သွားချိတ်ပြီး လုပ်ရတယ်....အပြန်အလှန် ခေါက်နေရတာ အထုံးထုံးရတာတွေက အတော်သတိထားလုပ်ခဲ့ ရတယ်..
နောက်တစ်နည်းက ကားကို နံမကောက်ပဲ အုံနာရဲ့ မွေးနံနဲ့  ကားကိုဆောင်ပန်းနင်းကြမ်းရှင်းပေးတာ...အခါ ရွေးကတော့  ကား ကို ကောက်ရင် ကား နံ နဲ့  လူကိုကောက် ကားရှင်းရင် လူမွေးနံနဲ့ ..သဘော...ကားကို အုံနာ မွေးနံနဲ့  န၀င်းရှင်းရင် လူကိုပါ န၀င်းအရင်ထိုင် ပြီးမှာ ကားကို သွားရှင်းတယ် ပွဲ ၂ ပွဲပေါ့  ကားပွဲ လူပွဲပေါ့ 
ကိုယ့် ဟာကိုယ် သီးသန့် တစ်ကိုယ်တော် ထွက်ကြဲပြီဆိုတဲ့ အခါ နည်းပညာကို ချုံ့ ချလိုက်တာက ခြေမန်းကွင်းကို မသုံးတော့ ပဲ အရွက်ချည်းသက်သက် လုပ်ပေးတာမျိုးပေါ့ ...( လုပ်နေကျနဲ့  ယုံကြည်ပြီး အတော်လေး ရင်းပြီး အတော်လေး အပေးအကမ်းရက်ရောတဲ့ သူတွေကိုပဲလုပ်ပေးခဲ့ တာ..ကားတစ်ပတ် အညွန့် နဲ့ ဖြန်းရတာ လက်ညောင်းတယ် လူပင်ပမ်းတယ် လူ့ ကုန်ဒရေပျက်တယ်..ဗိုက်ဆာတယ် .ခိခိ..)
သဘောကတော့  ဒီ န၀င်းပွဲညာကို လိုက်စားတာမှာ  ရေဆုံးကုန်းဆုံး လိုက်စားခဲ့ တာမျိုးဖြစ်တယ် အပေါ်ရံကျော မဆန်ဘူး..အကျိုးဆက်တွေကို လက်တွေ့ သိချင်ခဲ့ ကြတယ် ပြီးပြီးရောမဟုတ်ခဲ့ ကြဘူး .နည်းတွေ အများကြီး လုပ်ခဲ့ ဘူးကြတယ် စမ်းသတ်ခဲ့ ဘူးကြတယ်.တစ်ချို့ ဟာတွေဆို စိတ်ကူးတောင်မယဉ်ဘူးတဲ့ နည်းတွေဖြစ်တယ် စာပေထဲ မှတ်တမ်းအဖြစ်တွေ့ ရခဲတဲ့ နည်းတွေဖြစ်တယ် ..တစ်ချို့ ဟာတွေ ဆက်သုံးတယ် တစ်ချို့ ဟာတွေ ပစ်ထားလိုက်ကြတယ် ပေါ့ ဗျာ....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..