Powered By Blogger

Friday, September 18, 2015

မေးခွန်းတစ်ခု


မေးခွန်းတစ်ခု
-------------
ဆရာကြီးတို့ ဆရာတို့ ပညာခေါင်းစဉ်အောက်မှာပဲ စလုပ်ခဲ့ ရင်း နှစ်ပတ်လည်လာတော့  လက်တို့ သူတွေများလာတယ်၊ လက်တို့ ဆိုတာက ကျနော်တို့ က အခုအထိ စီးပွားရေးဆန်ဆန်ကြော်ငြာပြီး မလုပ်ခဲ့ ကြပဲ
ကိုယ့် ဟာကိုယ် ခပ်ကုပ်ကုပ်လေးတွေ နေပြီး သွားနေကြလို့  ကြော်ငြာ်ကြောင့် ထက် လက်တို့ လို့ လာတဲ့ သူတွေက အများဆုံးလို့ ဆိုတာပါ..ပညာမှန်ရင် ပညာနောက်ကို လူတွေလိုက်လာလိမ့် မယ်လို့ ယုံကြည်ကြတယ်
(စီးပွားသဘောလုပ်ချင်ရင်တော့ ကြော်ငြာတာပိုကောင်းတယ်လို့ တော့ ကျနော်ကတော့ ထင်ပါတယ်.ဒီမှာက ကြော်ငြာကို မယုံတဲ့ သူထက် ယုံတဲ့ သူတွေက
ပိုအများကြီးရှိတယ်လေ)..အဲ့ မှာ အဲ့ ကာလတစ်ဝိုက်မှာ သိပ္ပံလက္ခဏာဆိုတာတွေ နက္ခတ်တွေ ဟူးရားတွေ စသဖြင့် စသဖြင့် တွေကလည်း နာမည်တွေကြီးနေတယ် အဲ့ အကျိုးဆက်က ..
တစ်ချို့ တွေက လက်တို့ လို့ ဖုံးနံပတ်ရပြီး ဖုံးနဲ့  လှမ်းအရင်မေးတယ်...''' ဘာနဲ့ ဟောတာလဲ...'''တဲ့ ....အဲ့ လိုမေးတာ ကျားချည်းပဲ မ မပါဘူး..နားထဲတော့ ထော်လော်ကန့် လန့် မေးခွန်းပါပဲ
ဒါပေမယ့်  ပရိတ်သတ်နဲ့ ဆက်ဆံရင် ဒီလို ထော်လော်ကန့် လန့် တွေ ပါလာနိုင်တယ်ဆိုတာ နဂိုကကို ကြိုတွေထားလို့  မဟာဘုတ်ဂြိုလ်စားသက်ရောက်နဲ့ ပဲပါ..လက္ခဏာတွေ နက္ခတ်တွေ တစ်ခုမှမပါပါဘူးဗျား လို့ ပဲ
ပါးစပ်က ပုံမှန်လေသံ ခ်အေးအေးနဲ့ ပဲပြန်ဖြေလိုက်ပါတယ် ( စိတ်ထဲကတော့  ဆဲနေတောပေါ့  ဘာနဲ့ ဟောဟောမင့် ဘာညာတွေပေါ့ လေ..ငိငိ )....အဲ့ လိမေးပြီးတစ်ချို့ တော့ရောက်လာတယ် ..ပြီးတော့  အဲ့ လို ဘာနည်းနဲ့ ဟောလဲဆိုတာကို စပ်စု
တဲ့ သူတွေအများစုက ပညာတော်တော်များများကို စာသိနဲ့ သိထားဖတ်ထားပြီးသားသူတွေ တစ်ချို့  သင်တန်းတက်ပြီးသားတွေ များတယ် ချမ်းသာမယ့် နည်းတွေကိုသာ ဦးစားပေးလိုက်စားနေတဲ့ သူတွေများတယ်
သူတို့ ကိုယ်တိုင်တော့ ဗေဒင်ဆြာလုပ်ဖို့ စိတ်ကူးမရှိဘူး (သတ္တိ မကောင်းကြဘူးသဘောရတယ်).....ကျနော်တို့ တွေရဲ့ ပညာအပေါ်ထားတဲ့ စိတ်ကကရိုးရှင်းတယ်..ဒါနဲ့ ဆိုဒါနဲ့ ပဲလို့ ဒဲ့ တွေပြောကြတယ် ဟိုဟာဒီဟာတွေ မယောင်ဝါးသလို့ 
ကိုယ်သုံးနေတဲ့ ပညာကိုလည်း ဂုဏ်ငယ်တယ်လို့ ကို မထင်ကြဘူး....( ဘာနည်းနဲ့ ဟောသလဲလို့  (ကျနော့် ကိုပဲဆိုပါတော့   ) မေးတဲ့ သူတွေ အများစုဟာ မဟာဘုတ်ကို အပျော်တွက်အဆင့် လောက်သဘောထားခဲ့ ကြတာများတယ်...)
တစ်ခါတစ်လေ စိတ်ပေါက်လို့ ဆရာနာမည်ထည့် ပြောရင် လေသံက သြော်  သြော်..အဲ့ ဆရာတွေလားတဲ့ ....ဆရာနဲ့ ခေတ်ပြိုင် ဆရာတွေလိုလိုလေသံမျိုးပေါ့ နောက်ပိုင်းတော့  အဲ့ လိုအမေးမခံရတော့ ပါဘူး..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..