အဌလက်ခွင်+ အခါတိုင် သတ္တိ နဲ့  လွတ်လပ်ရေးယူချိန် တနင်္ဂနွေ မနက် ၄း၂၀..
---------------
အရင်ကရေးပြဖူးတယ် အခု တစ်ယောက်ကထပ်မေးလားလို့  ပြန်ပြီး ရှင်းအောင်ရေးပြတာပါ....၊ ဆိုပါတော့  ကြာသာပတေးနေ ညနေ ၄း၃၀ ကနေ ၆နာရီကြားက ဂုရုတိုင် ဆိုတဲ့  ကြာသာပတေးအခါတိုင် သတ္တိနဲ့  အဲ့ ဒီညနေ ၆နာရီကနေ ည ၇နာရီ ၃၀ အထိ ထပ်ကြုံရတဲ့  ဂုရုတိုင် ဆိုတဲ့ ကြာသာပတေးအခါတိုင်၂ ခု ဟာ အခါတိုင် တူနေတာ သတ္တိ ဘယ်လို ကွာသလဲဆိုတဲ့ သဘောပေါ့ 
ကျနော်တို့ အခါတိုင်ပညာမှာ တစ်နေ့ တာရဲ့  အခါတိုင်တွေကို အဌလက် ၈ ခွင်ထဲ ထည့် ပြီး တွေးခေါ်တာ တွက်ချက်ချိန်ဆတာ ရှိပါတယ် လိုအပ်မယ်ထင်ရင် ထည့် စဉ်းစားပါတယ်..ကြာသာပတေးနေ့  မနက် ၆နာရီဆို ဂုရုတိုင်ကို အဲ့ အဌလက်ခွင်က ကြာသာပတေးအိမ်ကနေပဲ ကရွတ်ကင်းပတ်လျှောက် ထည့် သွားတာပါပဲ
အဲ့ အခါ ညနေ ၄နာရီခွဲကနေ ည ၆နာရီ မှာ ရှိနေတဲ့  ဂုရုတိုင်ဟာ စနေ အဌလက်ခွင်ထဲမှာ ဖြစ်နေပြီး ည၆ နာရီကနေ ည ၇နာရီခွဲကြား ဂုရုတိုင်ကတော့  မူလ ကြာသာပတေးအဌလက်ခွင်မှာ ပြန်ဝင်ထိုင်သွားပါတယ်...သဘောက ပထမ ဂုရုတိုင်ကို စနေဂြိုလ်ကစီးနေပြီး ဒုတိယ ဂုရုတိုင်ကို ကြာသာပတေးဂြိုလ်က စီးနေတဲ့ သဘောပေါ့ 
ဒီတော့  ဂုရုတိုင် မှာ တနင်္လာ န၀င်းရတာချင်းအတူတူ ဒုတိယ ဂုရုတိုင်က တနင်္လာနံ န၀င်းရနေတာက ပိုသန့်  ပိုကောင်းသဘော၊ ဂုရုတိုင်မှာ ဟူးနံ ခိုက်နေတာချင်းအတူတူ ပထမ ဂုရုတိုင်က ဟူးနံက ပိုခိုက်ခံရတဲ့ သဘော ကို တွေ့ နိုင်ပါတယ် ဒီအကြောင်းကို သိလို့  အဲ့ ကြာသာပတေးညနေ ၅နာရီလောက်လာတဲ့  ရုံးသမား ဟူးသမီး ခိုက်သမားကို ၂ပတ်အတွင်း ခိုက်မဲ့ အကြောင်း ပြောတာ ခိုက်ချက်ကပြင်းထန်ပြီးမြန်ဆန်လွန်းလို့  ကျနော့် ကိုတောင် တစ်မျိုးတွေ ထင်ကုန်တာ ခံခဲ့ ရတဲ့ အကြောင်းရေးပြဘူးပါတယ်နော်
ဒိထက်ရှင်းအောင် ပြရရင် လူသိများတဲ့  မြန်မာပြည် လွတ်လပ်ရေး တရားဝင် ယူချိန် အလံတင်ချိန် တနင်္ဂနွေ မနက် လင်းအားကြီး ၄နာရီ ၂၀ ကို အခါတိုင် အဖြစ်ကြည့်  ရင် စန္ဒရောတိုင် တနင်္လာတိုင် ပေါ့ လေ..အဲ့  တနင်္လာတိုင်ကို အဌလက်ခွင်ထဲ ထည့် ကြည့် ရင် အဲ့  တနင်္လာတိုင်ဟာ အင်္ဂါ အဌလက်ခွင်ထဲ ရောက်နေတာတွေ့ နိုင်ပါတယ် သဘောက အဲ့  တနင်္ဂနွေမနက် ၄နာရီ ၂၀ ဆိုတဲ့  တနင်္လာအခါဟာ အင်္ဂါဂြိုလ် စီးနေတဲ့ အခါ ဖြစ်နေတယ် သဘောက အဲ့ အခါဟာ မူလ တနင်္လာအခါ တောထွက် အခ်ါ သဘာ အရမတည်ငြိမ်တဲ့ အခါ အပြောကြီးအခါ တနင်္ဂနွေနံ အုပ်စုပြိုကွဲ အခါ သဘောဖြစ်နေပြီး အဲ့ အခါကိုဓါတ်ဆီ ထပ်လောင်တဲ့  အင်္ဂါဂြိုလ်သဘာဝက
စစ်မက်ရေးရာဂြိုလ် ခိုက်ရန်ဂြိုလ် သည်းမခံနိုင်တဲ့ ဂြိုလ် အကြွားများတဲ့ ဂြိုလ် ငွေနံခိုက်တဲ့ ဂြိုလ် စသဖြင့် တွေ မြင်နိုင်ပါတယ်.ဒီတော့  စစ်မီးဖြစ်လာတာမြန်တာ မတည်ငြိမ်တော့ တာ စသဖြင့်  စသဖြင် စသဖြင့် တွေ ဖြစ်လာတာ သိတော့ မထူးဆန်းသဘောပေါ့ ...
သဘောက ဒီ အဌလက်ခွင်နဲ့  အခါတိုင်ပေါင်းစပ်ပညာဟာ သုံးမယ်ဆို အဟော ယတြာ ဓါတ်ကစား နမိတ်ဖမ်း ရက်ရွေး ဘာညာဘာညာတွေနဲ့  အတော်ကျယ်ပြန့် တဲ့ အသုံးသဘောရှိပါတယ်ပေါ့ လေ အခါတိုင်ပညာကို ဥာဏ်ကစားချင်ရင် ဒီပညာအကွက်လေးနဲ့ အတင် အတော်ပျော်စရာကောင်းအောင် ဥာဏ်ကစားနိုင်ါတယ်
အဲ့  ဒီပညာက ရွှေတိဂုံ အလယ်မုဒ်ဆိုင်တန်းမှာ ဆရာနဲ့ အတူတူရှိနေတုန်းက ကျနော်တို့  တပည့် အုပ်စုလေးကို ဆရာချပြခဲ့ တဲ့ ပညာပါဗျာ...ကျနော်ကတော့  အဲ့ လောက်ကြီး အနုစိတ်ပြီး သိပ်မသုံးပါဘူး နေရထိုင်ရတာ ဖရီးမဖြစ်တော့ ဘူးလို့  ခံစားလိုက်လို့ ပါ
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..