Powered By Blogger

Wednesday, September 30, 2015

ပါပွန်းတိကိန်း

ပါပွန်းတိကိန်း
-------------
အိမ်တွေ တိုက်ခန်းတွေ ခြံတွေ မြေတွေရောင်းဖို့  ယတြာပေးပြီးတဲ့ အခါ ပြန်ကြုံရတတ်တဲ့ အခက်အခဲက . ပြန်လာတဲ့ သူတွေရဲ့ ငြီးခြင်းအရ ယတြာပေးလိုက်လို့ ယတြာလုပ်ကြတယ်...
အဲ့ အခါမှာ ၀ယ်လက်တွေလာလာကြည့် ကြတယ် ( အရင်က လာတောင်မစုံစမ်းတာများခဲ့ တဲ့ အနေအထားကနေပေါ့ )...တစ်ချို့ ဈေးမေးတယ် ပြီးတော့ ပြန်သွားကြတယ်
(ပြန်မလာကြတော့ ဘူးပေါ့ လေ) တစ်ချို့ ကတော့  ၀ယ်သူဆစ်တဲ့ ဈေးကို မရောင်းနိုင်လို့ ....ဆိုပြီး ပြန်လာပြောကြတဲ့ အခြေအနေပေါ့ ...
အဲ့ ဒီလို အိမ်တွေ တိုက်ခန်းတွေ ခြံတွေ မြေတွေရောင်းဖို့  ယတြာပေးအခါ အများအားဖြင့် ယတြာအဓိက ဗေဒင်ဆရာက သိပ်ပြီးအာရုံစိုက်တွက်ချက်နေတာမျိုးမဟုတ်ပဲ ယတြာပေးလိုက်တာသာများတယ်အဲ့ လိုပေးလိုက်တိုင်းလဲ အများအားဖြင့်  အလုပ်ဖြစ်သွားလေ့ ရှိတယ်....အပေါ်ကစတိုင်နဲ့ အလုပ်မဖြစ်သေးဘူးလို့ ပြန်လာပြောတဲ့ အခါမှာတော့  ဗေဒင်ဆရာက အခြေအနေ ၂ မျိုးနဲ့ ပြန်တုန့် ပြန်ရတယ်
ပထမတုန့် ပြန်နည်းက ပထမ ဘာယတြာပေးခဲ့ လဲလို့  ပြန်မေးယူရတယ် ( ဘာယတြာတွေ ပေးခဲ့ မိလဲ မမှတ်မိတာများလို့ နဲ့ အရင်ပေးခဲ့ တဲ့ ယတြာဘာလဲဆိုတာ သေခြာအောင်))..ပြီးတော့ မှ နောက်ယတြာအမျိုးအစား အသစ် ကိုပြန်စဉ်းစားပေး လိုက်တယ်...
နောက်တုန့် ပြန်နည်းတစ်ခုက ရောင်းလိုတဲ့ ပိုင်ရှင်ရဲ့  မွေးသက္ကရာဇ်ကိုအဲ့ တော့ မှမေးစမ်းပြီး ဘာသက်ရောက် ဘယ်လစိတ်တွေဖြတ်နေလို့ ကြံ့ ကြာနေရတာလဲတို့  သက်ရောက်တွေလစိတ်တွေက ပိုင်ဆိုင်မှု့ ပစ္စည်းတွေထွက်ကိန်းကံမရှိသေးတာလားတို့  စသဖြင့် ပြန်တွက်ယူပြီး ယတြာလည်းပြန်ပေး ထွက်နိုင်ခြေကာလကို အကြမ်းပြော မထွက်နိုင်သေးတာ ဘာကြောင့် ဆိုတာပြန်ရှင်းပြနဲ့ ပြောပြရလေ့ ရှိတယ်
ယတြာပေးရတာ အခက်ဆုံးက ဈေးမကိုက်ဘူးဆိုပြီး လာဈေးဆစ်သမျှကို ခါလွှတ်နေတဲ့  အရောင်းသမား.တက်ရိပ်ရှိတယ်လို့ ဘေးကပြောလို့ ခေါ်ပြီးဈေးနဲ့ ဝယ်လက်ပေါ်မှ ဈေးတိုးတိုးသွားတဲ့  အရောင်းသမား အုံနာတစ်ယောက်တည်း
ဆုံးဖြတ်ခွင့် မရှိပဲ တမိသားစုလုံးက တစ်ယောက်တစ်ပေါက်တွေ ဈေးအမျိုးမျိုးတွေခေါ်နေကျ တစ်ယောက်သဘောတူတာာကိုနောက်တစ်ယောက် ထကန့် ကွက်ကျနဲ့  ပွဲစားနဲ့ ဝယ်လက် စိတ်ညစ်သွားတဲ့ အရောင်းသမားမျိုးတွေအတွက် ယတြာပေးရတာ အခက်ဆုံးပဲ...
ပြီးတော့  သက်ရောက်ကောင်းရင် ရောင်းရခက်တတ်ပြီး( ကံက ပိုင်ဆိုင်မှု့ မကုန်စေချင်သေးလို့  ) သက်ရောက်ဆိုးရင် (ပုံမှန်ဈေး အထက်ဈေး မရတတ်) အောက်ဈေးနဲ့ အထွက်မြန်တတ်တာလဲရှိတယ်( ရောင်းရတဲ့ ငွေက ကောင်းကျိုးမဲ့ ပလုံမှာဆိုတော့ လေ)
အများအားဖြင် ထုထည်ကြီး ငွေအမောင့် ကြီးတဲ့ ပိုင်ဆိုင်မှု့ တွေ ရောင်းလိုက်လို့ ရောင်းပြီးမှ စီးပွားတိုးသွားတယ်ဆိုတာ ရှားပါအဖြစ်ဖြစ်ပြီး ရောင်းပြီးမှ အခြေအနေတွေပိုပျက်တဲ့ လမ်းကြောင်းပေါ်မြန်မြန်ရောက်သွားတာမျိုးက ပိုများတယ် အကြောင်းက လူ့ သဘာဝအများစုကအခြေအနေကောင်းနေရင် ပိုင်ဆိုင်မှု့ တွေကို ရောင်းဖို့  အာရုံလာလေ့ မရှိပဲ
အခြေအနေတွေ မဟန်ချိန်မှ ပိုင်ဆိုင်မှု့ တွေကို ဖျောပြီး ရှင်းစ်ကြည့် ဖို့ တွေးလာကြတဲ့ သဘောကြောင့် ပါပဲ...အများအားဖြင့် ပိုင်ဆိုင်မှု့ ကိုရောင်းပြီး ပိုတိုးတက်အောင်လုပ်မလားလို့ ကြံပြီးရောင်းတာမျိုးလည်းရှိတယ် ဒါမျိုးကလည်း ပိုကောင်းတဲ့  အနေအထားကိုရသွားတယ်ဆိုတာ ဖြစ်တောင့် ဖြစ်ခဲဖြစ်ပြီး အရင်ထက်ပိုထူးမလာတာ ငွေပေါ်ပေမယ့်  ဟိုလိုလို ဒီလိုလိုနဲ့  တတိ တတိ ကုန်သွားတဲ့ ပါပွန်းတိကိန်း ဆိုက်ပြီး ပိုင်ဆိုင်မှု့ တစ်ခု လျော့ သွားတာပဲ အဖတ်တင်ကျန်ခဲ့ တာများတာတွေ့ ရတယ်...ဒီတော့  အတိုင်းအတာ တစ်ခုခုရှိတဲ့ ပိုင်ဆိုင်မှု့ တစ်ခုခုကို ဖျောပြီဆိုရင် အသေအခြာချိန်ဆတာ ပိုကောင်းတယ်

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..