Powered By Blogger
Saturday, February 28, 2015
'''ပါရမီဖြည့် ဖက် သက်လျာနု ၊ အမြဲတမ်း ဒုတိယလူ နဲ့  နှစ်ကိုယ့် တစ်စိတ်...'''
'
''ပါရမီဖြည့် ဖက် သက်လျာနု ၊ အမြဲတမ်း ဒုတိယလူ နဲ့  နှစ်ကိုယ့် တစ်စိတ်...'''
------------------
၆၀၀န်းကျင်လောက်က နာမည်ကြီးခဲ့ ပုံရတဲ့ အမေရိကားက ဘဏ်ဓားပြလင်မယားအကြောင်း ရုပ်ရှင်ခွေကြည့် ခဲ့ ရတုန်းက အတော် သဘောကျသွားတာက အဲ့ လင်မယား မကောင်းမှု့ သဘောဖြစ်တဲ့  မိုက်တွင်းနက်တဲ့ နေရာမှာတောင် တက်ညီလက်ညီရှိကြတာကိုပေါ့ ဗျာ...ဇာတ်ကားက ပေးချင်တဲ့  မတ်စိက ထုံးစံအတိုင်း ရာဇ၀တ်ဘေး ပြေးမလွတ်တို့  နောက်ဆုံးမှာ ကိုယ်စိုက်ခဲ့ သမျှ ကိုယ် ရိပ်သိမ်းရလိမ့် မယ် ဘာညာနေမှာပေါ့ ...
အဲ့ ဒါက  ဇာတ်ကားပြီးခါနီးမှပါတာ..ဇာတ်ကားရဲ့  ၄ပုံ၃ပုံလောက်က  အဲ့ ဘဏ်ဓားပြလင်မယားစုံတွဲ တက်ညီလ်ညီနဲ့  ကဲပြနေတာ ပျော်နေကြတာ ထင်ရာစိုင်းနေကြတာ ဘဏ်လေးတွေ ဓားပြ၀င်တိုက်လိုက် သုံးလိုက်ကြ ကဲလိုက်ကြနဲ့ ဆိုတော့  သူတို့ နဲ့ ပါရောပြီး ပျော်ချင်လာပြီး သူတို့ လိုတောင် မကောင်းမှု့ တွေ ထ လုပ်ချင်စိတ်ပေါက်လာတယ်..လူ့ သဘာဝမှာ အတူတူပါလာတဲ့  အပြုစိတ် အဖျက်စိတ်သဘောပေါ့ 
Wednesday, February 25, 2015
''သူဘာလုပ်လို့ ရနိုင်သလဲကို တွေးပြီး ..''
သူဘာလုပ်လို့ ရနိုင်သလဲကို တွေးပြီး သူလုပ်လို့ ရတာတွေ လုပ်သွားနေတာကို အဓိကမြင်နေရတာ...အဲ့ ဒါမျိုးစိတ်လေးကို သဘောကျတာ....
------------
သူက အကယ်ခံဖို့ မိုးသက် မုန်တိုင်းထပြီး လှိုင်းထန်နေတဲ့  မဟာသမုဒ္ဒရာရေပြင်ကျယ်ကြီးကို ဖြတ်ကူးနေတာ မဟုတ်ပဲ...ကိုယ်စီးလာတဲ့ သင်္ဘောကြီး စ နစ်နေတုန်း အခြေ အနေ မကောင်းမှန်းသိကတည်းက သူဘာလုပ်လို့ ရမလဲကို စကြံပြီး လုပ်လို့ ရတာ ရုန်းလို့ ရသလောက် နာရီပိုင်း ရက်ပိုင်းဖြစ်ဖြစ် ရုန်းကန်နေသွားမယ့် သဘော...
ကိုယ်နဲ့ ဘ၀တူတွေလို .ဖြစ်သမျှအကြောင်း ကံမကောင်းလို့ ပါလေတို့  ဒီလောက် အပြောကျယ် လှိုင်းထန်နေတဲ့ ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်ကြီးထဲ ဘာမှလုပ်လို့ မရတော့ ပါဘူး.ဘာလုပ်လုပ် သေမှာပါပဲလေတို့ ......
စသဖြင့် ပေါ့  အဲ့ လို ရုန်းမှ မရုန်းကြည့် ရသေးဘူး ခွန်အားတွေကြိုကျ ငြီးတွားပြီး ငုတ်တုတ် အသေခံသွားဖို့ စိတ်ကူး မရှိခဲ့ ဘူး...အဲ့ စိတ်ကလေးကို အတော်သဘောကျတာ...ကံကြမ္မာဆိုးရဲ့ အောက်မှာ လူ့ အား မတန်တာတောင်မှ စိတ်ခွန်အားက မလျှော့ ပေးဘူး.....
''ခေတ်ပညာအား နည်းပညာအားတွေ နောက်ကျလေလေ လွပ်လပ်ရေး ဆုံးရှုံးဖို့ နီးစပ်လေလေ...''
''ခေတ်ပညာအား နည်းပညာအားတွေ နောက်ကျလေလေ လွပ်လပ်ရေး ဆုံးရှုံးဖို့ နီးစပ်လေလေ...''
--------------
ခေတ်က ၂၀ရာစုတောင်မဟုတ်တော့ ဘူး.....၂၁ရာစုခေတ် နည်းပညာ တော်လှန်ရေးတွေ နေ့စဉ်လိုလိုဖြစ်နေတဲ့ ခေတ်...၊ 
ဟိုခေတ်ကတည်းက နည်းပညာနောက်ကျခဲ့ လို့  မဟာဗန္ဓု လအုဗုံးမှန်လို့  ကျနော်တို့ ငယ်ငယ်က ပြက်လုံး အထုတ်ခံခဲ့ ရပြီးပြီ ရှေ့ တန်းစစ်မြေပြင်မှာ ရွှေထီးတ၀င်းဝင်းနဲ့  သွားကွပ်ကဲနေမှတော့  ဒီရွှေထီးအောက် က ဗွီအိုင်ပီက စနိုက်ပါပစ်မှတ်ကြီးဖြစ်နေတာပေါ့ တဲ့ .ခေတ်ပညာကွာသွားရင် ခံရလွယ်တယ်ဆိုပါတော့ ..
ဝေးဝေးမကြည့် နဲ့  အခုလောက်ကိုင်ပဲကြည့် ပါ...မြေပြင်စစ်တိုက်စွမ်းရည်ချင်း တူတယ် ထားဦး. လေကြောင်း ပစ်ကူ ကိုင်ထားနိုင်တဲ့ တပ်က နည်းပညာအရကြည့် ရင် တပမ်းသာတယ် မဟုတ်လား ဒါ..ကလေးတောင် တွေးလို့ ရတယ်...
Tuesday, February 24, 2015
မြိုမကျသူ....
မြိုမကျသူ....
---
မငယ့်တငယ်က ထူးဆန်းတဲ့ သဘောထားရှိတဲ့ ဦးလေးကြီးတစ်ယောက်နဲ ဆုံခဲ့ ဘူးတယ်..တစ်နေ့ မှာ ကြည့် မြင်တိုင်က ရပ်ကွက်ကြီးတစ်ခု  မီးဘေးဖြစ်ခဲ့ တယ်၊ ရပ်ကွက်ကြီး ပြောင်ရောဆိုပါတော့ 
မီးလောင်ချိန်မှာ ကျနော်တို့ က မနေတော့ ဘူး မြို့ ထဲကိုပြောင်းခဲ့ ပြီ..၊ ရပ်ကွက်နဲ့ ရပ်ကွက်ကလူတွေကို သံယောဇဉ်ရှိနေလို့ သွားကြည့် ခဲ့ တော့  အဲ့ ဦးလေးကြီး အိမ်တစ်အိမ်ထဲ မီးလောင်ပြင်ကြီးထဲမှာ ငေါင်းစင်းစင်းနဲ့  မီးကွင်းပြီးကျန်ခဲ့ တယ်..။ ပွဲခင်းကြီး တစ်ခုလို  မီးလောင်ပြင်ကို လာလာကြည့် ကြရင်း အဲ့ မီးကွင်း အိမ်လေးကိုကြည့် ပြီး အံ့ တွေသြကြတာပေါ့ ။ ဘုရားတန်ခိုးပါဆိုတာပါ ချီးမွမ်းကြတယ်....
အိမ်ရှင် ဦးလေးကြီးကိုပါ ၀ိုင်းစပ်စုကြတယ် ဘာဘုရားပုံတော်လဲ ဘယ်ကနေ ပူဇော်ထားတာလဲ ပေါ့ .ကံကောင်းလိုက်တာ ဘာညာတွေလည်းပါတယ်...အဲ့ ဦးလေးကြီးရဲ့ မျက်နှာက အရယ်အပြုံးမရှိပဲ ပြန်ပြောပုံက....
'' ငါ့ အိမ်တစ်အိမ်ထဲကွက် မီးကွင်းနေတာ မပျော်ပါဘူး..တစ်ရပ်ကွက်လုံးက ငါ့ လူတွေ မီးထဲပါသွားတာ ငါက ဘယ်လိုလုပ် ပျော်ရမလဲ..''.လို့ ပြန်ပြောတယ်...
လူတွေက အဲ့ ဦးလေးကြီး အဲ့ လိုပြန်ပြောတော့  အန်းကုန်ပြီ  ဆက်မပြောကြတော့ ပဲ ဂေါက်သွားပြီနဲ့ တူတယ်ဆိုတဲ့ အကြည့် နဲ့ ပြန်ကြည့် ကြတယ်...တစ်ချို့ ကတော့  အစား မြေကွက်ပြန်မရမှာစိုးလို့ နဲ့ တူတယ်လို့ ဟာသလုပ်ကြတယ်...တစ်ချို့ ကတော့ 
အဲ့ လူကြီးက သက်သက်ဂလန့် ပြောနေတာလို့ ဝေဖန်တယ်....ကျနော်လည်း သူ ဘာကို ဆိုလိုမှန်း နားမလည်ခဲ့ ပါဘူး...ညဖက်မှာတော့  အဲ့ အိမ်လေးတစ်အိမ်ထဲ မီးလောင်ပြင် မဲမဲသဲသဲထဲ ထီးထီးကလေးမြင်နေရတာ စိတ်ခြောက်ခြားစရာတောင် ကောင်းနေတယ်...
နောက်တော့  ခုလိုကာလတွေမှာ အဲ့ ဦးလေးကြီးရဲ့ ဖီလင်သဘောကို ပြန်ခံစားပေးလို့ ရလာတော့ တယ်...အဲ့ ဒါ  မွဲနေတဲ့ သူတွေရဲ့ ရှေ့ မှာ ကိုယ်တစ်ယောက်ထဲ ဟင်းစားကောင်းလေး နဲ့ စားရတာ မြိုမကျပါဘူးဆိုတဲ့ ကရုဏာတရားရှိတဲ့ သူတွေရဲ့ စိတ်မျိုးပဲလို့ ပေါ့ လေ.
ဂီတဉ္ဖလီ (ကိုခင်မောင်တိုး)/ အဉ္ဖလီအတွက် ဂီတအဉ္ဖလီ....
အို အဉ္ဖလီရယ်
မင်းမရှိတဲ့ နောက်
ရေအိုင်တွေလဲ ခမ်းခြောက်လို့ 
မေတ္တာပန်းခြွေ နွမ်းတဲ့ အခိုက်
သစ္စာစကားကို ကြားလိုက်တယ်......
Sunday, February 22, 2015
မေးခွန်းတွေတစ်ခုပြီးတစ်ခုဆင့် ထုတ်စဉ်းစားရင်းမှ..
မေးခွန်းတွေတစ်ခုပြီးတစ်ခုဆင့် ထုတ်စဉ်းစားရင်းမှ..
----------
ပြဿနာအများစုဟာ ကြားကာမျှ မြင်ကာမျှနဲ့ စိတ်ခံစားချက်အတိုင်း ချက်ချင်းနီးပါး ကောက်ချက်ဆွဲချလိုက်ရာက အဆီအငေါမတည့် တဲ့ အခါ ပြဿနာတွေ တန်းစီတက်ကုန်လာရင်း အကျိုးမဲ့ တွေဖြစ်လာတော့ တဲ့ သဘောများတယ်.
ဆိုပါတော့  ခေါင်းကိုက်နေတာကအမှန်ပါပဲ..ဒီအတွက် ခေါင်းကိုက်ပျောက်ဖို့  ကုသမှု့ တစ်ခုခု မဖြစ်မနေလိုပါတယ်..ကုသမှု့ အပိုင်းကိုဆင်ခြင်ရာမှာ ရေရှည်နည်းရော လတ်တလောနည်းပါ ၂ မျိုးစလုံးစဉ်းစားရပါလိမ့် မယ် ယေဘူယျအားဖြင့်  လတ်တလော ခေါင်းကိုက်ပျောက်ဖို့ ကိုတော့  အရင်စဉ်းစားကြလေ့ ရှိတာကလည်း ဝေဒနာရှင်ရဲ့  ခံနိုင်စွမ်းရည်ကြောင့် စဉ်းစားပေး ရတာကလည်း အမှန် သဘာဝ ကျတာပါပဲ
''ခေတ်စာတတ်တဲ့ တော်လှန်ရေးသမားများလာလေလေ..''
'
'ခေတ်စာတတ်တဲ့ တော်လှန်ရေးသမားများလာလေလေ..''
----------------------
ခေတ်စာမတတ်ရင်တော့ ခေတ်စာမတတ်တဲ့ သူတွေက  အဖက်ဖက်ကခံရတော့ မယ့် သဘောရှိတယ်..လွန်ခဲ့ တဲ့  အနှစ်၂၀/၃၀လောက်က အတွေးမျိုးနဲ့  ရှေ့ ခရီးကို သွားချင်တယ်ဆိုလို့ ကတော့  အသက်ကို ဖက်နဲ့ သာထုတ်ထားပေတော့ သဘောရှိလာပြီ...
အရင့် အရင်တော်လှန်ရေးလုပ်တယ်ပဲဆိုဆို သူပုန်ထတယ်ပဲပြောပြော အစိုးရဖက်က အင်အားသာ နေတာများပြီး အနိုင်ယူရတာ အခုခေတ်လောက် သိပ်ခက်ခဲနေတဲ့ ပုံမပေါ်ပါဘူး..တော်လှန်သူဖက်က အင်အားရော စာတတ်မှု့ ကပါ အားနဲနေလေ့ ရှိတာများတဲ့ သဘောလည်းပါတယ်
ခေတ်က ၂၁ရာစုထဲရောက်လာလေလေ တော်လှန်သူတွေ ပုန်ကန်သူတွေပါ အရင်က လူတွေထက် ခေတ်ပညာတတ်တွေ ပိုများလာတယ် အဲ့ ဒီမှာ ဥာဏ်ကောင်းတဲ့ တော်လှန်သူတွေနဲ့ လည်းတွေ့ ရော အန်ကယ်ဆန်ပါ ကားနေရောဖြစ်လာတာ 9/11 မှာ ခေတ်ပညာတတ် တော်လှန်သူတွေက လေယာဉ်နဲ့ ဝင်တိုက်ဖဲ့ ပစ်လိုက်တာက ပထမဆုံး စာတတ်မတတ်ဟာ တော်လှန်ရေးတွေလုပ်တာ တော်လှန်ရေးတွေကို နှိပ်ကွပ်တဲ့ နေရာမှာ အရေးအကြီးဆုံးကဏ္ဍတစ်ခုဆိုတာသက်သေလိုဖြစ်လာတယ်
'''အကြောက်တရားဋီကာ..''
'''အကြောက်တရားဋီကာ..''
------
ကြောက်မိနေတာတွေရယ် ၊ ကြောက်ရမယ်ဆိုတဲ့ အရာတွေရယ် ၊ ကြောက်သင့် တယ်ဆိုတဲ့ ကိစ္စတွေရယ်ကို တွေးလိုက်ရင် ကြောက်စရာကိစ္စတွေက ခေါင်းစဉ်မျိုစုံနဲ့  အတော့် ကို များပြားလှတာကို တွေ့ ရတယ်...
ဘယ်တုန်းက ဘယ်ခေါင်းစဉ်နဲ့  စကြောက်မိသွားတာလဲ ဆိုတာကို ထပ်တွေးပြန်တော့ အဲ့ မှာ တစ်ယောက်ချင်းရဲ့ အကြောက်တရားကိစ္စတွေက တစ်မျိုး နဲ့ လူအုပ်စုလိုက်ကြီး ကြောက်ရမယ့် ကိစ္စတွေဆိုပြီး အကြောက်တရားကိစ္စကြီး နှစ်မျိုးကွဲသွားတာ ထပ်တွေ့ ရပြန်တယ်....
Saturday, February 21, 2015
'' ကြက်တန်း...''
'' ကြက်တန်း...''
-----------------
ကြက်သားရောင်းတဲ့ ကြက်တန်းကြီးပဲဆိုကြပါစို့ ..ကြက်သားကြီးငယ် ဆိုက်ပေါင်းစုံရောင်းတဲ့ ကြက်သည်တွေ တန်းစီလို့ ပေါ့ ..ပုံမှန်ဝယ်လက်နဲ့ .သူ့ ဖေါက်သည်နဲ့ သူပါပဲ...အနဲနည်းအများ အလေးခိုးတတ်လေ့ ရှိတယ် ဒါကလည်း အစဉ်အလာဆိုတော့ ချိန်ခွင်လျှာတို့  ပေါင်ချိန်အလေးတို့  နဲနဲလေးမှ လက်မကစားလိုက်ရင် အပြစ်တစ်ခုလိုခံစားနေရတတ်လို့  နဲနဲလေး အချိန်ခိုးပေးမှ စိတ်လက်ပေါ့ ပါးကြတယ်..
တော်ကီကောင်းတဲ့ အသည် အပိုထည့် ပေးတတ်တဲ့ အသည် အနဲဆုံးသာ အချိန်ခိုးတဲ့ အသည် စသဖြင့် ပေါ့  သူ့ အသည်နဲ့ သူ အားနဲချက် အားသာချက်တွေ ရှိတယ်  တော်ကီမှာသာယာတဲ့ သူက တော်ကီဆီမှာဝယ်နေကျဖေါက်သည်ဖြစ်နေတယ် လက်သာပြီးများများရတာကြိုက်တဲ့ ဝယ်လက်က များများ ထည့် ပေးတဲ့ သူဆီမှာဝယ်နေကျပေါ့ ...ဒါအကျဉ်းချုပ်တာပါ
တစ်ခါတစ်လေ အဲ့ ကြက်တန်းမှာ ကြက်သည်ချင်းချင်း လေတိုက်ပွဲတွေ အော်ကြီး ဟစ်ကျယ်ဖြစ်ကုန်ရာကနေ  အိုဗာဖြစ်သွားတဲ့ အခါ ကြက်ခုတ်တဲ့ ဓားမကိုယ်စီဆွဲပြီး သတ်ကြတော့ တာပါပဲ....၊ စဖြစ်တဲ့  အကြောင်းအရာ အများဆုံးက ကိုယ့် ဆီက ဖေါက်သည်က ဟိုဖက် ကကြက်သည်ဆီပြောင်းပြီး သွားဝယ်လို့ ကစတာများတယ်..သဘောက တော်ကီပဲကောင်းပြီး လက်မသာတော့  ၀ယ်နေကျဖေါက်သည်က  တော်ကီသိပ်မကောင်းပေမယ်  လက်သာပြီး အသားတုံး အပိုလေး ဘာလေးထည့် ပေးတတ်တဲ့ ကြက်သည်ဆီပြောင်းဝယ်တယ်ပေါ့ လေ..ခေတ်က ကျပ်တည်းလာတော့ သဘာဝတော့ ကျသား...တော်ကီကောင်းတာက ဗိုက်ထဲကို တစ်ယောက်စာ ကြက်သားတုံးလေး ဘာလေး အပို ထွက်မလာတတ်ဖူးလေ...
Friday, February 20, 2015
ရာဇ၀င်များရဲ့ သတို့ သမီး (ကိုလေးဖြူ)
ငွေမြဲချင်လို့ တဲ့ ....
ငွေမြဲချင်လို့ တဲ့ ....
-----
ငွေမမြဲဘူးလို့  ငြီး အပြခံရတာကလည်း အကြားရဆုံးစကားလုံးပါ...သူတို့ သာ လာငြီးပြတာ ကျနော်ကိုယ်တိုင်ကလည်း ၀င်သမျှ မလောက်ပါဘူး သုံးပစ်သလားမမေးနဲ့ ဆိုတာမျိုးပါပဲ...ငိငိ..ဆရာဝန်တစ်ချို့ လိုပေါ့  သူများသာ ရောဂါတွေကုပေး ဆောင်ရန် ရှောင်ရန်တွေသာပြောပေးတာ သူကိုယ်တိုင်ကလည်း ရောဂါတစ်ခုခုကြောင့်  ဆေးလုံးတွေနဲ့ ပါးစပ်နဲ့ မပြတ်ဆိုသလိုပေါ့ 
အဲလိုလာငြီးပြရင် ဟုတ်ဟုတ် မဟုတ်ဟုတ် (အနဲဆုံး စိတ်သက်သာရာရစေဖို့ ပဲဖြစ်စေ ငွေအထွက်နဲသွားအောင် ပိုက်ဆံထားနေကျ နေရာမှာ သပြေညွန့် ခပ်သေးသေး လေး ထည့် ထားလိုက်ပါ တနင်္လာနေ့ မှာထည့် ပါ အညွန့် လေး အသစ်လဲရင်လည်း တနင်္လာနေ့မှပဲလဲပါ အချိန်နဲ့ ထည့် ချင်ရင် မနက် ၉-၁၀း၃၀ကြား ဖြစ်စေ နေ့ ၁၂-၁း၃၀ကြားဖြစ်စေ ည  ၉-၁၀း၃၀ကြားမှာဖြစ်စေထည့် ပါ အသစ်လဲပါ မီးခံသေတ္တာတွေ ငွေသိမ်းအံဆွဲတွေ စသဖြင့် တွေမှာထည့် ထားလို့ ရတယ်ပိုဓါတ်သက်ခိုင်ပါတယ်ပေါ့ 
လောကဓံကို အတွေးပြောင်းပြီး ရင်ဆိုင်ခဲ့ တာ ဒီလိုပါ
လောကဓံကို အတွေးပြောင်းပြီး ရင်ဆိုင်ခဲ့ တာ ဒီလိုပါ
--------
ကျနော်တို့ ဖအေကြီး ရုတ်တရက် ထဖေါက်ပြီး ဆေးရုံတင်လိုက်ရပါတယ်..၊ အတော် အသက်လုလိုက်ရပေမယ့်  နောက်ဆက်တွဲ သတင်းက ကျောက်ကပ်က အလုပ်မလုပ်တော့ ပါဘူးတဲ့ ..စက်ကူမှဆိုပါတော့ 
ဆရာဝန်မကြီးက အတော်သဘောကောင်းပြီး ဗမာပြည်အနေအထားနဲ့  စက်နဲ့ ဆေးရမယ့် ကိစ္စအထိမဖြစ်အောင်ထိမ်းကြည့် ပါသေးတယ်..ဒါပေမယ့်  မရတော့ ပါဘူး..မတတ်သာလွန်းလို့ နောက်ဆုံးကျနော်တို့ ကိုခေါ်တိုင်ပင်ပါတယ်...တစ်သက်တာဆေးရမှာ ဖြစ်တဲ့ အကြောင်းနဲ့ အကြမ်းဖျင်းကုန်ကျစားရိပ်တွေအကြောင်းပေါ့  ပြီးတော့  ရက်ပိုင်းအတွင်း ဆုံးဖြတ်ပါလို့ ပါ ပါသေးတယ်...ပြီးတော့  မဆေးရင်လဲ ရက်ပိုင်းပါပဲပေါ့ ..စဉ်းစားပါပေါ့  ...
Thursday, February 19, 2015
'' ခြုံယူဆင်ခြင်ပညာရေးသဘော ''
ခြုံယူဆင်ခြင်ပညာရေးသဘော
------
အများကြီးသဘောကို လွှမ်းခြုံကြည့် တတ်ဖို့  ( အဲ့ လိုရေးရင် ဆရာလာကျတယ်လုပ်ချင်လုပ်နေဦးမှာ ငိငိ) အဲ လွှမ်းခြုံကြည့် ကြည့် ပါလို့ ပြောရမလိုပေါ့ ..သမိုင်းဖြစ်စဉ်ကြီးထဲမှာလည်း တက္ကသိုလ် ကောလိပ်တက်ရောက်ဖို့ ဆိုတာ အလွှာအဆင့် တစ်ခုလောက်ရောက်မှ တက် နိုင်အောင်. လုပ်ထားပြီး .သင်ပေးတော့ လည်း ကိုလိုနီ ယန္တရား လည်ပတ်နေဖို့ လောက် အဓိကထားသင်ပေးတာမျိုး..တကယ့် ခေတ်ပညာတွေ ထူးချွန်စေဖို့ မဟုတ်ခဲ့ လို့  အများစု တစ်ပြည်လုံးလိုလို ဒေသအသီးသီးမှာ.က အယူဝါဒ အခြေပြု ဘုန်းတော်ကြီး ကျောင်းပညာရေး စနစ်နဲ့ တင်ပြီးခဲ့ ရတာများတယ်ပေါ့ ..
ဒါတောင် မိန်းကလေးဆိုတာသေစာ ရှင်စာလောက်ဖတ်နိုင်ရင်တော်ရောပေါ့ ဆိုတဲ့ ခေတ်က နောက်ကြောင်း ပြန်လိုက်ကြည့် ရင် စစ်ပြီးခေတ်အထိ တွင်ကျယ်နေတုန်းပဲ..အဲ့ ဒီ သေစာ ရှင်စာလေးတောင် မဖတ် မရေးတတ်တဲ့ သူက အများကြီး ရှိနေသေးလို့  ၀ထကလသ ဆိုပြီး အသုံးလုံးတောင်ထကျေလိုက်ပေးရသေးတယ်...သေခြာတာက အသုံးလုံးကျေ ပညာရေးလေး လုပ်ပေးထားယုံလောက်နဲ့ ရေနံချက်စက်ရုံတို့  ကားထုတ်လုပ်ရေးတို့  ကျည်ဆံရထားကြီးဖြစ်လာဖို့ တို့  လကမ္ဘာကိုဟန်းနီးမွန်းထွက်ချင်တယ်တို့ ဆက်သွယ်ရေးဂြိုလ်တု ထပစ်တင်ဖို့ တို့ တော့  မရနိုင်ပေဘူး...။။
''အမြင်တွေကွဲတဲ့ အခါ...''
''အမြင်တွေကွဲတဲ့ အခါ...''
-------------
ဒါနဲ့  မီဒီယာဆက်သွယ်မှု့ တွေက အများဆိုင်ရာမှာအားနဲနေတုန်းက အာဖဂန်မှာ ရှိတဲ့  ရှေးအကျဆုံး လက်ရာတွေထဲက တစ်ခုဖြစ်တဲ့  ဗုဒ္ဓရုပ်ပွားတော် ရပ်တော်မူအမြင့် စားကြီးတွေကို တာလီဘန်တွေက သူတို့ အယူ မဟုတ်လို့ မထားဆိုပြီး မိုင်းခွဲလိုက်တော့  ကမ္ဘာလုံးဆိုင်ရာ တုန်လှုပ် ခြောက်ခြားမှု့ တွေဖြစ်ကုန်တယ်ပေါ့ ..
''အဓမ္မလက်ကြားက အတ္တဓမ္မရဲ့ ဝေဒနာသည်တွေရယ်ပါလေ...''
''အဓမ္မလက်ကြားက အတ္တဓမ္မရဲ့ ဝေဒနာသည်တွေရယ်ပါလေ...''
----------
တစ်ခါတစ်လေ 
ကိုယ့် ဟာကိုယ်သာ လန်းနေတာ 
နွမ်းလျအိမ်ပြန်ခက်နေရတဲ့ ဘ၀တွေရဲ့ ဒုက္ခတရားတွေ 
ကိုယ့် ရင်ထဲ သောကလှိုင်းတွေ အဖြစ် ရိုက်ခတ်လာတဲ့ အခါ ...
အနတ္တဓမ္မလောကရဲ့  အဓမ္မလက်ကြား အတ္တဇော ဒေသနာတွေ ဟောကြားရက်မှာလားရယ်လို့ ...
စေတနာဒေါသောတွေ နှလုံးသားထဲဖွဲ့ တည် ....
ကြည်လင်မှု့ မရှိတော့ တဲ့ အာရုံနဲ့ 
ကိုယ်ရေးကိုယ်တာတွေရေးဖွဲ့ ရမှာ အားနာပါတယ်လေလို့ သာ.....
အဖြေရှာရခက်တဲ့  မရေရာအနာဂတ်တွေအကြောင်းတွေကြား
နေသာသလိုမနေရက်ခဲ့ တော့ ..
ကျနော်ရယ်လေ....
စာတိုပေစ ဘ၀အတွေ့ အကြုံလေးတွေတောင်မှ 
ရေးပြရခက်...။
Wednesday, February 18, 2015
''စောစောကတက်ကြွနေတဲ့  လက်ကြီးက လေထဲတန်းလန်းကြီး.''
''စောစောကတက်ကြွနေတဲ့  လက်ကြီးက လေထဲတန်းလန်းကြီး.''
---------------
နားအကြားနဲ့ မျောခဲ့ ဘူးတာလေးတစ်ခုပြောရရင် မှောင်ခိုဈေးဆိုတဲ စိန်ဂျွန်းဈေးခေတ် နှောင်းလောက်ရောက်ခါနီးလုလုပေါ့  ..ယိုဒယားနယ်စပ်အခြေပြု မာနယ်ပလောတို့ သေဘောဘိုးတို့ မှာ ရန်ကုန်မှာတောင် ဘောစိတွေလောက်ပဲသုံးနိုင်သေးတဲ့ ဖိုးဝှီးလ်ဒရိုက်ကားကြီးတွေ နဲ့ စည်ကားနေပုံကို ယိုးဒယားပစ္စည်းတွေ မှောင်ခိုကုန်ကူးနေတဲ့  အမျိုးတွေတင်စားပြောနေပုံက နတ်ဘုံလောက်နီးနီးပဲ...
အပြောကောင်းချက်က ကိုယ်တွေပါ အိမ်ပစ်ပြီး လိုက်သွား နေချင်စရာ ကောင်းလောက်အောင်ပေါ့  ထိုင်းမှာစည်ကားနေပုံကလည်း ဒူးအော်ဖစ်လို တီလုံးတို့ ဒေးဗစ်တစ်ချမ်းတို့ လို့ ဟောင်ကောင် မင်းသားကားတွေကနေ မြင်နေရလို့  ထိုင်းနယ်စပ်ဆိုတော့  နတ်ပြည် လောက် နီးနီးစည်နေပြီဆိုတာ ဟုတ်လောက်မှာပဲလေ...ပေါ့...
အမျိုးတွေပြောပုံကိုက သူတို့ တွေအင်အားကြီးနေပုံက အစိုးရတပ်တွေတောင် သွားတိုက်ဖို့ မလွယ်သလိုလို....နောက်တော့  အဲ့ စခန်းတွေက ကွိုင်ရော...ကွိုင်တော့  ရှာရဖွေရတာညစ်နေတာ ရိုက်ကွက်ကောင်စီဥက္ကဌကစပြီး နိုင်ငံတော်ကောင်စီဝင်တွေအထိ အာရုံမလာတော့ လောက်အောင် ဗိုလ်ကျနေတာကိုလှိမ့် ခံနေရတာ..အစစရှားပါးနေတော့  အတော်လန်းနေတယ်ဆိုတဲ့ ထိုင်းနယ်စပ် စခန်းကြီးတွေကို  ကိုယ်တွေက နဂိုကကို ကိုယ်တွေထက်ထောနေရပါ့ မလားလို့  မနာလို တိုရှည်တွေဖြစ်နေတုန်းဆိုတော့  လက်ခုပ်တွေတီး သြဘာတွေပေး..ကိုင်းးးဘာတတ်နိုင်သေးတုန်း..ငါတို့ ဗမာ့ တပ်မတော်ကို အချဉ်တွေများ ထင်နေလို့ လားဟေ...ဒါပဲပေါ့ ..ဘာညာနဲ့  လက်သီး လက်မောင်းတန်းပြီး တက်ကြွပြတုန်း.......
''မှန်သောစကားကို ''
နေရာတကာ အမှန်တရားပြောသင့် မသင့်  ဆိုတဲ့ ကိစ္စက ငြင်းရခုန်ရတာ ၀ါသနာကြီးတဲ့ သူတွေကြားမှာ ခေါင်းစဉ်တစ်ခုတင်ပြီး တော်ကီထုလို့ ကောင်းတဲ့ သဘောရှိပါ့ ရဲ့ ဗျာ..ဒါပေမယ့်  အဲ့ လို တော်ကီပွား နေကြလူတွေအများစုက  တကယ့် လက်တွေ့ ဘ၀မှာဆိုရင်တော့  မီးစင်ကြည့် က ပြောလိုက် တတ်ကြတာက အများစုပါလေ ဆိုတာမျိုး တွက်ဆလို့ ရတာကလည်း အံ့ ချက်ပါလေ လို့  ဆိုရမလိုပါပဲဗျာ့ .....
ကိုယ့် ဟာကိုယ်သာ ''ငါတော့ အခြေအနေ အမှန်ကို အမှန်အတိုင်း ပြောလိုက်တယ်အေ..မကြိုက်လည်း မတတ်နိုင်ဘူး''. (အမှန်တရားလက်ကိုင်ထားသူကြီး ငါကွ ) လို့ သာ ခပ်တည်တည်နဲ့  ထင်နေတာ ကိုယ်ပြောလိုက်တယ် ထင်တဲ့  အမှန် ပြောလိုက်တယ်ဆိုတာ အမြင်ကို အထင်ကပ်ပြီး ပြောလိုက်တာလား ?အမှန်လား အမှားလားအဖြေပေါ်ပြီမို့ လို့  ကိုယ်ပြောတာ အမှန်တရားပြောတာလို့ မှတ်လိုက်တာလား? ဆိုတာ ကြားခဲ့ ရသမျှ အတော်များများကိုယ်ပြောခဲ့ တာကို  ကိုယ် ပြန်စဉ်းစားပုံမရတာကလည်း အံ့ တော်မူတစ်ပါးပါလေ...
အလေ့ အကျင့် .လက်ယဉ်ခြင်း.နဲ့ အစွဲ..
အလေ့ အကျင့် .လက်ယဉ်ခြင်း.နဲ့ အစွဲ..
လက်ယဉ်မှု့  သဘောကို ထည့် တွက်မိရင် လူတစ်ချို့ ဘာလို့ ရက်စက် လွယ်သလဲ လူအများစု ဘာလို့ ရက်စက်ဖို့ တွန့် ဆုတ်နေသလဲ ဆိုတာ ရိုးရိုးလေးပေါ်လာတယ်...
ဆဲနေကြလူမှ လွှတ်ကနဲဆို အသံထွက် ဆဲဖြစ်တယ် ဘုရားတနေကြလူက ရုတ်တရက်မှာ ဘုရားတလေ့ရှိတယ် ဆဲနေမကြရင် အလွယ်နဲ့ မဆဲဖြစ်သလို ထွေလီကာလီတွေလည်းစာဖွဲ့ ပြီး မဆဲတတ်ဖူး စိတ်ထဲမှာ အမေကို တန်ဘိုးထားပြီး အမေတနေကြလူက ရုတ်တရက် ခလုပ်တိုက်ရင် အမေ့  ပဲ..ဘာမှတနေမကြတဲ့ သူက ရုတ်တရက်လန့် ပြီဆို အားကနဲ တို့  ဟ တို့  လောက်ကစယောင်တယ်
ဒီသဘောကို လက်ခံနိုင်ပြီဆိုရင် ဘာလို့  လူတွေကို ခေါင်းဖြတ်တာ ရိုက်နှက်တာ လက်ယဉ်သလဲဆိုတာ တွက်ဆလို့ ရနိုင်သလို သေနတ်နဲ့ ပစ်သတ်တာ ဘာလို့ လွယ်သလဲဆိုတာလည်း ရိပ်မိနိုင်ပြီ..
ဒုတိယကမ္ဘာစစ်အပြီး စစ်အေးခေတ်မှာ စပိုင်တွေ အပြန်အလှန်လွှတ်တယ် ငယ်ငယ်ကတည်းက စပိုင်လွှတ်ထား ၀င်ရောထားစေတယ် နောက်တော့ မိတယ် အနှစ်နှစ်ဆယ်ကျော်လောက် စနစ်တစ်ကျလေ့ ကျင့် ပြီး နိုင်ငံသားလုပ်ထားတော့ တစ်ဖက်နိုင်ငံသားဖြစ်ကြောင်းဖေါ်မရဘူး ရုတ်တရက် လှန့် လိုက်တယ် လန့် ပြီး ယောင်လိုက်တာက မူရင်း မိခင် နိုင်ငံသားဘာသာစကားနဲ့ ယောင်မိတယ် အဲ့ တစ်ချက်တည်းကို နင်းပြီး စစ်တယ် စပိုင်ဖြစ်ကြောင်းဝန်ခံလိုက်ရတယ်
.
အားလုံး သဘာဝကတော့  လုပ်နေကျ အကျင့် ကို လုပ်ဖြစ်ဖို့ လွယ်တယ်လို့ ဆိုတဲ့ သဘောပဲ လူဖြစ်လာပြီးနောက် ဘ၀ရဲ့ ပထမဦးဆုံး အရက် တစ်ပက် အာခံတွင်း ထဲရောက်ဖို့  ဘယ်လောက် ကြိုးစားယူခဲ့ ရသလဲ...သေခြာတာတော့  အရက်သောက်ဖူတဲ့ အကြိမ်ရေ အတော်အသင့် ရှိခဲ့ ပြီဆိုရင် အခုနေ အရက် တစ်ပက်ပြန်သောက်မိဖို့ ဆိုတာ ဘ၀ရဲ့ ပထမဆုံး အရက်တစ်ပက်သောက်ဖူးဖို့ ကြိုးစားတုန်းကလောက် ခက်ခဲမှာ မဟုတ်တော့ ဘူး...
လုပ်နေကျ အပြုအမူ မြင်နေကျ အပြုအမူတွေကို လက်တွေတစ်ကြိမ်လောက် အစ လုပ်မိခဲ့ ပြီ လုပ်ဖူးလိုက်ပြီဆိုရင် လိုက်လုပ်မိဖို့  ဆက်လုပ်မိဖို့  သိပ်ခက်ခဲမနေတော့ ဘူး..ဒါကို တစ်တက်စားလည်း ကြက်သွန်သဘောလို့ စကားပမာဆိုကြတယ်..
ဒီအပြုအမူတွေရဲ့ အလေ့ အကျင့် ဖြစ်နေတဲ့ သဘောမှာ အမှားအမှန်တွေ သဘောထက် လုပ်နေကျ အလေ့ အကျင့်တွေ ရဲ့ သဘာဝကို ပြောတဲ့ သဘောလောက်ပါပဲ...ဒါကြောင့်  မီးဖိုချောင်က အိုးသူကြီးမတွေ အိမ်စားဖို့  ဟင်းချက်တော့  ငါးခေါင်းခုတ်ဖို့  ကြက်ခေါင်းခုတ်ဖို့  ပုဇွန်ခေါင်းချိုး ပုဇွန်ကျောခွံခွာပစ်လိုက်ဖို့  စိတ်ထဲမှာ တစ်ခြားသတ္တ၀ါတွေရဲ့  ဘော်ဒီကို လုပ်နေပါလာဆိုပြီး မတုန်လှုပ် ၀န်မလေးကြတဲ့ သဘော.။ ...။။။
Tuesday, February 17, 2015
''အမှန်တရားစစ်ပွဲများ''
'
'အမှန်တရားစစ်ပွဲများ''
---------
အမှန်တရားတစ် အမှန်တရားနှစ် အမှန်တရားသုံး.လေး..ငါး...
ဒီလိုနဲ့  အမှန်တရားဆိုတာ ဗဟုအမှန်တရားတွေဖြစ်လာ.
တစ်နေ့ မှာ အမှန်တရားတွေ 
သူ့ အမှန်တရားနဲ့ ကိုယ့် အမှန်တရား အချင်းများကြတော့ 
အမှန်တရားတွေ အမုန်းတွေဖြစ်လာကြ...ရန်တွေဖြစ်လာကြ
အမှန်တရားတွေ စစ်ပွဲတွေဖြစ်လာကြ
ဒီတော့ .....
အမှန်တရားတွေ သေကြကျေကြ မီးလောင်ကြ ပျက်ဆီးကြ
အမှန်တရားတွေ အိုးမဲ့ အိမ်မဲ့ ဖြစ်ကုန်ကြ စီးပွားတွေပျက်ကြ ဘ၀တွေပျက်ကြ
အမှန်တရားတွေ မုဆိုးဖိုတွေဖြစ်ကြ မုဆိုးမတွေဖြစ်ကြ
အမှန်တရားလင်သေ မယားသေ သားသေ သမီးသေတွေဖြစ်ကြ
အမှန်တရားတွေ အဖိုးသေ အဖွားသေ မြေးသေတွေဖြစ်ကြ
အမှန်တရားတွေ ခြေပြတ် လက်ပြတ်တွေဖြစ်လာကြ 
အမှန်တရားတွေ ငတ်ပြတ်ကုန်ကြ ဒုက္ခသည်တွေဖြစ်လာကြ
အမှန်တရားတွေ အနာဂတ်မဲ့ ကြ ပူဆွေးကြ
ဒါပေမယ့် .....
အမှန်တရားတွေ 
ကိုယ့် အမှန်တရားအတွက်ကိုယ် 
အမှန်တရားရန်တွေဖြစ်ကောင်းနေကြဆဲ
အမှန်တရားတွေ 
အမှန်တရားစစ်တွေဖြစ်ကောင်းနေကြဆဲ
ဒီလိုနဲ့ ပဲ
အမှန်တရားတွေ အကုန် မျိုးမကန်းမချင်း
အမှန်တရားစစ်ပွဲများ 
ပွဲပြီးနိုင်ဦးအံ့ မထင်...။  ။
Monday, February 16, 2015
''ကိန်းဂဏန်း အစွဲတွေ..''
'
'ကိန်းဂဏန်း အစွဲတွေ..''
-----
၁၃ တွေ ၄ တွေ ၈ စသဖြင့်  အဲ့ ဒီ ဂဏန်း ၂ လုံး အကြောင်းကို ပြောရင် အများအားဖြင့်  အဆိုးတရား ရှု့ ထောင့် ကပြောတာများတယ်...စနေဂြိုလ်လိုပဲ..တစ်ချို့ ကတော့  အဲ့  ဂဏန်းရက်တွေမှာမှ ဂွတ်တာလေးတွေ သွားသွား တိုက်ဆိုင်တော့ သူတို့ ကိုယ်ရေးကိုယ်တာအတွက်တော့  လပ်ကီးလို့ တောင်ဆိုကြသေးတယ်..
ဒါဆို ဘယ်ဟာက အမှန်တရားလို့ ယူမလဲ စဉ်းစားစရာရှိလာမယ်....၊ စဉ်းစားကြည့် ရင် လောကသုံးပါးဖြစ်စေ ၃၁ ဘုံဖြစ်စေ ၊ ကမ္ဘာကြီးဖြစ်စေ ၊ သံသရာလည်မှု့ ဖြစ်စေ အစွဲနဲ့ တည်ဆောက်ထားတာချည်းပဲ..အစွဲမရှိတော့ ဘူးဆိုရင်လည်း သံသရာကနေကျွတ်တန်းဝင်သွားလို့  အခု ကျနော်ရေးနေတဲ့ စာကိုတောင် လာဖတ်နေမှာ မဟုတ်တော့ ဘူး..
သဘောက လူတိုင်းဟာ ကိုယ့် အစွဲနဲ့ ကိုယ် ဒီကမ္ဘာကြီးမှာ ရှင်သန်ရင်း ရှိနေဆဲပဲလို့ ဆိုလိုက်တဲ့ ဆင်ခြင်မှု့ ပဲ။ ဒီတော့  တစ် နှစ်သုံးလေးကနေ သုည အထိ ဂဏန်း တွေကို စွဲတဲ့ သူလည်းရှိမယ် မစွဲတဲ့ သူလည်း ရှိလိမ့် မယ်။ စွဲပုံစွဲနည်းတွေလည်း သူ့ အကြောင်းပြချက်နဲ့ သူ အမျိုးမျိုးရှိမယ် မစွဲဘူးဆိုတဲ့ သူမှာလည်း သူ့ အကြောင်းပြချက်နဲ့ သူရှိလိမ့် မယ်..
Sunday, February 15, 2015
'' နဘယံ ဘေးမရှိ ''
ကျနော်သုံးနေကျ မြန်မာ့ ရိုးရာ အန္တရယ်ကင်း '' နဘယံ '' ဘေးမရှိ တစ်ကြောင်းဆွဲ စမ ဒီဇိုင်းလေးပါ၊ 
နငယ် နကင်းပိတ်ကိုပဲ ဗောဓိညောင်ရွက်ပုံစံကလေး အမြီးထွက် ဘ နဲ့ ယ ကို တစ်ဆက်တည်း ရေးတာပါပဲ....
( နမောဗုဒ္ဓဿ ကို စိတ်ထဲကနေ ရွတ်ပြီး အသက်အောင့် ဆွဲပါတယ်) ....(စိတ်ကူးတည့် သလိုသုံးချင်တဲ့ နေရာတစ်ပွဲတိုးအဖြစ်သုံးပါတယ်)
'' သူ့ အိုးနဲ့ သူ့ ဆန် ''
သူ့ အိုးနဲ့ သူ့ ဆန်
------
မြန်မာစကားရဲ့ ဆုံးမပဲ့ ပြင်မှု့ တွေ လမ်းညွှန်ပြမှု့ တွေဟာ အများအားဖြင့်  '' သူ့ အိုးနဲ့ သူ့ ဆန် ''သဘာဝကို ထည့် စဉ်းစားပြီးမှ ပြောဆိုလေ့ ရှိလို့  တစ်ချို့ ငယ်စဉ်က ကြားနာမှတ်သားခဲ့ ရဘူးတဲ့ စကားပမာတွေဟာ အသက်အရွယ်တွေ ပြောင်းလဲသွားတဲ့ အခါ စောဒကတက်စရာတွေ ဖြစ်လာလေ့ ရှိတယ်...
အမှန်တော့ စောဒက တက်မိတာ (၀ါ့ ) အမြင်ထောင့် ပြောင်းသွားတာဟာ ကိုယ်ကိုယ်တိုင်ရဲ့ အသက်အရွယ်ပြောင်းလဲမှု့ နဲ့ ဘ၀အတွေ့ အကြုံတွေပိုရလာလို့ သာဖြစ်တယ်..ဘာကြောင့် လဲဆိုတော့  ငယ်တုန်းက စကားပမာကို စောဒက မတက်မိပဲ အလွယ်တကူလက်ခံထားလိုက်ပါပဲ..၊
ဆိုပါတော့  စာမကျက်လို့ ပညာမတတ်ရင် ဟိုမှာကြည့်  ဆိုက်ကားနင်းစားနေရမယ်လို့  ခြိမ်းခြောက်ခံရတဲ့ အသက်ဟာ မူလတန်း ကလေးတွေ အရွယ်ကိုသာရပါတယ်ပေါ့ ..ကျောင်းပြီးခါနီးလူငယ်အရွယ်ကို သွားပြောရင်ဟာသပေါ့ ၊ အဲ ကျောင်းပြီးခါနီးလူငယ်ကိုလည်း အဲ့ ဒီလို စာမကျက်ရင်ဆိုက်ကား နင်းရလိမ့် မယ်လို့  ဘယ်အဖေအမေ အဖိုအဖွားက အဲ့ လိုလာခြိမ်းခြောက်လေ့ မရှိတော့ ပါဘူး..အကြောင်းက မူလတန်း ကလေး မဟုတ်တော့ လို့ ပါပဲ...
သံမဏိစိတ်ဓါတ်
 သံမဏိစိတ်ဓါတ်
---------------
''လူသတ်လက်နက် မကိုင်စွဲပဲ အတွေးအေခ်ါကို အတွေးအခေါ်နဲ့ တိုက်ရတာလောက် ခက်ခဲလွန်းတာ အချိန်ယူရတာ ရှိပါ့ ဦးမလား...တော်ယုံ့ ဇွဲစိတ်နဲ့  ရပါ့ မလား..'''
ဆိုပါတော့   ဆြာတော်အဆက်ဆက် လူပညာရှိအသီးသီးက  တိုက်လာတဲ့  မမှန်တဲ့ အယူတွေပါဆိုတဲ့  ရိုးရာဓလေ့ လို့ ဆိုတဲ့  နတ်ကိုးကွယ်မှု့ ကို ပုဂံခေတ်ကတည်းကစပြီး ခေတ်အဆက်ဆက် တိုက်လာတာ ဒီနေ့အထိ ဘယ်မှာ အမြစ်ပြတ်လို့ လဲ ဆိုတာကြည့် ရင် ထင်ရှားတယ်...။
တစ်ချို့ အတွေးအခေါ်တွေကတော့  လူ့ တစ်သက်တာ အတွင်းလောက်မှာပဲ တောက်ပ ထင်ရှားလာပြီး အဲ့ တစ်သက်တာအတွင်းလေးမှာတင် ပြန်လည် တိမ်မြုတ် ကျဆုံးသွားတာလဲတွေ့ နိုင်တယ်...
ဆိုလိုရင်းက အတွေးအခေါ်ကို အတွေးအခေါ်နဲ့ တိုက်ရတယ်ဆိုတာ လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲဆင်နွှဲရတဲ့ သဘာဝနဲ့ မတူဘူး..ပိုခက်ခဲတယ် ပိုပြီး စိတ်ဇွဲတွေကြီးမှ ဖြစ်နိုင်တယ်.ပိုပြီး နှလုံးရည်ပြည့် မှဖြစ်နိုင်တယ်...လူသာသေရင်သေပါစေ... ငါ မှန်တယ်လို့  ကိုင်စွဲထားတဲ့  အတွေးအခေါ်စိတ်ဓါတ်က ငါ့ အသက်တည်သ၍ မသေစေရ ဆိုတာမျိုးဟာ အလွန်ကြီးမားတဲ့  သံမဏိစိတ်ဓါတ်မျိုး ရှိမှဖြစ်နိုင်တယ်  ။
...မြင်သာယုံလေးတို့ ထိကြည့် တာပါပဲ...။
တိုင်းပြည်အင်အားရှိမှ တပ်မတော်အင်အားရှိမှာပါလေ...
တိုင်းပြည်အင်အားရှိမှ တပ်မတော်အင်အားရှိမှာပါလေ...
----------
တပ်မတော် အင်အားရှိအောင်လောက်ပဲ ညူ့ ဗုံးတွေဘက်ချည်း အာရုံကကျ တပ် လူအင်အားသာနင်းချဲ့ နေတော့  တိုင်းပြည်စီးပွားရေးက ခေတ်နဲ့ အညီလိုက် မဖွံ့ ဖြိုး..အဲ့ အချိန် သဘာဝ ကပ်ဘေးလည်းကြုံရော ....
ကိုယ့် ပြည်သူလူထုကို အုပ်ချုပ်သူတွေက မကျွေးနိုင်တော့ ပဲ ငတ်ပြတ်ကုန်လို့  ကယ်ပါ ယူပါဦး မပြောချင်လည်း...ကိုယ်တိုင် အဲ မှားလို့ ..ကမ္ဘာက ၀ိုင်းကူရ သူတို့ တစ်ချို့ တွေ ပြောသံကြားဖူးတဲ့  ကလားသမဂ္ဂက စာနပ်ရိက္ခာအဖွဲ့ ကြီးက အကူအညီတွေပို့ ရ ဆေးဝါးတွေပို့ ရနဲ့ ..ခဏခဏပါပဲ ဆောင်းတွင်းကပ်ဘေးခဏခဏဆိုက်လို့ စားစရာပြတ်လပ်နေပြီ ကမ္ဘာက ကူရပြန်ပြီး  သတင်းတွေထဲက ..မျောက်တွေကိုသာကြည့် ပါလေ့ ပေါ့ 
တစ်ချို့ ကိစ္စတွေမှာ တစ်ကြိမ်မျှပင် ''မှားခွင့် မရှိပါခြေ....''
တစ်ချို့ ကိစ္စတွေမှာ တစ်ကြိမ်မျှပင် ''မှားခွင့် မရှိပါခြေ....''
''စိတ်'' ''ရပ်ကွက်ထဲမှာလေ..'' ''စာ ''
စိတ်
-------
♭♫ ∮
စိတ် စိတ် စိတ်တွေဟာ အငြိမ်မနေတတ်တဲ့ မျောက်ထက်ကဲတဲ့ အကြောင်းး...
ကျွန်ုပ်..ကျွန်ုပ်..ကျွန်ုပ်..တို့ တွေကို ဆင်ခြင်နိုင်ဖို့ တဲ့ ထားရစ်ခဲ့ သတိစကား
ကြားဖူးပေမယ့်  မေ့ခဲ့ တယ် သြော်..အဖြစ်တစ်ခုကြုံလို့ သတိရလာပြီ...♭♫ ∮
စိတ်ကူးမိတဲ့ ဘာဘူကြီး.အဲ..အရာကြီး တစ်ခုဖြစ်လာဖို့  စိတ်ကူး (သို့ ) အတွေး ၁ % ၀ီရိယ ၉၉ % ဆိုတဲ့  လက်တွေ့ ထလုပ်လိုက်ပါလို့  တွန်းအားပေးတဲ့  စကားဟာ အတော်လေးကို ထင်ရှားသွားပါတယ်...။ ထောင့် ပြောင်းကြည့်  သမား တွေကလည်း..၉၉ % ၀ီရိယ အားထုတ်ဖြစ်အောင် ၁ % စိတ်ကူး (သို့ ) စိတ်ကူး စိတ်သန်း တစ်ခု (သို့ )...အတွေးတစ်ခု စတင် မတွေးမိပဲ ဖြစ်မလာနိုင်ပါဘူးလို့  ပြန်လည် ချေပကြပါတယ်..
'' ကိုယ်ကိုယ်တိုင် စစ်သွေးကြွ ''
ကိုယ်ကိုယ်တိုင် စစ်သွေးကြွ 
--------------
IS က စစ်သွေးကြွကောင်က သူတို့ ဖမ်းမိထားတဲ့  ဂျော်ဒန်က စစ်တိုက်လေယာဉ်မှုးကို သံလှောင်အိမ်ထဲထည့်  ဓါတ်ဆီတွေ လောင်းထား အဝေးကနေ မီးစနဲ့ တို့ လိုက်တော့  မြေပြင် တစ်လျှောက် မီးတန်းကြီးပြေးသွားပြီး ဓါတ်ဆီတွေ ဆွတ်ထားတဲ့ အဲ့ စစ်တိုက်လေယာဉ်မှုးကိုယ်ပေါ် ''၀ုန်း''ကနဲဆိုပြီး သွားထိ မီးထတောက်ပုံများ လူမီးလျံကြီးပေါ့ ...အားပါး အရက်စက်ဆုံးတွေထဲက အရက်စက်ဆုံးပါလားပေါ့ လေ. သားစားအရိုင်း တောကောင်တွေလို့ ဆိုတဲ့  ခြင်္သေ့ ကျား ၀ံပုလွေမြေခွေးတွေတောင် အဲ့ လို့ မလုပ်တာဖူး..ယုတ်အစွဆုံး ဒရက်ကူလာဆိုတာတွေ သရဲတစ္ဆေတွေလည်း အဲ့ လို့ လုပ်သတ်တာ တွေ့ ဖူးပါဘူးဗျာ.......
ကမ္ဘာတစ်ခွင်ပြဲပြဲစင် သတင်းပရိပ်သတ်အပေါင်း သူတော်ကောင်းကြီးတို့ တွေ ၀ိုင်းအော်လိုက်တာ ကျွက်ကျွက်ကိုညံသွားတာပါပဲ....ဂျော်ဒန်ခေါင်းဆောင်တွေဆိုတာ ဒေါသထွက်လွန်းလို့  အသားကို တဆတ်ဆတ်တောင်တုန်လို့  ( အဟိ..သွားကြည့် ထားသလိုလို ခိခိ)...အဲ...ပေါက်ကွဲပြီး ငါ့ နဲ့ ဘာသာတူ ဘရားသားဟုဒ်တွေဘာတွေ မရှိတော့ ဘူး လက်စားခြေမယ်ဟေ့  ထမင်းသာ ကောင်းကောင်း စားထားကြ..အဲ မှားလို့ ..အမဲသား သစ်ကုလားအုပ်သား ကောင်းကောင်းစားထားကြဆိုပြီးဖမ်းမိထားတဲ့  မိန်းမစစ်သွေးကြွကို နာရီပိုင်းအတွင်း ကိ..၊  '' ၀ရောာာာ ''  ''' ၀ရောာာာ ''' နဲ့  စစ်လေယာဉ်ကွင်း တွေကနေ တိုက်လေယာဉ်အုပ်တွေ ပျံတက်ပြီး  အားရပါးရ သွားလက်တုန့် ပြန်တော့ တာပေါ့ ...
Saturday, February 14, 2015
''ဟွန့်  ခေါ်ထားလိုက်လေ ...'' တဲ့ 
''ဟွန့်  ခေါ်ထားလိုက်လေ ...'' တဲ့ 
--------------
နော်တို့ ဟာမျိုးဟာနွယ်ကြီးဆိုတဲ့  အမျိုးထဲမှာ ပျော့ ပျော့ လေးနဲ့ နံတဲ့ ကြောင်ချီးလို့  ခေါ်ကြတဲ့ အရက်သမားလေးတစ်ယောက်ရှိပါတယ် ၊ ရုပ်ရည်က အဲ့ ခေတ်က ကျော်ဟိန်းအသေးစားလေးလို အသားလေးကလတ်လတ်နဲ့ ဆံပင်စလေးတွေကပါ ကောက်ကွေးကွေးလေး သနားကမားလေးနဲ့ တော်ကီက အရမ်းညက် လို့  သူ့ ရာဇ၀င်ကို မသိဘဲ ဖြတ်သွားဖြတ်လာနဲ့ ပထမဆုံးအကြိမ်တွေ့ လိုက်တဲ့ လူတိုင်းလိုလို သူ့ ဆို ပြိုကျသွားပြီး အိမ်တောင်ထမင်းစားကြွပါလို့ ပင့် ချင်စိတ်တွေ ကိုယ့် မှာရှိတဲ့ သုံးဝမ်းကွဲ နှမတွေအမတွေပါ ပေးစားလိုက်ချင်စိတ်တ်တွေဘာတွေ ပေါက်သွား လောက်အောင် ညက်ညောလှပါတယ်
သူ့ အကြောင်း အတွင်းသိအစင်းသိအမျိုးတွေက သူအိမ်လာလည်မှာတောင် လွှတ်ကြောက်ပါ. ..လူမမြင်ရသေးဘူး အမည်ကြားယုံနဲ့  ဘယ်သူ့ တွေကိုများ ဒုက္ခနဲ့ လှလှတွေပေးခဲ့ ပြန်ပါလိမ့် ပေါ့ ၊ သူ့ ခဏလာရင်တောင် ဟဲ့ ဟဲ့ ..ဘယ်သူ လာနေတယ်...ဘာညာနဲ့  အိမ်သားတွေ တစ်ယောက်နဲ့ တစ်ယောက် မက်စိတွေပို့  ဆစ်ဂနယ်နဲ့ ကွမ်းတစ်ယာပေါ့ ....အိမ်ထဲက ဘယ်ပစ္စည်းများ 'မ'သွားဦးမလဲ လို့  ကိုယ့် လုပ်လက်စအလုပ်တွေ ခဏရပ်ထားပြီး သူမပြန်မချင်း သူ့ ကို မျက်ခြေမပြတ်ကြည့် နေရတဲ့ ဘ၀၊ ဘယ်လောက်ကြည့် ထားထား ပါပါသွားတာချည်းပဲ ၊
သူ့ မိဘတွေ မောင်နှစ်မတွေကိုက သူ နှိပ်စက်တဲ့ ဒဏ် မခံနိုင်တော့ လွန်းးလို့  သူတို့ သားဟာ အကျင့် မကောင်း အရက်သမားဖြစ်ကြောင်း အိမ်လာလည်ရင် လက်မခံပါနဲ့ တို့  သတိထားပါတို့  သူလုပ်သမျှ တာဝန်ယူမည် မဟုတ်တို့ ကို ပေါ်တင်ကြီး ကျမတို့ ဟာ သူခိုးမျိုးပါလို့ မဆိုယုံတမြည်လေး လေသံလွှင့် ပေးထားရတော့ ဘ၀ပေါ့ ...ကြားလိုက်ရင်တော့  ဖြတ်သွားဖြတ်လာတွေက ဝေဖန်တတ်တဲ့ တောင်းဆိုး ပလုံးဆိုးဘာညာနဲ့ ရက်စက်လှချည့် လားလို့ ဝေဖန်လိုက်ရင် ပြန်ငေါ့ ပြောသေးတာ ''ဟွန့်  ခေါ်ထားလိုက်လေ ...'' တဲ့ 
Friday, February 13, 2015
'' ကမ္ဘာတစ်ခွင် စလောင်းခရီးလှည့် လည်စဉ်...''
ကမ္ဘာတစ်ခွင် စလောင်းခရီးလှည့် လည်စဉ်...
---
စစ်ပွဲတွေ အကြောရှည်နေတာ နဲ့  ပွဲတစ်ခုပြတ်သွားတဲ့  မတူညီတဲ့ အနေအထားတွေ ကို ကမ္ဘာတစ်ခွင်က စစ်တွေကြည့် ရင် ထင်သာမြင်သာရှိတဲ့ အနေအထား ၂ ခုကို တွေ့ ရလေ့ ရှိတာသတိထားမိတယ်..
စစ်တစ်ခု စတင်ဖို့ ဆိုတာ စအတိုက်ခံရမယ့် သူ နဲ့ လာတိုက်သူ လို့ ယေဘူယျ ၂ ချက်ရှိမယ်ပေါ့ လေ ၊ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းမှာ ထင်ရှားတဲ ဒေသဆိုင်ရာ စစ်ကြီးတွေ ဖြစ်ခဲ့  ဖြစ်ဆဲတွေ ရှိခဲ့ တာတွေလိုက်ကြည့် လိုက်ရင်  စစ်ပွဲတစ်ချို့ ပွဲပြတ်သွားတယ်၊ တစ်ချို့ စစ်ပွဲတွေကြတော့  ခုအထိ အကြောရှည်နေဆဲပေါ့ 
ပွဲပြတ်သွားတဲ့ စစ်ကြီးတွေထဲက ဒီဘက်ခေတ်မှာ မှာ အီရတ် နဲ့ လစ်ဗျား နဲ့ သီရိလင်္ကာက အထင်ရှားဆုံးပဲ ကမ်ပူးချား ဗီယက်နမ်ကရှေ့ ပိုင်းပေါ့ ၊ အဲ့ စစ်ကြီးတွေ ပြတ်ရတဲ့ အချက်မှာ အဓိက အချက်က အဲ့ နိုင်ငံတွေရဲ့ အဓိက အုပ်ချုပ်ရေး မြို့ တော်တွေကို တော်လှန်ရေးသမားတွေပြောပြော သူပုန်ဆိုဆို မဟာမိတ်တပ်ပေါင်းစုလို့ အမည်ပေးပေး..အဲ့ တော်လှန်ရေးလုပ်တဲ့ သူတွေက အပြီးတိုင် တက်သိမ်းနိုင်ခဲ့ လို့ ဆိုတာတွေ့ ရတယ် ၊ အီရပ်မှာဆဒန်ကို ဖဲ့ တဲ့ တော်လှန်ရေးသမားတွေက ဘက္ကဒက်ကို လစ်ဗျားမှာကဒါဖီကိုတော်လှန်တဲ့ အဖွဲ့ တွေက မြို့ တော် ထရီပိုလီကို ဗီယက်နမ်ကမ်ပူးချား တွေတုန်းကလည်း အဓိက အုပ်ချုပ်ရေး မြို့ တော်တွေကို စသဖြင့်  အပြီးတက်သိမ်းနိုင်လို့  အစိုးရတစ်ခု ပွဲသိမ်းသွားတဲ့ သဘော...နောက်ပိုင်း ကားဗုံးခွဲ လူဗုံးခွဲ ဘာညာက စစ်ပွဲကြီးဆိုတာထက် ပြောက်ကျား သဘောဖြစ်လို့  အစိုးရစနစ်လည်ပတ်မှု့ ယန္တယားကို သွားမထိလို့  အဲ့ နည်းက အစိုးရကို (သို့ ) စနစ်ကို အပြီးပွဲဖြတ်နိုင်ဘို့ ခက်မယ်၊ ကျူးဘားလဲ တော်လှန်ရေးသမားတွေလက်ထဲ မြို့ တော်ကျသွားလို့  ကက်စထရိုတို့ ချေဂွေဗားရားတို့ လက်ထဲ နိုင်ငံတော်အာဏာရောက် စနစ်ပါပြောင်းသွားတဲ့ သဘောပဲ။
'' သာကူမုန့် ဖက်ထုတ် ၊ ပဲပြုတ်နံပြား နဲ့  အင်ဖေါ်မာ''
သာကူမုန့် ဖက်ထုတ် ၊ ပဲပြုတ်နံပြား နဲ့  အင်ဖေါ်မာ
------------------------
ကြုံလို့ ပြောပြရရင် ကျနော်တို့ ဘက်မှာ ညသန်းခေါင်ကျော်မှ အသံအကျယ်ကြီးနဲ့ အော်ပြီး ညပိုင်းအဆာပြေအဖြစ်လာတတ်တဲ့  ယောက်ျားတွေ ရောင်းတဲ့  အသည် နှစ်သည်က သာကူမုန့် ဖက်ထုတ် နဲ့  ပဲပြုတ်နံပြားသည် ပါ။ အဲ့ နှစ်သည်မှာ သာကူမုန့် ဖက်ထုတ်သည်တစ်ချို့ က ထောက်လှန်ရေးသတင်း ပေးတို့  အင်ဖေါ်မာတို့  ဆိုပြီး မသင်္ကာကြလို့   သိပ်ဝယ်မစားဖြစ်ကြပေမယ့်  ပဲပြုတ်နံပြားက လာနေကျ လူငယ်တွေဖြစ်တာရယ် လူအပြောင်းအလဲ သိပ်မရှိတာရယ် အချိန်ကလည်း လာနေကျအချိန် မှန်နေတတ်တာများတာရယ် ပျောက်သွားခဲတာရယ်ကြောင့်  သန်းခေါင်ကျော် အမာစာ တစ်ခုခု စားချင်ရင် အဲ့ ပဲပြုတ်နံပြားသည် အော်သံစောင့် ပြီးဝယ်စားရတယ်...နံပြားက ပလာတာအပြော့ စားလိုမို့  အဲ့ နံပြားပေါ်ပဲပြုတ်ပုံ နောက်ကြက်သွန်နီဆီချက်နဲနဲဖြန်းပြီးကော်ပြန့် လိပ်လို လိပ် ပေး တယ် ...ပထမကာလတွေမှာ တစ်လိပ်ကို ၃၅ကျပ် နဲ့ ၃လိပ်တစ်ရာပေါ့ ။ နောက်တော့  တစ်လိပ် ၅၀ တွေဖြစ်လာတယ်။ ၂လိပ် ၃လိပ်လောက်ကို ရေနွေးပူပူ ကိုင်းဖန်ခွက်နဲ့ ဝါးမျှောလေး လုပ်လိုက်ရင် မနက်အထိအဆာခံနိုင်သွားတယ်။
''စုံစီနဖာစာတွေ...''
အကန့် တွေ အကန့် တွေ..
---------
.'''ကမ္ဘာမြေကို ဒုက္ခမပေးသူဖြစ်ရင်တောင်မဆိုးပါဘူးဆိုပြီးတော့ ပေါ့ '''
''ကိုယ့် အကြောင်းနဲ ကိုယ်..''
-----
.'''ကမ္ဘာမြေကို ဒုက္ခမပေးသူဖြစ်ရင်တောင်မဆိုးပါဘူးဆိုပြီးတော့ ပေါ့ '''
------
အဖြစ်အပျက် ၁
---
ငယ်ငယ်ကပါ..ကျနော့် အမေ ပြည်တွင်းစစ်ပြေးနဲ့  ကျနော့် အဖေ တောက မြို့ တက်တို့  ရန်ကုန်မှာဆုံပြီး ညားကြလေသတည်းပေါ့ ၊ ဘေ့ စစ်တွေချည်းမှာမှ အမေက စာတောင် မရေးတတ်ပါဘူး။ ဒါနဲ့ ၂ယောက်သား မယ်တစ်ရွက်မောင်တစ်ထမ်း တက်ညီလက်ညီ ရုန်းကန်ကြိုးစားလိုက်တာ လူတန်းစေ့လေးဖြစ်လာတယ်ဆိုပါတော့ ။ 
'''လူတန်းစေ့ ဆိုတာ အသေးသုံးလေးတွေကလွဲရင် ဘေးထုတ်သုံးဖို့ အပိုမရှိသေးတဲ့ သဘော'' ကိုဆိုလိုတာပါပဲ။အဲ့ အချိန်မှာ အမျိုးထဲက တစ်မိသားစု က ငွေလာချေးပါတယ်၊ အနေအထိုင် ကျစ်လစ်တဲ့ မိဘ၂ ပါးကို အပြင်ပန်းကကြည့် ပြီး ရေလျှံနေကြတယ်လို့ ထင်ပုံရပါတယ်၊ အဲ့ ဒီအခါမှာ လူတန်းစေ့ မလို့ ကြံခါရှိသေးတဲ့ မိဘ ၂ ပါးက မချေးလိုက်ဘူးပေါ့ ။ အဲ့ ဒီမှုာ ငွေလာချေးတဲ့  မိသားစုက ရှိရဲ့ သားနဲ့ မချေးလိုက်ရကောင်းလားဆိုပြီး အကြီးအကျယ် စိတ်ကောက်သွားပြီးမခေါ်နိုင်မပြောနိုင် ဖြစ်သွားတာ ဆယ်စုနှစ်တွေနဲ့ ချည်ပြီးကြာပါတယ်။ 
Thursday, February 12, 2015
Friday 13 စာကိုစီ
---
ဒီနေ့ က ဖေဖေါ်ဝါရီ ၁၃မှာ ဗိုလ်ချုပ်မွေးနေ့ ပါ တစ်ထောင့် ကိုးရာ တစ်ဆယ့် ငါး ရှေ့ နေဦးဖါသား ဇာတိနတ်မောက်မကွေးခရိုင် ဘာညာ ဆိုတဲ့ နေ့ ပေါ့ ၊ ဘုရားစာဂါထာတစ်ပုဒ်ကို ကျက်ထားပြီး ကောင်းကောင်း ရသွားရင် မမေ့ လွယ်တော့ ပဲ အိုစနာ ကျသွားတဲ့ အထိ မှတ်မိနေတတ်သလိုမျိုး မှတ်မိနေတာ  ဗိုလ်ချုပ်မွေးနေ့ ကဗျာလေးလည်း ပါတယ်ဗျ..နှလုံးသားအစစ်တွေနဲ့  စွန့် လွှတ်စွန့် စားခဲ့ တဲ့  လူစွမ်းကောင်းတွေရဲ့ ရာဇ၀င်ဆိုတာ အဲ့ ဒီလိုကိုဖြစ်နေတာ ချစ်ပါချစ်ပါ ကျေးဇူးရှင်ကြီးပါ ဘာညာ နဲ့  အတင်း ရိုက်သွင်း နေစရာတောင် မလိုဘူးရယ် သူတို့ တွေ တိုင်းပြည်အတွက် ဘာတွေလုပ်ခဲ့ သလဲကို ရာဇ၀င် နဲနဲခင်းပြလိုက်တာနဲ့  ကြည်ညိုသွားတော့ တာမျိုးပဲ ..အဲ့ ဒါနဲ့ ပဲ အတင်းတိုက်တွန်းပြနေစရာမလိုပဲ လွှတ်စည်နေတဲ့  ရာပြည့် ပွဲ စည်ချက်ကလည်း လွှတ်စည်ပဲ.ဆိုပြီးဖြစ်လာတော့ တာမျိုးပဲ...၊
'' နေ့ သားတွေရဲ့ စိတ်နေစိတ်ထားတဲ့ ..''
နေ့ သားတွေရဲ့ စိတ်နေစိတ်ထားတဲ့ ..
------------
နေ့ သားတွေရဲ့ စိတ်နေစိတ်ထားတဲ့ ....မေးတာတိုသလောက် ကျယ်တာမှလွှတ်ကျယ်။
ဒီလိုဗျာ.A သွေးဆိုဘယ်လို B သွေးဆိုဘယ်လိုလို့ စိတ်နေစိတ်ထားတွေကို ဗေဒင်ဟောပြနေတာ အွန်လိုင်းက လူတွေ မဖတ်ဖူးတဲ့ သူ မရှိသလောက်ပါနော် ။ အဲ့ ထဲမှာ သွေးအမျိုးအစားအကုန်လုံး အသေးစိတ် တစ်ကြောင်းချင်း တစ်ပါဒချင်း လိုက်ဖတ်ကြည့် တဲ့ လူ ထက်  ကိုယ့် သွေး အမျိုးအစားကိုသာ အသေအခြာဖတ်ကြည့် တဲ့ လူက ပိုများမယ်လို့ ထင်ပါတယ် ကျန်တဲ့ သွေးအုပ်စု အဟောတွေကိုတော့ အပေါ်ယံဖတ် ၊ဖတ်ပြီးမေ့ ပေါ့ ။ 
အဲ့ သွေးအမျိုးအစားတွေအကုန်လုံးကို အသေအခြာလိုက်ဖတ်ရင် တကယ်တော့  အခြေခံစိတ်တွေက သိပ်မကွဲလှပါဘူးနဲနဲပါးပါးလေးသာကွဲတာပါ ၊ အဲ့ တာ ဘာကြောင့် လဲဆိုရင် လူ့ ဗီဇလက္ခဏာတွေဟာ မျိုးနွယ်ဗီဇ အခြေခံဗီဇအရ အတူတူတွေချည်းပဲဖြစ်နေလို့ ပါပဲ..ဥပမာ ခွေး ဗီဇတစ်ခုမှာ  ခွေးတွေအုပ်စုလိုက် အူရင် အိမ်ထဲက ဘောစိခွေးတောင် မနေနိုင်တော့ ပဲ ရောပြီးလိုက်အူမိတော့ တဲ့ သဘောမျိုးပေါ့ ။.
''သော့ '''
သော့ 
-------
အိမ့် ပြင်ပသူခိုးအတွက်တော့  အတိုင်းအတာတစ်ခုအထိတော့ ကာကွယ်ပေးနိုင်ပါတယ်..
အိမ်တွင်း သူခိုးရှိနေရင်တော့  သိပ်အသုံးမတည့် လှ...
ဘယ်ပစ္စည်း ဘယ်နေရာချထားထား မပျောက်မရှဟု စိတ်မချရပါလေ....
----------
ငယ်ငယ်တုံးကပေါ့ ...နောက်ဖေး လမ်းကြားပဲခြားတဲ့  တစ်ဖက်မှာလည်း တိုက်ကြီးတွေ ရှိပါတယ်..၃ထပ်တိုက်က အမြင့် ဆုံးဖြစ်နေတဲ့ အချိန်ပါ။ ကိုယ့် အခန်းနဲ့ မျက်စောင်း ထိုးမှာ သုံးထပ် တိုက်ကြီး တစ်ခုလုံးကို တစ်မိသားစုထဲနေတဲ့  ဘောစိတွေရှိပါတယ်
အဲ့ အိမ်မှာ အိမ်အကူတွေပါရှိပြီး သားတွေလည်းရှိပါတယ်..သားတစ်ယောက်က သိပ်ဆိုးပါတယ်..အဆိုးရဲ့ ဂိတ်ဆုံး N0 4 တက်ထိုးနေတဲ့ အထိဆိုးပါတယ် ၊ အဲ့ သား ဆေးဂျွိင်းပြီး တုတ်သမားဖြစ်နေတာ တစ်မြို့ နယ်လုံး သိနေပြီဆိုပါတော့ ၊ ဒါပေမယ့်  မိဘတွေဘောစိ တွေဖြစ်တာရယ် ပေါက်ရောက်တာရယ်ကြောင့် စီမံချက်ရှိရင်တောင် အမြဲလွတ်နေလေ့ရှိပါတယ် ။ အိမ်က ပစ္စည်းတွေသမလွန်းလို့  အဲ့ အိမ်မှာ အမြဲပူညံပွက်လောရိုက်နေတတ်တာ အောက်ဖက် ခပ်လှမ်းလှမ်းကိုယ့် အခန်းကပါ ကြားနေရလေ့ရှိပါတယ်...
'' သံယောဇဉ်တွေ လွန်တဲ့ အခါ...''
'' သံယောဇဉ်တွေ လွန်တဲ့ အခါ...''
----
၉လလောက် မအေ ရဲ့ အဆုပ်ကင်ဆာ ရောဂါဒဏ် အောက်မှာ စိတ်ပမ်း လူနွမ်းနဲ့ တစ်မိသားစုလုံး အလူးအလဲ ခံလိုက်ရပြီးတဲ့ အခါမှာ အမေဟာ အဆုံးသတ်ကို ဆိုက် ရောက် သွားပါတော့ တယ်..အကောင်းဖက် ကလှည့် တွေးမယ်ဆိုရင်တော့  ရင်ခေါင်းတွင်းမှာပူလောင်ပြင်းထန်လှတဲ့ အပူနာ ဝေဒနာကနေ လွတ်မြောက်ခွင့် ရသွားပြီပေါ့ လေ...
နိဂုံးချုပ်ခါနီး ညဦးပိုင်း အလို ကတည်းက အခြေအနေတွေ ရိပ်မိနေတာနဲ့  သူငယ်ချင်းတွေ နီးစပ်ရာ အမျိုးတွေနဲ့ အိမ်မှာ လူစည်နေပါပြီ..ဒီတော့  သူငယ်ချင်း ဆရာဝန်က မျက်လုံးလေးပိတ် ငြိမ်ကျသွားတဲ့ မအေ့ ရဲ့ မျက်လွှာလေးကို လှန်ကြည့်  ဓါတ်မီးနဲ့ ထိုးသွေးစမ်းပြီးတဲ့ အခါ မရှိတော့ ဘူးလို့ အတည်ပြုလိုက်ပါပြီ..ဆရာဝန်ရဲ့ အတည်ပြုချက် ခေါင်းတစ်ချက် အဆတ်ကို နောက်ကနေ ၀ိုင်းအုံကြည့်  သတင်းစောင့် နေတဲ့  .မိသားစုဝင်တွေနဲ့ အမျိုးထဲက အမျိုးသမီးတွေရဲ့ ရှိုက်သံသဲ့ သဲ့ တွေ  တီးတိုးတမ်းတ ရေရွတ် လိုက်သံတွေဟာ စီကနဲကြားလိုက်ရပါပြီ....
ဒီတော့ နာရေးအတွက် ပြင်ကြဆင်ကြဖို့ လုပ်ရပြီပေါ့ လေ.၊ မိသားစုအတွင်း အနှစ်၃၀၀န်းကျင်အတွင်း ပထမဆုံးကြုံရတဲ့  တကယ့် သံယောဇဉ်ရဲ့ နာရေးဖြစ်လို့  အကောင်းဆုံးတွေ လုပ်ပေးလိုက်ချင်ကြပါတယ်၊ အမျိုးထဲမှာလည်း သဘောကောင်းပြီး လူမှု့ ဝတ္တရားကျေပြွန်သူလို့ ထင်ရှားသူဖြစ်နေလို့ အမျိုးတွေ ရောက်လာတာ တစ်ဖွဲဖွဲပေါ့ ၊ ရိုးရာအစဉ်အလာအရ အိမ်မှာရှိတဲ့ ကြည့် မှန်တွေကို အ၀တ်နဲ့ လိုက်အုပ်သူ၊ ဓါတ်ပုံတွေ မှောက်လျက်လှန်ပေးသူ၊ ကုတင်ပြင်သူ အိပ်ယာခင်းသူ ဖုံးဆက်ပြီး ဘယ်သူဘယ်ဝါကို အကြောင်းကြားပါလို့ ပြောကြ ဖုံးတွေ တဂွမ်ဂွမ်ဆက်ကြနဲ့  အတော့် ကို လှုပ်လှုပ် ရှားရှားးရှိလှ တဲ့ နာရေးတစ်ခုအသွင်ဖြစ်လာပါတယ်...
Wednesday, February 11, 2015
'' လွတ်လပ်အတွေး..''
လွတ်လပ်အတွေး..
--------
ငယ်ငယ်က သင်ပေးခံရတဲ့ မတ်စိက ''စည်းလုံးခြင်းသည်ခွန်အားလို့ ''မှတ်ပါတဲ့ ...
နောက်တော့ ကလီကမာတွေ တွေးမိလာတာက
 လွှစက်နဲ့ ဖြတ်ရင် လွယ်လွယ်လေးတို့ 
ဒူးခေါင်း တော်တော်နာမှာပဲ..တို့ စသဖြင့် ပေါ့ လေ...
သဘောက..ဘော်ဒီကို ချုပ်နှောင်ထားလို့ ရနိုင်ပေမယ့် 
လူ့ အတွေး သဘောကိုတော့ ဒီလိုမျိုးပဲ တွေးရမယ် မှတ်ထားရမယ်လို့  လုပ်ရတာခက်တယ်ပေးလိုက်တဲ့ မတ်စိ တစ်စိထဲ တစ်သက်လုံး သုံးနေမယ် တွက်ထားလို့ မရဘူးပေါ့ လေ....
အခုခေတ်မှာ လက်ဆွဲ လွှစက်တွေ ပေါ်လာတော့  ဒီလိုတွေ တွေးမိတာလား ၊ စကတည်း အဲ့ လိုကပ်သီးကပ်သတ်တွေ တွေးတတ်လို့ လားတော့ မကွဲ...ခ်ခ်
''ပညာသဘော ၊ စာသီအိုရီ။ အဟောဆရာ နဲ့ ဗေဒင်မေးသူ '''
သိုင်းပြောင်းပြန်ရဲ့ သဘောက သမားရိုးကျ အကွက်တွေကြားက စတင် သင်ကြားရတဲ့  သိုင်းပညာတွေမျိုး သဘောမဆန်တော့ ပဲ လွတ်လပ်ပြီး တစ်ဖက်ကလာတဲ့ 
ရန်ဘက်ရဲ့ အခြေအနေကြည့် ပြီး အလိုက်သင့် ပြန်တုန့်ပြန်တဲ  တိုက်ခိုက်ရေး ပညာ တစ်မျိုးပါပဲ..စနစ်ဇယား ပုံသေ မထားတဲ့ စနစ်ဇယားကျတဲ့ ပညာ တစ်မျိုးဖြစ်လို့ 
သိုင်းပြောင်းပြန်လို့ ဆိုပါတယ်..သူ့ လိုရင်းက အမြန်ဆုံးတုန့် ပြန်ဖို့  '''လူ့ တစ်ကိုယ်လုံးကို လက်နက်အဖြစ်'' မူလသိုင်းပညာရပ်တွေထဲက နည်းစနစ်တွေကို ခြုံ့ ပြီး ကြုံသလို သုံးသွားတဲ့ သဘောမျိုးလို့ ဆိုတယ်...ဆိုလိုတာက '''စည်းဘောင်အတွင်းကနေ လွတ်လွတ်လပ်လပ် ပြန်တိုက်ခိုက်တဲ့ သဘောပေါ့ .'''.
'' အကောင်းမြင်ခန်း..''
'
'ပျက်နေတဲ့ ကိစ္စတွေကို အပျက် သဘောနဲ့ မကြည့် ပါနဲ့  အကောင်းမြင်ပေးတာ စိတ်သက်သာတဲ့ ဗျ ..''
'' ငင်...မကောင်းလို့  ပျက်နေပါတယ်ဆိုမှ...ဘိုလုပ်.?..'''
'' သြော် ဒီလိုဗျာ...၀င်လာစကတည်က ဈေးပေါပေါနဲ့ ဝယ်ဝယ်သုံးတဲ့  တရုပ် တိုင်ကပ်နာရီ အစုတ်အပျက်တွေ အိမ်မှာ များနေပြီ မဟုတ်လား အဲ့ ဒါ့ ကို တရုပ်လုပ်ဆိုတိုင်း ပျက်တာမြန်လိုက်တာလို့  အဆိုးမမြင်ဘဲ လမ်းထဲလာတဲ့ အဟောင်းအစုတ်ဝယ်တဲ့ လူထဲ ရောင်းလိုက်ရင် လက်ဘက်ရည်ဖိုးတော့ ရသေးသား ဆိုတဲ့ အကောင်းမြင် သဘောလေးပေါ့ ဗျားး..'''
''' ညယ်...တရုပ်နာရီအပျက်အစုတ်တွေများ အလကားပေးတောင် လက်တွန်းလှည်းထဲ ရှုပ်လို့ တဲ့ ယူကြဘူးရယ်....အငှင့် ..'''
''ငင့် ...အာ့  ဥပမာပေးတာလေ...ကိုင်းဗျာ..မယူလည်း အမှိုက်ပုံသွားပစ်လိုက်တော့  အိမ်မှာ အပျက်အစုတ်အပုံတွေကြား ကြွက်သိုက်တွေဘာတွေ လာမရှုတ်တော့ ဘူးဗျာ..ကဲ..ဒဂဒဲ  ကြံဖန်ပြီး အကောင်းမြင်ပေးပါလို့ ဆိုတဲ့ ဟာ....'''
'''ဟီးးးး...နို့ .အဲ့ လို့  ကြံဖန်ပြီး အကောင်းမြင်ပေးရမယ်လို့ .တိမှ မတိတာကြီးကိုးးး...ချိတ်ကြီးပဲ..ခ်ခ်..'''
Tuesday, February 10, 2015
'' အသစ်ဗျ အသစ် အသစ် ''
မကြာခင်က ဓါတ်ရိုက်ဓါတ်ဆင်ပညာ အကြောင်းတွေမှာ ဟောဒီ့ ပညာရပ် မဟာကြီးဟာဆိုရင်ဖြင့် ........
 ( အမငီး လျှာယားချက်..ဟီးး)ဓမ္မတရားတွေကျင့် ရတာထက်တောင် နက်ရှိုင်းသလိုလို အစီအရင်တွေ လုပ်ရင် အမှားမခံသလိုလို မှားရင်ပဲ တန်းပြီး နူတော့ မလိုလိုပေါ့ ...ဒါလဲကိစ္စမရှိပါဘူး...ပွဲရုံမှာသုံးဖို့  လိုလို့ ဂုံင်္နအိပ်တွေ အလုံး ငါးဆယ် တစ်ရာဝယ်တိုင်း ဦးလန်ဘားကြီးက သူ့ ဆိုင်က ဂုနီအိပ်က ကမ္ဘာ့ အကောင်းဆုံး ကုလားပြည် မဒရပ်စ်စက်ရုံကလာသလိုလိုပေါ့  အမှန်က အုပ်ကျင်း ဂုံနီစက်ရုံက ထွက်တာတွေချည်းပဲ.ဟီးး
အဲ..အဲထဲမှာ ထူးဆန်တာ တစ်ခုပါတယ် တစ်ခါမှတော့ မကြားဘူးဘူး..ငွေ ဆိုတဲ့ ပိုက်ဆံကို တနင်္လာနံ  ကောက်တာက အများသိပြီးသားပေါ့  ဒါပေမယ့် နေရာတကာမဟုတ်ဘူး အဲ တနင်္လာနံကို ငွေ ၂ ကောက်တာဟာ အများသဘော ဆိုင်ရာမှာစသာကောက်တာပါတဲ့  ကိုယ်တစ်ဦးတည်းပိုင်ဆိုရင်တော  ကြာသာပတေးနံကောက်ရတယ်တဲ့ 
'''''ဟာာာားးးးအဲဒါ အဲဒါ လူသား အားလုံးကို လေးစားပါတယ်ဆိုတဲ့  ကျနော်တို့ မင်းသားကြီး ကိုကျော် လိုချင်တဲ့ အသစ် ပဲဗျ...အသစ်.အသစ် ...'''..ဆိုတာမျိုးပါပဲဗျား...ပါရမီရှင်တွေသာ ဒါမျိုး ရှာဖွေလေတွေ့ ရှိလေရယ်ပေါ့ ဗျားးး..
ဒါပေမယ့်  ပညာရပ်က နံကောက်တွေ  သစ်တာ မသစ်တာထက် ဘေးကနေ ဒံပေါက်စားသုံးသူအဖြစ် ကျနော်က စဉ်းစားကြည့် တယ်...ဆိုပါတော့  ကျနော်က ဒံပေါက်ကြိုက်တယ်ပေါ့ နော်...အဲ့ တော့  ဆိုင်ပေါင်းစုံလိုက်စားကြည့် တယ်ပေါ့ နော် ..အဲ့ တော့ ဆိုင်တစ်ဆိုင်ဆိုင်ကလက်ရာတစ်ခုခုကို ကျနော်က အကြိုက်ဆုံးဖြစ်သွားတယ်ပေါ့ နော် ဒါပေမယ့် အာလုံးကတော့ ဒံပေါက်တွေချည်းပေါ့ လေ...အဲ...တကယ့် .စာသုံးသူဆိုတာ ဒံပေါက်ထဲ ဘာတွေပါလဲ မပါဘူးလဲ အဓိကမကျ သိပ်သိလေ့ မရှိ ချက်နည်းမသိ သိတာက မျက်စိနဲ့ မြင်နေရတဲ့  ပါလေ့ ရှိတဲ့ ပဲသီးစိမ်းစေ့ လေး သီဟိုစေ့ လေးကရဝေးရွက် သစ်ကြမ်းပိုးခေါက်လေး အနှစ်ကလေးမြင်နေရရင်ပြီးသလို သလို ဘယ်သူ ရောင်းသလဲကလည်း မိန်း မဟုတ်ဘူး စ စားလိုက်တာနဲ့ လျှာပေါ်ဝဲ အရသာဂွတ်ဖို့ ပဲလိုတာ ...အဲ့ ဒါတကယ့် ပုံမှန်စားသုံးသူသဘောပဲ 
'' E 2000 T2000/ 600 / 323 / 929 ''
အမှန်တော့ ကျောင်းပြီးရင် ရောင်ဝါးဖြစ်ကုန်တာ အနှစ်ကို ၃၀ကျော်နေလောက်ပါပြီ.၊ ရုံးဆိုတာ အကပ်နဲ့ မှ၊ လက်နှိပ်စက်စာရေးရာထူးကို ကိုယ့် မြို့ သားချင်းတူနေလို့ ခန့် ချင်တော့ ရေကူး တတ်သလား မေးတော့ ကူးတတ်တယ်လို့ ဖြေတာ တန်းခန့်လိုက်တယ်၊ မကူးတတ်တဲ့ သူတွေမရွေးတဲ့ ၊ အဲ့ တော့ ကုန်သည်
သားသမီးဖြစ်တဲ့ ကိုယ်တွေက ထုံးစံအတိုင်း ဆူလွယ် နပ်လွယ် ကားမောင်း စားဖို့ ဖြစ်လာတယ်၊ မိဘပွဲရုံမှ မလုပ်ချင်သေးတာကိုး၊ လမ်းကလည်း များချင် ကဲချင်သေးတာလည်းပါတယ်လေ၊ ဒီတော့ အဲ့ တုန်းက ပေါ်ကာစ လေးဘီးကား B600 လေးတွေ မောင်းစားဖို့ ဖြစ်လာတယ်၊ စစ်လျော်ကြေး ရထားတဲ့  ဘီ၃၆၀တွေက အိုပြီးကျနေပြီလေ၊ အဲ့ ဒီ့ ဘီ၆၀၀တွေဟာ အစိုးရထုတ်တွေဖြစ်ပြီး စစ်တပ်ကလာတဲ့  တိုင်းကောင်စီဝင်တွေ ဘာအကောင် ညာအကောင်တွေကိုသာလျှောက်ခွင့် ပေးထားတာ ပြန်ရောင်းစားဖို့ ပေါ့ ..ထုတ်ဈေး သောင်းဂဏန်း အရပ်သားတွေက သိန်းဂဏန်း ပေးဝယ်ရတယ်..အမျိုးထဲမှာအကောင် ရှိတော့ သူ့ ဆီက၀ယ် အမည် မပြောင်းပဲမောင်းစားတယ်. လမ်းမှာရစ်ရင် အုံနာဘုတ် ထုတ်ပြလိုက်တယ် အမြီးကြီးတွေ့ တော့  လွတ်စေသတည်းပဲ.
'' ဂိမ်မာတဲ့ လား...''
သိပ်မပြောချင်ပါဘူး
---
လွန်ခဲ့ တဲ့ ၂၀၀၀ပြည့် စွန်းစွန်းဝန်းကျင်ကာလတွေက တိုင်ဝမ် ဟောင်ကောင် ကိုရီးယား တရုပ်ပြည်မကြီး စသဖြင့် တွေဖက်မှာ ခေတ်ထခဲ့ တဲ့  ဂိမ်းပြိုင်ပွဲတွေ ကျနော်တို့ ဆီကို ပျံ့ နှံ့ လာခဲ့ တယ်..အဲ့ အချိန်မှာ ကျနော်တို့ ဆီမှာလည်း အလုပ်မရှိ စစ်ထဲဝင်မလား တက္ကစီမောင်းစားမလား ဆိုသလို ဆူလွယ်နပ်လွယ် ထ လုပ်ရသလိုမျိုး ငွေယားလေး နဲနဲရှိရင် ..အင်တာနက်ဆိုင်လေးတွေ ဆူလွယ်နပ်လွယ်ထထူထောင်ခဲ့ ရတယ်..ကျနော်တို့ လမ်းဆို လမ်းတိုလေးသာဆိုတယ်  ၃ ဆိုင်တောင် ရှိခဲ့ တယ်.အနာဂတ်စိတ်ကူးယဉ်လို့ ရတဲ့  အလုပ်မှန်သမျှနီးနီး စစ်အုပ်စု လက်ထဲ ဘီယာဆိုင်သေးသေးလေးပါမကျန် ရောက်ကုန်လို့ ပါပဲ .။
ပုံမှန် အသုံးအတွက်မှာ လူထုတွေကို အများကြီးမျက်စိနားပွင့် စေခဲ့ တယ်၊ ဒါပေမယ့်  တပ်ဆင်ခ လျပ်စစ်ခ လေအေးစက်ခ မီးစက်ခ ရပ်ကွက်က အလှုငွေကောက်တာ အခွန်ခတွေဟာ ဖြစ်သင့် တာထက်ကို အဆမတန် ကြီးလွန်းလှလို့  အဲ့ ဆိုင်လေးတွေ ရပ်တည်ဖို့ အတွက် ဂိမ်းလာကစားတဲ့  လူငယ်တွေကို အားကိုးရတော့ တယ်..။ အဲ့ အချိန်မှာပဲ နက်ဝပ်ကင်းတင်မက ဂိမ်းမာ ဆိုတဲ့ ရောဂါဟာ ဂိမ်းကစားသမားတွေရဲ့ ကြားမှာ နေ့ချင်းညချင်း သူဌေးဖြစ်တော့ မလို စိတ်ကူးယဉ်စရာအဖြစ် စတင် ၀င်လာပြန်တော့ တယ်..
''ဒီနေ့  ဖွရွာထဲမှာရေးခဲ့ တဲ့ စာ''
ပြည်ပထွက်ကြည့် မှ
တစ်ယောက်ပေါ့  BE ပြီးလို့  ME ကို စကော်လာရလို့  ပြည်ပမှာ သွားတက်ရတော့  ပထမဆုံး စိတ်ခေါ်မှု့ ကတော့  စာသင်ခန်းမှာ ဆရာက အင်္ဂလိပ်  ၊ လက်ချာပေးတာက အင်္ဂလိပ်လိုချည်း ပြီးတော့  ဘာမှတ်စုမှ မပေး လက်တန်း တော်ကီလာထု ပြန်ထွက်သွား.....ကိုယ့် ဟာကို လိုက်မှတ်ရ တော့  ဘယ်က စလို့ ဘာလိုက် မှတ်ရမှန်း မသိ အတန်းချိန် သာ ပြီးပြီးသွား တစ်လုံးစသိ နှစ်လူံးစသိ ဆယ်လုံး လောက်က ၀ါးတားတား..အရေးတော့ ရပါရဲ့  အပြောရော  အကြားရောက ဘိုပဲကုလားပဲပင်စဉ်းငုံ..
.
အဲ့ ဒီ့ မှာ...ပြန်ပြေးချင်စိတ်တွေတဖွားဖွား...ဖုံးဆက်ပြီး အိမ်ကိုငိုပြရတာ နာရေးသတင်းပို့ လို့  အပြန်အလှန် ပြောနေကြတဲ့ အတိုင်းပေါ့ ...မြန်မာပြည်သားသွေးက
အဲ့ တော့ မှပေါ်လာတော့ တယ်...မထူးဘူး ဖေါင်ဖျက်တိုက်ကြမယ်ဆိုတဲ့ စိတ်သဘောပေါ့ ...အဲ့ စိတ်ကြောင့် သာ....
အဲ့ ဒီမှာ ပြောချင်တာက တစ်ခြား ဗီယက်နမ် ထိုင်း ဖိလစ်ပိုင်ကျောင်းသားတွေလည်း ရှိတဲ့ နေရာမှာ ME တောင် လာတက်နေမှတော့  စရောက်သူ အချင်းချင်း သူတို့ တွေနဲ့ အပြော အကြား လယ်ဘယ်တွေ  သိပ်မကွာဘူးလို့ ဆိုတယ် ...သိပ်ကွာသွားတာက ကုလားတွေဆိုတဲ့ ''အိန္ဒိယက ကျောင်းသားတွေ'' နဲ့ အင်္ဂလိပ်စာ အပြော အကြား  တုန့် ပြန် လျင်မြန်မှု့ မှာ ကျန်တဲ့ အရှေ့ တောင်အာရှက ကျောင်းသားတွေနဲ့ အတော် ကွာသွားတယ်လို့  ဆိုတယ် ..ဘာကြောင့် ကွာ သွားရ တာလဲ..တွေးစရာပေါ့ ..အိန္ဒိယရော ဘားမားဆိုတဲ့မြန်မာရောအင်္ဂလိပ် လက်အောက်တော့  နေခဲ့ ဘူးတာချည်းပဲ....လွတ်လပ်ရေးရတာလည်း မတိမ်းမယိမ်းပဲ...
-
Monday, February 9, 2015
''ပါးပါးနပ်နပ် = ခေတ်သစ် ဒက်ဖနေးရှင်း..''
တစ်ခါတစ်လေ ''ပါးပါးနပ်နပ်ကိုင်တွယ်နေတယ်'' လို့  ပြောဆိုတာဟာ အမျှော်အမြင် ရှိ သယောင် ယောင် လို့ ထင်ရပေမယ့်  အမှန်စင်စစ် အတွင်း စိတ်သဘောမှာတော့  အများ အတွက် ကောင်းကျိုးဖြစ်စေမယ့် စေတနာကောင်းကို ဖေါ်ညွှန်းတာထက် ကိုယ့် ရာထူး ကိုယ့် နေရာ မပျောက်ရအောင် အချိန်ယူ ကြံစီနေတာ ဆိုတဲ့ အဓိပ္ပါယ်လည်း ရနိုင်ပါတယ်..နောက်တစ်နည်း ပြောရရင် ကလိမ် ကကျစ်နည်းတွေကို အသေအခြာ တွက်ချက် စဉ်းစားပြီးလုပ်တာမျိုးလို့ ဆိုလို ရာလည်း ရောက်နိုင်ပါတယ်..သဘောက ရမ်းမတိုက်ပဲ အိမ် အခြေအနေကြည့် ပြီး အကွက်ချ ဓားမြတိုက်တဲ့ သဘောမျိုးပေါ့ .......။
''သာဓုလေးတောင်ခေါ်မသွားနိုင်ပါသော...''
အရပ်ပုံပြင် ဇာတ်ပုံပြင်လို့ ပဲဆိုကြပါစို့ ရဲ့ နော်..အဖြစ်အပျက် က တစ်သက်လုံး အရပ်ကော်ဆဲဆိုးမိုက် လူ့ အော့ ကြော်လန်ရင်း အရက်ကို စွဲစွဲမြဲမြဲ သောက်လာတဲ့  သောက်သောက် စားစား ရွှေမန်းသား..အဲ..ရွှေမင်းသားဆိုတဲ့  ကိုပိတ်တာ ဆိုသဟာဆိုတာလည်းတဲ့ သွေးနဲ့ ကိုယ်သားနဲ့ ကိုယ်ဆိုတော့  ဘယ်လောက်ပဲ လူမိုက်ကြီး လူ့ ပြိတ္တာကြီးဘွဲ့ ပဲခံယူထားထား တစ်နေ့ တော့  သေဖိုအချိန်ရောက်လာရောတဲ့ ...ဒါနဲ့ သေငယ်ဇောနဲ့  အိပ်ယာထက် ပက်လက်လေးဖြစ်နေတဲ့ အချိန်တွေဖြစ်လာတော့  သူ့ အိမ်သားတွေက တစ်သက်လုံး အရက်သောက် အရပ်ကော်ဆဲ ဆိုးမိုက် အော့ ကြောလန်ခဲ့ သူဖြစ်ပေမယ့်  ကိုယ့် အိမ်သားပဲလေ ဆိုပြီး နောင်ဘ၀ကို ကုသိုလ်လေးနဲနဲပါးပါး ပဲဖြစ်ဖြစ် ပါသွားပါစေတော့  ငရဲကျလဲ သက်သာတဲ့ လွတ်ရက်စောတဲ့  ငရဲလောက်ဖြစ်ပါစေတော့ ဆိုပြီး ဆြာတော်တွေ့ ပင် သင်္ဃန်းတွေ ဘာတွေကပ် ရေစက်တွေဘာတွေချ မေတ္တာသုတ်တို့ ဘာတို့ အဲ့  ဒီ့ သေအဲ့ ဆဲဆဲ လူမိုက်ကြီးဘေးမှာ ၀ိုင်းသီတင်း သုံးပြီး ရွတ်ဖတ် ပေး တော်မူကြပါသတဲ့ ..
Sunday, February 8, 2015
တစ်ခါက တစ်ဘ၀ အမှတ်တရလေးတွေ...
မြန်မာ ဓလေ့ ဖော်ရွေမှု့ က တစ်ခါတစ်လေ ရင်ပါ ကျပ်တက်လာတဲ့ အထိ ခံရတယ်ဗျ..ဟဲဟဲ...သူများအိမ် ဧည့် သည် သွားလုပ်ရင် စားချင်ချင်မချင်ချင် ကြိုက်မကြိုက် တစ်ခုခု မရှိရှိတာ ချကျွေးဧည့် ခံလေ့ ရှိတယ်လေ...ပြီးတော့  နဲနဲတော့ စားကို စားပြမှ ကျေနပ်သွားလေ့ ရှိတယ်..ဆွေရင်းမျိုးရင်းတွေလို မိသားစုတွေလို ရင်နှီးကျွမ်းဝင်ပါကြောင်းပေါ့ လေ...
ကိုယ့် မိဘ အလုပ်က နယ်ကို ကုန်တွေ တင်ပေး ..လဆန်းတော့  အထက်ဗမာပြည် တစ်ပတ် တစ်မြို့ ဝင်တစ်မြို့ ထွက် တစ်ကားပေါ်တက် တစ်ကားပေါ်ဆင်း နဲ့ အကြွေးလိုက်သိမ်းရတယ်.ဘဏ့် စနစ် မတွင် ကျယ် သေး
တာရယ်..ကိုယ်တိုင်လိုက်တော့  နယ်အခြေအနေသိရတာ ဖေါက်သည်တွေနဲ့ ရင်းနှီးတာတွေ တွက်ပြီး ကိုယ်တိုင် လိုက်ကြတော့ တာမျိုး...
.(တစ်ခါက ပုတီးဝေဒနာ..)
ဟိုး အရင်ကတစ်ခါ ပြောပြဖူးတယ်..စာအုပ်ဖတ်ပြီး လိုက်လုပ်တာ အတော်ဒုက္ခတွေကြီးသွားတဲ့ အကြောင်းပေါ့ ...ပုတီးစိတ်တာလေ.၉၀၀န်းကျင် နှစ်တွေမှာ ဂမ္ဘီရတွေ စန်းပြန်ထလာတော့  စာအုပ်တွေ နည်းတွေ တန်းစီပြီး ထွက်လာတော့ တာပေါ့ ..
.အဲ့ ထဲမှာ ပုတီးစိတ် နည်းပေါင်း သောင်းခြောက်ထောင်တွေရော အကျိုးကျေးဇူး ပေါင်း ၈ သောင်း၎ထောင်မကတွေရော အများကြီး ပါလာတော့ တာပါပဲ...ဆရာတွေက အဲ့ ဒါတွေ ရေးတာမှာ လွှတ်အရေးကောင်းကြတာများတော့  စိတ်ပြီးရင် ဘာကြီးဖြစ်တော့ မလိုလိုနဲ့  သွားရည်ယိုစရာ ကောင်းမှကောင်းပဲ...ကိုယ့် အသက်ကိုက တန်ခိုးရူးချင်လို့ ကလည်းကောင်းလေ..ရူးခွင့် ကလည်းကံကောင်းထောက်မစွာ ကိုယ်ထင်ရာ ကိုယ်လျှောက်လုပ်ခွင့် အချိန်မျိုးရထားတယ်လေ...
ဒါနဲ့ စာအုပ်ထဲမှာ ဒိဝါတပတိ ဂါထာကို ၁၀၈လုံးပုတီးနဲ့  မနက်၆ ည ၆ အတွင်း ပုတီး ၄၅ ပတ်.ဘယ်ထောင့် မှာ ဘယ်နှစ်ရက်စိတ် တထိုင်ထဲစိတ် အဓိဌာန်ဝင်ရင် ဘာညာ ဆိုတာလေး ဖတ်မိတယ်...အရေးအသားက ကောင်းလွန်းလို့  အဲ့ ဒါလေး စိတ်ကြည့် မယ်ပေါ့ လေ...ဂါထာက စိတ်က ရွတ်နေကျဂါထာပဲ အသစ်မှ ထပ်မကျက်ရတော့ ဟန်ကျတယ်ပေါ့ ..ဂါထာတွေလျောက် ကျက်ရမှာ ပျင်းမှပျင်းကိုး...တစ်သက်လုံး အတွက် သုံးပုဒ်ပဲ ကျက်ထားလိုက်တာ..ဒါပဲ တစ်သက်လုံး ထုံနေအောင်စိတ်က ရွတ်နေတာများတယ်... ဒီသုံးပုဒ်လေးတောင် အစက တစ်ကြောင်းစီ ခွဲကျက်ယူခဲ့ ရတာ.အတော် ကျက်ယူရတယ် ပြန်ပြန်မေ့သွားသေးလေ....ပါဠိ နဲ့ လမိုင်းမကပ်ပုံများ အဲ့ လို....
''ရေပိတ်စပါး..နက်ဂတစ်.နဲ့  .ကံကြမ္မာကို ခုခံခြင်း ပြန်တိုက်ခိုက်ခြင်း''
ကိုယ်လုပ်နေတဲ့ အလုပ်သဘာဝကို မြင်သာထင်သာရှိအောင် တစ်ခါတစ်လေ စကားလုံးလေးတွေ ပြောင်းသုံးပြလိုက်လေ့ ရှိပါတယ်...
အဲဒါ့ ဘာကြောင့် ဖြစ်လာရသလဲဆိုရင် ဘာမှဖြင့် မကျိုးစားရသေး အားမထုတ်ရသေးပဲ့  မဖြစ်တော့ ပါဘူး မရတော့ ပါဘူး မဖြစ်နိုင်ပါဘူး ဆိုတဲ့  နဂတစ်ဆန်လွန်းတဲ့  '' ရေပိတ်စပါး '' စကားမျိုး သုံးတာကို ကျနော်တို့ မိဘတွေ (၀ါ) ကုန်သည်သဘောတွေက မကြိုက်ပါဘူး..ခွန်အားကုန်တယ် ကျက်သရေမရှိဘူး မင်္ဂလာမရှိဘူး လို့ တောင် အဆိုခံရပါတယ်...ဘန်းစကားအရ ဘာလေးပြောပြော ''' မဟုတ်သေးဘူးလေ ''' လို့ နဲ့ စကားစလာသူတွေ ''နိုး '' နဲ့ စတာ များလွန်းနေသူတွေကို ''' နက်ဂတစ်သမားတွေ'' လို့  သုံးလေ့ ရှိပါတယ်...အပျက်ဖက်က အရင်ကြည့် တတ်တဲ့ သဘာဝရှိနေသူတွေပေါ့ ...
'' ကျနော်နဲ့ အိမ်တွင်းအုန်း ''
အိမ်မှာ မအေ့ လက်ထက်ကတည်းက ရိုးရာလည်း ကန်တော့ တယ်၊ အိမ်တွင်းအုန်းလည်း ဆွဲခဲ့ တယ်၊ ယုံတယ်လည်း မဟုတ်ဖူး မယုံဖူးလည်း မဟုတ်ဖူး ဖာသိဖာသာပဲ ၊ မအေယုံတဲ့ ဟာ ဘာမှ ၀င်မရစ်ဘူး ရိုးရာကန်တော့ ရင် အားရပါးရ၀ါးတီးးဖွင့် လိုက်တယ် အုန်းသီးဝင်ခြစ်ပေးလိုက်တာပဲ အဖေကလည်း ဘာမှ မပြောပါဘူး သားတွေနဲ့ အတူတူ ရောဝါးပဲ အရပ်ထဲပါ ဝေသေးတယ် အဲ့ ဒါတွေ ကန်တော့ နေလို့  ကုန်တဲ့ ပိုက်ဆံဟာတန်းဆွမ်းသီလရှင်ဆန် တစ်လ  လောင်းစာ လောက်တောင် မကုန် ဘူးလေ.....အားလုံး   အိုကေ....
မိဘတွေ မရှိကြတော့ တဲ့ အခါကြတော့  ကိုယ်က သဂျီး နေရာ အလိုလိုနေရင်း ရလာတယ် ကိုယ်ကြိုက်တာ ကိုယ်လုပ်လို့ ရလာတယ်..အဲ့  အချိန်မှာ အိမ်တွင်း အုန်းဆွဲရင်ပဲ ချက်ချင်း အပယ်လား မြေမြိုတော့ မတတ် အသံတွေ ကျယ်လာပြီး ''အိမ်တွင်းအုန်း ဖြုတ်ချရေးစီမံချက် စစ်ဆင်ရေးကြီး'' များ ဆင်နွှဲတော့ မှာလား ထင်ရမလောက် အချိန်နဲ့ ကြုံလာတယ်။