Powered By Blogger

Tuesday, February 17, 2015

''အမှန်တရားစစ်ပွဲများ''

'

'အမှန်တရားစစ်ပွဲများ''
---------
အမှန်တရားတစ် အမှန်တရားနှစ် အမှန်တရားသုံး.လေး..ငါး...
ဒီလိုနဲ့  အမှန်တရားဆိုတာ ဗဟုအမှန်တရားတွေဖြစ်လာ.
တစ်နေ့ မှာ အမှန်တရားတွေ 

သူ့ အမှန်တရားနဲ့ ကိုယ့် အမှန်တရား အချင်းများကြတော့ 
အမှန်တရားတွေ အမုန်းတွေဖြစ်လာကြ...ရန်တွေဖြစ်လာကြ
အမှန်တရားတွေ စစ်ပွဲတွေဖြစ်လာကြ
ဒီတော့ .....

အမှန်တရားတွေ သေကြကျေကြ မီးလောင်ကြ ပျက်ဆီးကြ
အမှန်တရားတွေ အိုးမဲ့ အိမ်မဲ့ ဖြစ်ကုန်ကြ စီးပွားတွေပျက်ကြ ဘ၀တွေပျက်ကြ
အမှန်တရားတွေ မုဆိုးဖိုတွေဖြစ်ကြ မုဆိုးမတွေဖြစ်ကြ
အမှန်တရားလင်သေ မယားသေ သားသေ သမီးသေတွေဖြစ်ကြ
အမှန်တရားတွေ အဖိုးသေ အဖွားသေ မြေးသေတွေဖြစ်ကြ
အမှန်တရားတွေ ခြေပြတ် လက်ပြတ်တွေဖြစ်လာကြ 
အမှန်တရားတွေ ငတ်ပြတ်ကုန်ကြ ဒုက္ခသည်တွေဖြစ်လာကြ
အမှန်တရားတွေ အနာဂတ်မဲ့ ကြ ပူဆွေးကြ
ဒါပေမယ့် .....

အမှန်တရားတွေ 
ကိုယ့် အမှန်တရားအတွက်ကိုယ် 
အမှန်တရားရန်တွေဖြစ်ကောင်းနေကြဆဲ
အမှန်တရားတွေ 
အမှန်တရားစစ်တွေဖြစ်ကောင်းနေကြဆဲ
ဒီလိုနဲ့ ပဲ

အမှန်တရားတွေ အကုန် မျိုးမကန်းမချင်း
အမှန်တရားစစ်ပွဲများ 
ပွဲပြီးနိုင်ဦးအံ့ မထင်...။  ။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..