'
'ကိန်းဂဏန်း အစွဲတွေ..''
-----
၁၃ တွေ ၄ တွေ ၈ စသဖြင့်  အဲ့ ဒီ ဂဏန်း ၂ လုံး အကြောင်းကို ပြောရင် အများအားဖြင့်  အဆိုးတရား ရှု့ ထောင့် ကပြောတာများတယ်...စနေဂြိုလ်လိုပဲ..တစ်ချို့ ကတော့  အဲ့  ဂဏန်းရက်တွေမှာမှ ဂွတ်တာလေးတွေ သွားသွား တိုက်ဆိုင်တော့ သူတို့ ကိုယ်ရေးကိုယ်တာအတွက်တော့  လပ်ကီးလို့ တောင်ဆိုကြသေးတယ်..
ဒါဆို ဘယ်ဟာက အမှန်တရားလို့ ယူမလဲ စဉ်းစားစရာရှိလာမယ်....၊ စဉ်းစားကြည့် ရင် လောကသုံးပါးဖြစ်စေ ၃၁ ဘုံဖြစ်စေ ၊ ကမ္ဘာကြီးဖြစ်စေ ၊ သံသရာလည်မှု့ ဖြစ်စေ အစွဲနဲ့ တည်ဆောက်ထားတာချည်းပဲ..အစွဲမရှိတော့ ဘူးဆိုရင်လည်း သံသရာကနေကျွတ်တန်းဝင်သွားလို့  အခု ကျနော်ရေးနေတဲ့ စာကိုတောင် လာဖတ်နေမှာ မဟုတ်တော့ ဘူး..
သဘောက လူတိုင်းဟာ ကိုယ့် အစွဲနဲ့ ကိုယ် ဒီကမ္ဘာကြီးမှာ ရှင်သန်ရင်း ရှိနေဆဲပဲလို့ ဆိုလိုက်တဲ့ ဆင်ခြင်မှု့ ပဲ။ ဒီတော့  တစ် နှစ်သုံးလေးကနေ သုည အထိ ဂဏန်း တွေကို စွဲတဲ့ သူလည်းရှိမယ် မစွဲတဲ့ သူလည်း ရှိလိမ့် မယ်။ စွဲပုံစွဲနည်းတွေလည်း သူ့ အကြောင်းပြချက်နဲ့ သူ အမျိုးမျိုးရှိမယ် မစွဲဘူးဆိုတဲ့ သူမှာလည်း သူ့ အကြောင်းပြချက်နဲ့ သူရှိလိမ့် မယ်..
ကိန်းရဏန်းကို မစွဲတဲ့ သူက တစ်ခြားကိစ္စတစ်ခုခုကိုတော့ သူစွဲချင်စွဲနေလိမ့် မယ်..ဘာလို့ ဆိုတော့  စောစောက အစွဲတရားပြန်ကောက်ရရင် အစွဲမရှိဘဲလူမဖြစ်နိုင်လို့ ပဲ။..
မြန်မာ့ ရိုးရာ လောကီပညာဓလေ့ မှာ တစ်နှစ်သုံးလေး စတဲ့  ကိန်းဂဏန်းတွေကို အင်္ဂလိပ်လို မစွဲတတ်ပေမယ့်  မြန်မာလို ကိုယ့် နည်း ကိုယ့် ဟန်နဲ့  စွဲထားတဲ့ အစွဲတွေရှိတယ်...ဥပမာ လတစ်လလရဲ့ လဆန်း၁ရက်နေ့ ဟာ စနေ နေ့ တိုက်ဆိုင်ရင် အင်းဆွဲလို့ စွမ်းတယ်ဆိုတာမျိုး လဆန်း၈ ရက်နဲ့ သောကြာနေ့ ထပ်သွားရင် ခရီးဝေး စတင် မသွားကောင်းဆိုတာတွေ အမြိတ္တစုတ်ရက်ဟာ လစဉ် လဆန်း ဘယ်နှစ်ရက်မှာ..စသဖြင့် တွေမျိုးပေါ့  အဲ့ အစွဲတွေအားလုံးလိုလိုမှာ ပုံပြင်တွေရှိသလို အကြောင်းပြချက် တွေလည်းရှိ နေလေ့ ရှိတယ်..ဆိုပါတော့  တနင်္ဂနွေဂြိုလ်သက် ၆ နှစ်ဆိုတာ ဘယ်ကစဖြစ် လာသလဲဆိုတာကို ရည်ညွှန်းတဲ့ ပုံပြင်ဆိုဆို အကြောင်းပြချက်ပြောပြော ဗေဒင်မှာရှိသလိုပေါ့  ယုံချင် ယုံနိုင်တယ် မယုံချင်လည်း မယုံခွင့် ရှိတယ်ပေါ့ 
အနောက်တိုင်းကဖြစ်လာတဲ့ ကမ္ဘာသုံးခရစ်ပြက္ခဒိန်က ထွက်လာတဲ့ တစ်နှစ်သုံးလေးတွေ မှာလဲ တစ် ဆိုတာ ဘာညာလို့ ပြောတယ် ဒါလည်း အကြောင်းပြချက်တွေရှိတယ်...ကျနော်တို့ ကလည်း ပြောတယ် တစ်ဆိုတာ ဧကောဓမ္မော တစ်ဆူတည်းသောဘုရားရှင် စသဖြင့် ပေါ့  အယူဝါဒ ဘက်ကနေ ပြောပစ်လိုက်တယ်..ဗေဒင်ကတော့  နေ တနင်္ဂနွေလို့ ပြောလိုက်မယ်ပေါ့ ။
၁၃ ဂဏန်းရဲ့ အကြောက်တရားဟာ အရှေ့ တိုင်းရဲ့ အကြောက်တရားမဟုတ်ခဲ့ ဘူးလို့ ဆိုနိုင်တယ်...ဒီ၁၃ ဂဏန်း ရဲ့ အကြောက်တရားဟာ ခရစ်ယာန်အယူ သမ္မာကျမ်းစာထွက်လို့ ဆိုတယ်...ယေရှု့ ရဲ့ နောက်ဆုံးညစာစားပွဲမှာ ယေရျု့ ကို သစ္စာဖေါက်တဲ့ တပည်ဟာ ၁၃ ယောက်မြောက် တပည့် ဂျူးဒါးလို့ ဆိုတယ် အဲ့ ဒီကနေ ၁၃ဂဏန်းဟာ သစ္စာအဖေါက်ခံရတဲ့ ဂဏန်း သေခြင်းကို သယ်ဆောင်လာတဲ့ ဂဏန်းလို့ ဆိုပြီး အနောက်ကလူတွေက အန်လပ်ကီးလို့ စစွဲလာတယ်လို့ ပြောတယ် ညစာစားပွဲနေ့ ဟာ သောကြာနေ့ လို့ ဆိုပြန်တယ်
ဒါကြောင့် ၁၃ ဂဏန်းမှာမှ သောကြာနေ့နဲ့ ၁၃ နဲ့ ထပ်သွားရင် ပိုပြီးကြောက်သွားတတ်လို့ ရှေးတုန်းကဆို အိမ်အပြင် လမ်းတောင် သိပ်မထွက်ကြတော့ ဘူး ဘုရားစာသာရွတ်နေကြတော့ တယ်လို့ ဆိုတယ်...ဒီလိုပဲ ၈ ဂဏန်းဆိုတာ စေတန် နဲ့ ပတ်သက်နေပြန်တယ်လို့ ဆိုတယ်.. စစ်စစ်စစ် ဆိုတဲ့ (666) ၆သုံးလုံးကလည်း ကမ္ဘာကိုဖျက်ဆီးမယ့် မိစ္ဆာလေးရဲ့ အမှတ်အသားဆိုပြီး အသေကြောက်လို့  666အိမ်နံပတ်ဆို ရှောင်ကြပြန်တယ်...
ချုပ်လိုက်ရင် အစွဲတရားတွေမှာ မှန်တာမမှန်တာ ထက် သူ့ အကြောင်းပြချက်နဲ့ သူချည်းဖြစ်တယ် ကိုယ်ကအစွဲမရှိလို့ ပြဿနာမရှိပေမယ် အစွဲရှိတဲ့ သူက သူ့ အတွက်တော့ ပြဿနာရှိနေမယ်ပေါ့  ဒီတော့ ကိုယ့် အတွက်ပြဿနာရှိမယ်ထင်ရင် ကိုယ့် ဟာကိုယ်ရှောင်ဖို့ ပဲပေါ့ ..
ဒီ့ ထက် ဂလန့် တွေးပြရရင် စာမတတ်လောက်အောင် ကျပ်မပြည့် တဲ့ သူတွေ စိတ်ဝေဒနာသည်တွေ စကားမပြောတတ်သေးတဲ့ ကလေးတွေမှာ ဘာဂဏန်းအစွဲတွေမှ မရှိဘူး စွဲရကောင်းမှန်းလဲ မသိကြဘူး...
'ဒါဆို ကိန်းဂဏန်းအစွဲ တရားဆိုတာ ကျပ်ပြည့် ပါတယ်ဆိုတဲ့ သူတွေ ပညာတတ်ပါတယ်ဆိုတဲ့ သူတွေ အရွယ်ရောက်နေသူတွေပါဆိုတဲ့ သူတွေရဲ့ အလုပ်သဘောပေါ့ 
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..