ရင်ထဲမှာ......
---------
စစ်
စစ်
စစ် အကြောင်းတွေ
များပြားလွန်းတဲ့  နယ်ပယ်တွေထဲ
သိင်္ဂါရ ရသတွေ အပြည့်  နဲ့ 
အချစ်
အချစ်...
ချစ်ခြင်းမေတ္တာတွေ အကြောင်း ...
စာဖွဲ့ ဖို့ ကြံ....
အဝေး
အဝေး....
အဝေးက....မေ............
မင်း......
နေလို့ မှကောင်းရဲ့ လားမေ.......
ရာသီ အခါမှီ အလွမ်းတေးသီမိတဲ့ အခါ...
အလွမ်းသင့်  စိတ်ကလေးတွေက
ရင်...
ရင်....
ရင်ထဲမှာလေ.........။
မေ.......
နိုင်ငံ့ အရေး ဘ၀အရေး
လွမ်းရေးထက်
ဝမ်းရေးခက်နေသည့် တိုင်..
အချစ်
အချစ်...
အချစ်ကို
ချစ်တတ်ခဲ့ တယ်လေ.............
မေ...
ချစ်ခြင်းဖွဲ့ 
အချစ်ကို
ချစ်တတ်ခဲ့ ပါတယ်ဆိုတဲ့ အကြောင်း....
မေသိစေတော့ ရယ်လို့ 
စာကဗျာ အလွမ်းတွေဖွဲ့ ..
ညည..
လွမ်းချင်းတွေနဲ့ လေ............။
'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Friday, December 9, 2016
မြေလတ်မြို့ လေးက ချစ်ပုံပြင်
မြေလတ်မြို့ လေးက ချစ်ပုံပြင်
---
ဘ၀အလှည့် အပြောင်းတွေဟာ တစ်ခါတစ်လေ ထူးဆန်းတယ် ကြိုတွေးမှန်းဆရခက်တယ် မတွေးထား မထင်ထားတာတွေလည်း ဖြစ်တတ်တယ် စသဖြင့် တွေ သဘောကို ဟိုး လွန်ခဲ့ တဲ့ အနှစ် ၂၀ကျော်လောက်က ကြုံဖူးတဲ့ ဖြစ်ရပ်ကလေးတစ်ခုပြန်တွေးရင်းပေါ့ လေ..ဒီဇာတ်ထုပ် မှာ ပါဝင်သူတွေက မသေကြသေးလို့  ဖွက်ရေးရတာပေါ့ လေ...
မိဘတွေ ရှိတုန်းက ပွဲရုံဖေါက်သည်တွေမှာ အဲ့ မြေလတ်မြို့ လေးက မိသားစုတစ်စုလည်းပါတယ် ကျနော်တို့ ဆီက ကုန်တွေယူ ပြန်ရောင်း ကျနော်တို့ ကိုကုန်ကြွေးဆပ်ခေါက်ပြန်ကြေးသဘောတွေပေါ့ 
၂ ဖက် မှန်တာရယ် ကုန်သည်ဖက် နှစ်သက်တန်းရင့် တာတွေ့ အမျိုးတွေလို ဆက်ဆံရေးရှိကြတယ် အဲ့ မိသားစုက အစ္စလာမ်ဘာသာဝင်တွေပါ
သူတို့ မှာ သမီး ၂ ယောက်ရှိပြီး အကြီးက အဖေအမေကသာ အသားမဲပြီး သမီးအကြီးက ဖွေးဥနေအောင် ဖြူတဲ့ အသားအရည်နဲ့  ဘောလီးဝုဒ် ရုပ်ရှင်မင်းသမီးလေးတစ်ယောက်လို လှတဲ့  မျက်နှာ အချိုးအဆစ်တွေ ရှိတယ်..သူက ကျနော်တို့ အလုပ်နဲ့  မပတ်သက်ပဲ ရန်ကုန်ဆင်းဆင်းပြီး ကြက်ဒိုင်က ကြက်တွေဝယ် သူတို့ မြို့ လေးကို ပြန်တင်ပေးတဲ့ ကြက်ကုန်သည် အလုပ်ကိုသီးသန့် ခွဲလုပ်သူပေါ့ လေ...
Wednesday, December 7, 2016
[ Pumpuang Duangjan ] အရင်ခေတ်က ထိုင်းအဆိုတော်အမျိုးသမီးအကြောင်းလေး..
หม้ายขันหมาก - พุ่มพวง ดวงจันทร์ [ Pumpuang Duangjan ]
----------------------
အင်တာနက်နဲ့  မရင်းနှီးခင်က ဖျော်ဖြေရေး အဓိကထဲမှာ ၈ပေစလောင်းလည်းပါတယ်ပေါ့ ဗျာ...အဲ့ ၈ပေမှာက ဖရီးလိုင်းတွေက ရာကျော်နဲ့ အိမ်နီးချင်းနိုင်ငံတွေက ဖရီးလိုင်းတွေပါရတော့  အဲ့  ၈ပေကို ရတဲ့  လိုင်းမှန်သမျှ ပတ်ကြည့် နေတာနဲ့ တင် တစ်ည တစ်ည အချိန်ကုန်တယ်ပေါ့  တစ်ခါတစ်လေ ညလုံးပေါက်လုလုဖြစ်သွားလို့  အိပ်ရေးပါ ပိုပျက်တဲ့  ၈ပေပေါ့  အဲ့ ရာကျော်ဖရီးလိုင်းတွေထဲမှာ ထိုင်းက ဖရီးလိုင်းတွေလည်း အတော်များတော့  ထိုင်းလိုင်းတွေပါ ကြည့် ဖြစ်တာပေါ့ လေ အဲ့ မှာ ထိုင်းကန်းထရီးသီချင်းလိုင်တွေပါ ကြည့် ဖြစ်နားထောင်ဖြစ် သံစဉ်တွေ တစ်ချို့ ပါ ကြိုက်ဖြစ်ခဲ့ တယ်ဆိုပါတော့ ..ထိုင်းစာ ထိုင်းစကား မတတ်တော့  ထိုင်းက နာမည်ကြီး ကျေးလက်အဆိုတော်တွေ အမည်ကိုတော့ မသိတာများတယ်...
'' စာခြောက်တန်း အခါတိုင် နဲ့  ပစ္စည်းပျောက် ''
'' စာခြောက်တန်း အခါတိုင် နဲ့  ပစ္စည်းပျောက် ''
--
ပစ္စည်းပျောက်လိုင်းက လာလာ မေးခဲလွန်းလို့  ထဲထဲဝင်ဝင်တော့ မလိုက်စားခဲ့ ဘူး ဒီလို့ ကေ့စ်တွေက တစ်နှစ်လုံး လက်တစ်ဖက်ချိုးလို့ မပြည့် ချင်ဘူး တစ်ချို့ နှစ်တွေဆို တစ်မှု့ မှတောင်မလာတတ်ဘူး..( ဒီတော့  စီးပွားရေး အမြင်ဖက်ကကြည့် ရင် စီးပွားရေးတွက်ခြေမကိုက်ဘူးပေါ့ ဗျာ )
ဒါပေမယ့်  အခါတိုင်နဲ့ ပတ်သက်တဲ့  စာခြောက်တန်း လင်္ကာတွေက အချက်အလက် ၃ ခုလောက်ကိုတော့ ပေါ့ ပေါ့ ပါးပါး ပြောပြလို့ ရတယ် ( ဘာအာရုံမှခံနေစရာမလိုဘူးပေါ့ လေ) ..၊ ဒိထက်လိုက်စားရင်တော့  အမည်အစတွေ ဘာညာနဲ့  ဒီ့ ထက် ဒီ့ ထက် ပိုပြောလို့ ရနိုင်ပါတယ်..
တစ်ခါက ကြံခင်းမြို့ လေးမှာ...
----------------
ဒီညတော့ ဂူဂယ်လ်အပ်နဲ့ အဖေဖက်က အဖိုးအဖွားတွေနေခဲ့ တဲ့ အဖေတို့ ဇာတိ ကြံခင်းမြို့ လေးကို သွားလယ်ခဲ့ တယ် :P ကျနော်တို့ ကလေးဘ၀က နွေကျောင်းပိတ်ရက်တွေဆို တစ်နွေလုံးသွားနေဆော့ ကစား မြစ်ထဲရေဆင်းကူးခဲ့ တဲ
့ပျော်စရာကောင်းတဲ့ မြို့ လေးပေါ့ လေ..
အဲ့ တုန်းက ကြံခင်းမြို့ ခြေရင်းအထိမော်တော်ကြီးတွေဆိုက်ဖို့ ရေကြောင်းလမ်းရှိသေးတယ်
သောင်ပြင်က မြို့ အထက်ပိုင်းမှာတော့ စကျယ်နေပြီ.. ကြံခင်းကို အဲ့ တုန်းက တွင်ကျယ်တဲ့ လမ်းက ပြည်ကနေ မော်တော်အကြာကြီး စီးသွားရတာပါပဲ..လမ်းမှာ အခု ခေတ်စားလာတဲ့  အကောက်တောင်နံရံက ဘုရားတွေဆို မော်တော်ပေါ်ကနေ ဖူးခဲ့ ရတာမျိုးပေါ့ ..နွေပေါက်ကျောင်းပိတ်ချိန် ၇တန်းနှစ်မှာ ကိုရင်ကို ရန်ကုန်မှာ စီးပြီး ကြံခင်းက အဖေ့ အစ်ကိုအကြီးဆုံးငယ်ဖြူ ဘကြီးဘုန်းကြီးဆီမှာ တစ်နွေလုံး ကိုရင်ဝတ် ဘ၀လေးနဲ့ သွားနေခဲ့ ဘူးတယ်...ဘကြီးဘုန်းကြီးရဲ့  ကျောင်းဝင်းကြီးက မြို့ အထွက်ဖက် လက်ကွင်းကျယ်ကြီးတွေနဲ့ ဆက်နေတဲ့ ရှေးကျတဲ့ ဒီဇိုင်းတွေနဲ့  ဘုန်းကြီးကျောင်းတွေ စေတီလေးတွေ အများကြီးရှိတဲ့ မြို့ အထက်ဖက် မြို့ ပြင်ကျကျအကွက်ထဲမှာ..၊
အမား...(၁) (၂) (၃)
အမား...(၁)
---
အ၀တ်လျှော်စက်တွေ အိမ်မှာ သုံးတာကြာလာပြီ.... လူသက်သာတာတော့  ငြင်းမရတာအမှန်ပါပဲ....ဒါပေမယ့်  အ၀တ်လျှော်စက်က စကားမပြောတတ်ဘူး...
အ၀တ်လျှော်စက်တွေ မတိုင်ခင်က အိမ်မှာ နေ့ တိုင်းလာ တအိမ်လုံးရဲ့ အ၀တ်တွေကို လျှော်ဖွတ်ပေးရင်း အိမ်သားတွေနဲ့  ကျနော်တို့ ကလေးတွေနဲ့  စကားစမြည် ပြောခဲ့ ကြတဲ့ .အ၀တ်လျှော်ရင်း ကျနော်တို့ ပူဆာလို့  ကုလားကားတွေထဲက သီချင်းတွေ ဆိုပြခဲ့ တဲ့  အမားကို လွမ်းတယ်..
အဲ့ အမားကြောင့် ပဲ..အ၀တ်လျှော်မပျက် ကျနော်တို့ ကလေးတွေကို အမားဆိုပြတဲ့  ကုလားကားတွေထဲက ရုပ်ရှင်သီချင်းတွေအိန္ဒိယရဲ့  ယဉ်ကျေးမှု့ သဘောတွေကို ရင်းနှီးသွားခဲ့ တယ်.......
အမားရဲ့  သဘောကောင်းလွန်းလှတဲ့  အကြင်နာပါတဲ့  အပြုံးတွေဟာလည်း
နှစ်လိုဘွယ်ရာကောင်းပါလားလို့ လဲ ခံစားတတ်သွားခဲ့ တယ်..
ကာလတွေ အချိန်တွေ ရွေ့ လျားသွားတဲ့ အခါ....ကျနော်တို့ တွေ အရွယ်ရလာသလို အမားလည်း အရွယ်ရခဲ့ ပြီလေ..တစ်ခါတစ်လေ အမား အိမ်ကိုဝင်လည်တဲ့ အခါ...
ကျနော်တို့ တွေ သံယောဇဉ် ရင်လှိုင်း ခတ်သံအပြည့် နဲ့  ဆီးကြိုရင်း သာကြောင်း မာကြောင်းတွေ စကားဖေါင်ဖွဲ့ ရင်း...
အရင် အတိတ်က ငယ်နုစဉ်က ပုံရိပ်တွေ ပြန်လည်မြင်ယောင်ရင်း.....
အမားရော ကျနော်တို့ ပါ ကိုယ်စီ....မျက်ရည်တွေကို ၀ဲလို့ ....
အမားရဲ့ မျက်နှာမှာရော ကျနော်တို့  မျက်နှာမှာပါ အရောင်မဆိုးတဲ့  အပြုံးပန်းတွေပွင့် လို့ ပေါ့ ....
.
အမား သက်ရှည်ကျမ္မာရှိပါစေ....
.♫ ♪♫ ထန်းပင်ကျရေ ထန်းပင်ကျရေ.. ချို သမျမျ ခါးသလေလေ့  ♫ ♪♫

.♫ ♪♫ ထန်းပင်ကျရေ ထန်းပင်ကျရေ.. ချို သမျမျ ခါးသလေလေ့  ♫ ♪♫
------
အဲ့  ငွေဆောင်က ကျနော်တို့ တည်းခဲ့ တဲ့  ရီဇော့ မှာ တိုက်ဂါးဘီယာလေးတစ်ဗူးကို ဈေးမေးကြည့် တာ ထောင့် ငါးရာတဲ့ ..ပုံမှန် ဘယ်လောက်လဲတော့ မသိဘူး...ကျနော်ကလည်း အာ့ တွေ မသောက်တာ ကြာပြီဆိုတော့ လေ..ခိခိ မ၀ယ်ပဲ ဈေးသည် အခြေအနေကြည့်  ဈေးတွေလျှောက်မေးတာတော့  ရောက်လေရာ အရပ်ပဲ အဟီး... အဲ ပုသိမ်မှာတော့ သိုက်ဘုရား သိုက်ဆက်
ထွက်ရပ်ပေါက်ဂိုဏ်းတွေ ရဲ့  အောင်မြေလို့ နာမည်ကြီးတဲ့  ရွှေမြင်တင်ဘုရား အသွား ( အတော်သွားယူရတယ် မြို့ နဲ့  လှမ်းပြီး ချောင်ကျတယ် ကျောင်းပြေးလို့ အတော်ကောင်းတဲ့  ဘုရားပဲ အဲ ကျောင်းပြေး အတွဲလေးတွေ တောင်တွေ့ ခဲ့ သေးတယ်.
အဲ့  အတွဲလေးတွေ တွေ့ လိုက်တော့  ကျနော်တို့  ဆယ်တန်းတုန်းက ရွှေတိဂုံဘုရားပေါ် အတွဲလေးနဲ့  ကျောင်းပြေးခဲ့ တာလေးတောင် သတိရလိုက်သေး အဟီး... ) အဲ့ ဘုရားမရောက်ခင် လမ်းမှာ ကားက ထန်းတောရှေ့ ဖြတ်တုန်း ထန်းရေ၀ိုင်းတွေ တွေ့ တာနဲ့  မနေနိုင်တော့ ပဲ အဲ့ ထရေဆိုင်မှာရပ် ထန်းရေ ၀ယ်မိတော့တာပါပဲဗျာ...ထန်းတောထဲ ထိုင်ရောင်းနေတော့  ထရေက အင်တော့ မဖြစ်လောက်ဖူးလို့  တွက်တာလည်းပါပေါ့ လေ...
ငွေဆောင်(၉)
ငွေဆောင်(၉)
--
အဲ့ မှာ ၂ ဘီးဆိုင်ကယ်ရော၎ ဘီးဆိုင်ကယ်ပါ ငှားတယ် စက်ဘီးလည်းငှားတယ် မြင်းလည်းရှိတယ်.. တစ်နာရီဘယ်လောက် နာရီဝက်ဘယ်လောက်ပေါ့ လေ ဆိုင်ကယ်တွေက ကိုယ်တိုင်မောင်းချင်လည်း မောင်းတတ်ရင် ရော့ ယူသွားဆိုပြီး ပေးလိုက်တာပဲ သောင်ပြင်တင် စီးကြတာဆိုတော့  ခိုးပြေးသွားမှာ စိတ်မပူရဘူးနဲ့ တူလို့ ပေါ့ လေ..အဲ့ ငွေဆောင် သောပြင်တန်း အရှည်က သူတို့ ပြောချက်အရ ၉မိုင်ခွဲလောက်ကို ရှည်သတဲ့ ဗျာ..ဒါနဲ့  စီးဘူးတယ်ရှိအောင်နဲ့  သဲဆွဲလို့ မမှောက်လောက်ဘူးထင်တဲ့  ၄ ဘီးဆိုင်ကယ်တစ်စီးကို မေးစမ်းကြည့် တော့  နာရီဝက် ၈ထောင် တစ်နာရီ တစ်သောင်းခွဲတဲ့  ၄ယောက်လောက်စီးလို့ ရတယ်..မောင်းရတာလည်း လွယ်တယ် အဲ့ တော့  အကြာကြီးလည်း မစီးချင်ဘူး ကိုယ့်  အဆောင်ကနေ ဟိုး နဲနဲ လှမ်းတဲ့  ချစ်သူများကျွန်းဖက်ကိုသွားချင်ယုံလေးဆိုတော့  ၅ထောင်ဖိုးလောက် စီးလို့ ရမလား ချစ်သူများကျွန်းလေးဖက် အသွားအပြန်လောက်ပဲ စီးချင်တာလို့ ဆိုတော့  အငှားသမားလူငယ်လေးက ရသတဲ့  ( ခိခိ အဲ့ လိုတွေ ဈေးကွက်ဖြက်တာ ငိငိ)
ငွေဆောင် (၇) (၈)
ငွေဆောင် (၇)
---
ပင်လယ်ရဲ့ အရသာတစ်ခုက တမျှော်တခေါ်ကြီး ကျယ်ပြောလှတဲ့  ရေပြင်ပြာကြီး နဲ့  မိုးကုတ်စက်ဝိုင်းကြီး ထိတွေ့ သွားသလိုလို မြင်နေရတဲ့ မြင်ကွင်းကျယ်ကြီးကို မျက်စိတဆုံး လှမ်းမျှော်ကြည့် နေရတဲ့  အရသာတစ်ခုပါပဲ အဲ့ မြင်ကွင်းက ဘ၀လောကဓံဆိုးအမောတွေနဲ့  မွမ်းကျပ်နေတဲ့ စိတ်ကို သိပ်ကို ပေါ့ ပါး လွတ်လပ်သွားစေတဲ့ ခံစားမှု့ မျိုးကိုရတယ်၊ သိပ် ဝေးလွန်းတဲ့ အထိ ကျွန်းတွေဘာတွေ ပိတ်ခံမနေလေ အဲ့ မြင်ကွင်းကျယ်ကြီးကိုကြည့် ရတာကောင်းလေလေပါပဲ၊
ငွေဆောင် (၅) (၆)

ငွေဆောင် (၅)
---
နေ့ ပိုင်းက ရေကျနေချိန်ဆိုတော့ သောင်ပြင်က အတော်ကျယ်တယ် ပြီးတော့  လှမ်းမြင်နေရပုံကြည့် ရတာက ကျောက်ဆောင်နဲပုံလည်းရတယ် ( ခြေထောက် ဆားရေနူးနေချိန် ကျောက်စွန်းတွေ ရှရင်မချောင်ဘူးလေ ကျောက်စွန်းတွေက ခရုခွံသေးသေးလေးတွေ ကပ်နေတတ်တယ် ( ရေထဲရောက်တော့ ကျောက်စွန်းတွေကို သေခြာလိုက်စမ်းကြည့် ခဲ့ တာ) ) ရေလှိုင်းတက်လာနေပုံတွေကြည့် ရတာ သိပ်တော့ နုပုံမရဘူးလို့ အကဲခပ်မိသေးတယ်...အဲ့ မှာ အခက်တွေ့ တာက အိမ်ကထွက်တုန်းက ပုဆိုးခါးတောင်းကြိုက်ဆင်းသွားမယ်လို့ တွေးပြီး ဘာဘောင်းဘီတထည်မှ ယူမလာခဲ့ မိဘူး..အဲ့ ပင်လယ်စပ်ရောက် အခန်းကနေ အချိန်စောင့် နေရင်း တစ်ဖြည်းဖြည်းတွေးမိလာတာက ပုဆိုးနဲ့ ဆင်းဖို့ အဆင်မပြေလောက်ဘူးပဲ..အဲ့ မှာ...'' ဟျောင်တွေ ဒီမှာ ဘောင်းဘီ ဒူးကျော်လေး ၀ယ်လို့ ရလားဟေ့ '' ပဲ အဟီး....ရွာတန်းရှည်ထဲကဆိုင်တွေမှာ ရသတဲ့ 
အိုကေပေါ့ ..တစ်ထည်ပေါ့ ..အဲ့ မှာ ၀ယ်ချလာတာ ဒူးကျော်တော့ ဒူးကျော်ပဲ အဲ သေခြာကြည့် လိုက်တော့  ၀က်သားရောင်းတဲ့  မတရုပ်မ ပိတ်ဘောင်းဘီလိုပဲ အနီရဲရဲနဲ့  အပွင့် တွေနဲ့  ညယ်...အဟိ...ထူးပါဘူး အဆင်ပြေဖို့ ပဲ အရေးကြီးတာ ဒါဗြဲပေါ့ လေ...
ငွေဆောင်(၃)(၄)

ငွေဆောင်(၃)
---
အမှောင်ထုကနေ အလင်းရောင်လေးက တစ်စတစ်စ ကားနောက်က လိုက်လာသလိုပါပဲ နေရောင်လာနေပြီပေါ့  လမ်းဘေးဝဲယာက မြင်ကွင်းတွေလည်း တဖြည်းဖြည်းမြင်လာရပြီ လူသွားလူလာ ဆိုင်ကယ်သွားဆိုင်ကယ်လာတွေလည်းမြင်လာရပြီ မကြာခင်တော့ ရွှေမင်္ဂလာဆိုတဲ့ ဆိုင်ကြီးတစ်ဆိုင်မှာ မနက်မုန့် စားဝင်ခဲ့ ပြီပေါ့ ဗျာ ဆိုင်ကြီးက အတော်ကြီးပြီး အပေါ့ အလေးသွားရတာအတော်အဆင်ပြေတယ် ၊
အဲ့ ကနေ ဆက်ထွက်ရင်းကနေ ပုသိမ်အ၀င်ရောက်ပေါ့  လမ်းမှာ ဒါးကနားက သံလမ်းကျော်လေးမှာ ရထားလာနေတာနဲ့ ဆုံလို့ ကားရပ်ရင်း ဓါတ်ပုံလေးတစ်ပုံတောင် ရိုက်ခဲ့ လိုက်သေးတယ် ငွေဆောင်ခရီးရဲ့ လမ်းမှာရိုက်တဲ့ ပထမဆုံးပုံလေးပေါ့ လေ..အဲ့ ရထားကြည့် ပြီး တစ်ခါတုန်းက ကြံခင်းပုသိမ်ရထားစီးခရီးစဉ်တစ်ခု သွားခဲ့ ဘူးတာတောင်ပြန်သတိရလိုက်သေးတယ်..ပြည်တွင်းရထားလိုင်းတွေ စီးဘူးသမျှမှ အကျန်ခဲ့ ဆုံး ရထားလိုင်းတစ်လိုင်းလို့ ဆိုရင်တောင်မမှားလောက်ဘူးလို့ တောင်ထင်မိသေးတယ်..ခိခိ.
ငွေဆောင် (၁) (၂)

ငွေဆောင်(၁)
--
လမ်းမှာ ရင်တထိတ်ထိတ်နဲ့  အများဆုံးရှောင်ရတာက ဆိုင်ကယ်စီးဆရာသမားတွေကိုပါပဲဗျာ... ဟိုဖက် ပဲခူးလမ်းကျိုက်ထီးရိုး ခရီးစဉ်လောက်တော့ မများပေမယ့်  ဆိုင်ကယ်တွေနဲ့ ရောနေတာက စက်ဘီးစီးသမားတွေပိုများတယ်..ပြီးတော့  ဆိုင်ကယ်သမားရော စက်ဘီးသမားတွေရောမှာ ဆယ်ကျော်သက် လူငယ်တွေ ပိုများတယ် လူလတ်ပိုင်းတွေက ဆိုင်ကယ်တွေနောက်မှာ ကုန်တွေပစ္စည်းတွေအများကြီးတင်ပြီး
တစ်ရွာနဲ့ တစ်ရွာပို့ နေကြတာမျိုးများတယ် အဝေးခရီးတွေမှာ တွေ့ ရတဲ့  ဆိုင်ကယ်စီးဆရာသမားတွေမှာ အများဆုံးတွေ့ ရတာက ဆိုင်ကယ်စီး ဦးထုပ် အဆောင်းနဲကြတာက တူနေတဲ့ အချက်ပါပဲဗျား အဲ့ ပုသိမ်ဖက်လမ်းမှာ တစ်ချို့ ဆိုင်ကယ်စီးသမားလေးတွေများ ကြုံသလိုကောက်စီးသဘောမျိုးတောင်ဆန်တယ် စွတ်ကျယ်ချိုင်းပြတ်နဲ့ လဲ တက်ခွသွားတာမျိုးဗျား..အဲ့ လိုကို ဆိုင်ကယ်တွေနဲ့  ရင်းနှီးကုန်ကြတာ မြို့ လေးတွေမှာ ဆိုင်ကယ်ကယ်ရီဂိတ်လေးတွေလည်း အများသားပေါ့  ဧရာလမ်းတွေက ကျဉ်းပြီး မျက်နှာချင်းဆိုင် ကားနှစ်စီး ရှောင်တဲ့ အခါ ဘေးချရှောင်စရာ မြေသားအပိုကလည်း ကျဉ်းလွန်းနဲလွန်းတယ် ပြီးတော့ လမ်းသားတွေက မညီတာ ချိုင့် လေးတွေ ပေါတာတွေများတယ် မြေပြင်ညီ ပြေပြီး စပိတင်မောင်းလို့ ရတယ်ဆိုတာ ခဏလေးတွေပဲများတယ် ...
( ပုသိမ်မှာ မြို့ ထဲက ထမင်းဆိုင်တစ်ခုမှာ မနက် ထမင်း ၀င်စားနေတုန်း ခပ်လှမ်းလှမ်း ကားလမ်းဘေးက မအေ တစ်ယောက်က လမ်းဖြတ်ကူးမယ့်  သူ့ ကလေးကို လှမ်းသတိပေးလိုက်တဲ့ အသံလေးကြားလိုက်ရတာ စိတ်ထဲတွေးပြီး ရယ်ချင်ချင်တောင်ဖြစ်သွားသေးတယ်..'' ဟဲ့  ဆိုင်ကယ်တွေ သတိထားကူးဟဲ့ .'' ..တဲ့  ဦးဇင်းကျော် ပြောခဲ့ ဘူးသလိုပဲ ဒါ အသစ်ဗျ အသစ်ဆိုသလိုပါပဲ ကျနော်တို့  အများဆုံးကြားခဲ့ ဖူးရတာက ''' ကားသတိထားကူး နဲ့  စက်ဘီးပေါတဲ့ အရပ်ဆို '' စက်ဘီးတွေ ကြည့် ကူးဟဲ့ '' ''' ပဲလေ.သူ့ အရပ်နဲ့  သူ့ ဇာတ် သူ့ ခေတ်နဲ့ သူ သဘောလေးပေါ့ . ပုသိမ်မှာလည်း ဆိုင်ကယ်တွေ ဘယ်လောက်များသလဲ လိုက်ကြည့် စရာတောင်မလိုဘူးပေါ့ လေ..)
ဘာရယ်ညာရယ်မဟုတ်ပုံပြင် 😁
ဘာရယ်ညာရယ်မဟုတ်ပုံပြင် 😁
-----------
အဲ့ ဖားကန့် မှာကျလာတဲ့ ဘာကြီးမှန်းမသိ အတော်ကြီးတဲ့  ဂြိုလ်တုဖင်လိုလို လူစီးဂျက်လေယာဉ်ကြီးက အင်ဂျင်ကြီးလိုလို နဲ့  တူတဲ့ အစိတ်အပိုင်းကြီးက ပထမဆုံးထင်ကြေးမှာ လေယာဉ်တစ်စင်းက အင်ဂျင်တစ်လုံးလိုလိုဘာလိုလိုပေါ့ ၊ နောက်တော့  လေယာဉ်ကြီးတစ်စင်းက အဲ့ လောက် အင်ဂျင်ကြီးတစ်လုံးလုံး ဖားကန့် မြေပေါ်ပြုတ်ကျလာမယ်ဆိုမှတော့  အဲ့ လေယာဉ်ကလည်း အဲ့ ဒေသတစ်ဝိုက်မှာပဲ ပျက်ကျသွားတာ ကြိမ်းသေပေါက်ကြားရတွေ့ ရမှာပေါ့ ဆိုတဲ့  ဆင်ခြင်ဖြစ်လာတော့  ဒါဟာ လေယာဉ်တစ်စင်းက အင်ဂျင်တစ်လုံးတော့ မဟုတ်ဘူးဆိုတာ ငြင်းပယ်တဲ့  ဆင်ခြင်တစ်ခု ဖြစ်လာတယ် သွားစစ်ဆေးစရာ မလိုခင်ကို အဖြေထုတ် ကောက်ချက်ဆွဲချက်က အတော်ယုတ္တိကျတဲ့ ဆင်ခြင်တစ်ခုပေါ့  အတွေ့ အကြုံသိတွေကို အခြေခံတဲ့  ဆင်ခြင်မျိုးပေါ့ လေ.. :P 😁
နောက်တော့  သိပ်မကြာပါဘူး ကမ္ဘာပတ်လမ်းကြောင်းထဲမှာ ကမ္ဘာကို ပတ်နေတဲ့  ထောင်သောင်းချီရှိနေတဲ့  ခေါင်းစဉ်မျိုးစုံနဲ့  ဂြိုလ်တုတစ်လုံးလုံး ကမ္ဘာပတ်လမ်းကြောင်းထဲ မြေပြင်ထိမ်းချုပ်မှု့ ကနေ
လွတ်သွားပြီး နိမ့် ဆင်းပျက်ကျလာရာက အဲ့ က အစိတ်အပိုင်း တစ်ခုခု ဖြစ်နိုင်တယ်ဆိုတဲ့  ကောက်ချက်တစ်ခုခု ထပ်ပေါ်လာတယ် အဲ့ မှာလည်း သိပ္ပံနဲ့ နည်းပညာဆိုင်ရာ အကာသသိပ္ပံပညာ ကျွမ်းကျင်သမားတွေဖက်ကပြောလာတာမျိုးဖြစ်ပြီး ယုတ္တိကျချက်က အဲ့ လို ဂြိုလ်တုတွေမနဲမနော ကမ္ဘာပတ်လမ်းကြောင်းထဲ ပျက်လည်းမကျ သုံးစားလို့ လည်းမရတော့ တာတွေ တစ်ပုံချည်းပဲတဲ့  ဒါကို အကာသအမှိုက်ပုံလို့ ခေါ်သတဲ့  အဲ့ အမှိုက်ပုံကြီးကလည်း သိပ္ပံသမားတွေအတွက် အတော်ကြီးမားတဲ့ ပရော်ဘလန်ကြီးဖြစ်နေပြီး အဲ့  ဂြိုလ်တုအစုတ်ပလုပ် အမှိုက်တွေကို ဘယ်လို ရှင်းပစ်ရမလဲဆိုတဲ့ နည်းလမ်းအတွက်ကလည်း အတော် အုံးစားနေကြတယ်လို့ ဆိုတယ်
တသီးသဘောနဲ့  လူ့ အဖွဲ့ အစည်းထဲမှာ..
တသီးသဘောနဲ့  လူ့ အဖွဲ့ အစည်းထဲမှာ..
--
ဆောင်ရန်နဲ့ ရှောင်ရန် (၀ါ) ရှောင်ရန်နဲ့ ဆောင်ရန် သဘောကို အရင်တုံးက သိပ်မသဲကွဲလှဘူး ( မသဲကွဲဆို သဲကွဲအောင် ကိုယ်တိုင်က အားမထုတ်ခဲ့ လို့ ပေါ့ လေ :P ) ၊ နောက်တော့  ဆရာကြီးဦးရွှေအောင်ရဲ့  ဗုဒ္ဓ လောကသားတို့ ၏ အနှိုင်းမဲ့ ကျေးဇူးရှင် ( ကိုယ်ကျင့်  ဗုဒ္ဓ၀င် ) ဆိုတဲ့  စာအုပ်ဖတ်မိရာက စပြီး သဘောကျသွားရင်း ( အဖေလုပ်သူက အရင်သဘောကျခဲ့ တာ ဒါနဲ့  သူသဘောကျတာနဲ့  လိုက်ဖတ်လိုက်တာ)
အဲ့ ကနေ ဆရာကြီးစာအုပ်တွေဆို တကူးတကကို ၀ယ်ဖတ်ရှာဖတ်တွေ ဖြစ်လာတယ် ၊ ဆရာကြီး ရဲ့  အမြင်ထောင့် သစ်တွေ အဖွင့် သစ်တွေက ရှင်းလင်းပြတ်သားပြီး နားလည်လွယ်တယ်
( ဆရာကြီးအမြင်တွေ အတော်များများကို ကြိုက်တာတွေ များပါတယ် မကြိုက်တဲ့ အမြင်တွေလည်း တစ်ချို့ ပါပါတယ် 😁 ) ဘယ်လိုအဖြစ်ဖြစ် အရင်ထက် ဘုရားကို ပိုကြည်ညိုသွားတယ် ဘုရားနဲ့ ကိုယ်နဲ့ တရင်းတနှီးသဘောရှိလာတယ်လို့  ခံစားလာရတာကတော့ ဆရာကြီးစာအုပ်တွေ အမြင်တွေရဲ့ ကျေးဇူးတွေပေါ့ လေ
အဲ့ ဆရာကြီးစာအုပ်တစ်အုပ်ထဲက ငါးပါးသီလအဖွင့် မှာ ရှောင်ရန်နဲ့ ဆောင်ရန်သဘောကို ဆရာကြီးက ဖွင့် ပုံက ပါဏာတိပါတ သဘော ဆိုပါတော့  '''ရှောင်ရန်က သူ့ အသက်သတ်ခြင်းမှာရှောင်သင့် တယ်ပေါ့ လေ ၊ ဒီသဘောက ကျနော်တို့  လူလားမြောက်စ အရွယ်ကတည်းက ပါဏာတိပါတာဝေရာမဏိ..ဘာညာ နဲ့  ရွတ် သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်းမှာ ရှောင်ကျဉ်ပါ၏ ဘုရားလို့  ရွတ်နေကြမို့  သိကြပြီးသားပေါ့ လေ..၊ အဲ့ မှာ ဆောင်ရန်သဘောကို ဆရာကြီးက ပါဏာတိပါတ မှာ ထည့် သွင်းဖွင့် ဆိုသွားတာက သူများအသက်ကို မသတ်ပါဘူးဆိုယုံနဲ့  စင်ကျယ်သော သီလသဘော မပြည့် စုံသေး မပြီးသေး သူတစ်ပါးတွေရဲ့ အသက်တွေကိုလည်း စောင့် လျှောက်ပါ ဆိုတဲ့  ဆောင်ရန်သဘောပါ ပါမှာ စင်ကျယ်သောသီလသဘော ပြည့် စုံမယ်လို့ ဆိုတယ်...၊ မုသားဆို မဟုတ်တာမမှန်တာမပြော လိမ်မပြောတာက ရှောင်ရန်သဘောဆို ဆောင်ရန်က မှန်သော စကားသာဆိုပါလေပေါ့ လေ ...
ဒီသဘောတွေက ကျနော်တို့ ဆရာကြီးစာအုပ် ဖတ်ဖူးတော့ မှ သိလိုက်ရတာမို့  သဘောတွေကျပေါ့ လေ၊ ဒါပေမယ့်  ဒီသဘောတွေက တသီးချင်း တစ်ယောက်ချင်းသဘောအတွက် ကျင့် သုံးရတာ ကျင့် ကြံအားထုတ်ရတာ လွယ်ကောင်းလွယ်ပေမယ့်  လောကီလူ့ ဘုံ (၀ါ) ကမ္ဘာသားတွေဆိုတာ အာရုံပြုမှု့  ယုံကြည်မှု့  ၀ါဒ သဘောထား မတူညီတတ်ကြတဲ့  စိတ်အမျိုးမျိုး စရိုက်အမျိုးမျိုး အမူအကျင့် အမျိုးမျိုး အယူအမျိုးမျိုး အနွယ်အမျိုးမျိုး စုံလှတဲ့  လူ့  အဖွဲ့ အစည်းကြီး တစ်ခုလုံးသဘော အတွက်ကြတော့  အခက်တွေ့ နေပါရောဗျာ.....ဥပမာ...အလွန်မှဆိုးရွာလှတဲ့  အခုဟော့ နေတဲ့  အခုဝိုင်းတောင်းဆိုနေတဲ့  သေဒဏ်ပေးပါ ဆိုတဲ့  ပြစ်မှု့ မျိုးကျူးလွန်သူတွေကို ဒီ ပါဏာတိသဘောအရ တစ်ပါးသောအသက်တွေကိုမသတ်ဖူး စောင့် လည်းစောင့် လျှောက်မယ်ဆိုတဲ့  ရှောင်ရန်ဆောင်ရန် တွေကို ကျင့် သုံးနေတဲ့  ကျင့် သုံးဖို့ အားသန်နေတဲ့  တစ်သီးသမားတွေ အတွက်တော့  အဲ့  လူမဆန်တဲ့ အမှု့ တွေ ကျူးလွန်သူကို သေဒဏ်ပေးလိုက်ပါဗျို့ လို့  ၀င်တောင်းဆိုပေးရ ခက်လိမ့် မယ်ပေါ့ လေ....သဘောကတော့  လူ့ အဖွဲ့ အစည်းတစ်ခုလုံးနဲ့  ဆိုင်တဲ့ ကိစ္စနဲ့  တစ်ယောက်ချင်း သဘော နေရာတကာ လိုက်ညှိလို့ မလွယ်လှပါဘူးပေါ့ လေ....
အဲ့ မှာ ၀ိဋဋူပ ဇာတ်ကိုတောင်သတိရသေးတယ်...၀ိဋဋူပဟာ အရွယ်ရောက်လို့  သူအင်အားကြီးလာတော့  သူ့ ကို အရာမသွင်း နှိမ့် ချ စော်ကားခဲ့ လို့  သူနာကျည်းခဲ့ တဲ့ သူတွေကို လက်တုန့် ပြန်လက်စားချေဖို့ အက္ခေါဘဏီတပ်ကြီးနဲ့  စစ်ချီတော့  ဘုရားက လမ်းကနေ သုံးကြိမ်လောက် ၀င်တားခဲ့ သေးတယ်လို့ ဆိုတယ် ဒါပေမယ့်  ခံရတော့မယ့် သူတွေဟာ သံသရာတစ်ကွေ့ က အကုသိုလ်ကံတရားတွေရဲ့ အကျိုးဆက်တွေသဘောပါ ကျရောက်လာချိန် ကံနာဝဋ်နာတွေ သဘောပါနေပြီလို့ သိတော်မူလို့  နောက်တော့  သဗ္ဗေသတ္တာ သဘောပဲထားလိုက်ရတော့ တယ်ပေါ့ လေ..အဲ့ မှာ တစ်ပါးသောအသက်တွေကိုလည်း စောင့် လျှောက်ပါ ဆိုတဲ့  ဆောင်ရန် သဘောက လမ်းကနေ သုံးကြိမ် ၀င်တားပေးသေးတယ် သဘောလေးမျိုးနဲ့ တူပါရဲ့ ပေါ့ လေ..။
တသီးနမိတ်တွေလို့ ဆိုလေမလား
တသီးနမိတ်တွေလို့ ဆိုလေမလား
--
ဒီအကြောင်းကို ဖွဘုတ်သုံးစက တစ်ခါရေးပြဖူးတယ် အခုပြန်ရေးပြတာ ပြည်လုံးဆိုင်ရာသဘောနဲ့ မဆိုင် ကိုယ့် အတွက်ကိုယ်သာ ဖြစ်ပေးနေတဲ့  နမိတ်လေးတွေ အမှတ်သညာထားတတ်တဲ့ အများစုမှာ ရှိနေတတ်တယ် ကံတွေ မတူကြလို့  ကိုယ်တိုင်ရဲ့ အကောက်အယူတွေကလည်း တူချင်မှတူလိမ့် မယ်..၊ မျက်ခမ်းလှုပ်ရင် ငိုရတတ်တယ်ဆိုတာတော့ အများဆိုင်ရာသဘောမှာ တူတာများတတ်ပေမယ့်  ဘယ်လက်ဖ၀ါး အလိုလိုယားလာရင် အချို့ က ငွေအထွက်များတော့ မယ့်  နမိတ်လို့  ယူလိုက်ကြပြီး တစ်ချို့ က ငွေဝင်တယ်လို့ ဆိုတယ်..ကိုယ့် ဘ၀အတွေ့ အကြုံမှာ အကြိမ်ပေါင်းများစွာ ကြုံခဲ့ တဲ့ သဘောကနေ ကောက်ချက်သဘောပေါ့  သူများနဲ့ မဆိုင်ပေါ့  အဲ့ မျက်ခမ်းစပ်တွေလှုပ်တာ လက်ဖ၀ါး ဘယ်ညာတွေယားတာဟာ နမိတ်သဘောလို့ ဆိုကြ ယူကြတယ်...ဒါက လောကီပညာ ရှု့ ထောင့် ကသဘောတွေပေါ့ ဆေးပညာသမားကတော့  ဒါဟာ သွေးလေလည်ပတ်မှု့ မှာ ဘာညာ ဘာညာတွေပေါ့ လေ..။
♫ ♪♫ '' အိုးလေးလှုပ်ပါဟေ့  ဟေ့  အိုးလေးလှုပ်ပါဟေ့  '' ♫ ♪
♫ ♪♫ '' အိုးလေးလှုပ်ပါဟေ့  ဟေ့  အိုးလေးလှုပ်ပါဟေ့  '' ♫ ♪
--------------
♫ ♪♫ '' အိုးလေးလှုပ်ပါဟေ့  ဟေ့  အိုးလေးလှုပ်ပါဟေ့  '' ♫ ♪ ဆိုတဲ့  သီချင်းက နေရာအတော်များများ ကလေးတွေ ပါးစပ်ထဲမကျန် ပေါက်သွားခဲ့ ပြီးမှ လတွေ အတော်ကြာတော့  နာဂစ် ဖြစ်လာတယ်။
အဲ့ မှာ တစ်ချို့ ကဆိုတယ် အဲ့  အိုးလေးလှုပ်ပါဦး ဆိုတဲ့  သီချင်းဟာ နာဂစ်အတွက်
နမိတ်တဲ့  အဲ့  ဒါကို အားဖြည့်  နမိတ်က အဲ့ ကာလက ခေတ်စားနေခဲ့ တဲ့  ခေတ် လူငယ်ထုရဲ့  ''' လန်နေတာပဲ '' အသုံး...။ အဲ့ ဒါကို အဓိပ္ပါယ်ဖွင့် ဆိုကြပုံက
( ပေါက်ဖေါ်လို့  ဆိုချင်ဆိုနိုင်မယ် အကြောင်းက ကြို အဓိပ္ပါယ် ဖွင့် ဆိုတာမျိုး မဖတ် မကြားခဲ့ ရဘူးလို့ )
အိုးလေးလှုပ်ပါဟေ့  ဆိုတာဟာ တိုင်းပြည်ရဲ့  ၀မ်းစာ စပါးကျီလို ဖြစ်နေတဲ့  ဧရာဝတီတိုင်းမှာ နာဂစ်မုန်တိုင်း ဘေးဆိုးကြီး ကျရောက်လာလို့  တိုင်းပြည်ရဲ့  ထမင်းအိုးကို ထိခိုက်ကုန်တဲ့  နမိတ်လို့ 
ဖွင့် ဆိုကြသလို ခေတ်ပေါ်မဒီလေးတွေ ရဲ့  ဖက်ရှင်ဒီဇိုင်း အသစ်လေးတွေကို ဘန်းစကားနဲ့  '''လန်နေတာပဲ '' ဆိုတာဟာလည်း နာဂစ်မုန်တိုင်း လေပြင်းကြောင့်  ခေါင်မိုးတွေ လန်ထွက်ကုန်တာပါပဲလို့  ပြောခဲ့ ကြတယ် အဲ့ အပြောတွေ အကုန်နီးပါးဟာ ဘေးဖြစ်ပြီးမှ ပြန်အဓိပ္ပါယ်ဖေါ်တာမျိုး များခဲ့ တာ
နမိတ် အတိတ်တဘောင် စနည်း ဘဝေါ သဘောတွေကို စိတ်ဝင်စားဖတ်မှတ်လေ့ လာနေခဲ့ တဲ့ သူတွေ သိလောက်မှာပါ။ ဒါကို လက်ခံတဲ့  သူလည်းရှိ ဘာမှမဆိုင်ဘူး ဆိုပြီး
ငြင်းပယ်ခဲ့ သူတွေလည်း ရှိပေါ့ 
--------------
♫ ♪♫ '' အိုးလေးလှုပ်ပါဟေ့  ဟေ့  အိုးလေးလှုပ်ပါဟေ့  '' ♫ ♪ ဆိုတဲ့  သီချင်းက နေရာအတော်များများ ကလေးတွေ ပါးစပ်ထဲမကျန် ပေါက်သွားခဲ့ ပြီးမှ လတွေ အတော်ကြာတော့  နာဂစ် ဖြစ်လာတယ်။
အဲ့ မှာ တစ်ချို့ ကဆိုတယ် အဲ့  အိုးလေးလှုပ်ပါဦး ဆိုတဲ့  သီချင်းဟာ နာဂစ်အတွက်
နမိတ်တဲ့  အဲ့  ဒါကို အားဖြည့်  နမိတ်က အဲ့ ကာလက ခေတ်စားနေခဲ့ တဲ့  ခေတ် လူငယ်ထုရဲ့  ''' လန်နေတာပဲ '' အသုံး...။ အဲ့ ဒါကို အဓိပ္ပါယ်ဖွင့် ဆိုကြပုံက
( ပေါက်ဖေါ်လို့  ဆိုချင်ဆိုနိုင်မယ် အကြောင်းက ကြို အဓိပ္ပါယ် ဖွင့် ဆိုတာမျိုး မဖတ် မကြားခဲ့ ရဘူးလို့ )
အိုးလေးလှုပ်ပါဟေ့  ဆိုတာဟာ တိုင်းပြည်ရဲ့  ၀မ်းစာ စပါးကျီလို ဖြစ်နေတဲ့  ဧရာဝတီတိုင်းမှာ နာဂစ်မုန်တိုင်း ဘေးဆိုးကြီး ကျရောက်လာလို့  တိုင်းပြည်ရဲ့  ထမင်းအိုးကို ထိခိုက်ကုန်တဲ့  နမိတ်လို့ 
ဖွင့် ဆိုကြသလို ခေတ်ပေါ်မဒီလေးတွေ ရဲ့  ဖက်ရှင်ဒီဇိုင်း အသစ်လေးတွေကို ဘန်းစကားနဲ့  '''လန်နေတာပဲ '' ဆိုတာဟာလည်း နာဂစ်မုန်တိုင်း လေပြင်းကြောင့်  ခေါင်မိုးတွေ လန်ထွက်ကုန်တာပါပဲလို့  ပြောခဲ့ ကြတယ် အဲ့ အပြောတွေ အကုန်နီးပါးဟာ ဘေးဖြစ်ပြီးမှ ပြန်အဓိပ္ပါယ်ဖေါ်တာမျိုး များခဲ့ တာ
နမိတ် အတိတ်တဘောင် စနည်း ဘဝေါ သဘောတွေကို စိတ်ဝင်စားဖတ်မှတ်လေ့ လာနေခဲ့ တဲ့ သူတွေ သိလောက်မှာပါ။ ဒါကို လက်ခံတဲ့  သူလည်းရှိ ဘာမှမဆိုင်ဘူး ဆိုပြီး
ငြင်းပယ်ခဲ့ သူတွေလည်း ရှိပေါ့ 
'''' တစ်ခါက တန်ဆောင်တိုင် လပြည့် ည '' ကြက်မီးဖုတ်စားပွဲလေးအကြောင်း '' အမှတ်တရပါ. ''' ငိငိ
'''' တစ်ခါက တန်ဆောင်တိုင် လပြည့် ည '' ကြက်မီးဖုတ်စားပွဲလေးအကြောင်း '' အမှတ်တရပါ. ''' ငိငိ
---------------------------
တန်ဆောင်တိုင်ပွဲတော်ရာသီလေးရောက်လာတော့  တစ်ခါက နဲနဲပါးပါး ရေးပြခဲ့ ဘူး ကိုယ်တွေ့  ကြုံခဲ့ ဘူးတာလေး ပြန်ရေးပြချင်စိတ် ဖြစ်လာတယ်ပေါ့ လေ...။ အဲ့ တုံးက တန်ဆောင်တိုင် နောက်ဆုံးညရဲ့  ကျီးမနိုးပွဲ ဆိုတာလည်း ခေတ်စား ခဲ့ ပေမယ့်  ကျနော်တို့ ဖက်တော့  အစဉ်အလာဓလေ့  အပျော်သဘောသာ ဆန်လွန်းခဲ့ ပြီး သူများ စီးပွားပျက်လောက်အောင်တော့ မပြုမူခဲ့ ကြပါဘူး ၊ ပြုသူရော အပြုခံရသူရော မနက်မိုးလင်းတော့  ရယ်ပွဲတွေဖွဲ့ လို့  ပျော်နေကြတာမျိးပါပဲ...အဲ့ လောက် အဲ့ ခေတ်က လူတွေက သဘောကောင်းခဲ့ ကြတယ်...။
တစ်နှစ်တော့  ကျနော်တို့ လူငယ်အဖွဲ့ တွေ အမြင်ကပ်ကပ်နဲ့  သမ ခဲ့ ကြပုံက ...ဒီလိုပါဗျာ လမ်းထဲမှာ လမ်းလူကြီး အဖြစ် သြဇာရှိနေတဲ့  လူကြီးရဲ့  သား ကျနော်တို့  အသက် လယ်ဘယ်တန်းက သူရဲ့  သူ့ အဖေက လမ်းလူကြီး ဆိုပြီး စောင့် ကြွားကြွားလုပ်နေပါရောဗျာ.(ခေတ်သစ် သူကြီးးသားစတိုင်လိုပါပဲ ခိခိ) .အဲ့ ဒါကိုပဲ ကျနော်တို့ လမ်းသာ လူငယ်တွေက ကြည့် မရဘူး သိပ်အမြင်ကပ်နေတာမျိုးပေါ့ ...တစ်နေ့ နေ့ တော့  ဆိုပြီး စိတ်ထဲက တေးထားတာမျိုးပေါ့ လေ..
''' အရိုးတီဘီဆေးလည်း သောက်ခဲ့ ရဘူးတယ်..''
''' အရိုးတီဘီဆေးလည်း သောက်ခဲ့ ရဘူးတယ်..''
--
လူရွှင်တော်သရုပ်ဆောင်တစ်ယောက် အရိုးတီဘီ ဖြစ်လို့ ဆေးရုံတက် ကုနေရတယ် ဆိုတဲ့  သတင်းတစ်ခု တက်လာတော့  ကျနော်ကိုယ်တိုင် ခါးရိုး အရိုးတီဘီ တစ်ခါက ဖြစ်ခဲ့  ဘူး ဆေးကုယူခဲ့ ရဘူးတဲ့ အဖြစ်ကို သတိရမိတယ်..
ညနေစောင်းဆို ကိုယ်ပူတက်လာနေမကောင်း သလိုလိုဖြစ် မနက်ဆိုအကောင်း အကုန်းအကွက အရင်လို ပုံမှန်မဟုတ် အစားအသောက်က ခံတွင်းပျက်လာကနေ ဆေးခန်းပြ ဆေးတွေလျှောက်စစ် ကနေ.
.ဆေးခန်းက ဆရာဝန်က သူ့  ဆေးပညာ သဘာ အလုပ်ကျွမ်းကျင်မှု့ 
အာရုံကနေ မသင်္ကာလာတာက တီဘီပိုးများ ရှိနေသလား....
''' နာရီပုံပြင် '''
''' နာရီပုံပြင် '''
---
ဟိုဖက်ခေတ်တုန်းကတော့  နာရီပတ်တယ်ဆိုတာ ကလေးအရာမဟုတ်ပဲ လူကြီးအရာလိုလို ငွေနဲနဲ သုံးနိုင်သူတွေရဲ့ အရာလိုလို သဘောထားမျိုးက ပိုများခဲ့ ပုံရသလို ကျနော်တို့ တောင် ၅ တန်းရောက်မှ နာရီလေးတစ်လုံး စပတ်ခွင့် ရခဲ့ တာမျိုးပဲ၊ ဒါတောင် ကိုယ့် နာရီက ၅တန်းတက်လို့  စတိတ်ကျောင်းသားကြီး ဖြစ်လို့  အဖေက ငါ့ သားကြီး နာရီ ပတ်စေသတည်း လုပ်တာမျိုးပုံရပြီ အဲ့ မှာ အသစ်ဝယ်ပေးတာမျိုး မဟုတ်ခဲ့ ပဲ အဖေက သူပတ်နေကျ အိုမီဂါ နာရီလေးကို ချွတ် ကျနော့် ကိုပေး သူက ဂျပန်က ၀င်စ ပေါ်စ ဆီကိုနာရီကြီးကို အသစ်ဝယ်ပတ် လုပ်ခဲ့ တာမျိုးဗျား..ဒါတောင် အတန်းထဲ ကျနော့် လို နာရီပတ်ထားတဲ့ ကျောင်းသားက ခပ်နဲနဲပဲရှိသေးတာမျိုးရယ် အများစုက အလယ်တန်းနောက်ဆုံးနှစ်တွေဆိုတဲ့  ၇ တန်း ၈တန်းလောက်နဲ့  အထက်တန်းဆိုတဲ့  ၉တမ်း ၁၀တန်းလောက်မှ နာရီကို ကျကျနနပတ်ကြတာများတယ်...
'' သရက်လှေ တောကုန်သည် မြို့ ပွဲစား အလုပ်သမား လက်လီဝယ်လက် နဲ့  ....''
'' သရက်လှေ တောကုန်သည် မြို့ ပွဲစား အလုပ်သမား လက်လီဝယ်လက် နဲ့  ....''
--------
အမေ့ ဖက်က အမျိုးဘကြီး မိသားစု တစ်စုက ကုန်စိမ်းလောကသားထဲကပေါ့ လေ၊ ရာသီအလိုက် သီးနှံကုန်တွေကိုလည်း အကြီးအကျယ်ရောင်းကြတယ် ၊ ပလို့ ပြောင်းလို့ ခေါ်ကြတဲ့ ပြည်အောင်လံကြားက ပြလို့ က ပြောင်းဖူးတွေဆို လော်လီကားကြီးနဲ့ ကားစီးလိုက် နောက်တံခါးဖွင့် ချပြီး ပြောင်းဖူးပြုတ်သည်တွေကို ရောင်းတာမျိုး ၊ ဖရဲသီးခင်းတွေချုပ်ပြီး ကားနဲ့ တိုက် မြေပေါ်ပုံ ရောင်းတာမျိုး ကီလီဈေးခေတ်ကနေ သီရိမင်္ဂလာဈေးခေတ် အထိပေါ့ လေ သရက်သီးကြတော့  လှေကြီးတွေနဲ့ လာပြီး ဆိပ်ကမ်းမှာကပ် အဲ့ ဆိပ်ကမ်းက လှေပေါ်တင် ထိုင် ရောင်းပေါ့ လေ...
အဲ့ မှာ သိပ်ပျော်ဖို့ ကောင်းတယ် ကျနော်တို့ အပျော်ဆုံးကတော့  သရက်လှေတွေပေါ်မှာ ထိုင်ပြီး လှိုင်းပုတ်တဲ့ လှေရဲ့  လှုပ်စိ လှုပ်စိ နဲ့ ဒန်းကို ဖြည်းဖြည်းလေးနဲ့ ငြိမ့် ငြိမ့် လေး စီးနေရသလို ဖြစ်နေတဲ့ မြစ်လေလေး တဖြူးဖြူးက တိုက်နေလိုက်သေးတဲ့ လှေစီးအရသာလေးနဲ့  ပြန်ရောင်းဖို့ သရက်သီး လာဝယ်ကြတဲ့  ဈေးသည်တွေရဲ့  စကားပြောဟန်ဆိုဟန်တွေ လူမှု့ ဆက်ဆံရေးစတိုင်တွေကို ထိုင်စပ်စုနေရတာကို အတော်ပျော်ခဲ့ တာ၊ သရက်သီးရာသီဆို အဲ့ လှေပေါ်လိုက်သွား တစ်နေကုန်ထိုင် စားလိုက်သောက်လိုက် လေပစ်လိုက် လူတွေကိုကြည့် လိုက် တစ်ခြား သရက်လှေတွေကို စပ်စုလိုက် ဆိပ်ခံဘောမှာ ကပ်ထားတဲ့  နှစ်ထပ်ကောင်တွေ မော်တော်ကြီးပေါ်တွေ လျှောက်သွားစပ်စုလိုက်ပေါ့ လေ စနေတနင်္ဂနွေလိုနေ့ မျိုးတွေပေါ့  ၊
ရွာကမိန်းမတောင်းပွဲ
ရွာကမိန်းမတောင်းပွဲ
------------------------
လူကြီး လုပ်ပြီး မိန်းမ လိုက်တောင်းပေးရမယ့် အဖြစ်က ရှောင်မရပြုမရနဲ့  ကြုံလာချိန်မှာ ..ငယ်တုန်းက အမေ့ အမျိုး ကျနော်တို့  အရီးလေး ပြောပြတဲ့  သူတို့ ရွာက မိန်းမတောင်းပွဲမှာ ဗရုပ်သုတ်ခ ဖြစ်ခဲ့ ပုံလေး
ရွာအလွမ်းပြေ ဟာသလုပ်ပြီး ပြောခဲ့ တာကို သတိရလိုက်သေးတယ် အဲ့ တုန်းက ရယ်လိုက်ရတာပေါ့ လေ..ကိုယ့် အလှည့် ကျတော့  တွေးတွေးပြီး မျက်နှာတွေပူနေတာ..၊ အရီးလေးတို့ ခေတ်က ပြည်တွင်းစစ်ကာလဆိုတော ဧရာတိုင်းထဲက ရေကြည် အသုတ် ငါးသိုင်းချောင်းနယ်ထဲက ရွာတွေကလည်း အတော် ဆင်းရဲတယ်လို့ ဆိုတယ်...( စစ် နဲ့ ဓားပြနဲ့  ဆင်းရဲလွန်းကြလို့ နောက်တော့ ရွာကနေပြေးကုန်ရတဲ့  အဖြစ်ပေါ့ လေ )
အဲ့ မှာ အဲ့ ဖက်ကရွာတွေ သဘောက အမျိုးစပ်ရင် တစ်ရွာလုံးလိုလိုက ဆွေမျိုးပတ်ပြီး စပ်လို့ ရနေတဲ့  လူရင်းတွေလိုဖြစ်နေတာ ဆင်းရဲတာချင်းလည်း တစ်တဲနဲ့ တစ်တဲက သိပ်မကွာလှဘူးလို့ ဆိုတယ် ဆွေးမျိုးတွေ စပ်လို့ ရနေလို့ ပြောမနာဆိုမနာတွေ တစ်ယောက်နဲ့ တစ်ယောက် အတွင်းသိအဆင်းသိတွေပါတဲ့ ...ဆင်းရဲချက်က ခပ်သင့် သင့်  ၀တ်ကောင်းစားကောင်း တစ်စုံ တောင် အတော့် ကို တရိုတသေ သိမ်းထားကြရတာ ရွာနီးချုပ်စပ် အလှုလေး မင်္ဂလာလေးရှိရင် ၀တ်ဖို့  နဲ့  သေရင် လွှမ်းဖို့ လို့ ဆိုတယ် ( ဇာတ်က နာချက် ကုလားကားအတိုင်းပဲ ခိခိ)...
ဟိုတုန်းက လမ်းမတော် တန်ဆောင်တိုင်ပွဲတော်ကြီး အကြောင်း စာတိုစိလေးပါ.... 😁
ဟိုတုန်းက လမ်းမတော် တန်ဆောင်တိုင်ပွဲတော်ကြီး အကြောင်း စာတိုစိလေးပါ.... 😁
---
၈၈ မတိုင်ခင် အနားအထိ ကျနော်တို့ ဖက်မှာ လမ်းထိပ်တိုင်း လိုလိုမှာ စင်ထိုးပြီး ကုလားကားတွေထဲက အဲ့ ခေတ်က လူတွေကြားထဲ ဟော့ ဖြစ်ပြီး
( ဥပမာ အာရာဒါနားဆိုတဲ့  ကုလားကားထဲက '' ကျလိယာ အာရေး.ကျလိယာ '' ဆိုတဲ့ သီချင်းအမြူးမျိုး )..ပေါက်သွားတဲ့ ကုလားသီချင်းမျိုးတွေ နဲ့  အနှစ် ၂၀ စုံတွဲတေးသီချင်း တေးသရုပ်ဖေါ်တွေ ခုနှစ်ထွေအကမျိုးတွေ အငြိမ့် လို ၂ပါးသွားတွေ (မိုးကြိုးငှက်ငယ်လေးများ အဖွဲ့ ကလည်း စင်ထိုးပြီး ကပွဲလုပ်ခဲ့ ကြတယ် သူ တို့ စင်တော် မဟာကလည်း အတော်ပေါက်ခဲ့ တယ်) တစ်ခန်းရပ် ဟာသလေးတွေ နဲ့  လမ်းထိပ်တိုင်းလိုလိုမှာ ကပွဲစင်တွေ ထိုးကပြကြတဲ့  တန်ဆောင်တိုင်ပွဲတော်ကြီးရယ် ...
ဖြတ်သန်းခဲ့ ဘူးတဲ့  နှောင်းခေတ်ကြေးမုံလေး တစ်ခုပါ..... :P 😁😁
ဖြတ်သန်းခဲ့ ဘူးတဲ့  နှောင်းခေတ်ကြေးမုံလေး တစ်ခုပါ..... :P 😁😁
----
လူတစ်ယောက်နဲ့  တစ်ယောက် ဗီဇသဘောဆန်ဆန် အကြိုက်ချင်းတွေ မတူညီတတ်ခဲ့ ကြဘူး...၊ ကျနော်တို့ ခေတ်မှာ ကျနော်က စတိတ်ကျောင်းမှာ ဘင်ခရာ သမားတစ်ယောက်ဖြစ်ခဲ ဘူ့းတယ် ထရမ် ခေါက်သမားဆိုတဲ့  တြိဂံ သုံးမြှောင့် သံချောင်းလေး ခေါက်ရတဲ့  ( သံချောင်းခေါက်တယ်လို့  ခေါ်ပါသဗျ ငိငိ) အဆင့် ကနေ ဘင်ခရာ တစ်ဖွဲ့ လုံးကို ဦးဆောင်ရတဲ့  ရှေ ဆုံးကနေ ကျိုင်းကိုင်ရတဲ့  ဆရာကြီး အဆင့် အထိပါပဲ ခ်....ငိငိ ( ကြွားစရာမရှိ ကြံဖန်ကြွား ခ် ..ငိငိ ....ဟီး.....)
ရှေ့ ဆုံးကနေ ကောင်းကင်မြှောက်ပြလိုက် ပြန်ဖမ်းပြလိုက် လက်ထဲ ကုလား တုတ်သိုင်းကစားသလို ကျိုင်းကို ကစားပြလိုက်နဲ့  ကျိုင်းကိုင်သမား ဖြစ်မလာသေးခင် ကြားထဲမှာ ပါးစပ် နှုတ်ခမ်းဖျားထားပြီး တည့် တည့် မှူတ်ရတဲ့  စီပုလွေ နဲ့  ပါးစပ်နှူုတ်ခမ်းမှာ ဘေးစောင်းထား မှူတ်ရတဲ့  ဘီဖလက် ပုလွေတွေ ကလဲနက်ဆိုကြတဲ့  လေမှုတ်ပစ္စည်းတွေ ဘူုဘူ ဘော်ဘော်တွေနဲ့  ဖင်လိပ်ခေါင်းထွက်လုမတတ် မှုတ်ရတဲ့  ထရမ်းပက် အကြီးအသေး ဆိုသဟာတွေ ယကွင်းတီးသမား ဘင်ထုသမား ဒရမ်တီး ဒရမ်စတစ် ကစားပြသမားဘ၀တွေကို အဆင့် ဆင့်  နဲ့  ကျော်ဖြတ်ခဲ့ ရတယ် ။
အရက် တက်ပလက်မူးယစ်ဆေးပြားနယ်ကနေ လွန်မြောက်တဲ့ အခါ....
အရက် တက်ပလက်မူးယစ်ဆေးပြားနယ်ကနေ လွန်မြောက်တဲ့ အခါ....
-----------------
စိတ်ပိုင်းဆိုင်ရာ သဘောတွေ အပြောင်းအလဲတွေဖြစ်လာပြီဆိုရင်လည်း ပြောင်းလဲသွားဖို့  အခြေအနေတွေ တိုက်ဆိုင်လာပြီး သူ့ သဘောသူဆောင် ဖြစ်ကိုဖြစ်သွားတော့ တာမျိုးပဲ ဘေးက ဘယ်သူဘယ်ဝါက တိုက်တွန်းလို့ ဘယ်သူ့ ကို ဘယ်ဝါ့ ကို ရိုသေလို့  ကတိပေးထားလို့ ဆိုတာထက် ကိုယ်တိုင်ရဲ့  စိတ်ထဲကို သင့် တွေ မသင့် တွေဆို တာ သူ့ ဟာသူ တဖြည်းဖြည် ၀င်လာပြီး စိတ်ထားတွေ အဲ့ စိတ်ထားကနေ ရောင်ပြန်သရုပ်ဖြစ်တဲ့  အမူအကျင်တွေ ပြောင်းလဲလာတဲ့ သဘောဆန်ပုံရပါတယ်...
ဆရာလုပ်သူဆီချဉ်းကပ်နေရင်းက ဆရာရဲ့  ခံယူချက်တွေ သီလသမာဓိပညာသဘောတွေက ကားဆွဲရင်း ကိုယ့် ရဲ့  အရက်တွေ မူးယစ်ဆေးပြားတွေ လစ်ရင်လစ်သလို ကစ်နေတာတွေကို ကိုယ့် ဟာကိုယ်
စိတ် မလုံတော့ ဘူး ဆရာလုပ်သူကို အားနာသလိုလို စိတ် စ၀င်လာတယ် ဆရာကတော့  အဲ့ ကိစ္စတွေကို ဘာဆိုဘာမှ မပြောပါဘူး အမူအယာနဲ့ တောင်မပြဘူး ဒါပေမယ့်  ဆေးလိပ်ကအစ အဲ့ ဒါတွေအပြင် လိမ်လည်ကောက်ကွေ့ သဘောတွေ ကို မလုပ်မပြောမပြုမူတဲ့ ဆရာမျိုးဆိုတော့  သူ့ ဆီသွားရင် ကိုယ်က စ ဆင်ခြင်လိုက်ပြီး သွားမိတဲ့ ပုံဖြစ်လာတယ် အဲ့ ကနေ လစ်သလို တွယ်တတ်တဲ့  အရက်သေစာသဘောတွေကနေ တဖြည်းဖြည်းဝေးသွားတာ ခုထိပဲဆိုပါတော့  ဘာကတိတောင်းတာတွေ ပေးရတာတွေ လှုတာမရှိခဲ့ ဘူးပါဘူး...
(ကတိတောင်းရင်လည်း ပေးဖြစ်ချင်မှ ပေးဖြစ်မှာပါပဲ )
လေးဘီးကားသမားဘ၀မှာ....( ၁၂ )
နောက်အမှတ်ရစရာ ဘ၀ဖြတ်သန်းမှု့ တွေက ကိုယ်လိုချင်နေတဲ့  ဘ၀စတိုင်တွေအတွက် လဲခဲ့ ရတာတွေ စိတ်ဓါတ်ကြံ့ ခိုင်မှု့ တွေကို ကိုယ့် ဟာကိုယ် တည်ဆောက်ယူခဲ့ ရတာတွေ နဲ့  အမျိုးအရင်းတွေပေမယ့်  ကိုယ် ရဖို့ ဆို သစ္စာ တရားပျက်လွယ်သူတွေနဲ့  ကြုံခဲ့ ရတာတွေ သရော်ခံခဲ့ ရတာတွေ အများကြီးပါပဲ ဆိုတဲ့ သဘောတွေနားရောက်လာတော့  ချရေးလိုက်ရမှာ အတွေးစဉ်းစားနေရသေးတယ်.. အခက်ခဲဆုံးက ကိုယ်တိုင်ရဲ့  ဆုံးဖြတ်ချက်တွေကို ဘယ်သူ တွေဝေဖန်တာ သရော်တာတွေကို ဂရုမစိုက်တော့ ပဲ ဒူးအော်ဒိုင်း စိတ်နဲ့  ကိုယ် လိုချင်နေတဲ့  ဘ၀စတိုင် ကိုယ်တိုင် စိတ်ဇွဲတွေနဲ့  တည်ဆောက်ခဲ့ ရတဲ့  စိတ်ထားတွေအကြောင်းပါပဲဗျား... 😁
----------------------
လေးဘီးကားသမားဘ၀မှာ....( ၁၂ ) ( ကားနိဂုံး ပွဲသိမ်းရိုက်ချက်တွေ ) ။
----
အမှန်တော့  ဒီလောက်အထိ ရေးမယ်လို့  စိတ်ကူးမရှိပါဘူး ရေးဖြစ်သွားလိမ့် မယ်လည်း မထင်ပါဘူး ကိုယ့် အကွေ့ လေးတွေ သဘော နဲနဲပါးပါး တို့ ထိပြီး ဘ၀တွေရဲ့ အချိုးအကွေ့ တွေသဘောဟာ မှန်းဆရခက်တတ်တယ် ရည်ရွယ်တာတွေ ဖြစ်ချင်လည်း ဖြစ်လာတတ်ပြီးမရည်ရွယ်ခဲ့ တာတွေလည်း ဖြစ်ချင်ထဖြစ်တာမျိုး လို့ ကိုယ့် ဘ၀လေးကို အခြေခံပြီး ရေးချလိုက်တဲ့ 
သဘောလောက်ပါပဲ..၊ ခပ်တိုတို လိုတိုရှင်းသာဆိုရင် ကားဆွဲနေတာကနေ မဆွဲတော့ ပဲ ပွဲရုံထဲပြန် ခဏထိုင် နောက်တော့  အခု အလုပ်လိုင်းထဲ ဟိုလိုလို ဒီလိုလိုနဲ့  ရောက်လာတယ်လေ ဆို ပြီးရောပေါ့ လေ... ဟီး....၊
လေးဘီးကားသမားဘ၀မှာ....( ၁၁ )
လေးဘီးကားသမားဘ၀မှာ....( ၁၁ ) ( ခေတ်ပြိုင်ဘ၀အခြေအနေတွေ နဲ့ ကျနော်တို့ စိတ်ခံစားမှု့ အခြေအနေတွေ ....😁)
----------------
ကားကို အငှားချထားလိုက်ပြီး ကားအတွက် သောက တစ်ရန်အေးလို့  ကိုယ်လိုချင်လွန်းနေတဲ့  ပညာရပ်အတွက် နောက်ကြောင်းအေးအေးနဲ့  စိတ်ဖြောင့်  လက်ဖြောင့် နဲ့  ဆရာ့ အပါးတော်မြဲ
တပည့် တွေ ဖြစ်လာခဲ့ ပေမယ့်  အရင်က အိမ် သိပ်မကပ် အပြင် ကျင်လည်သူတွေ ဖြစ်လို့  လောကထဲက ထမင်းစားရေသောက် လုပ်မြဲ အပြုအမူတွေနဲ့  ကျနော်တို့ တွေ အကျွမ်းတ၀င်တော့ မရှိခဲ့ ကြပါဘူး..၊ဒါပေမယ့်  အဲ့ ခေတ်က လူ့ အဖွဲ့ အစည်းဝင် အများစု စိတ်သဘော ဆရာကို ဆရာမှတ်မှတ် စိတ်သဘောတော့  ကျနော်တို့ မှာ ရှိနေခဲ့ တယ်...။
ကိုယ့် ဟာကိုယ် အပြင်မှာ ဘယ်လောက် ဂျလေဘီကျကျ ဆိုးပေတွေလုပ်နေနေ မိဘကို မိဘမှန်း ဆရာကို ဆရာမှန်း အသိစိတ်ကတော့  ရှိနေသေးတဲ့  စိတ်တွေနဲ့ ပေါ့ လေ....သူတကာကို ဆရာသာ အလွယ်တကူ မတင်တတ်တာ ဆရာတင်မိပြီဆို ကိုယ့် ဆရာဟာ ကိုယ့် ဆရာပါပဲ ဘယ်မှာ ဘယ်အချိန် ဘယ်နေရာမှာတွေ့ တွေ့  ဆရာဟာ ဆရာပါပဲ ဆရာခေါ်လိုက်ဖို့  ၀န်လေးနေမယ်မဟုတ် စိတ်အခံတွေရှိနေတာမျိုးပေါ့  ဒီတော့  ဆရာ့ ဆိုင်ခန်းရောက်ရင် ဆရာ့ ဝေယျာဝစ္စတွေ ကျနော်တို့ တပည့် တွေက ဘာများ လုပ်ပေးရမလဲ ဆိုတဲ့  စိတ်အခံက ရှိနေတယ်သဘောပါပဲ....
လေးဘီးကားသမားဘ၀မှာ....( ၁၀ )
လေးဘီးကားသမားဘ၀မှာ....( ၁၀ ) ( ဘ၀တစ်ကွေ့  ချိန်းစပြုခဲ့ ပြီလေ )
-----------------------------
'' အမိုးအကာ မလုံ့ တလုံနဲ့  ဆရာ့ ဆိုင်နေရာလေး စရောက်ခဲ့ ချိန်က ဆရာ့ ဆိုင်မှာ ဆရာ့ ရဲ့  ခံယူချက် အဖြစ် စာဆွဲချိန်ထားတဲ့  စာတိုလေး ၂ ခုက တစ်သက်တာအတွက် အမှတ်တရ ဖြစ်ခဲ့ သလို သဘောတွေစကျခဲ့ တဲ့  အချက်တစ်ခုလည်း ဖြစ်ခဲ့ တယ် ဒီစာမျိုး ဆရာ့ ဆီမှာ ပထမဆုံးစ ဖတ်ဖူးခဲ့ တာပါပဲ ပထမစာတစ်ခုက '' ရလိုလျင်ပေးပါ ရလာလျင် ပေးပါ'' တဲ့  ဖတ်လိုက်ရမိပြီးချိန် ပထမပိုင်းတော့  '' ဟင် ..ဆရာ့ စာက အပေး ဖက်ချည်းပါပဲလား ပိုက်ဆံမရှိရင် ဘာနဲ့ သွားပေးမလဲတွေဘာတွေလည်း တွေးခဲ့ မိသေးတယ် '' လို့ တော့ တွေးမိတာပေါ့ လေ..( ပေးခြင်းသဘောကို ပိုက်ဆံဖက်ကချည်း အရင် တွေးထင်နေတဲ့ အချိန်ပေါ့  ) နောက်တော့  ဆရာ့ ဖွင့် ဆိုရှင်းပြချက်တွေ စိတ်အထာကျသွားခဲ့ ရတယ်...ဒီစာဟာ ကျနော့် ဘ၀ခရီးအတွက် ထားရမယ့် စိတ်ထားလို့ လဲ ခံယူခဲ့ တော့ တယ် ၊ နောက် ဒီ့ ထက်ပိုတဲ့  အတွေးတွေ တွေးစရာတွေပါ ဖြစ်လာခဲ့ တယ်ပေါ့ လေ..။
နောက်စာလေးက '' ဓမ္မ သင်္ခါရ နိယာမကို နှိုင်းဆ ဆင်ခြင် ပညာရှင်တို့  ဗေဒင် မေးရန်မသင့် ပါ ''' တဲ့  ငင့်  ပဲ...ခိခိ.. ဒါတော့  ဆရာက ဟိုလိုလို ဒီလိုလို လူတွေကို ထော်လော်ကန့် လန့် လုပ်ပြတာပဲလို့ ပေါ့  လေ လို့  တွေးပြီး သဘောတွေကျပေါ့  အဲ ငတ်ပေါက်တွေ လို့ လဲ တွေးမိတာပါသေးတယ်...အဟီး...ဘာပဲဖြစ်ဖြစ် လူတွေကို သရော်တော်တော်မြင်တတ် ဟိုလိုလို ဒီလိုလို လူတွေကို ရယ်ပွဲတွေ ဖွဲ့ တတ် ဂလန့် စကား ရိုက်ပေါက်စကားတွေ ပြောရတာ ၀ါသနာကြီးတဲ့  ကျနော်တို့ ဆိုးပေလေးတွေအတွက် အဲ့ စာတိုစိကလည်း သဘောကျစရာ စာတိုစိလေးအဖြစ်အမှတ်တရဖြစ်နေခဲ့ တာမျိုးပါပဲ....
လေးဘီးကားသမားဘ၀မှာ....( ၉ )
လေးဘီးကားသမားဘ၀မှာ....( ၉ ) ( တပည့် တော့ စဖြစ်ခဲ့ ပြီ... :P 😁 )
-------------
လောကီပညာတွေနောက် လိုက်ခဲ့ တာမှာ သင်ဆရာက ဒဲ့ ကြီး ၂ ယောက်ပဲ တစ်သက်လုံးရှိခဲ့ တာ ဆရာက ပထမဆရာပေါ့ လေ၊ ကျန်တာက မြင်ဆရာ ကြားဆရာ စာအုပ်ဆရာတွေချည်းပဲ ၊ပြီးတော့  အဲ့ လိုင်းဟာ အပျော်လိုလို အပြင်းပြေလိုလို ကိုယ့် အတွက်လိုလို နဲ့  စခဲ့ ကြရင်းက ကံပါလာရင် ခြေတစ်လှမ်းချင်းကနေ တစ်ဘ၀လုံးကျွံသွားတတ်တဲ့  အထိစွဲဆောင်အားကောင်းတဲ့ သဘောရှိတယ် ။ ကျွံပြီဆိုရင် ပြန်ရုန်းထွက်ရတာလဲ ခက်တတ်တဲ့ သဘောရှိတယ်..၊ ကျနော်တို့ က နဂိုကတည်းက တစ်ကိုယ်တော်နေတဲ့  လှုပ်ရှားတတ်တဲ့  စရိုက်တွေဆန်တာ ဂရုဖွဲ့ မနေတတ်ပဲ ကိုယ့် စိတ်အတိုင်းသာ နေတတ်စားတတ်သွားတတ်လာတတ်တဲ့  လွတ်လပ်တဲ့  ဖရီးစတိုင်ပဲ နေတတ်တဲ့ အကျင့် က ပိုများနေတာ ကိုယ့် ကိုယ် သူများက သြဇာတွေ မာလာကာတွေ အလကားနေရင်းလာပေးတောမျိုးကို သိပ်အာရုံမလာတတ်သလို သူများကို အလွယ်တကူလည်း ဆရာ မတင်တတ် ဆရာမခေါ်တတ်ခဲ့ ဘူး ကားဆွဲနေလို့ ခရီးသည် ကျားအိုကြီးတွေတောင် ဆရာဘယ်သွားမှာလဲ ဘာညာတွေ နှုတ်ကမထွက်ခဲ့ ဘူး ဘယ်သွားမှာလဲခမျက အယဉ်ကျေးဆုံးမေးပြောလေးသဘောဆန်ခဲ့ တယ်.. ( အမျိုးသမီးကြတော့  မနေ့ တစ်နေ့ က မွေးလဲ အစ်မလေးတို့ အစ်မတို့  တန်းခေါ်ပစ်လိုက်တာပဲ အဟီး....)
လေးဘီးကားသမားဘ၀မှာ....( ၈ )
လေးဘီးကားသမားဘ၀မှာ....( ၈ ) ( ပညာသင်သားဘ၀ကို အစပျိုးရပုံလေးပါ :P 😁)
------
ဘော်ဒီရုံမှာ ကားပြန်ပြင်နေတုန်း အဲ့ သည်းထိပ်ရင်ဖို မသေကောင်းမပျောက်ကောင်း ဖွဟဲ့  ကျွဲခေါင်းနွားခေါင်းအကြောင်းတွေ ဖြုံပြီး ဆရာ့ ကိုပြန်ပြောတော့  ဆရာက အဲ့ မှာ စပြီး ကျနော့် အိပ်ချည်ကြိုးတွေ စလွယ်သိုင်းလို့  န၀င်းယတြာဆိုတာကြီး ရွှေတိဂုံဘုရားက ဒဂုန်ခင်ခင်လေးတန်ဆောင်ထဲမှာ န၀င်းပွဲပြင်ပြီး ယတြာ ခြေပေးထားလိုက်တော့ တာပါပဲ ဘာမှတော့ သိပ်ပြောမနေတော့ ပါဘူး
သူ့ တပည့် ရဲ့ သူငယ်ချင်းဖြစ်နေတာရဲ့  သူ့ ဆိုင်မှာ ကားမဆွဲပဲ ငုတ်တုတ်လာလာထိုင်နားထောင်နေတတ်တာကြောင့်  ရင်းနှီးသလိုဖြစ်နေတာကြောင့် ပေါ့ လေ..တစ်သက်လုံးမှာ ဟုတ်တိပတ်တိ လေးလေးစားစား ပထမဆုံး ယတြာခြေဖူးတဲ့ အဖြစ်ပေါ့ ...ကိုယ့်  အသက်နဲ့ တိုက်ရိုက်ပတ်သက်လာပြီဆိုတော့ လေ..၊ သူငယ်ချင်းက ဘေးကနေ သဘောကျနေလို့ ပေါ့  အဲ့ သူငယ်ချင်းက သူ့ ဆရာကို စတိတ်တုန်းက သူနဲ့ ဆိုးဖက်သူငယ်ချင်းက လေးစားပြီဆိုတော့  သူက အဲ့ မှာ ပီတိတွေဖြာ ဘာညာတွေပါ ကျေနပ်နေတာမျိုး...၊ပြီးတော့  သူက ကျနော့် ကို သူ့ ဆရာဆီမှာ လေ့ လာသူလိုလို သုတေသီလိုလို ၀ါသနာရှင်လိုလို ဟိုလိုလိုဒီလိုလိုကနေ ပေါ်တင် တပည့် ကို ခံစေချင်နေတာမျိုး....
လေးဘီးကားသမားဘ၀မှာ....( ၇)
လေးဘီးကားသမားဘ၀မှာ....( ၇) အဟီး အားနာထှာ နောက်အပိုင်းလောက်ဆို ပြီးလောက်ပါပြီ ချိန်း သဘောကို ငိငိ :P 😁
--------
အဲ့ ကနေ ကားဆွဲရမယ့် အချိန်တွေ အတော်များများဟာ နောက်တော့  လက်ဦးသင်ဆရာဖြစ်လာမယ့်  ဗေဒင်ဆရာကြီးနား အချိန်တွေပေးပြီး သူ့  အတွေးအမြင်တွေထိုင်နားထောင်ဖြစ်လာ တပည့် အဖြစ် မခံယူသေးပဲ ဆရာတင်မယ့် သူရဲ့  အပြောအဆိုအမူအကျင့်  စိတ်နေသဘောထား သီလသမာဓိ သဘောတွေကို အကဲခတ်နေတဲ့  အနေအထား စဖြစ်လာပါရောဗျာ....။ သူ့ ဆီမှာ အချိန်တွေ ဘယ်လောက်ယူထိုင်ထိုင် အချိန်နဲနဲလေး ကားထဆွဲလိုက်ရင် ပိုက်ဆံက ရရလာတာကလဲ ကျနော့် ရဲ့  ဘ၀ကံသဘောက မျက်နှာသာပေးနေတဲ့  အခွင့် အရေးတစ်ခုပေါ့ ..။ လူတွေမှာ သူ့ ဘ၀ကံနဲ့ သူပါလာတတ်တဲ့ သဘောကို ကိုယ့်  ဖြတ်သန်းခဲ့ တဲ့  ဘ၀တွေအကြောင်း ပြန်တွေးတောရင်းကနေ နောက်တော့  အထာပေါက်လာခဲ့ တယ်ဆိုပါတော့ ..၊ ကျနော့် လုပ်စာမှ မရရင် မဖြစ်ဆိုတဲ့  အနေအထားမျိုး ခုထိ မကြုံခဲ့ ဘူးသေးတာကလည်း ကျနော်တို့ အမေဖက်က အမျိုး ကြီးဒေါ်ကြီးတွေ စိတ်ပေါက်ရင် ဘ၀မပြေလည်မှု့  တစ်ချို့  ရင်ဆိုင်ရရင် ငြီးသလိုလို ငေါ့ သလိုလို ဆေးပေါ့ လိပ်ကြီး မီးခိုးထောင်းထောင်းထအောင်ဖွာ မျက်စတစ်ချက်ပစ် မေးတစ်ချက် ငေါ့ နှုတ်ခမ်းတစ်ချက် တွန့် ကနဲ လုပ်ပြီး ထေ့ တေ့ တေ့ အသံနဲ့  ခပ်မာမာ ပြောတတ်ကြသလို.
...'' လူဆိုတာ ကိုယ့် ဘ၀နဲ့  ကိုယ့် အကြောင်းပဲ ဟေ့  '' ဆိုသလိုပါပဲ...
--------
အဲ့ ကနေ ကားဆွဲရမယ့် အချိန်တွေ အတော်များများဟာ နောက်တော့  လက်ဦးသင်ဆရာဖြစ်လာမယ့်  ဗေဒင်ဆရာကြီးနား အချိန်တွေပေးပြီး သူ့  အတွေးအမြင်တွေထိုင်နားထောင်ဖြစ်လာ တပည့် အဖြစ် မခံယူသေးပဲ ဆရာတင်မယ့် သူရဲ့  အပြောအဆိုအမူအကျင့်  စိတ်နေသဘောထား သီလသမာဓိ သဘောတွေကို အကဲခတ်နေတဲ့  အနေအထား စဖြစ်လာပါရောဗျာ....။ သူ့ ဆီမှာ အချိန်တွေ ဘယ်လောက်ယူထိုင်ထိုင် အချိန်နဲနဲလေး ကားထဆွဲလိုက်ရင် ပိုက်ဆံက ရရလာတာကလဲ ကျနော့် ရဲ့  ဘ၀ကံသဘောက မျက်နှာသာပေးနေတဲ့  အခွင့် အရေးတစ်ခုပေါ့ ..။ လူတွေမှာ သူ့ ဘ၀ကံနဲ့ သူပါလာတတ်တဲ့ သဘောကို ကိုယ့်  ဖြတ်သန်းခဲ့ တဲ့  ဘ၀တွေအကြောင်း ပြန်တွေးတောရင်းကနေ နောက်တော့  အထာပေါက်လာခဲ့ တယ်ဆိုပါတော့ ..၊ ကျနော့် လုပ်စာမှ မရရင် မဖြစ်ဆိုတဲ့  အနေအထားမျိုး ခုထိ မကြုံခဲ့ ဘူးသေးတာကလည်း ကျနော်တို့ အမေဖက်က အမျိုး ကြီးဒေါ်ကြီးတွေ စိတ်ပေါက်ရင် ဘ၀မပြေလည်မှု့  တစ်ချို့  ရင်ဆိုင်ရရင် ငြီးသလိုလို ငေါ့ သလိုလို ဆေးပေါ့ လိပ်ကြီး မီးခိုးထောင်းထောင်းထအောင်ဖွာ မျက်စတစ်ချက်ပစ် မေးတစ်ချက် ငေါ့ နှုတ်ခမ်းတစ်ချက် တွန့် ကနဲ လုပ်ပြီး ထေ့ တေ့ တေ့ အသံနဲ့  ခပ်မာမာ ပြောတတ်ကြသလို.
...'' လူဆိုတာ ကိုယ့် ဘ၀နဲ့  ကိုယ့် အကြောင်းပဲ ဟေ့  '' ဆိုသလိုပါပဲ...
လေးဘီးကားသမားဘ၀မှာ....( ၆)
လေးဘီးကားသမားဘ၀မှာ....( ၆) ( အဟီး...နိဂုံး ချုပ်မလို့  ချုပ်မရသေးပုစ်...ငိငိ :P 😁)
---------------------
ကံစေရာအတိုင်း လူဖြစ်လာကြတာမှာ တစ်ချို့  အလယ်တန်း အထက်တန်းအရွယ်လောက်ကတည်း တစ်နေ့ တော့ ဘာကြီးဖြစ်ရမယ်ဆိုတဲ့  မယိုင်မလဲ မကွေ့ သွားတတ်တဲ့  ပစ်မှတ် ပန်းတိုင်ကြီးတွေနဲ့  ရည်ရွယ်ချက် တိတိကျကျ ကြီးတွေနဲ့  ဖြစ်တည်လာတတ်သလို တစ်ချို့ ကတော့  ခေတ်က ဖြစ်လာတဲ့  အနေအထားတွေအလိုက် ပစ်မှတ် ပန်းတိုင် ခဏခဏ ပြောင်းလဲသွားတတ်တဲ့ ရည်မှန်းချက်တွေ နဲ့  ရှင်သန်လှုပ်ရှားနေတတ်တဲ့  လူတွေမျိုးလည်း ရှိနေကြတတ်တယ် တစ်ချို့ ကတော့  ကြီးမားတဲ့  ဘာပစ်မှတ် ရည်မှန်းချက်မှ မယ်မယ်ရရ အာရုံမရှိပဲ ကိုယ့် ဖြစ်တည်မှု့ ဘ၀ကံအလျှောက် သူ့ အချိန်နဲ့ သူ ဖြစ်လာ ပေးလာ ရလာတဲ့  အခြေအနေအပေါ်မူတည်ပြီး အလိုက်သင့် လေး လှုပ်ရှားရင်းဘ၀ကို ဖြတ်သန်းနေတာမျိုးတွေလည်း ရှိတတ်ကြတယ်ပေါ့ လေ...အဲ့ မှာ ကျနော်တို့ က အလိုက်သင့် သဘောအုပ်စုတွေထဲက လူတွေစရိုက်မျိုး ပိုဆန်တဲ့ လူတွေမျိုးပေါ့ ...
လေးဘီးကားသမားဘ၀မှာ.... ( ၅)
လေးဘီးကားသမားဘ၀မှာ.... ( ၅) ( နိဂုံးနားတော့ ရောက်လာပြီ ဒါတောင် အတောတ်ချုပ်ရေးလိုက်တာ အဟီး)
--------------------------------------------
ဘ၀အလှည့် အပြောင်း အချိုးအကွေ့ အရွေ့ ကြီးတွေ သဘောက အများအားဖြင့်  ရွေ့ ပြီးမှ နောက်ကြောင်းတွေ ပြန်တွေးမှ ..သြော်..ဂလိုကိုး လို့ ဆိုပြီး သိလိုက်တော့ တာများတယ် ကြုံနေဆဲတွေမှာတော့  ဒါဟာ ဘ၀အတွက် အရွေ့ကြီးတစ်ခု စနေတာပါလားဆို သတိမထားမိတတ်ပါဘူး..။ ၈၈ ဖြစ်ခါနီးလာလေလေ ရန်ကုန်မြို့ ကြီးက ဗရုပ်သုတ်ခနိုင်လာလေလေပါပဲ....လူလည်းတကယ့် ကားသမားရုပ်ပေါက်ချင်လာပြီပေါ့ လေ..
အဲ အဲ့ အချိန်က ကားဆရာတွေရဲ့  ကားသမားစတိုင်ဆန်ဆန် အဖြစ် အများဆုံး မြင်ရတတ်တဲ့  မျက်နှာသုပ်သဘက်ပုဝါပိုင်းကိုတော့  လည်ဂုတ်ပေါ်တင် ပုခုံးပေါ်တင်အထိတော့  မဖြစ်ခဲ့ ဘူးဘူးပေါ့ ဗျား.. ခိခိ.၊
ဘုရားတစ်ချို့ က နဲ့ ရပ်ကွပ်ထဲက အိမ်တွေ တစ်ချို့ က ကျောက်ဆင်းတု ရုပ်ပွားတော်တွေ ရဲ့  ရင်ဘတ်တော်တွေ မို့ တက်ဖေါင်းကြွလာတယ် ဘုရားရှင် ရင်နာတော်မူတဲ့ နမိတ်ဆိုးတွေ လူတွေ အသေအပျောက်များတော့ မယ်တွေ တို့  ပြည်က ခြင်္သေ့ ကြီးမျက်လုံးတွေ နီရဲနေပြီတို့ စသဖြင့်  ထူးဆန်းပါ့ တွေ အပျက်သဘောတွေချည်းဆောင်တဲ့  ကောလာဟလ သဘော အတိတ်ဆိုးနမိတ်ဆိုးတွေ အတော်များများလေး ဖြစ်လာပြီး တော့  နောက်တော့  ခဏပြန်ငြိမ်သွားတယ် နောက်တော့  ရွှေတင်မက အခြေခံ ကုန်ဈေးနှုံးတွေပါ ရုတ်တရက်ကြီးလိုလို အတက်ကြမ်းလာတယ် အဲ့ မှာ လူထုတွေ စီးပွားရေးတွေမှာ ပိုပိုပြီးကျပ်တည်းလာပြီပေါ့ လေ...
'' ကျွန်းဦးတည့်  သန်လျက်ခုံ ''
'' ကျွန်းဦးတည့်  သန်လျက်ခုံ ''
------------------------
ကြားဖြတ်တွေက များနေပြီ အဟီး.....အွန်လိုင်းရဲ့ ကျေးဇူးလေး တစ်ခုအကြောင်း သူငယ်ချင်းတွေ ပြောပြချင်လို့ ပါ.... 😁
စာအုပ်တွေ နဲ့  ဂီတ တွေသာ အဖေါ်လို ဖြစ်ခဲ့ ချိန်ကပေါ့  အဲ့ တုန်းက စာမျိုးစုံဖတ်ခဲ့ ကြတာပေါ့ လေ...၊ သမိုင်းကြောင်းတွေ သဘောကလည်း အဲ့  စာအုပ်တွေထဲကနေပဲ ဖတ်ခဲ့  ဖတ်ပြီး ဆက်တွေးတောခဲ့ ကြရတာမျိုးဆန်တယ်..။
ကြားဖြတ် နှောင်းခေတ်ပုံရိပ်လေးတွေ...
ကြားဖြတ် နှောင်းခေတ်ပုံရိပ်လေးတွေ...
---
ကိုယ့် ဘ၀ဖြတ်သန်းမှု့ တွေ အကြောင်း တစ်စိတ်တစ်ပိုင်း အင်မပါပဲ အမှန်အကန်တွေ သတိတရ အဖြစ် သတိရသလောက်လေးတွေ သူငယ်ချင်းတွေကို ပုံပြောသလို ရေးပြနေရင်းက ကြားဖြတ်သတိရမိတာလေးကပေါ့ လေ..
ဂီတ အကြောင်းလေးပါ ကျနော်တို့ ခေတ် ဖြတ်သန်းမှု့ တွေ စာအုပ်တွေနဲ့  အဲ့ ဂီတပဲ ရှိခဲ့ သလိုမျိုးကြီးဆိုတော့  ဂီတအပေါ် စိတ်တအားညွှတ်ကြတာ သိပ်တော့ မဆန်းဘူးပေါ့ လေ ...
အဲ့ မှာ ကျနော်တို့ လိုမြေလွှာနားနီးတဲ့ မြေသား ကျောင်းသား / သူ လူငယ် အရွယ်တွေရဲ့  နားထဲ မင်းမင်းလတ်တို့ ဂီတလိုင်းတွေထက် စိုင်းထီးဆိုင် ခင်မောင်တိုး ခိုင်ထူးတို့ လိုင်းတွေက အရင် စောနားဝင်သွားတယ် (နောက်မှ ဘိုဘိုဟန်ကို အရင်စ လက်ခံလာတာမျိုး အိမ်မှာ မဟုတ်ပါဘူး အိမ်မှာ အဲ့ ဒါမျိုးတွေ ဖွင့် ခွင့် မရဘူး အိမ်က မိဘတွေက ရွှေပြောင်ပြောင် တောင်ပေါ်ကဘုရား တို တွေ့  ပွင့် ဦးကြွေမှဖြင့် ကွယ်တွေ ခေါင် မ ဟေ သီ ထွန်းတွေ လုပ်နေတာ ...ဒီတော့ အဲ့ လို စတီရီယို တေးသံစဉ်တွေကို လ္ဘက်ရည်ဆိုင်တွေမှာ ဖင်ကျောက်ချထိုင်ပြီး နားထောင်းခဲ့ ကြရတာ )
လေးဘီးကားသမားဘ၀မှာ.... ( အဆုံးသပ်တော့ မလို့  အပျိုး နိဒါန်း တိုစိလေး )
လေးဘီးကားသမားဘ၀မှာ...ဆိုတဲ့  ဘ၀တစ်ကွေ့ ဇာတ်ထုတ်ကို အပိုင်း ၃ လောက်မှကတည်းက နိဂုံးချုပ်မလို့ တွေးထားတာ ဒါမျိုး ပေများရှည်လျား တဲ့  စတွေမျိုးက ဘလော့ မှာ ရေးတင်ထားတာက ကိစ္စမရှိဘူး ဖွဘုတ်မှာကြတော့  တော်ယုံ မခင်မင်မိပဲ တော်ယုံစိတ်မ၀င်စားပဲ အဲ့ လောက် ပေရှည်တဲ့ ကုလားကားရိုက်နေသလို စာမျိုးကို ဖတ်ကြည့် ဖို့ ဆိုတာ အာရုံမလာတတ်ဘူး ကိုယ်တိုင်လည်း ဖွရွာထဲက အဲ့ လောက်ရှည်တဲ့ စာမျိုးတွေဆို တော်ယုံ နဲ့  စိတ်ရှည်ရှည်ထား မဖတ်ဖြစ်ဖူး အတော့် ကို စိတ်ဝင်စားတဲ့  အကြောင်းမျိုးတွေလောက်ပဲ ဖတ်တာများတယ်...အဲ့ တော့ ကိုယ်ချင်းစာတယ်ပေါ့ လေ..ခိခိ
ဒါပေမယ့်  စာရှည်မျိုးတွေက စိတ်ပါတုန်းလေးသာ ရေးဖြတ်တာမျိုး ဖြစ်နေတာရယ်.....စိတ်ပါတုန်း ရေးချနေရင်း မေ့ နေတဲ့ အဲ့ တုန်းက ကြုံခဲ့ ဖူးတာတွေ ကြားဖြတ်ပြီး သတိပြန်ရလာတာမျိုးတွေက ကြားထဲမှာ ဖြတ်ဖြတ်ဝင်လာတော့  စာက တော်တော်နဲ့ အဆုံးမသတ်ဖြစ်ဖူး ဖြစ်သွားတယ် ကားဆွဲတဲ့ လောက ကနေ နောက်လောက တစ်ခုကို ဘယ်လို ချိန်းသွားလဲ အထိ ရေးမယ်လို့ တွေးထားတာ အပိုင်း ၄ အထိ တောင် အဆုံးသတ်မဖြစ်လိုက်သေးဘူးဖြစ်နေတာပေါ့ လေ အဟီး..
လေးဘီးကားသမားဘ၀မှာ.... ( အဆုံးသပ်တော့ မလို့  အပျိုး နိဒါန်း တိုစိလေး )
လေးဘီးကားသမားဘ၀မှာ....(၄)
လေးဘီးကားသမားဘ၀မှာ....(၄)
---------------------
ကားဆွဲရင်း နှစ်ပေါက်နားနီးလာချိန်မှာတော့  အတွေ့ အကြုံတွေက အတော်များလာပြီပေါ့  ၊ မကြာခင် ၈၈ အရေးအခင်းကြီး ဖြစ်လာတော့ မယ့် အချိန်နားလည်း ကပ်လာပြီပေါ့ လေ ၊ အဲ့ မတိုင်ခင်မှာတော့  လူအများစုက စီးပွားက စပြီး အနှုတ်ပြလာနေခဲ့ ပြီ. အစိုးရကို မကောင်းကြောင်းပြောတဲ့  သူတွေလည်း များလာခဲ့ ပြီ အဲ့ အထဲမှာ လမ်းပေါ်ကလူတွေ အများစုနဲ့ နေ့ တိုင်းထိတွေ့ ဆက်ဆံနေရတဲ့  ကားသမားတွေလည်း ပါတယ်ပေါ့ ၊ ဥပဒေလိုလို အမိန့် လိုလိုတွေကလည်း သိပ်များလာတယ် အကောင်တွေနဲ့ အကောင့်  အနွယ်ဝင်တွေရဲ့  အကြောကြီးပုံတွေကိုလည်း အာရုံတွေနောက်လာပြီး..၊ အဲ့ အချိန်မှာ လေးဘီသမားတွေကို ဆီခွဲတမ်း ကပ်သပ်ပြီး အဲ့ ခွဲတမ်းကို ထပ်ချုပ်ထားတဲ့ သဘောနဲ့  မြို့ နယ်တွေမှာ လက်မှတ်ဝင်ဝင်ထိုးရတဲ့  အချိန်ထိမ်းရုံလေးတွေနဲ့  လွတ်လပ်နေတဲ့ အလုပ်ခွင်သဘောကို စပြီး ချုပ်ချယ်လာခဲ့ တယ် အဲ့ ကိစ္စကို လေးဘီးဆရာတွေက မကျေနပ်ဖူးပေါ့ လေ.
.( ဘာအမိန့် တွေ ဥပဒေတွေထုတ်လိုက်လိုက် ပတ်ရှောင်နည်းတွေ လာဘ်ထိုးနည်းတွေဆိုတာ ဖြစ်လာတာပါပဲ ဆီဆိုင်က ၀န်ထမ်းတွေတော့  ပန့် ကိုင်သမားတောင် ညနေစောင်းတွေမှာ မဒီလေးတွေရှိတဲ့  စားသောက်ဆိုင်တွေက စင်တင်ဂီတပွဲတွေမှာ တက်ဟဲ ပန်းကုံးစွတ်ပွဲတွေလုပ်ကြ မူးကြရူးကြ စမောလ်တွေဆွဲကြ နဲ့  သရုပ်တွေပျက်ပြီး ထောနေတဲ့ ခေတ်ဖြစ်နေတာပေါ့ လေ ...
လေးဘီးကားသမားဘ၀မှာ.... ( ၃ )
လေးဘီးကားသမားဘ၀မှာ.... ( ၃ )
---------------------
အကျိုးပေးချင်ပုံ မရတဲ့ အလုပ်သဘောမျိုးက အဖုအထစ်မျိုးစုံတွေနဲ့  စတိုးပြီး စကတည်းက ယဉ်သကိုးသဘောတွေ ကြုံရတတ်တာ ရှိတာကိုလဲ အဲ့ ကားဆွဲခဲ့ ချိန်က ကာလတွေက ရင်ဆိုင်ခဲ့ ရတာတွေ ပြန်တွေးရင် ပေါ်လာမျိုးပေါ့ လေ၊ ကားဝယ်မယ်လို့ ထုခွဲရောင်းချငွေဖေါ်ထားတာတွေ ပထမအချီမှာကို ငွေကြေငြာ်ခံရလို့  ဒုတိယအကြော့ မလိုအပ်ပဲ အသားလွတ် ထပ်ကုန်သွားခဲ့ ရတာက ကာလပေါက်ဈေး သိန်းဂဏန်းထက် နောက်ထပ် သုံးလေးသောင်း အပိုကုန်သွားခဲ့ ရတယ်ပေါ့ လေ..
ဒါနဲ့ ကားဘော်ဒီရုံကနေ ဆင်းလာ ကိုယ့် လက်ထဲရောက် မောင်းတတ်ခါစမှာ ကိုယ့် ကားအကြော သူများကား ကားအကြောတွေ နားမလည်သေး အကွေ့ တွေမှာ မယူတတ်သေးချိန် အိမ်ကို မောင်းချလာပြီး အိမ်ထဲမှာ မင်္ဂလာယူပြီး ညသိပ်မယ်ဆိုပြီး ကိုယ့် အိမ်ခန်းပိစိလေးထဲ မောင်းအသွင်းမှာ ဘေးတံခါးတွေနဲ့  ကားခေါင်းဝင်ခွေ့ လိုက်တာ တစ်တောင်ကျော်လောက်ကြီး ပိန်ပြီး အစင်းရာကြီး ဖြစ်သွားပါလေရောဗျာ..အဲ့ မှာ ကားဘော်ဒီရုံကို ပြန်ဝင်ရပါရော ဖြစ်သွားပါရောဗျား..။ ကားစဆွဲတဲ့  ပထမနေ့ မှာညနေ တစ်ပိုင်းလေးတင် ကားဆွဲကောင်းလို့ ပိုက်ဆံတွေ အများကြီး ရလိုက်လို့  ပျော်နေတဲ့  အပျော်လေး ဘယ်ကျပျောက်သွားမှန်းမသိ ဖြစ်ကုန်တာပေါ့ လေ..ဘာပဲဖြစ်ဖြစ် မားသားကြီးကရော ဖားသားကြီးကပါ သူတို့ သား ကားဆွဲနေတဲ့ အလုပ်ရှိနေပြီဆိုပြီး သူများတွေကို အလုပ်လုပ်နေပြီဆိုတဲ့ အကြောင်း အကြောင်းပြလို့ ရပြီဆိုပြီး ပျော်နေတော့ တာပေါ့ လေ...ကားမောင်းတော့ မှ အပွန်းအပဲ့ လေးတော့ တစ်ခါတစ်လေ ဖြစ်တတ်တာပေါ့ လေလောက်နဲ့ ပြီးသွားတာမျိုးပေါ့  အမှန်တော့  သည်းထိပ်ရင်ဖိုဖြစ်ရတဲ့  ယာဉ်တိုက်မှု့ တွေ ခုမှ စတုန်းရှိသေးဆိုတာ နောက်မှ သိလာတာမျိုးပါပဲဗျား...
Subscribe to:
Posts (Atom)