Powered By Blogger
Friday, July 31, 2015
ဝါဆိုပန်းနဲ့ လာဘ်ရွှင်နည်း ( မင်းကွန်းက ရခဲ့ တာပါ)
ဝါဆိုပန်းနဲ့ လာဘ်ရွှင်နည်း ( မင်းကွန်းက ရခဲ့ တာပါ)
-----------
မင်းကွန်းက လောကီပညာကျွမ်းတဲ့ ဘုန်းတော်ကြီးဆီမှာ တစ်ဝါတွင်းခဏနေခဲ့ ဘူးတုန်းကရခဲ့ တာပါ  တစ်ကြိမ်ရေးပြဖူးပါတယ်၊ အဲ့ ဘုန်းတော်ကြီးကတော့  ခုတော့ မရှိတော့ ပါဘူး...မန္တလေးက ဘောစိတွေ ကိုးကွယ်ပါတယ် အထူးသဖြင့် မိုးကုတ်ကကျောက်သမားတွေအထူးပေါ့ ..၊
'' ရွှေဝါမြေ ''
'' ရွှေဝါမြေ ''
----------
ပေါ်လစီဆိုးဘက်ယိမ်းသွားသူဆိုပြီး အကော်ဒီယံကြီးရဲ့ သီချင်းတွေကို အာရုံခံစားမှု့ က ကာလတော်တော်ကြာကြာ လျော့ သွားတယ်..တစ်စုံတစ်ယောက်ကို နာကျည်းချက်ဟာ အဲ့ တစ်စုံတစ်ယောက်နဲ့ ဆက်နွယ်နေတဲ့ ကိစ္စတွေ လူတွေကိုပါ စိတ်ထဲက ရောသုပ်နာဖြစ်သွားတာမျိုးပေါ့ ..အဲ့  မတိုင်ခင်ကဆို အကော်ဒီယံကြီးရဲ့ သီးချင်တော်တော်များများ ဘယ်အချိန်ဖွင့် ဖွင့်  အာရုံခံစားမှု့ တွေတအားဖြစ်လာလေ့ ရှိတယ်...ရိုးရိုး ပေါ်လစီမနွယ်တဲ့ တေးတွေပေါ့ 
ရောင်ပေစူး ဆို ညီမတွေကို ကပြဆော့ တဲ့ အထိပါ..နန်းပွင့် ရွှေကြာ တို့ ဘာညာဆို ဖီလင် ပဲ....အဲ့  ထဲမှာ တေးခေါင်းစဉ်ကစပြီး ဖီလက်တအားဝင်တဲ့ သီချင်းတစ်ပုဒ်ရှိတယ် အဲ့ ခေါင်းစဉ်ကိုက ကိုယ့် ရေကိုယ်မြေကို ချစ်တဲ့ စိတ်တွေတအားဖြစ်သလို ရွှေရောင်စပါးကွင်းလယ်ကွင်းကြီးတွေ မျက်စိထဲမှာ တမျှော်တခေါ်ကြီး မြင်ယောင်လာတတ်တယ်..
အဲ့ သီချင်းခေါင်းစဉ်က '' ရွှေဝါမြေ '' .တဲ
့...အခုအထိပဲ ဆိုပါတော့ 
ရွှေဝါမြေ ဆိုတဲ့ စကားလုံးကိုမြင်ရတိုင်း ဒါတို့ ပြေ ဒါတို့ မြေ......လို့ .
. သွေးတွေ နွေးထွေးလာဆဲ
ကျနော်တို့ တိုင်းပြည်က စပါးစိုက် လုံမငယ်တွေ
 တောင်သူဦးကြီး လယ်သမားကြီး လယ်သူမကြီးတွေ
 နွားကြန်စုံ့ ယှဉ်တွေကိုမြင်ယောင်နေဆဲ.
..လယ်ကွင်းစပ်က တို့ စရာတွေကို မြင်ယောင်နေဆဲ
 မိုးရာသီ ကျော်စံကေး ဖားပေါင်ကားလေးတွေကိုမြင်ယောင်နေဆဲ.
.ဘုရားကျောင်းကန် စေတီပုထိုး အညာထန်းတောကြီးတွေကိုမြင်ယောင်နေဆဲ...
အစဉ်အလာနဲ့ ဦးရှင်ကြီး
အစဉ်အလာနဲ့ ဦးရှင်ကြီး
-----------
စိတ်လေစရာ ပေါက်ကွဲချင်စရာတွေထဲက ရယ်စရာလေးပြောရဦးမယ်ဗျ...ခေတ်လူငယ်အတွးပေါ့  သူ့ အိမ်က အစ်မတွေက ၀ါဝင်မို့  ဦးရှင်ကြီးပင့် သတဲ့  အဲ့ ဒါ သူတို့ မောင် အငယ်က အိမ်က ရေလုပ်ငန်းလုပ်တာမှာမဟုတ်တာ ဘာလို့ ပင့် ရတာလဲလို့ မေးတော့  ဘာပြန်ဖြေရမှန်းမသိဘူးတဲ့  အစဉ်အလာမို့ လုပ်နေတာတဲ့ ဗျားး..ဟီးဟီး
ဟားးး..အရက်အလွမ်းပြေပဲ.
ဟားးး..အရက်အလွမ်းပြေပဲ.
-------------
မိုးတွေက အရမ်းရွာနေတယ်ဗျ လေလဲပါတယ်...အာ့ နဲ့  တွေးမိတာပါ ဖျားကြ နာကြတာများမှာပဲလို့ ...အဲ့ မှာ ဖျားတဲ့ ကိစ္စတွေးရင်းက အမျိုးထဲမှာ ကျနော်တို့ အမျိုးအကိုတစ်ယောက်နဲ့ အိမ်ထောင်ကျသွားတဲ့ ရှမ်းအမျိုးသမီးတစ်ယောက်ရှိတယ်ဗျ....ကျနော်နဲ့ ဆိုမောင်နှမအရင်းတွေလိုဖြစ်နေပြီ
အဲ့ အစ်မကြီးက သူ့ အသုံးအစွဲအချက်အပြုတ်အတော်များများက သူ့ ရိုးရာဓလေ့ စတိုင်တွေသာများတယ်...ဖျားနာလို့ ဆေးဝါးတောင် ရိုးရာဆေးတွေကို အရင်သုံးတာ.ပြီးတော့ သူက တရုပ်လို ပြောတတ်ချက်က မွှတ်နေတာပဲပြောရမယ်..သူ့ အဖေကလည်း ရွာသူကြီးဆိုပဲဗျ..
.အဲ...အဲ့ မှာ ဖျားရင် သူတို့ မိသားစုသုံးတဲ့ ဆေးလေးတစ်မျိုးရှိတယ်....အဲ့ ဆေးကို ကျနော်က ယူသောက်တာ....ဆေးက ဖန်အကြည် ပုလင်းပါးပါးလေးနဲ့  လက်သန်းလုံးထုလောက်ရှိပြီး
လက်သန်းလက် ၂ ဆစ်လောက်ပဲ ရှည်တယ် တရုပ်စာတွေနဲ့ ဆေးအရည် မဲမဲ ညစ်ညစ်လေ...ပုလင်းခေါင်းက ထိုးဆေးပုလင်းခေါင်းမျိုးချိုးဖွင့် ရတာ...ပြီးရင် တစ်ခါထဲ ပါးစပ်ဖြဲဟ အာခေါင်နားကပ်ပြီး...မော့ ချလိုက်ရတာ.....
....ဟားးး..အရက်အလွမ်းပြေပဲ.အဟီးးး...အရက်စသောက်ဖူးစ ပထမဆုံးအကြိမ်မျိုးပဲ ဆေးပူချက်က အာခေါင်ကိုပူခြစ် ခေါင်းတွေဘာတွေ ထူပူသွားချက်ဗျာ..ပြီးတော့  တစ်ကိုယ်လုံး အပူစီးကြောင်းကြီးဆင်းသွားသလိုပဲ ဂွတ်ချက်..အ၀င်ကလည်း လက်ချောင်း တစ်လျှောက် ပူပြီး ဆင်းသွားတာ...မကြိုက်သူဆိုရင်တော့  အ၀င်ဆိုးချက်ပေါ့  အဟီင်္း..
အနံ့ ကတော့ ထုံးစံအတိုင်တရုပ်ဆေးနံ့ က ဂျနက်တစ်က ဖြောက်မရပါဘူးဆိုတဲ့ အတိုင်းပါပဲ ဒဏ်ကြေးဆေးနံ့ လိုလို ဘာလိုလို.အဲ...အခု အဲ့ ဆေးကို သတိရလိုက်တာလို့  ဆေးသောက်သလိုလိုနဲ့  အရက်တစ်ပက်လောက်နဲ့  အဲ့ ဆေးနဲ့ ရောသောက်ရကောင်းမလားလိုစ့် ...ခ်ခ်ခ်..အဲ..အဲ့ ဆေးအမည်က အဲ့ အစ်မပြောတာက ပို့ ကြုံကျွေ့  ဆိုလားဗျား...ခိခိ
၂၀၀၄ ဆူနာမီနဲ့ သက်ဆင်
၂၀၀၄ ဆူနာမီနဲ့ သက်ဆင်
------------
ထိုင်းက သက်ဆင်က ဆူနာမီမ၀င်ခင်မှာ လက်စောင်းထက်ထားလို့  လူကြိုက်က မြေကြီးရောက်နေပြီ.
....အဲ့ လိုဖြစ်တုန်း ဆူနာမီက ၀င်ချလာရော...အဲ့ မှာ သက်ဆင် တက်ကြွချက်က အရမ်းမြန်သလို နိုင်ငံတကာကိုလည် အိုးပင်းကြီးဖွင့် ပေးလိုက်တာ တအားမြန်တယ်...
သူရော သူ့ အဖွဲ့ သားတွေ ရေတောထဲ အလောင်းတွေကြားထဲ အကုန်ဆင်ချသွားတော့ တယ် သူ့  ရုံးအဖွဲ့ က မှန်ချောင်အစ်မကြီးတစ်ယောက်ဆို လက်ကျိုးလျက်သား ပတ်တီးစီးလည်ပင်းကျိုးသိုင်းနဲ့ ရေတောထဲအနှံ့ ပဲ ..
အလောင်းတွေကို ခွဲခြားဖို့  DNA နည်းပညာကိုပါ တစ်ခါတည်း ခေါ်လိုက်တာမှာ ဂေါ်လီဒီဇိုင်းနဲ့  မှု့ ခင်းပါရဂူဒေါက်တာမကြီးပါ  ကားပေါ်အိပ်ကားပေါ်စားနဲ့  အိပ်ချိန်မရတော့ လောက်အောင် ၀င်ပါလှုပ်ရှားတော့ တယ်..
.အဲ့ မှာ သက်ဆင်အစိုးရ ပြုတ်ကျလုဆဲဆဲကနေ အမှတ်တွေ တက်ပြီး နောက်တစ်ကြိမ် အရွေးခံရတော့ တဲ့ အထိ လူကြိုက်ပြန်များသွားတော့ တယ်....
အခွင့် အခါကိုမြင်ပြီး လက်မလွတ်တန်း အခွင့် အရေး အသုံးချနိုင်တဲ့  နိုင်ငံရေးသမား တွေဆိုတာ အဲ့ လိုတွေ....အဲ့ ပွဲက မှတ်မှတ်ရရပါပဲ...ဆူနာမီကို အတူတူခံရတဲ့  ဘန်ဒါအာချေပြည်နယ် တစ်ခုလုံး စုတ်ပြတ်သွားအောင် ပိုတောင်ခံရသေးတဲ့ အင်ဒိုတောင် ထိုင်း က သက်ဆင်လှုပ်ရှားပုံလောက် ပထမပိုင်းမှာ မမြန်းသေးဘူး...သက်ဆင်လှုပ်ရှားပုံတွေကို အူတူတူဘန်ဘန်က...ကြည့် ပြီးနောက်မှ တံခါးဖွင့်  လိုက်လုပ်ရတာမျိုး..
အဲ့ တုန်းက ဆူနာမီမှာ နိုင်ငံတကာစတိုင်တွေလှုပ်ရှားပုံကို ကြည့် ချင်လွန်းလို့  ၈ပေကို ၂၄ နာရီအွန်ထားတာ လူလည်း မျက်တွင်းကျပြီး မျက်ကွင်းလေးတွေကို ချောင်လို့ .....ထမင်းတောင် စလောင်းရှေ့ ထိုင်စားခဲ့ တာ....အဲ့ လို ကယ်ဆယ်ရေး သဘောတွေကိုသူများအစိုးရတွေမှာ မြင်ဘူးထားတော့  ဒီအစိုးရလုပ်ပုံတွေကို နာဂစ်မှာရော အခုရောထိုင်ဆဲမိတာဘာအဆန်းလဲ...
အတိတ်နမိတ်၊ ရွှေခွက်၊ သိမှု့ သဘော သဘာဝတ္တတရား နဲ့ လောင်္ကီပညာ
အတိတ်နမိတ်၊ ရွှေခွက်၊ သိမှု့ သဘော သဘာဝတ္တတရား နဲ့ လောင်္ကီပညာ
------------
ပြည်ပထွက်စေတဲ့ အား...
ပြည်ပထွက်စေတဲ့ အား...
-----------
အကူယတြာအားသဘောပေါ့ ..ဆိုပါတော့  မလေးရှားသွားဖို့  ကိုးလို့ ကန့် လန့် ဖြစ်နေလို့ ဆို  ဖယုံယို လှုပြီး မလေးရှားကိစ္စ မြန်မြန်အကြောတဲ့ ပါစေပေါ့ လေ စင်္ကာပူကြတော့  ပေါက်စီ...အမေရိကန်ဆိုကြက်ဥပြုတ်/ကြော် သဘောပေါ့  သြစတေးလျားဆိုတော့  အာလူးကြော်လှုပါတွေ ဂျပန်ချိတ်မလို့ ဆိုတော့  မန်ကျီးဖျော်ရေရရ မာလကာရရ သဘော....။ သဘောက ပြောတဲ့  နိုင်ငံရဲ့  အသံကို နားထောင်ပြီး ယတြာပေးတာ ခဏခဏတာ့ ကပ်ပါလို့ မှာတယ်
နံတူဖြစ်ချင်ဖြစ်မယ် ကက်ကင်းဖြစ်ချင်ဖြစ်နေမယ်...နိုင်ငံရဲ့ အမည် ပါနိုင်သမျှ ပါအောင် တွေးပေးတာ...အများအားဖြင့်  သွားဖို့ ကြိုးစားနေဆဲမှာ ဟိုဟာလို ဒီဟာလိုဖြစ်နေတဲ့ သူတွေကို အကူအဖြစ်ပေးလိုက်တဲ့ ယတြာမျိုးပါ  အများစုတော့ အလုပ်ဖြစ်သွားတာ မြန်တတ်တယ်...တစ်ချို့ ကတော့  ကံကိုက ရသ်နေတာမျိုးလည်းရှိပါတယ်..
.မထွက်ရမချင်းလှုစေတာမျိုးတော့ မဟုတ်ဘူး အများအားဖြင့်  ၃ပတ်တို့ ၅ပတ်တို့ အတွင်းမှာ လမ်းစတွေပေါ်ပေးလာတတ်ပြီး အဲ့ လမ်းစတွေနောက်ကို နင်းလိုက်သွားရတာမျိုး..စာရွက်လိုလဲ ကျလာတတ်တယ်  သက်ရောက်တွေလစိတ်တေါတော့  သိပ်မရွေးပါဘူး...လစိတ်ကောင်းရင် ပိုတော့ မြန်တတ်ပါတယ်
မီးထွန်းပိုက်ဆံကို အဆောင်အဖြစ်ဖန်တီးပုံ
မီးထွန်းပိုက်ဆံကို အဆောင်အဖြစ်ဖန်တီးပုံ
----------------------------------
( သစ္စာစကားဆိုရရင် ဒီနည်းပညာဟာ ကျနော်က စပြီး အများသူငါတွေအတွက် တွေးဆကြံစီ တီထွင်အသုံးပြုတာပါလို့  ရဲရဲဆိုပါတယ်)
ဒါက ပုံမှန်မီးထွန်ူပိုက်ဆံကို အဆောင်အဖြစ်ပါထပ်သုံးတာပါ..ကျနော့် ဆီလာတဲ့ သူ တစ်ချို့ ကို ကြုံလို့ စိတ်ကူးပေါက်ရင်လုပ်ပေးလိုက်လေ့ ရှိတယ် အထူးသဖြင့်  ခရီးသမားတွေအတွက်ပေါ့ ...လုပ်ပုံက  ဥပမာ တနင်္လာသားသမီးဆိုပါတော့ ...သူ့ အကာအကွယ်အတွဲ မတွန့် စေရက သပြေ ပေါ့ ...
Thursday, July 30, 2015
ယတြာတွေကို စမ်းသတ်နည်း တစ်ချို့ 
ယတြာတွေကို စမ်းသတ်နည်း တစ်ချို့ 
-----------------
ဆန္ဒတစ်ခု ပြည့် အောင် ယတြာတွေ ဓါတ်ဆင်တာတွေ နည်းအမျိုးမျိုးရှိပါတယ်...အဲ့ ကိစ္စတွေဟာ လူ ကို ဘယ်လောက်ပံ့ ပိုးနိုင်သလဲ စာက ညွှန်းသလောက် ဖြစ်နိုင်သလားဆိုတာ သက်ရောက်တွေ လစိတ်တွေနဲ့  စမ်းသတ်ပါတယ် ဆိုပါတော့  ငွေမပြတ်စေဖို့  နည်းတွေ အများကြီးရှိပါတယ်
 ဒါကို သက်ရောက်ဆိုးတွေ လစိတ်ဆိုးတွေမှာ လုပ်ကြည့် ပါဆိုတာမျိုးပေါ့ ...အဲ့ လစိတ်တွေမှာ ငွေဝင်မပြတ်ဖို့  ဘာယတြာမှမလုပ်ပဲနေကြည့် တာ ၊ ယတြာအကူနဲ့ နေကြည့် တာမျိုးပေါ့ 
''ဘ၀ဟာ နဂိုကကို လေးပြီးသားပါ ''..
ရသ ၉ ပါးစုံတဲ့ ဘ၀...
--------
ကျနော်စာတွေ လျှောက်ရေးပြီး အများစု စာတွေဟာ ဟီးဟီးဟားဟားတွေနဲ့ အဆုံးသတ်သတ်သွားတတ်ပါတယ် ဒါက အကြောင်းရှိပါတယ်..လူ့ ဘ၀ဟာ ဘယ်နိုင်ငံ ဘယ်ဒေသ ဘာအယူအောက်မှာ မွေးမွေး လမ်းစမ်းလျှောက်ပြီဆိုကတည်းက သေခါနီးအထိ
 '''ဘ၀ဟာ နဂိုကကို လေးပြီးသားပါ ''..
ဓမ္မစာတွေ အများစုကလည်း စာဖတ်ပြီးတာနဲ့  လူမှာ နဂိုအလေးပေါ် အလေးတွေ ထပ်ပိပြီး...မလေးသေးတဲ့ လူပါသေချင်စိတ်ပေါက်သွားအောင် အလေးတွေပိပြီးကျန်ခဲ့ သလိုတွေ ရေးကြတာများတာ သတိထားကြည့် ရင်ရပါတယ် အာ့ ကြောင့် ကျနော် စိတ်ကူးတည့် ရာ စာတွေလျှောက်ရေးရင် အလေးတွေပိပြီး သူတွေကို အလေးကြီးတွေ ထပ်မပေးချင်လို့  အဆုံးသတ်တိုင်း တဒင်္ဂ မီးနစ်ပိုင်း နာရီပိုင်းလေးလောက်တော့ ပေါ့ ပေါ့ ပါးပါးလေးဖြစ်သွားရအောင် ငိငိ တွေ ဒချိဒချိတွေ ဟီးဟီးဟားဟား တွေ နဲ့ အဆုံးသတ်ပစ်လိုက်တာမျိုးပါ....ဘာကြောင့် လဲဆိုတော့  မကြာခင် သူတို့ တွေဟာ သူတို့ ဘ၀ကိုယ်စီ ဖြစ်တည်နေမှု့ မှာ သူတို့ ဘ၀တွေနဲ့ သူတို့  ဆက်လေးနေကြဦးမှာ လိုက်ကြည့် နေစရာမလိုသလောက်ပါပဲ...ဒ
 ပြီးတော့ ဟီးဟီးဟားဟား ဖြစ်စေ  မြင်မြင်သမျှ အနိစ္စပါတကား လုပ်နေစေ ဘ၀တစ်ခုဖြစ်လာပြီရင် ရသ ၉ ပါး အစုံတွေ့ ကြုံရမှာဖြစ်ပြီး နောက်ဆုံးမှာ သေခြင်းနဲ့ ပဲ နိဂုံချုပ်တယ်ဆိုတာ
မီးထွန်းပိုက်ဆံ ယတြာရဲ့ ရာဇ၀င်..
-----------
'''သစ္စာစကားဆိုရရင် ဒီ မီးထွန်းပိုက်ဆံ နည်းပညာကို ကျနော်စထွင်ခဲ့ တာလို့  ရဲရဲဆိုပါတယ် ''
--------------------
ဒီနည်းကို စတွေ့ ရှိပုံက ကျနော်က အမြဲလိုလို ပိုက်ဆံ ဘိုင်မပြတ်တဲ့ နည်းတွေကို ကြံစီနေတတ်ပါတယ်၊ ဒီလိုကြံစီနေတာဟာ သူဌေးတွေအတွက်အဓိက မဟုတ်ပဲ ခေါင်းရွက်ဗျက်ထိုးနဲ့  တုံးလုံးစာရော မတ်တတ်စာပါ ခက်ခဲနေတဲ့ လူတွေမိသားစုတွေအတွက် မချမ်းသာရင်တောင် ပိုက်ဆံအ၀င်ကြောလေးမပြတ်သွားရအောင် ဘိုင်ပြတ်သွားမလွယ်အောင်လို့ ပဲရည်ရွယ်ပြီး ကြံစီသလို ယတြာနည်းတွေဟာ လွယ်ရမယ် အကုန်အကျသက်သာရမယ် တကူးတကမဆန်ရဘူး လူမျိုးကာလာအယူခွဲစရာမလို အများစုအတွက်အဆင်ပြေရမယ်  ဘာအဓိဌာန်ဘာပုတီး တတ်နိုင်သမျှ မပါလေကောင်းလေဆိုပြီး...ပေါ့ ဗျာ...
Wednesday, July 29, 2015
အို..ဘုရားရေ...
အို..ဘုရားရေ...
----------
အိန္ဒိယယဉ်ကျေးမှု့ သဘောပေါ့  ရုပ်ရှင်တွေထဲမှာကြည့် ရတာပါ..ဟိုးအရင်ကရုပ်ရှင်တွေမှာ ပိုကြည့် ရတယ် မြွေကားတို့ ဘာတို့ ပေါ့ လေ လူကောင်း သူကောင်းတွေကို လူမကောင်းတွေက ဒုက္ခပေးလို့  လူကောင်းသူကောင်းတွေ ဒုက္ခတွေရောက်ရတော့  ကယ်ရာမဲ့ တွယ်ရာမဲ့ တွေ ဖြစ်ကုန်တယ်ပေါ့ 
နောက်တော့ မတတ်နိုင်တော့ တဲ့ အဆုံး ဘုရားရုပ်တုတော်ရှိသွားပြီး ငိုပြရတော့ တာပေါ့ ဇာတ်က အဲ့ နေရာတွေ ဆို သိပ်နာတာ.
သေခြင်းဓမ္မ
သေခြင်းဓမ္မ
-----------
ဓမ္မသွေးက ပူလိုက်အေးလိုက်နဲ့ ပေါ့ ...ပထမဆုံး ဓမ္မယောင်ယောင် ဘာယောင်ယောင် ဖြစ်သွားတာ ကျနော့် အမေဆုံးတုန်းကပေါ့   ဆယ်စုနှစ် ၃၀ ကျော်လောက် ကိုယ့် မိသားစုရင်းထဲက ပထမဆုံးစပြီး ပဲ့ ထွက်သွားတာ..ဘာပြောကောင်းမလဲ လောကဆိုတာ ဘာအဓိပ္ပါယ်မှမရှိတော့ ဘူးဖြစ်သွားတယ် လတွေတော်တော်ကြာတယ် ဘာမှ မတွယ်တာတော့ သလိုလို မြင်မြင်သမျှ အနိစ္စလိုလို ပေါ့ .မနက်ဖြန် သဘက်ပဲ ကိုယ်ပါ သေတော့ မလိုလို . အလိုဆန္ဒရမက်တွေပဲ ခေါင်းပါးနေသလိုလို..နေ့ ချင်းညချင်းပဲ ဓမ္မမှာ ရင့် ကျက်သွားသူကြီးလိုလို....အဟီး..
နောက်တော့  အမေ့ သေခြင်းနဲ့ က ဝေးဝေးလာတော့  သေခြင်း အပေါ် သွေးက ပြန်အေးစက်စက်ဖြစ်လာတယ်...နောက်တော့  ဒုံးရင်းဒုံရင်း လူ ပြန် ဖြစ်သွားပါရောဗျာ.
..အဲ့ တော့  အရင်လူလိုပဲ ဗျောက်သောက်ဗလုံးရှုတ်ထွေးတွေ ပြန်နေတော့ တာပေါ့ 
ခဏငုတ်သွားတဲ့  ဗလွတ်ရွှတ်တစိတ်တွေက ပြန်ဝင်လာပြီး ဟီးဟီးဟားဟားတွေ ပြန်ဖြစ်လာပါသဗျ...
အဲ့ လိုနဲ့ နေလာလိုက်တာ ကိုယ့် ဘိုးတော်မှာ တစ်ခါ သေခြင်းကို သွေးပြန်ပူလာပြန်ရောဗျာ.
..ဒါပေမယ့်  ဒီတစ်ခါမှာက အမေ က အရင်လက်ဆင်ပေးသွားလို့ မအေ့ တုန်းကလောက်
စိတ်ဖိအား အလွန်အကျွံမဖြစ်တော့ ပဲ လနဲနဲလောက်ပဲ သေခြင်းကို ခံစားနေတာကြာတယ်.
..လူ ပြန်ဖြစ်တာမြန်သွားပါရောဗျာ...နောက်တော့ အပြင်လူတွေ မိတ်ဆွေတွေရဲ့ 
သေခြင်းတွေ ကြုံနေရပေမယ့်  ပထမဆုံးကြုံခဲ့ ရတဲ့  မအေ့ သေခြင်းတုန်းကလောက်
သေခြင်းဓမ္မအပေါ် သွေး သိပ်မပူတော့ ဘူးဖြစ်သွားတယ်.
.မအေ့ မှာက ကိုယ့် ခံစားမှု့ တွေ အကုန်လုံးပါသွားသလိုမျိုးကြီးဖြစ်သွားတာမျိုးကိုးဗျာ....အချစ်ဆုံးသူတွေ အပြီးခွဲသွားတာကို ခံစားလိုက်ရပြီးရင် နောက်ခံစားမှု့ တွေက သွေးနဲနဲအေးသွားပုံရတယ်..ပထမဆုံး ရီးစားဦး နဲ့ ကွဲသွားတုန်းက သေလုမျောပါ ခံစားလိုက်ရသလိုပေါ့ ...ခ်ခ်
အရောင်ကစားကွက်တစ်ချို့ ..
အရောင်ကစားကွက်တစ်ချို့ ..
----------
အခုကိစ္စက ဆရာကြီးကို ကပ်သီးကပ်သတ်တွေ လျှောက်မေးရင်းက ဆရာကြီးတိုက်ရိုက်ပြောခဲ့ တဲ့ ကိစ္စပါ ကျနော်တို့  ကြံဖန်တွေးပြီး မေးခဲ့ တာက ဥပမာ သင်္ဘောား သင်္ဘောပေါ်ရောက်နေရင်  အရွက်မရှိတဲ့ နေရာဆို ဘယ်လိုလုပ်မလဲလို့ မေးတာပါ..ဒီတော့  ဆရာကြီးက အရောင်တွေမှာလည်း ဓါတ်သက်ရှိတဲ့ အကြောင်းပြောပြီး ဆိုပါတော့  အရွက်မရှိတဲ့ နေရာဆို အရောင်ပါတဲ့ စက္ကူတွေသုံးပေါ့ လို့ ဖြေပါတယ် သုံးပုံသုံးနည်းက....
Tuesday, July 28, 2015
စိတ်လုံစေသော အရာ....
ရိုးရိုးလေးနဲ့ လက်တွေ့ ကျကျ တွေးတယ် ကိုယ်တွေ့ ကို ပိုအခြေခံပြီးပိုတွေးဖြစ်တယ်
သမာအာဇီဝ ကျနိုင်သမျှ ကျတဲ့ နည်းနဲ့ ချမ်းသာအောင်ကြိုးစားကြဖို့ လိုလိမ့် မယ်
..ကြိုးစားလို့ ရတာလဲရှိမယ် ကြိုးစားလို့ အရနဲနေသေးရင်လဲ ကံပေးသလောက်ပေါ့ လို့ စိတ်ဖြေလိုက် ပြီးတာ့ ဆက်ကြိုးစားမယ်ပေါ့ 
.ချမ်းသာတာကောင်းကြောင်းက နာမကျမ်းဖြစ်ချိန် ဆေးရုံတက်ရချိန်မှာ အဖြေပေါ်တယ်...
.
.သေရင်ကိုယ့် နောက်မပါပေမယ့်  ကိုယ် သမာအာဇီဝကျကျ နဲ့  ရှာဖွေပြီး ချန်ထားခဲ့ တာတွေက
ကိုယ့် ကျန်ရစ်သူမိသားစုတွေ အတွက် အလုပ်ဖြစ်လိမ့် မယ်
 ကိုယ်သေသွားပေမယ့် ....
ကျန်ခဲ့ တဲ့ ကိုယ့် မိသားစုတွေက သူတို့ မငတ်နိုင်သေးဘူးဆိုတဲ့ စိတ်က သူတို့ ကို လောက
အလယ်မှာ မျက်နှာမငယ်ရပဲ စိတ်လုံစေလိမ့် မယ်
'''ခပ်သိမ်းကုန်သော....'' (ဆုတောင်းစာ)
'''ခပ်သိမ်းကုန်သော....''
-------------
ခပ်သိမ်းကုန်သော အကြောက်တရားအစုစုတွေ ဖုံးလွှမ်း လွန်းနေတဲ့ 
ခပ်သိမ်းကုန်သော အကြောက်တရားအစုစုဖြင့်  ဖုံးလွှမ်းထားဖို့ ကြိုးစားနေတဲ့ 
အမှောင်ထုအောက်ကနေ ဥာဏ်အလင်းတို့ ပွင့် ၍ လွတ်မြောက်ရုန်းထွက်နိုင်ကြပါစေ..
စိတ်ကူးအိပ်မက်
စိတ်ကူးအိပ်မက်
------------
'''ဘ၀အိပ်မက် ပန်းအိပ်မက်
စိတ်ကူး အိပ်မက်တွေ ကိုယ်စီ ကိုယ်စီနဲ့ 
ဘ၀ခရီး သွားနေကြတဲ့ သူတွေလိုပဲ
ကျနော့် မှာလဲ အိပ်မက်တစ်ချို့ ရှိနေတယ် ချစ်သူ.....''
အဲ့ ဒီ အိပ်မက် မှုံဝါးဝါးလေးတွေထဲက ထင်ရှားနေတဲ့ .
ကျနော့် အိပ်မက်တွေထဲက တစ်ခုကတော့ လေ...''
--------
ဘ၀ကိုယ်စီ အိပ်မက်ကိုယ်စီတွေနဲ့ တွေမှာ ကျနော်မှာတော့  စာဖွဲ့ ပြရလောက်အောင် ခန်းနားတဲ့  စိတ်ကူးအိပ်မက်တွေရယ်လို့  မယ်မယ်ရရ မရှိလှပေမယ့်  ရှိထားတဲ့ .ကျနော့် စိတ်ကူးအိပ်မက် တစ်ခုက တစ်နေ့ နေ့  မှာ  အခုလက်ရှိ လုပ်နေတဲ့ အလုပ်ကို  ''' ကြေးစားအဖြစ်''''လုံးဝ မလုပ်တော့ ဘူးလို့ ဆုံးဖြတ်ပြီးတဲ့  နေ့ မှာ.....
ပထမဆုံး ကျနော့် အိပ်မက်တစ်ခုကို အကောင်အထည်ဖေါ်လိုက်မှာက.
ပင်လယ်ပြာပြာ မိုးပြာပြာကြီးရဲ့ အောက် ညနေစောင်းဆည်ဆာလေးမှာ ပင်လယ်ပြင်ကြီးထဲ တအိအိ ဆင်းသွားတဲ့ နေလုံးကြီးကို နှုတ်ဆက်ရင်း.
.ရွှေခြည်နေခြည်သန်းနေတဲ့  ပင်လယ်ပြင်ကြီးဘက်ကနေ တရွေ့ ရွေ့ ကြွချီလာမယ့်  ညနတ်သမီး လအိစန္ဒာလေးကို စောင့် ကြိုရင်း  ......
လေနှင်ရာယိမ်း လေသိမ်းရာ နွဲ့ နေတတ်တဲ့ အုန်းပင်လေတွေ  ကျောက်ဆောင်ညိုတွေ အစီအရီနဲ့  .မွမွဖြူစင် နူးညံ့ အိညက်နေတဲ့ သဲဖြူလွလွလေးတွေရှိတဲ့ သောင်ကမ်းခြေမှာ ....
'' လေညှင်းကလေးရေ..ငါ့ ချစ်သူရှိရာ အရပ်ကို ငါ့ အလွမ်းတွေ သယ်သွားပေးပါလေ.''' .လို့ 
 ဟိုး အဝေးက ချစ်သူကို သတိတရ တမ်းတရင်း..
လက်ရှိ အလုပ်ကြောင့်  မသင့် တော်ဘူးလို့ ခံယူထားပြီး ၁၀စုနှစ်တွေမက လုံးဝ ရှောင်ထားတဲ့  ....
ကျနော် တတ်နိုင်တဲ့  အတိုင်းအတာ ငွေကြေးနဲ့ ပြည်ပဖြစ် အကောင်းစား နှစ်ချို့ ဝိုင် အရက် တစ်မျိုးမျိုးကို ပုံမှန် ပုလင်း တစ်ဝက်ကျိုးတဲ့ အထိ အကောင်းစား အမြည်းတွေနဲ့  ထိုင်သောက်ပစ်လိုက်မယ်ဆိုတဲ့  အိပ်မက်ပါပဲ...
------------------
.ဟီးးး...
''''ကိတ်စနချိပြီ ဆင်းလော့ ဆင်းလော့ ...'''
''''ကိတ်စနချိပြီ ဆင်းလော့ ဆင်းလော့ ...'''
----
အတော်များများဖတ်ဖူးမှာပါ..အော်ရီဂျင်နယ် ပြည်တွင်းဖြစ် ရိုးရာပုံပြင်လား...စိနိတိုင်းက လာတဲ့  ပုံပြင်ကို ဗမာမှု့ ကလုန်းလုပ်ထားတဲ့ ပုံပြင်လားတော့ မသိပါဘူး..စိနလေသံပါနေလို့ ဖတ်ရကာစက ပိုရယ်စရာ ဖြစ်သွားပါတယ်ဗျာ..မူလပုံပြင်လို အတိအကျ မဟုတ်ပေမယ့် ပုံပြင်ရဲ့ သဘောအသွားက ဒီလိုလေးပါ
သူ့ အမည်က ကိုတလုပ်ကြီးပေါ့ လေ စကားပြောရင် ၀ဲတယ်ပေါ့ ...သူက ငှက်ခတ်သမားပေါ့ ..လောဘတကြီးနဲ့  ၀ိတ်ကို မချိမဆန့် တင်တတ်တဲ့  ငှက်ခတ်သမားပါတဲ့  လေလုံးကတော့ 
ကောင်းကင်က မဆင်းပုံရပါတယ်...
တစ်နေတော့  တစ်ဖက်ကမ်းကို ပို့ ပေးဖို့  လူတင်တော့  လှေရဲ့ တင်နိုင်တဲ့ ဝိတ်ထက် ပိုများလာနေလို့ ခရီးသည်တစ်ချို့ က စိတ်ပူပြီး
'''' ဗျို့ ကိုတလုပ်ကြီး နင် လူတင်တာများနေပြီ  ဖြစ်ပါ့ မလားဗျ..လှေ ဘေးဘောင်တောင် ရေမြုတ်နေပြီ '''' လို့  လှမ်းသတိပေးလိုက်တော့ ကိုတလုပ်ကြီးက....
နဲ့ ဖြတ်ကူးဖို့ ထွက်လာပါရောတဲ့ 
တအိအိနဲ့ ခတ်လာရင်းက မြစ်လယ်နားလဲရောက်ရော....လူဝိတ်များနေတဲ့  လှေထဲ ရေ၀င်စပြုလာပုံက ပက်ထုတ်လို့ မနိုင် ပွေးညှက်နဲ့ ဖါထားတဲ့ နေရာတွေကပါ ပေါက်စပြုလာတော့ လှေကြမ်းခြေထဲ ရေဒလဟောဖြစ်လာသတဲ့ ..
အဲ့ မှာ သူ့ လှေဇာတ်ထုတ် သူလည်း မနိုင်တော့ ရော..ကိုတလုပ်ကြီး ထအော်ပုံက.
..''''ဟားးးး.ကိတ်စနချိပြီ  ဆင်းလော့ ဟေ့ ဆင်းလော့ .ဆင်းလော့  '''''လို့ အော်ပြီး မြစ်ထဲ သူအရင် ဒိုင်ဗင်ပစ်သွားပါရောတဲ့ ဗျား.....ခ်ခ်....
အခုရေကြီးနေလို့  ဆည်တွေကျိုးမှာ စိုးရိမ်နေတဲ့  သူတွေကို မပူပါနဲ့ ပြောတဲ့  ပိုစ်တွေဖတ်ရလို့ 
ဒီပုံပြင်ကို သတိရသွားတာ...
ကိုယ်စား အင်းကျီတွေ ဓါတ်ပုံတွေကို ဘယ်လို န၀င်းထိုင်ပေးသလဲပေါ့ ဗျာ..
ကိုယ်စား အင်းကျီတွေ ဓါတ်ပုံတွေကို ဘယ်လို န၀င်းထိုင်ပေးသလဲပေါ့ ဗျာ..
-------------------
အခုဟာကို ပြရတဲ့  အကြောင်းက  ကိုယ်စား န၀င်းရိုက်ပေးနေသူတွေကို ကိုယ့် ခြေမန်းကွင်းတွေနဲ့ ကိုယ် လက်တွေရှုတ် သရုပ်တွေပျက်မနေဖို့ နဲ့  မမြင်ဘူးသေးတဲ့  ဘော်ဒါတွေ လိုက်စမ်းလုပ်ကြည့် ချင်နေတဲ့ ဘော်ဒါတွေ အတွက်ပါ...
သက်ပျင်း.သက်ပြင်း..
သက်ပျင်း.သက်ပြင်း..
------------
သေလုလုဖြစ်ပြီး မျောနေတဲ့  ကိုယ့် အဖေ လူမမာ ရဲ့  သွေးပေါင်ချိန်ကို  တိုးတိုးလေး ကပ်မေးပြီး  ဆေးဖိုးလေးရလိုရငြား..၂ လုံးထီ ထိုးကြည့် ဖို့  အကြံပေးခံရတဲ့  သားကြီးသြရသ အဖြစ်လဲ ကြုံဖူးခဲ့ သလို အကြံလာပေးတဲ့ အမျိုးအရင်းကြီး ဦးလေးကိုလည်း...အံ့ တွေသြပြီး......ဟင်းးးး..လို့ သာ
သက်ပျင်းလာမသိ သက်ပြင်းလာမသိ တစ်ချက် ချခဲ့ ရဘူးတယ်...
သက်ပျင်းနဲ့ သက်ပြင်းတောင် မတူတတ်ဘူး စိတ်ကုန်စရာလူတွေကြားမှာ အသက်ရှည်ရတာ တစ်ခါတစ်ရံ  ပျင်းစရာကောင်းလိုက်တာလို့ ထင်လာတတ်သလို စိတ်တိုစရာတွေကြောင့်  စိတ်တွေတိုလာတဲ့ အခါ ဘ၀အမောတွေနဲ့ မွမ်းကျပါလာတဲ့ အခါ ပင့် သက်ကို ပြင်းပြင်းရှုသွင်းရင်း အားမာန် တင်းလိုက်ရတာမျိုးအခါတွေလည်းရှိတတ်သလို တစ်ချို့ ကမ္ဘာမြေကို ဒုက္ခပေးသူတွေဟာ ကြံဖန်ပြီး အသက်ပြင်းလှတာမျိုးတွေ  တွေ့ ရတဲ့ အခါ......
လောကရဲ့  ချွင်းချက်သဘော
လောကရဲ့  ချွင်းချက်သဘော
-----------
အွန်လိုင်းပေါ်က ပျံ့ နေတဲ့  ပိုစ်လေးဗျ...ကျနော့် ညာလက် အရ က C ပေါ့  သုံးသပ်ချက်က ကျနော့် အတွက်တော့  မှန်တယ်ပြောလို့ ရတယ်၊ ဒါပေမယ့်  A ကရော B က ဖီလင်မျိုးတွေပါ တစ်ချို့ တွေမှာ ရှိနေတတ်တယ်လို့ ထင်တယ် ပျော်ပျော်ပဲနေချင်သူဆို  C အုပ်စုဝင် ဆိုပေမယ့်  A က အချက်ပါရှိနေသူ ၊ တစ်ပွေတည်လုပ်ရတာမျိုး အလုပ်ထဲ စူးစိုက်နေတုန်း ဘေးကလာအာရုံနောက်ရင် ပေါက်ကွဲတတ်သူဆို  A တွေ C တွေက အုပ်စုဝင်တွေမှာပါ  B က စရိုက်ပါရှိနေသူ
မိုးရေထဲမှာ...
အခု ၂၉ရက် ၇ လပိုင်း ၂၀၁၅ ဗုဒ္ဓဟူးနေ့ မနက်ကြီး ၃ နာရီလောက်ပေါ့ 
ကျနော်တို့ ရန်ကုန်မြို့ လယ်မှာ မိုးက ဖွဲလိုက် သဲလိုက်နဲ့ ပေါ့  ကံကောင်းတာက ကျနော်တို့ ဘက်မှာ ရေသိပ်မတင်ဘူး  အဲ့ ဒါနဲ့  ဖိနပ်ချွတ်ပြီး ထီးတစ်ချောင်းဆောင်း လမ်းထွက်လျှောက်ကြည့် နေတာ...
.
.လမ်းတွေက လူခြေတိတ်လွန်းနေချက်က ရှင်းနေတာပဲ...
ကတ္တရာလမ်းမကြီးပေါ် ဖိနပ်မစီးပဲလမ်းလျှောက်နေရတာ လျှောက်လို့ ကောင်းတယ် မိုးလေအေးအေးနဲ့  မိုးရေက စိုစိစိနဲ့  တစ်မျိုးလေးပေါ့ ......
တစ်ခါတစ်လေ လူသံသူသံ မကြားရတာကလဲ ငြိမ်သက်ခြင်း...အရသာတစ်မျိုးပဲ.
ဒီလို ကိုယ်လိုချင်တဲ့ ဘ၀မျိုး...နေချင်သလိုနေ အိပ်ချင်အိပ် မအိပ်ချင်နေလို့ ရတဲ့  အနေအထားကို ဖန်တီးယူခဲ့ ရတာ  လွယ်တော့ မလွယ်လှဘူး...အချိန်တွေ အများကြီးပေးခဲ့ ရ စွန့် လွှတ်စရာရှိတာတွေ
စွန့် လွှတ်ခဲ့ ရတယ်...
Monday, July 27, 2015
တစ်သက်တာ ရင်နဲ့ အမျှ
''အိမ်ထောင်ရေးဆိုတာသာ
 တစ်သက်တာ ဖြစ်မဖြစ် မပြောနိုင်တာ
 နင့် ကို ချစ်တဲ့ အချစ်နဲ့ လွမ်းရတဲ့ အလွမ်းလေးတွေကတော့ 
တစ်သက်တာ ရင်နဲ့ အမျှပါပဲဆိုတာ ယုံကြည်လိုက်ပါ နင်......''
ဘ၀ကစားကွက်
ဘ၀ကစားကွက်
---
ကိုယ်ဟာပုထုဇဉ်ပဲရှိသေး၏ ဆိုတာကို ပြတ်သားစွာ ရှု့ မြင်လိုက်လေ၏
ပုထုဇဉ်ဖြစ်လျင် ငရဲတံခါး မပိတ်သေးခြေ၊
သို့ အတွက် ငရဲကျနိုင်သော အနေအထားများမှ ရှောင်လေ၏
တစ်ပါးသူများအပေါ် တစ်ကြိမ်နှစ်ကြိမ်မျှ စေတနာ ထားကြည့် ပေးလိုက်၏
တုန့် ပြန်ပုံကောင်းသော် စေတနာများ ဆက်ထားပေးလေ၏
တုန့် ပြန်ပုံ မကောင်းသော ကိုယ့် စေတနာကို ဘက်ဂီယာပြန်ထိုးလိုက်ရ၏
အကြောင်းမူကား...
ကိုယ့် စေတနာနဲ့ ကိုယ် ငရဲကျနေခြေ ရှိသောကြောင့် တည်း...။.....ငိငိ
အစွဲ
အစွဲ
---------------
အလုံးကြီးတွေ ကိုယ်နားမလည်တဲ့ ဝေါဟာရတွေကနေ မချဉ်းကပ်ပါဘူး...နေ့ တဓူဝ အက်ရှင်တွေကနေ ပြန်ချဉ်းကပ်ယူတယ်...
အယူသဘောက ၀မ်းဘိုင်ဝမ်းသဘော အာရုံပြုမှု က သံသရာအတွက် မိန်းလို့ သာယူထားတယ်
ခွေးတစ်ကောင် ကားပွတ်သွားလို့  ငယ်သံပါအောင် အော်ပြေးသွားတာ စလောင်း အကြည့် မပျက်ပါဘူး...ကိုယ်မှ ခွေး မမွေးထားတာလေ....၊
ကား ဘရိပ်အုပ်သံ ကျွီ..နဲ့ အတူ..ဟေ့ ဟေ့ .ကြောင် ကြောင်...ဆိုပြီး လူတွေ ၀ိုင်းအော်တော့ ...အိမ်ထဲက ကိုယ်က ရင်ဘတ်ထဲ ထိပ်ကနဲပဲ....
.
ခွေးအော်သံလို စလောင်းကြည့် မပျက် မနေနိုင်တော့ ဘူး...ကိုယ့် မှာ ကြောင်လေးတွေ မွေးထားတာ ရှိနေတာကိုး.....
အစွဲကြီးတွေဆိုတာ အစွဲ ပိစိလေးတွေက စခဲ့ တာချည်းပဲ... မူရင်း ကိုယ့် ဖြစ်တည်မှု့ ကို အရင် ဦးစားပေးမိနေသ၍  ရွှေပြည်တော်နဲ့  အဝေးကြီး...
.ရွှေပြည်တော်နဲ့ ဝေးတယ်ဆိုတာ နတ်ပြည် မရောက်တော့ ဘူးလို့ ဆိုလိုရာ မရောက်ပါဘူး...စွဲချင်းစွဲ နတ်ဘုံတို့ ကောင်းကင်ဘုံတို့ ရောက်နိုင်တယ်ဆိုတဲ့ အစွဲလေးတွေ ပိုစွဲဖို့ ကြံစီတာပါ..
ညာတာပါတေးနဲ့  အစွဲပဲ တော်တော် ပါးနေသလိုလို ဂုဏ်မခံရဲတဲ့ အကြောင်းပါ  တစ်ပတ်စာ ဗေဒင်ဟောစတမ်း အပျင်းပြေဖတ်မိတာတောင် ကိုယ့် မွေးနံ ကိုယ် အရင်ကြည့် မိတုန်း.ဆိုတော့ .....ကြည့် မိတာမှ တစ်ကြောင်းစီ ပြီးအောင် ဖတ်မိနေသေးတာ....ငိငိ။။
စိတ်ဖတ်သူ
စိတ်ဖတ်သူ
-------------
ကျနော်တို့ တွေ စာဖတ်လာရင်းက နောက်တော့  စာထဲမှာ အတွေးတွေ ထည့် လာတယ် ၊ အဲ့ ဒီကနေ ပုံမှန် စာဖတ်သမားအဖြစ်ကနေ စိတ်ဖတ်ရတာ ၀ါသနာပါလာတယ်
စိတ်ဖတ်တယ်ဆိုတာ ရုပ်ဖတ်မှု့ ကို အားပြော့ သွားတာ အရေပြားပေါ်က အ၀တ်အစားကို ပုံမှန် ဓလေ့ ဆိုင်ရာ ယဉ်ကျေးမှု့ ဆိုင်ရာသဘောထက် မပိုတော့ တာကို ဆိုလိုတာ...
သံသရာ လွတ်မြောက်ခွင့် ဆိုတာရော နတ်ဘုံ ရောက်ခွင့် ဆိုတာရော ငရဲကျနိုင်ခြေဆိုတာတွေဟာ စိတ်ထားတွေကြောင့်  ချည်းပဲ ဆိုတာ စာတွေကနေ ရခဲ့ ပြီ..
.
ဆိုပါတော့ လက်ညှိုးတွေ အဖြတ်လွန်သွားရာက တောပုန်းဖြစ်သွားတဲ့  အင်္ဂုလိမာလဟာ သူ့ စိတ်ထား အပြောင်းအလဲကြောင့် ပဲ သံသရာက လွတ်မြောက်သူဖြစ်သွားတယ် သူ့  စိတ် လွတ်မြောက်ချိန်မှာ သူဟာ လူဝတ်နဲ့ ဖြစ်နေသေးတယ်...
ရှင်ဒေ၀ဒတ် မြေမြိုခံရချိန်မှာတော့ လူဝတ် မဟုတ်ခဲ့ တော့ ဘူး ...သူ့ စိတ်ထားကြောင့် ပဲ မြေမြိုခံလိုက်ရတာ ဖြစ်တယ်...ဒါကြောင့် ပဲ ကိုယ်နဲ့ ဘ၀တစ်ကွေ့  သံသရာ တစ်ကွေ့ မှာကြုံတုန်းဆုံတုန်းသူတွေနဲ့  ဆက်ဆံတဲ့ အခါ အရေခွံတွေထက် စိတ်တွေကို ဖတ်ပြီး ဆက်ဆံရေး အတိုးအဆုတ်လုပ် ဘ၀ခရီးကို သွားဖြစ်ခဲ့ ပြီ....
စိတ်လေသွား၏
စိတ်လေသွား၏
----
ဒီနေ့ ထဲထူးခြားတစ်ယာက် ၅ အင်္ဂါ  အသက် ၅၅ တနင်္ဂနွေ မရဏသက်ရောက်ဗျ....၆၁ ဖွား သင်္ကြန်မကျော်ခင်မွေးလို့ ၅ကြွင်းဖြစ်တာ...သူ့ ဒုက္ခကလည်းမသေးဘူး
ကားမောင်းစားလာတာတဲ့ ပြီခဲ့ တဲ့ လထဲက ကားတိုက်မှု့ ဖြစ်တယ်တဲ့  (စနေလစိတ်ထဲမှာ)...လူတော့ မသေပေမယ့် ကား ၂စီးစလုံး စုတ်ပြတ်သွားတယ်ပေါ့  သူကလျော်ရမှာ...လျော်စရာပိုက်ဆံက မရှိဘူး ဒါနဲ့  သူ ပတ်ပြီး ပိုက်ဆံချေးတာ မရတဲ့ ...အလုပ်သဘော ဆက်စပ်ပြီး တော်တော်ရင်းနေတဲ သူဌေးဆီကပါ
ခဏချေးလို့ ရလောက်မယ် ထင်ထားရာကနေ မရဘူးတဲ့ 
 (အဲ့ မှာ သူတော်တော် လေသွားပုံရတယ် တကယ့် ဒုက္ခတွေရောက်လာတော့ မှ ဘယ်သူဟာ မိတ်ဆွေစစ်လို့ သိရတော့ တာတွေဘာတွေ ထ လုပ်တော့ တာ...ကျနော်ကတော့  သူ့ ဖီလင်နဲ့ သူဖြစ်နေတာကို ရက်စ်အော်နိုးဝင်မလုပ်ပါဘူး ထိုင်ပြီးတော့ သာ နားထောင်ပေးနေတာ...ကိုယ်ပိုက်ဆံ တအားလိုနေတုန်းမှာ ဖြစ်တတ်တဲ့ ခံစားမှု့ ပေါ့ ) )
 ကံနဲနဲကောင်းချင်တော့ နိုင်ငံခြားက သူငယ်ချင်းက ကူညီလို့  အလျော်ပေး နိုင်ခဲ့ တာတဲ့  နို့ မို့ ဆို ဂျေးထဲရောက်မှာတဲ့ ....( အဲ့ မှာ  ၅ ကြွင်း အားလေးပေါ်လာတာပဲ အနီးဆုံးလူတွေဆီကထက် အဝေးက လူတွေရဲ့ အကူရလွယ်တဲ့ အားလေး)
လင်မယား ၂ ယောက်စလုံး ရာဇာကိန်းကို ပြိုင်တူဖြတ်တဲ့ အခါ
လင်မယား ၂ ယောက်စလုံး ရာဇာကိန်းကို ပြိုင်တူဖြတ်တဲ့ အခါ
------------------------
ဖြစ်တောင့် ဖြစ်ခဲပဲပြောရမယ်ထင်တယ် ၁၂လပိုင်း ၆၅ မွေး အင်္ဂါသား ဆိုတော့  ၄ကြွင်း အင်္ဂါသားပေါ့ အခုဆေးရုံမှာ ( အခု ၇ လပိုင်းက ရာဟုလစိတ်မှာ)
( အသက်က ၅၀ထဲမှာ ဟူး သက်ရောက် )....ဘာရောဂါလဲ လို့ မေးလိုက်တော့  သွေးကင်ဆာလိုလိုပြောတယ် သွေးဖြူဥတွေများနေလို့ ပေါ့ လေ
'' မချောင်ဘူး..''
'' မချောင်ဘူး..''
-----
နာရေးမြင်ကွင်းကြည့် ပြီး ကျနော့် မားသားကြီးနာရေးတုန်းက အဖြစ်ကိုပြန်သတိရလိုက်တယ်ဗျား..အဲ့ တုန်းက ရုပ်ကလာပ်က အိမ်မှာထားတာဗျ..ပြီးတော့  အရပ်ဓလေ့ အရ လမ်းထဲနာရေးကားက အိမ်ရှေ့ အထိဝင်လေ့ မရှိပဲ လမ်းထိပ်ကသာ စောင့် ပေးထားလေ့ ရှိတယ်
အဲ့ တော့  မိသားစုတွေ အမျိုးတွေက တလားကြီးကို ပုခုံးပေါ်တင်ပြီး ထမ်းပို့ ရတာပေါ့ ..အဲ့ မှာ ဒွတ်ခဖြစ်တော့ တာပါပဲ...လမ်းသွယ်တွေဆိုတာ အောက်ထိပ်နဲ့ အပေါ်ထိပ် ဆိုပြီးခေါ်တာမျိုးရှိတယ် မြစ်ဖက်ကို အောက်ထိပ်လို့ ခေါ်တယ် ကမ်းနားလမ်းဘက်ပေါ့ လေ..ကျနော်တို့  အိမ်က အပေါ်ထိပ်ဖက် ခပ်ကျကျ...နာရေးကားက ထုံးစံအရ ကမ်းနားလမ်း အောက်ထိပ်မှာ ရပ်တယ်..
တစ်သက်မမေ့ တော့ သူ...စိတ်အနာခံရသူ
တစ်သက်မမေ့ တော့ သူ...စိတ်အနာခံရသူ
---------
တစ်သက်မမေ့ တော့ သူ ဆိုတာက ကျနော့် သူငယ်ချင်းတစ်ယောက်ရဲ့ ကျေးဇူးကို ဘယ်တော့ မှမမေ့ တော့ ဘူး သဘော..ကျနော့် အမေ မမာချိန်တွေမှာ  ကျနော်တို့ အလွန်လိုအပ်နေတဲ့ အခြေအနေတစ်ခုကို ) (ငွေမဟုတ်ဖူး)...အဲ့ သူငယ်ချင်းက သူ့ အမေလိုသဘောထား ပေါ့ ပေါ့ ပါးပါး ကူညီသွားခဲ့ တာကိုပေါ့ ..သူ့ အတွက်က ပေါ့ ပေါ့ ပါးပါး ဆိုပေမယ့်  ကိုယ့် အတွက်က အသက်တစ်မျှ လိုအပ်ချက်ဖြစ်နေတယ် ...ငွေကြေးတန်ဘိုးနဲ့ ဆို မပြောပလောက်တဲ့ ပစ္စည်းဆိုပေမယ့်  စေတနာရဲ့ တန်ဘိုးက ကိုယ့် အတွက်က အတိုင်းအဆမဲ့ တန်ဘိုးကြီးသွားတယ်...အဲ့ ကျေးဇူးကိုဘယ်တော့ မှမမေ့ တော့ ချက်က သူ့ အတွက်ဆို ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ အကူအညီပြန်ပေးဖို့  စိတ်က အဆင်သင့် ဖြစ်နေတဲ့ အထိဖြစ်သွားတယ်...စေတနာ ကျေးဇူးက ငွေနဲ့ တိုင်းတာလို့ မရဘူးလို့ ခံယူထားတာကိုးဗျာ...
အမျိုးထဲက ရုံးသမားလင်မယား ၂ ယောက်မှာ ကျားက ရှပ်ဘဲပါ ကုန်သွယ်လယ်ယာကဖြစ်လို့  ခေတ်ကောင်းစဉ်က စိတ်လွတ်လက်လွတ်နေတော့ မစုမိကြဘူးကျနော်တို့ မိဘတွေက  လင်မယားနှစ်ယောက် တက်ညီလက်ညီ ရုန်းကန်လာရာက လူတန်းနဲနဲစေ့ ခါနီးလေး ဈေးသည်တွေဖြစ်နေပြီ အဲ့  ရှပ်ဘဲဦးလေးက အဆုပ်ရောဂါဖြစ်တော့ ဆေးရုံတက်ရပါတယ်..အဲ့ တော့ သူ့ ရုံးသားတွေဆီမှာ ငွေလိုက်ချေးပါတယ် နှံ့ နေအောင်ချေးပေမယ့် မရဘူးပေါ့  ဒါနဲ့ ဈေးသည်တွေမို့ ငွေပေါမယ်ထင်တဲ့ ကျနော့် မိဘတွေဆီလာချေးပါတယ်..မိဘတွေက သူတို့ အကြောင်းနဲ့ သူတို့  ပိုက်ဆံမချေးလိုက်ပါဘူး...အဲ့ ဒီမှာ ရှိရဲ့ သားနဲ့ မချေးလိုက်ရမလားဆိုပြီး အမျိုးချင်း သေခန်းပြတ်လုလု စိတ်နာသွားချက်က ၁၀စုနှစ်၂စု နီးပါးကြာသွားပါရောဗျာ.
..ဘေးကနေကျနော်က သူတို့ ကိစ္စကို ၀င်တွေးကြည့် နေတာ ခေါင်းကို ချာရပတ်ရမ်းသွားတော့ တာပါပဲဗျာ...ရှပ်ဘဲဦးလေးကိုလည်းခင် မိဘတွေ ပိုက်ဆံမချေးလိုက်တာ မှားလား မှန်လားကလည်း မဆုံးဖြတ်တတ်.ငါသာဆိုရင်ရောဆိုပြီးတွေးကြည့် တော့ လည်း အဖြေက ရှင်းရှင်းလင်းလင်းမရှိပေါ့ ဗျာ  နောက်တော့  လက်လျှော့ လိုက်ရတယ်...အဲ့ ဒါမျိုးအခြေအနေတွေ မကြုံပါရစေနဲ့ လို့ ပဲ ဆုတောင်းရတော့ တာပေါ့ ဗျာ....စိတ်အနာမခံချင်ဘူး သူများဆီက ကျေးဇူးတွေ ထပ်တင်ခံနေရမှာ ကြောက်သွားတယ်ပေါ့ ဗျာ..
Sunday, July 26, 2015
ရက်စက်တယ် မွန်း.ဆို/ နေထွဏ်းဦး
10 ရက်စက်တယ်မွန်း
မေလွန်မိုးဦးတစ်နေ့ -နေထွဏ်းဦး
မေလွန်မိုးဦးတစ်နေ့ -နေထွဏ်းဦး
12 မျက်ဝန်းထက်ငွေရည်ဆောင်း
မျက်ဝန်းထက်ငွေရည်ဆောင်း...ဆို/ နေထွဏ်းဦး
12 မျက်ဝန်းထက်ငွေရည်ဆောင်း
လိပ်ပြာလုံခြင်း /စိတ်လုံခြင်း နဲ့ မှီတွယ်ရာ ရှာနေမိတဲ့ အချိန်
လိပ်ပြာလုံခြင်း /စိတ်လုံခြင်း နဲ့ မှီတွယ်ရာ ရှာနေမိတဲ့ အချိန်
------
ဒါမျိုးက တကယ့် ကြက်ရေးငှက်ရေးသဘောကို ရင်ဆိုင်ရချိန်တွေမှာမှ သိသာတတ်တာတွေလည်း ရှိတတ်တယ် ဥပမာ သေလုလု သေတော့ မယ်လို့ ထင်နေချိန်မှာ စိတ်က သိပ်တုန်လှုပ်သွားချိန်မှာ အားကိုးရာ ဘုရားတမိရော ငရဲလည်းကြောက်မိရော ၊ ထူးဆန်းတာက တစ်ပြိုင်နက်ထဲမှာ ကိုယ်ပြုခဲ့  မိတာတွေကို ပါ ဦးနှောက်က အလိုလိုတွေးမိသွားတတ်တယ်
''''ဘေး...'''
''''ဘေး...'''
-------
ငယ်စိတ်က ဒူးအော်ဒိုင်းသဘောပဲ ဒါလဲ မထူးဆန်းပါဘူး လူတကာ ထိုနညးနှင်နှင်ပေါ့ ...အရွယ်တစ်ခုရောက်လာလို့  ဗဟုသုတ်တွေ အတွေ့ အကြုံတစ်ချို့ တွေရလာတော့  တစ်ခုခုဆို ''ဘေး'' ရှိမရှိ အမြင်ထောင့် က ပါ တွေးကြည့် လာတတ်တဲ့ သဘောနဲ့ တူပါရဲ့  လောကမှာ ကိုယ်ကကျူး ကိုယ့် ဒူးတောင် စိတ်ချလက်ချယုံထားလို့ မဖြစ်ဖူး ဆိုတဲ့  သဘောတရားလို ကလေးကို လူတကာပြောသမျှကို မတွေးမတောမလေ့ လာပဲ စွတ်ယုံမနေနဲ့ လို့  သင်္ခန်းစာပေးချင်လို ဖအေကပြောတာလို့ ဆိုလာရင်တောင်
မျက်စိမှိတ်မယုံထားလိုက်ပါနဲ့ သဘောကို လက်တွေ့ အဖြစ် ပုံပြင်ဖန်တီးခဲ့ ကြတာ ဖတ်ရတာ ရိုးတောင်နေခဲ့ ပြီ  သူ့ မူအတိုင်းနောက်ပုံပြင်က မြေးခွေးသားအဖ ပေါ့  သားမြေခွေးကို ဖအေမြေခွေးက သင်္ခန်းစာပေးတာပေါ့ လေ....
သံယောဇဉ် (၀ါ) မီးကိုမြိုလို့ သောက အံ...(၀ါ) ချစ်ရမှာလည်းကြောက် အချစ်ခံရမှာလည်းကြောက်
သံယောဇဉ် (၀ါ) မီးကိုမြိုလို့ သောက အံ...(၀ါ) ချစ်ရမှာလည်းကြောက် အချစ်ခံရမှာလည်းကြောက်
---------
ချစ်တတ်လွန်းသူတွေအဖို့  ချစ်ရသူတွေအပေါ်ထားခဲ့ မိတဲ့  သံယောဇဉ်ကြောင့် ဖြစ်လာတဲ့  ခံစားမှု့ တွေကို စာနဲ့ ရေးပြရတာတောင် မခံစားနိုင်တတ်ဘူး တစ်ခါတစ်လေ စာရိုက်နေရင်းက မျက်ရည်တွေ တောက်တောက်ကျလာပြီး ပင့် သက်ရှိုက်ရင်း ခဏနားလိုက်ရတဲ့ အထိမျိုးပေါ့ ။ မူလကတွေးထားတဲ့  စကားလုံးတွေတောင် ပျောက်ကုန်တဲ့ အထိပဲ..၊ လူဆိုးလူညစ်တွေရဲ့ ရန်ကနေ ကင်းလွတ်ရအောင် ကိုယ်မွေးထားတဲ့  ဂုတ်ကျားတစ်ကောင်ကို ကိုယ့် ထက်လုံခြုံမယ်ထင်တဲ့  အရပ်ဆီ သွားပို့ ရချိန်မှာ ဖြစ်လာတဲ့ ခံစားမှု့ ဆိုတာ.....
သင်ယူခြင်း
သင်ယူခြင်း
----
ဒါ ဒီနေ့ ဝေါပေါ်တက်လာတဲ့  သဘောကျစရာပုံလေးပေါ့ ဗျာ ဒီမိုစုရဲ့ ပွဲမှာ လာတဲ့ ဆရာသမားတစ်ယောက်ရဲ့  ဂွတ်အိုင်ဒီယာ ဖိနပ်သိမ်းတဲ့ သဘာဝစင်ပေါ့ ..သူများတော့ မသိဘူး ကျနော်တော့ သူ့ လို့ အဲ့ လို စွတ်ထားလဲ ရတာပဲလို့ တစ်ခါမှ မတွေးခဲ့ ဘူးဘူး လက် ၂ဖက်မှာပဲ လျိုစွတ်ပြီး ပြေးခဲ့ ဘူးတယ်..
ပြီးတော့ ကျနော်တွေးဖြစ်ခဲ့ တာက  ကလေးဆိုတာတွေကအစ ဘယ်သူ့ ကိုမှ လျှော့ မတွက်ထားဘူး အကုန်လုံးမှာ တွေးတတ်တဲ့ ဥာဏ်တွေပါတယ်
ယုတ်အစွဆုံး စိတ်ကျမ္မာရေးအားနဲသူတွေမှာတောင် ကျနော်တို့ မတွေးမိတဲ့ ထောင့် တွေကနေ တွေးတတ် လုပ်တဲ့ သဘောတွေရှိတယ်ပေါ့ ဒီတော့  သူများအတွေးတွေကို နားထောင်ကြည့် လိုက်တော့ ကိုယ့် မှာ ဖြစ်လာတတ်တဲ့  ဘ၀င်ကိုလည်း ထိမ်းကွပ်နှိပ်ကွပ်ပြီးသားဖြစ်
တစ်ခါတစ်လေ ကိုယ့် အတွက် အသုံးတည့် တဲ့  အခြေအနေတစ်ချို့ ရသွားတတ်တယ်ပေါ့ လေ ကိုယ်ပဲတွေးတတ်သယောင်ယောင် ဘ၀င်ခံလိုက်တာနဲ့ အဆင်မသင့် ရင် မြွေခြောက်ကိုက်ခံလိုက်ရပါရောဗျားးးး...
'''၀ဋ်.....''
'''၀ဋ်.....''
---------
မမွေးခင်မှာ ဘ၀တွေဖြစ်ခဲ့ တယ်ဆိုတာ ကို စာသိတွေ ယုံကြည်လောက်သူတွေ ပြောချက်အရသာ လက်ခံထားခဲ့ ကြရတာ ကိုယ် တွေ့  အဖြစ်က သာမန်မှတ်ဥာဏ်နဲ့ က မသိတော့ ဘူး မအေ့ ဗိုက်ထဲမှာနေရတဲ့ ဒုက္ခကြောင့် အပြင်ရောက်တော့  ဘ၀ဟောင်းတွေမှာ ဘာတွေဖြစ်ခဲ့  လုပ်ခဲ့ သလဲဆိုတာမေ့ကုန်တာလို့ ဆိုတယ်...တစ်ချို့ တွေကတော့  မအေ့ ဗိုက်ထဲမှာ ကံကောင်းထောက်မတဲ့ ကုသိုလ်တစ်မျိုးကြောင့်  အပြင်ရောက်တော့ ဘ၀ဟောင်းရှိခဲ့ တာ ဘာတွေဖြစ်ခဲ့ တာ ဘာတွေလုပ်ခဲ့ တာတွေကို မေ့ မသွားပဲ တစ်ချို့ ကိစ္စတွေကို ပြန်မှတ်မိနေတယ်လို့ ဆိုတယ်...အဲ့ မှာ လူဝင်စား မှတ်ဥာဏ်သဘော ဖြစ်လာပုံရတယ်...
Saturday, July 25, 2015
ကမ္ဘာမြေကို မီးလောင်တိုက်မသွင်းခဲ့ သူ...၂
ကမ္ဘာမြေကို မီးလောင်တိုက်မသွင်းခဲ့ သူ...၂
------------------------
ကိုယ့် ဘ၀တစ်ခုဖြစ်တည်ခဲ့ ပြီး လာရာလမ်းကို ပြန်ငဲ့ ကြည့် တဲ့ အခါ ကျေနပ်စရာကောင်းတဲ့  အချက်က...........
ကိုယ့် ဘ၀အတွက် ကျေးဇူးကြီးတဲ့  ကျေးဇူးရှင် မိဘ ၂ ပါးဟာ သူတို့ ဖြစ်တည် ရှင်သန်ခဲ့ တဲ့  လူ့ အဖွဲ့ အစည်းနဲ သူတို့  သက်ဝင်လှုပ်ရှားခဲ့ တဲ့ ကမ္ဘာမြေကို မီးလောင်းတိုက်သွင်းခဲ့ သူတွေ
မဟုတ်ခဲ့ ကြဘူး ဆိုတဲ့  အချက်ပါပဲ....
ဒီအချက်က ကိုယ့် ဘ၀ဖြစ်တည်မှု့ တွေမှာ ဘယ်လောက်ပဲ ဒုက္ခတရားတွေရင်ဆိုင်ရပါစေ ကိုယ့် နှလုံးသားဟာ ကိုယ့် ကျေးဇူးရှင်တွေ အကြောင်းတွေကို တွေးမိလိုက်တိုင်း ကိုယ့် စိတ်ကို
ဘယ်လောက်များ ရွှင်လန်းအားရသွားစေပါသလဲလေ......
ဒုတိယမြောက် သစ်ခုတ်သမား
ဒုတိယမြောက် သစ်ခုတ်သမား
-------------------
တစ်ခါက အားအင်ကြီးမားပြီး ဗလတောင့် လို့  သစ်ပင်တွေ အများကြီးခုတ်နိုင်တယ်လို့  နာမည်ရနေတဲ့ သစ်ခုတ်သမား တစ်ယောက်ဟာ သူ မူလလုပ်နေတဲ့  သစ်ကုမ္ပဏီတစ်ခုက လူမွဲစာရင်းခံသွားလို့  အလုပ်ပြုတ်သွားတာနဲ့  နောက်ထပ် သစ်ကုမ္ပဏီတစ်ခုက သူဌေးဆီမှာ အလုပ်သွားတောင်းပါတယ်....
သူဌေးက သူ့ ရဲ့ ဗလနဲ့ အားအင်ကို အသေအခြာအကဲခတ်လိုက်ရာက စိတ်ကူးတစ်မျိုးပေါက်သွားပြီး သူဖြစ်ချင်တဲ့  စတိုင်ကို သစ်ခုတ်သမားကို စကား အနည်းငယ်ပြောကြည့် လိုက်တဲ့ အခါ သစ်ခုတ်သမားက သဘောတူလိုက်ပါတယ်...
အချိန်
အချိန်
--
တစ်ချို့ တစ်ကြောင်း တစ်ဂါထာမျှဖြင့်  အလုပ်ဖြစ်သွားတတ်ကြသော်လည်း...
အနော်မူကား စီဒီခွေအကြိမ်ပေါင်း ရာချီနားထောင်ခဲ့ ပြီးသော်လည်း
မာယာတောမှာ သာမောဝေစီလျက်...။
တစ်ချို့  တစ်ကြိမ်တစ်ခါမျှ အိုနာသေ တွေ့ ယုံမျှဖြင့် အလုပ်ဖြစ်သွားတတ်ကြသော်လည်း...
အနော်မူကား အိုနာသေပေါင်း ရာထောင်ချီ မြင်ခဲ့ သော်ငြား...
မှော်ရုံတောမှာ ဒရွတ်ဆွဲ မျောပါလျက်...။
' ဖုန်းဆိုးတော....''
' ဖုန်းဆိုးတော....''
-----------
လေတစ်လုံး မိုးတစ်ပေါက်တွေနဲ့ 
လေလုံးတွေသာ လေလုံးတွေဖြစ်ခဲ့ ကြရင်း....
အဆုံးသတ်တော့ 
ဘယ်ဝါဒ ဘယ်အယူကမှသာ
အဆုံးသတ်
အောင်ပွဲ မခံနိုင်ခဲ့ ကြတာ ။
မိသားစုတွေ မိတ်ဆွေတွေ
ချစ်သူတွေ ခင်သူတွေ
မိတွေ ဘတွေ အဖိုးတွေ အဖွားတွေ
ညီရင်းအစ်ကိုတွေ မောင်ရင်းနှမတွေ
သားတွေသမီးတွေ မြေးတွေမြစ်တွေ
ဘကြီးဘဒွေးတွေ ဦးကြီး ဒေါ်ကြီးတွေ
ဘ၀တွေ ဘ၀တွေ ဘ၀တွေ
လမ်းခုလတ်မှာ
အဆုံးသတ်ခဲ့ တာတော့ 
မနဲမနောနဲ့ ပဲ....
သွေးတောမျက်ရည်တော
မိဘမဲ့ တော မိသားစုမဲ့ တော
အိမ်မဲ့ တော အိုးမဲ့ တော
မုဆိုးမတော မုဆိုးဖိုတော
သားပျောက်တော သမီးပျောက်တော
မြေးပျောက်တော မြစ်ပျောက်တော
အဖိုးပျောက်တော အဖွားပျောက်တော
လယ်ပျောက်တော ယာပျောက်တော
အနာဂတ်မဲ့ တောတွေကတော့ 
တစ်တောပြီး တစ်တော
တစ်တောပြီးတစ်တော နဲ့ 
အတော မသတ်နိုင်လောက်အောင်
လေတစ်လုံး မိုးတစ်ပေါက်တွေအောက်မှာ
တောကိုထလို့  ....
တောထချက်က
ဖုန်းဆိုးတောကြီး ဖြစ်မှန်းမသိဖြစ်ခဲ့ ပြီ.။ ။
အချစ်ဟာ ဟိုး.....အဝေးကြီးမှာ....
အချစ်ဟာ ဟိုး.....အဝေးကြီးမှာ....
-----
''နှစ်ဖက်သော မိဘမောင်နှစ်မတွေကို ဆန့် ကျင်ပြီး နှစ်ယောက်သား
တွဲလက်တွေကို မြဲအောင် တင်းတင်းဆုပ်ကိုင်ရင်း...
လက်တွဲခဲ့ ကြတာပါလို့ ဆိုလာရင်တောင်
မိန်းမတစ်ယောက်ရဲ့  ဆန့် ကျင် စွန့် စားခဲ့ ရမှု့ က
ပိုသာနေလောက်မှာပါဆိုတာကို
နားလည်လိုက်တဲ့ အချိန်မှာ
အချစ်ဟာ ဟိုး.....အဝေးကြီးမှာ......''
အဖန်ဖန်..
အဖန်ဖန်..
------
''မင့် ကို..
တစ်ခါ လွမ်းမိတိုင်း
တစ်ခါသေခဲ့ ရင်
ငါလေ အဖန်ဖန်သေခဲ့ ပြီးပြီပေါ့ နင်..''...။
ခရီးနှင်ခဲ့ ရင်း.....
အလိုပြည့် တာတွေပြည့် ၍
အလိုမပြည့် တာတွေလည်း မပြည့် ဖြင့် 
ခရီးနှင်ခဲ့ ရင်း.....
အချိန်တစ်ခုရောက်သော်
အသီးသီး အသက အသက
သေဆုံးသွားကြလေကုန်၏..။
''''ဆိုက္ကားသမား (၀ါ) ဆိုက္ကားဆရာ နဲ့ ပေါင်းရင်ပဲ ခွေးဖြစ်တော့ မဲ့ အတိုင်း....'''
''''ဆိုက္ကားသမား (၀ါ) ဆိုက္ကားဆရာ နဲ့ ပေါင်းရင်ပဲ ခွေးဖြစ်တော့ မဲ့ အတိုင်း....'''
----------------------------------
ရှေ့ စကား နောက်စကား မညီဆုံးသဘောတွေကို သိပ်ပြောတတ်ကြတဲ့ လူတွေပေါ့ ....
''''အလုပ်ဟူသမျှ ဂုဏ်ရှိစွ ''' ဆိုပဲ...ခပ်တည်တည်ပဲ ဆောင်ပုဒ်တွေဘာတွေ ထုတ်ပြလိုက်
သေးပေါ့ ..
ဘယ်အလုပ်မျိုးက ဂုဏ်ရှိသလဲတော့  မပါဘူး ရောသုတ်လေးပေါ့ .ခိုင်းချင်တဲ့ အခါ သုံးဖို့ စာချိုးလုပ်ပြီး ထွင်ထားတာမျိုးနဲ့ တူတယ် ..ပြီးတော့ မှ သထိမ်းကို အမွှန်းတင်ချင်တော့ 
'''တစ်ခါတစ်ရံ ဘ၀တွေဟာ......'''
'''တစ်ခါတစ်ရံ ဘ၀တွေဟာ......'''
-----------
အခုအထိ လမ်းထဲ လာဆဲ အလှုခံ ဘကြီးကို လာတိုင်း ၂၀၀တန်တစ်ရွက် ထွက်လှုဖြစ်နေဆဲပါပဲ....အဲ့ ဘကြီးရဲ့  အသက်က အနဲဆုံး ၇၀ အထက်မှာ ရှိလောက်ပြီ လက်လျှို စတီး တုတ်ကောက်တစ်ချောင်းနဲ့ ပါအဲ့ အဘကြီး လမ်းထဲကို လာတာ ခန့် မှန်းချက်အရ...အနဲဆုံး ၅နှစ်ကနေ ၇ နှစ် ၀န်းကျင်ရှိခဲ့ ပါပြီ ဒီ့ ထက် ပိုကောင်းပိုနိုင်ပါသေးတယ်...တစ်ခါတစ်ရံ ၃လ၄လလောက် ပျောက်နေတတ်ပြီတစ်ခါတစ်လေတော့  တစ်ပတ်အတွင်း ၂ ခါလောက် ၀င်လာ အလှုခံတတ်ပါတယ်...
'''ငိုပွဲ...''
'''ငိုပွဲ...''
-----------
ဘ၀ခရီးမှာ စိတ်ထားရင့် ကျက်သူတွေ စိတ်ထားနူးညံ့ သူတွေ မေတ္တာတရားကြီးသူတွေ ခွင့် လွှတ်လွယ်တတ်သူတွေ အညှိုးအတေးမထားသူတွေ ဒဏ်ရာတွေကို မြိုချပြီး ခွန်အားအဖြစ် ပြောင်းလဲပစ်တတ်သူတွေ လောကဓံတရားဆိုးကို အံ့ တုရင်ဆိုင်နိုင်စွမ်းရှိသူတွေနဲ့  ဆုံဆည်းခဲ့ ရတာဟာ အတော့် ကို ကံကောင်းလှပါတယ်
သူတို့ တွေဆီကနေ ကိုယ့် ဘ၀ခရီးအတွက် ဘ၀နေနည်းတွေ အများကြီးသင်ယူခွင့် ရခဲ့ သလိုမျိုးပါပဲ...
Friday, July 24, 2015
အမြင်ထောင့် 
 အမြင်ထောင့် 
----------
သမားရိုးကျသီလနဲ့  လူသေရင် ကျန်ခဲ့ တဲ့  ဒက်ဘော်ဒီက ကိုယ့် လောကီ အကျိုးစီးပွားအတွက် တန်ဘိုးမရှိလို့  အမြင်ထောင့် တစ်ခုက ဆိုလို့ ရကောင်းရမယ်....
မြတ်ဘုရားရှင်ရဲ့  ကျန်ရစ်တဲ့  ရုပ်ကလာပ်တော်တွေကတော့  ဓါတ်တော်မွေတော်တွေဖြစ်ပြီး ပူဇော်ထိုက်သူကို ပူဇော်ရလို့ ရလိုက်တဲ့  ကောင်းမြတ်တဲ့ ကုသိုလ်တရားတွေ မရဏာနုဿတိအဖြစ် သံဝေဂတရားတွေ ပွားများခွင့် တွေ အများကြီး ရလိုက်တတ်လို့ အကျိုးရှိတဲ့ အမြင်ထောင့် ကနေ
ယူတတ်မယ်ဆိုရင် ဒက်ဘော်ဒီတွေဟာ  တန်ဘိုးရှိတဲ့ ဒက်ဘော်ဒီတွေဖြစ်လာတယ်
အတွေး/ချစ်ခြင်းမုန်းခြင်း
အတွေး/ချစ်ခြင်းမုန်းခြင်း
------
တစ်ချို့ တွေရဲ့  အကုသိုလ်ဝဋ်ကြွေး ဘယ်လောက်ကြီးသလဲဆိုရင် သေသွားလို့ ကျန်ခဲ့ တဲ့  အရိုးစုခေါင်းခွံတောင် ဆုံနဲ့ ထည့် ထောင်းခြေမွခံရသေးတယ်ဆိုတာ စာထဲ ဖတ်ခဲ့ ရတော့  ၀ဋ်သဘောက ကိုယ့် ဝိဥာဏ်မရှိတော့ တဲ့  ကိုယ်မှီတွယ်ခဲ့ တဲ့ ဘော်ဒီတောင် ခံနေရသေးပုံက တယ်မချောင်ပါလားပေါ့ လေ.
ဇာတ်ပို့ 
ဇာတ်ပို့ 
-----
မှုံဝါးဝါးနဲ့ ဇာတ်လမ်းစခဲ့ တော့ 
အဆုံးသတ်က ၀ါးတားတားနဲ့ ပြီးမယ်လို့ သိနေခဲ့ တယ်..။
ရိုးစင်းတဲ့ ဇာတ်ညွှန်းက ပဟေဠိ မပါပေမယ့် 
လှည့် ကွက်တွေ အပြည့် နဲ့ ဆိုတော့ 
မာယာမြစ်မှာ မျောသွားခဲ့ တော့ တာပေါ့ ။
အကယ်ဒမီများရှင်ပါပဲ
လိုက်ငိုခဲ့ ရ လိုက်ရယ်ခဲ့ ရ ။
သူတို့ တွေ ဇာတ်ပေါင်းသွားလို့ 
ကန့် လန့် ကာချသွားတော့ 
ပါးပြင်မှာ မျက်ရည်တွေနဲ့  ကျန်ခဲ့ တယ်
အို...
ငါကိုယ်တိုင် ဇာတ်ပို့ ပါလားလေ...။
''' ရာသီပျိုနု ၀ါဆိုဦးမှာ..''
''' ရာသီပျိုနု ၀ါဆိုဦးမှာ..''
-----------
ညို့ ညို့ ဆိုင်းဆိုင်း
အုံ့ မှိုင်း ရီကာ ရီကာဝေ...
စိမ့် စိမ့် သိုင်းသိုင်း
ထိုင်းမှိုင်း နွမ်းကာ နွမ်းကာနေ....
ဖွဲဖွဲသဲသဲ
လျပ်ပြက် ချုန်းကာ ချုန်းကာလေ..
အို...
ခါကြော့ ဝဿန်ဆီ တစ်ပတ်လည်လို့ 
ရာသီပျိုနု ၀ါဆိုဦးမှာ
လေရူးစေရာ မိုးရနံတို့စွေလာခဲ့ လေပြီ...၊
ဆွေး....
သတိတရ မျှော်ရည်ဆွေး....
လွမ်းတတ်တဲ့ ဒီရင်က တမ်းတ မျှော်ရည်ဆွေး...
ပြေး...
တိမ်မဲညိုစီး ဝေဟင်ခရီးနဲ့ 
အလွမ်းစိတ်စေရာ မင်းရှိရာအရပ်ဆီ
ငါ့ စိတ်ခရီးက ပြေးလေပြီ....။
''' မရပါလေ...''
''' မရပါလေ...''
----
ဈေးကြီးသည်ဆိုသော ရွှေထီး..
နာရေးဆင်ထီးလည်းဖြစ်သွားနိုင်တယ်..
ဈေးကြီးသည်ဆိုသော ကာဒီလက်....
နာရေးတင်ကားလည်းဖြစ်သွားနိုင်တယ်...
ဈေးကြီးသည်ဆိုသော မိတ်ကပ်..
နာရေးပြင်ပစ္စည်းလည်းဖြစ်သွားနိုင်တယ်..
ဈေးကြီးသည်ဆိုသော အရောင်တင်ဆီအိ မဟော်ဂနီ..
နာရေးသေတ္တာလည်းဖြစ်သွားနိုင်တယ်...
ဈေးကြီးသည်ဆိုသော အဲကွန်းခန်း
နာရေးဧည့် ခန်းမလည်းဖြစ်သွားနိုင်တယ်
ဈေးကြီးသည်ဆိုသော ပန်းမြတ်မာလာစုံ
နာရေးပြင်ပန်းတွေလည်းဖြစ်သွားနိုင်တယ်
ဈေးကြီးသည်ဆိုသော ရှင်လူ...
နာရေးသေလူလည်းဖြစ်သွားနိုင်တယ်..
------
-----
တစ်ခုခုပြောချင်နေတယ်
ဘာပြောချင်နေမှန်းလဲ မသိ...
တကယ် မသိတာတော့ လည်း မဟုတ်...
ပြောချင်တာတွေ များနေလို့ ဟုံသွားနေသည်လား..
သေခြာတာတစ်ခုကတော့ ..
ဘာ သံဝေဂမှ မရပါလေ....။  ။...(နကမ္ပတိငိငိ..)
''' သင်္ခန်းစာရသွားသော...''
''' သင်္ခန်းစာရသွားသော...''
------------------------------
အဲ့ ဒါနဲ့  အဖေလုပ်သူက  စင်မြင့် လေးပေါ်ကသူ့ သားလေး ရှိရာကို လက်နှစ်ဖက် ဆန့် ထားပြီး
  '' ခုန်ချလိုက်သား မကြောက်နဲ့ အဖေ ဆီးဖမ်းထားပေးမယ် ရဲရဲသာ ခုန်ချလိုက်...''လို့ သားကို အားပေးစကားပြောလိုက်ပါတယ်.....
သားလေးက သူ့ အဖေကိုကြည့် လိုက် စင်အောက်လေးကြည့် လိုက်တဲ့  ခုန်မချရဲသေးပဲ ချီတုံချတုံလေးဖြစ်နေပါသေးတယ်......
၉နှစ်အရွယ် ကလေးတစ်ယောက်အတွက် မချိမဆန့် ရောဂါ
၉နှစ်အရွယ် ကလေးတစ်ယောက်အတွက် မချိမဆန့် ရောဂါ
--------------
ကလေးကျမ္မာရေးအတွက်ဆိုလို့  မွေးသက္ကရာဇ်ပြောတော့  မဟာဘုတ်ကောက်ခြစ်ရင်း ခြူခြာတာ အခုတလောမှလား ဘယ်တုန်းကတည်းကလဲ လို့ မေးလိုက်တော့  အရင်ကတောက်လျှောက် ကောင်းလာခဲ့ တာပါတဲ့  အခုက '' ကင်ဆာ ''.ရောဂါဖြစ်နေလို့ ပါ တဲ့ .၊
 ( ကြားလိုက်ရတာနဲ့ ဖြုံသွားတယ်)..
ဒါနဲ့  ဘာကင်ဆာလဲလို့ မေးလိုက်တော့  '' ကျောက်ကပ်'' တဲ့  ကျောက်ကပ်မှာ အကျိတ်တွေ ပွားလာတာတဲ့ .အသက်အန္တရယ်ရှိလားလို့ တဲ့  ...
ဒါနဲ့ ဂြိုလ် အကြောင်း နောက်ထားပြီး ကလေးအမေနဲ့ စကားပြောရတယ်...ဒါမျိုးက ကလေးအသက်နဲ့ ဆို
Thursday, July 23, 2015
အိမ်တွင်း အာဏာရှင်...
အိမ်တွင်း အာဏာရှင်...
-
တစ်ချို့ ကြုံဖူးမယ်နဲ့ တူပါရဲ့  ကိုယ့် ဝင်ငွေနဲ့ တိုင်းရင် တန်ဘိုးကြီးလွန်းလို့ တီဗွီတစ်လုံးထဲကို ရွှေလိုဥထားရတဲ့ အချိန်မျိုးပေါ့ 
...အိမ်မှာ တီဗွီမော့ တတ်တဲ့ မိဘက စပြီး မောင်နှမတွေရှိတယ်ပေါ့ 
တီဗွီက လာသမျှ ဇာတ်လမ်းတွဲပါင်းစုံကို ကိုယ်ကြိုက်ချင်ရာကြိုက်ပြီး စောင့် ကြည့် တတ်တဲ့  အချိန်တွေပေါ့ ..
.အဲ့ မှာ တီဗွီကို လုကြတာမျိုးတွေလေး အသံတိုးတိုးနဲ့ ပဲကြည့် ချင်သူ ကျယ်တာကြိုက်သူတွေ ထကွိုင်တာမျိုးတွေ ...ခိခိ..
.အဲ့ မှာ အိမ်တွင်း အာဏာရှင်တွေလဲ ပါတတ်တယ်
''' ဘယ်သူ့ မှ မကြည့် နဲ့ ကြိုးပါဖြုတ်ထားလိုက် ''တို့  ''
'' စာမွဲနီးပြီ အကုန်ပိတ်ထား ဘူမှ မကြည့် နဲ့ ပုံးထဲပြန်ထဲ့ ထား ''' တို့ ပါ ပါတတ်သေးလေ
အဲ..''ဘာမှ အဓိပ္ပါယ်မရှိဘူး'' တို့  ''' ဗိုလ်ကျတာ.ခွီးးး...'' တို့ နဲ့ မကြားတကြားပွစိပြန်ထိုးတဲ့ တော်လှန်ရေးသမားတွေရော..ငိငိ
'' အလွမ်း ''
'' အလွမ်း ''
---
''တဖြုတ်ဖြုတ်ပဲ ကြွေကြွေ
ရုတ်တရက်ပဲ လွန်လွန်
လွမ်းထိုက်သူကိုသာ..လွမ်းကြတယ်..''
တစ်ခါတစ်လေ မှားမိတာပါ သယ်ချင်းရာ.
တစ်ခါတစ်လေ မှားမိတာပါ သယ်ချင်းရာ... ..ငိငိ
-----------------
ခဏခဏ တွေ့ ရတယ်..လိုရာဆွဲပြောချင်လို့  ပုံဖေါ်ပြောတာလေးပေါ့  အဖြူပြင်ကျယ်မှာ အနက်စက်သေးသေးလုပ်ထားပြီး အနက်ကိုပဲ ကွက်မြင်ရသလားလို့ အပြစ်တင်သလိုလို ခပ်ညံ့ ညံ့ လူတွေလိုလို ပေါ့ ..ဘယ်လောက်ကောင်းခဲ့ ခဲ  တစ်ခါတစ်လေ မှားတာလေးကို အဲ့ အမှားပဲမြင်လို့ တဲ့ ...အမှတ်တမဲ့ တော့  ဟုတ်သလိုလိုပေါ့ 