'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Sunday, May 31, 2015
သို့ ဆိုပါလျင်..
သို့ ဆိုပါလျင်..
----
အရှေ့ အနောက် အယူတွေအတော် များများမှာ တစ်ချိန်ချိန်မှာ..ကမ္ဘာဟာ ပိုကောင်းတဲ့ ကမ္ဘာကြီးဖြစ်လာမှာထက်
ပျက်ခြင်းသဘောနဲ့အဆုံးသတ်မယ့် ကမ္ဘာကြီး အဖြစ်ဆိုကြတဲ့ သဘောချည်းများတယ်..
ဒီသဘောသာမှန်ရင် ကမ္ဘာပျက်ဖို့ အတွက် အဖျက်သဘောတွေက ပိုအင်အားကောင်းလာဖို့ လိုလိမ့် မယ်..
အဖျက်သဘောတွေ အင်အားကောင်းလာတဲ့ အခါ အပြုသဘောတွေက တစ်စတစ်စ နောက်ဆုတ်ပေးရရင်း နောက်ဆုံးမှာ....
.
..သို့ ဆိုပါလျင်..
အပြုသဘောတွေ ကွယ်ပျောက်လို့  အဖျက်သဘောတွေ အင်အားကြီးလာမှု့ ကြောင့်  ကမ္ဘာပျက်ခါနီးလာချိန်မှာ
အထွတ်အထိပ်ရောက်လာတဲ့  လူ့ ဒေါသတရားရဲ့ ပါဝါကြောင့်  သာမန်အားဖြင့် ပျော့ ပြောင်းလှတဲ့ မြက်တစ်ပင်တောင်
လူ့ ရဲ့ လက်ထဲမှာ မာကျော ထက်မြက်လှတဲ့ လူသတ်လက်နက် ဓားတစ်ချောင်းဖြစ်သွားလိမ့် မယ်လို့ ဆိုတယ်...
အတွေးစတစ်ချို သာ...
ဥပမာ မရဏသောကြာသက်ရောက် ရှော့ ကီးဆိုပါတော့ 
ဥပမာ မရဏသောကြာသက်ရောက် ရှော့ ကီးဆိုပါတော့ 
===========
.( သောကြာဆိုတာ လှုပ်ရှားမှု့ တွေသဘော..မရဏ ဆိုတာ ဖြစ်တည်နေဆဲ အခြေအနေတစ်ခု ရပ်တံ့ သွားတာ ၊ ဒီတော့  သောကြာ သက်ရောက် မရဏကျတယ်ဆိုတာ လှုပ်ရှားနေဆဲ အခြေအနေတစ်ခုကို မရဏ ကပ်လိုက်တော့  လှုပ်ရှားနေဆဲတန်းလန်းကနေ လှုပ်ရှားမှု့ တွေ ရုတ်တရက် ရပ်တံ့ သွားတာ သေသွားတာ (၀ါ) ပုံမှန်အက်ရှင်တွေ ဘရိပ်ဖြစ်သွားစရာ အကြောင်းတွေ တိုက်ဆိုင်လာတတ်တာ...ကိုယ့် အပြုအမူကြောင့် ဖြစ်ချင်ဖြစ်မယ် ကိုယ်က တိုက်ရိုက်ပြုမူမိတာမျိုး မဟုတ်ရပါပဲ ပြင်ပ ပယောဂတစ်တစ်ခုခုရဲ့  သက်ရောက်မှု့ တစ်ခုခုကြောင့် ဖြစ်ချင်ဖြစ်မယ်၊ ဒဲ့ ကြုံရတာမျိုး ဖြစ်ချင်ဖြစ်မယ် သွယ်ဝိုက်ကြုံရတာမျိုးဖြစ်ချင်ဖြစ်မယ်...)...
===========
.( သောကြာဆိုတာ လှုပ်ရှားမှု့ တွေသဘော..မရဏ ဆိုတာ ဖြစ်တည်နေဆဲ အခြေအနေတစ်ခု ရပ်တံ့ သွားတာ ၊ ဒီတော့  သောကြာ သက်ရောက် မရဏကျတယ်ဆိုတာ လှုပ်ရှားနေဆဲ အခြေအနေတစ်ခုကို မရဏ ကပ်လိုက်တော့  လှုပ်ရှားနေဆဲတန်းလန်းကနေ လှုပ်ရှားမှု့ တွေ ရုတ်တရက် ရပ်တံ့ သွားတာ သေသွားတာ (၀ါ) ပုံမှန်အက်ရှင်တွေ ဘရိပ်ဖြစ်သွားစရာ အကြောင်းတွေ တိုက်ဆိုင်လာတတ်တာ...ကိုယ့် အပြုအမူကြောင့် ဖြစ်ချင်ဖြစ်မယ် ကိုယ်က တိုက်ရိုက်ပြုမူမိတာမျိုး မဟုတ်ရပါပဲ ပြင်ပ ပယောဂတစ်တစ်ခုခုရဲ့  သက်ရောက်မှု့ တစ်ခုခုကြောင့် ဖြစ်ချင်ဖြစ်မယ်၊ ဒဲ့ ကြုံရတာမျိုး ဖြစ်ချင်ဖြစ်မယ် သွယ်ဝိုက်ကြုံရတာမျိုးဖြစ်ချင်ဖြစ်မယ်...)...
ရှမ်တိမ်ကံ....
ရှမ်တိမ်ကံ....
---
တစ်ခါတစ်လေ လာတွက်တဲ့ ဘဲကြီးက တတ်သမျှမှတ်သမျှ တွက်ရိုးအရတော့ ဂွတ်နေသားပဲ ပုံမှန်ဆို မြွေဖမ်းနေရလောက်အောင် ပရော်ဘလမ်ကြီးကြီးမားမား မတွေ့ ရတတ်ပါဘူး...ဒါပေမယ့်  တကယ်တမ်းဖြစ်နေတာ ဒီနှစ်ထဲ လုပ်ရကိုင်ရတာ ဘူနေချက်က ကျားမြီးသာပြေးဆွဲလိုက်ချင်သတဲ့ ...အင်းး...ဧကန္တဆိုပြီး.... သူ့ ကြင်ယာတော် မဒီကညာကို ကံလေးကို တွက်စစ်ကြည့် လိုက်တော့ မှ သူ့ အမျိုးသမီးက မြွေအကောင်၂၀လောက် ၀ိုင်းကိုက်နေတဲ့ ကံဖြစ်နေတယ်...
လင်နဲ့ မယားမှာ လင်က ကံမဆိုးလှပေမယ့်  လင့် လုပ်စာမှီစားရမယ့်  မိန်းမကံက မြွေဖမ်းနေရင်လည်း လင့် ခမျာ ရှာလို့ ဖွေလို့ က မကောင်း...ဘာကြောင့် မကောင်းဆို လင်က အရှာကောင်းလေ မိန်းမဆေးဖိုးဖြစ်သွားလေသဘောဖြစ်လာတတ်လို့ ပဲ..ပြီးတော့  မိန်းမကံက ခွင်သာမကောင်းတာ မသေထိုက်သေးဆိုတော့ လင့် ခမျာ ကံသာနေရဲ့ သားနဲ့ အလွဲလွဲတွေဖြစ် ဖတ်သီဖတ်သီ....အဲ့ လိုမျိုးတွေ ခဏခဏကြုံရတော့  လင်ကို သူ့ မူရင်း ကံသာတဲ့ အတိုင်းပြန်ရဖို့ အကြံအဖန် တွေတင်မကဘူး.မမေးတဲ့  သူ့ မိန်းမ အတွက်ပါ အကာအကွယ် အကြံအဖန်တွေ ထည့် ပေးလိုက်ရတယ်..လင်နဲ့ မယား ကံချိတ်ဆက်ဆိုတာ ဒီသဘောပေါ့ ဗျာ
---
တစ်ခါတစ်လေ လာတွက်တဲ့ ဘဲကြီးက တတ်သမျှမှတ်သမျှ တွက်ရိုးအရတော့ ဂွတ်နေသားပဲ ပုံမှန်ဆို မြွေဖမ်းနေရလောက်အောင် ပရော်ဘလမ်ကြီးကြီးမားမား မတွေ့ ရတတ်ပါဘူး...ဒါပေမယ့်  တကယ်တမ်းဖြစ်နေတာ ဒီနှစ်ထဲ လုပ်ရကိုင်ရတာ ဘူနေချက်က ကျားမြီးသာပြေးဆွဲလိုက်ချင်သတဲ့ ...အင်းး...ဧကန္တဆိုပြီး.... သူ့ ကြင်ယာတော် မဒီကညာကို ကံလေးကို တွက်စစ်ကြည့် လိုက်တော့ မှ သူ့ အမျိုးသမီးက မြွေအကောင်၂၀လောက် ၀ိုင်းကိုက်နေတဲ့ ကံဖြစ်နေတယ်...
လင်နဲ့ မယားမှာ လင်က ကံမဆိုးလှပေမယ့်  လင့် လုပ်စာမှီစားရမယ့်  မိန်းမကံက မြွေဖမ်းနေရင်လည်း လင့် ခမျာ ရှာလို့ ဖွေလို့ က မကောင်း...ဘာကြောင့် မကောင်းဆို လင်က အရှာကောင်းလေ မိန်းမဆေးဖိုးဖြစ်သွားလေသဘောဖြစ်လာတတ်လို့ ပဲ..ပြီးတော့  မိန်းမကံက ခွင်သာမကောင်းတာ မသေထိုက်သေးဆိုတော့ လင့် ခမျာ ကံသာနေရဲ့ သားနဲ့ အလွဲလွဲတွေဖြစ် ဖတ်သီဖတ်သီ....အဲ့ လိုမျိုးတွေ ခဏခဏကြုံရတော့  လင်ကို သူ့ မူရင်း ကံသာတဲ့ အတိုင်းပြန်ရဖို့ အကြံအဖန် တွေတင်မကဘူး.မမေးတဲ့  သူ့ မိန်းမ အတွက်ပါ အကာအကွယ် အကြံအဖန်တွေ ထည့် ပေးလိုက်ရတယ်..လင်နဲ့ မယား ကံချိတ်ဆက်ဆိုတာ ဒီသဘောပေါ့ ဗျာ
ဒဿနနည်းနဲ့ ဗေဒင်ကိုချဉ်းကပ်ခြင်း..နဲ့ . '''unknown ''..(၀ါ).''မသိကိန်း'' ..
ဒဿနနည်းနဲ့ ဗေဒင်ကိုချဉ်းကပ်ခြင်း..နဲ့ . '''unknown ''..(၀ါ).''မသိကိန်း'' ..
-----------
ဒဿနနယ်မှာ အများသိဥပမာ အဖြစ် ကျီးကန်း ကိစ္စရှိပါတယ်...ကျီးကန်းတွေကို တွေ့ ရတိုင်း အမဲရောင်တွေချည်း လိုလိုတွေ့ ရလို့  ကျီးကန်းတွေဟေ့ လို့ ကြားတာနဲ့ စိတ်မျက်စိမှာ အရင်ကတွေ့ ဖူးခဲ့ တဲ့  အမဲရောင်ကျီးကန်းကို တမ်းပြီး အာရုံဖေါ်လိုက်ရင်း '''' ကျီးကန်း၏အရောင်သည် မဲသည် '''' ဆိုတဲ့  အဆိုတစ်ခုထွက်လာပါတော့ တယ်... ..ဒါပေမယ့်  သြဇီဘက်မှာကျီးကန်းအဖြူရောင်အုပ်တစ်အုပ်ကိုလည်း တွေ့ လိုက်ရရော...မူလအဆိုဖြစ်တဲ့  .ကျီးကန်း အများစုသည် အမဲရောင်များဖြစ်ကြ၏ ဆိုတဲ့  အဆိုတစ်ခုအပြင် နောက်ထပ်အဆိုတစ်ခု အဖြစ် ''''သို့ သော် အချို့ သော ကျီးကန်းတို့ သည် ဖြူကြ၏.'''..ဆိုတဲ့  အဆိုတစ်ခု ထွက်လာပါတော့ တယ်...
-----------
ဒဿနနယ်မှာ အများသိဥပမာ အဖြစ် ကျီးကန်း ကိစ္စရှိပါတယ်...ကျီးကန်းတွေကို တွေ့ ရတိုင်း အမဲရောင်တွေချည်း လိုလိုတွေ့ ရလို့  ကျီးကန်းတွေဟေ့ လို့ ကြားတာနဲ့ စိတ်မျက်စိမှာ အရင်ကတွေ့ ဖူးခဲ့ တဲ့  အမဲရောင်ကျီးကန်းကို တမ်းပြီး အာရုံဖေါ်လိုက်ရင်း '''' ကျီးကန်း၏အရောင်သည် မဲသည် '''' ဆိုတဲ့  အဆိုတစ်ခုထွက်လာပါတော့ တယ်... ..ဒါပေမယ့်  သြဇီဘက်မှာကျီးကန်းအဖြူရောင်အုပ်တစ်အုပ်ကိုလည်း တွေ့ လိုက်ရရော...မူလအဆိုဖြစ်တဲ့  .ကျီးကန်း အများစုသည် အမဲရောင်များဖြစ်ကြ၏ ဆိုတဲ့  အဆိုတစ်ခုအပြင် နောက်ထပ်အဆိုတစ်ခု အဖြစ် ''''သို့ သော် အချို့ သော ကျီးကန်းတို့ သည် ဖြူကြ၏.'''..ဆိုတဲ့  အဆိုတစ်ခု ထွက်လာပါတော့ တယ်...
မရဏသောကြာသက်ရောက်
Na Win Thi Ha
May 22 at 11:36am
မရဏသောကြာသက်ရောက်
==========
တိုက်ဆိုင်မှု့ တစ်ခုပေါ့ ..၁၂.၁၂.၄၃ တနင်္ဂနွေသား ( ၃ကြွင်းတနင်္ဂနွေရာဇဖွား)..ပေါ့ ..အခု ၇၂ နှစ် သောကြာမရဏထဲမှာပေါ့ ..
.
.( သောကြာဆိုတာ လှုပ်ရှားမှု့ တွေသဘော..အဲ့ ဒါကို မရဏ ကပ်လိုက်တော့  လှုပ်ရှားနေဆဲတန်းလန်းကနေ လှုပ်ရှားမှု့ တွေ သေသွားတာ (၀ါ) ပုံမှန်အက်ရှင်တွေ ဘရိပ်ဖြစ်သွားစရာ အကြောင်းတွေတိုက်ဆိုင်လာတာ)....
အကန့် အသတ်မဲ့ ပျော်ရွင်ခွင့် အချိန်လေးတွေဆိုတာ...
အကန့် အသတ်မဲ့ ပျော်ရွင်ခွင့် အချိန်လေးတွေဆိုတာ...
-----------
ခေးက အိမ်နံရံပေါ်မှာ ဆော့ ပင်နဲ့  စာသင်နေတာ ပုံဆွဲနေတာ ဆိုပြီး သူ့ နှုတ်ဖျားလေးက အသံမျိုးစုံထွက်ပြီး..လျှောက်ခြစ်ဆော့ နေတော့ .....ပထမတော့  နံရံတွေ ညစ်ပတ်ကုန်ပြီဆိုပြီး ဟန့် မလို့ စိတ်ကူးပြီးမှ..
ကလေးတစ်ယောက် သူ့ စိတ်ကူးနဲ့ သူ သူ့ အသိစိတ်ထဲက မှတ်ယူထားပုံရတဲ့  အပူမဲ့ ကောင်းကင်ကြီးအောက်မှာ အလွတ်လပ်ကြီး လွတ်လပ်ပြီး ပျော်နေတာဟာ ဘေးကကြည့် နေသူကိုပါ အပျော်တွေကူးစက်လာတော့ တယ် ကလေးတွေရဲ အသက်နဲ့ ဝေးတဲ့  အလွတ်လပ်ဆုံးပျော်ရွှင်ခွင့် ရဖို့ ဆိုတာ လူတစ်ယောက်ရဲ့ ဘ၀မှာ ခဏခဏရဖို့မလွယ်တဲ့အဖြစ်ပဲ
အိမ့် နံရံတွေမှာ လျှောက်ခြစ်ထားတဲ့  ကလေးတွေရဲ့  စိတ်ကူးယဉ်ပုံရိပ် ဆော့ ပင်ရာတွေ စွန်းထင်းနေတာကို ကြည့် ရင်း ကြည့် ရင်းက အဲ့ အစင်းအရာ အရောင်စုံလေးတွေဟာ ဘ၀တစ်ခုရဲ့ ဖြစ်တည်မှ့ မှာ အပျော်ဆုံးကာလလေးတွေရဲ့ အချိန်တွေကို ပြန်ပြီး ကိုယ်စားပြုပြနေတဲ့ နံရံပေါ်မှာ လွတ်လပ်စွာ ကခုန်နေ တဲ့ပုံရိပ်လေးတွေ လိုပါပဲလားလို့ တွေးရင်း..
.ကလေးတွေ လွတ်လပ်ကောင်းကင်အောက်မှာ အပူမဲ့ အပျော်လေးတွေနဲ့ ပျော်ခွင့် ရသလောက်အချိန်လေးတွေမှာ...ပျော်ခွင့် လေးတွေ ခဏပဲဖြစ်ဖြစ် ရသွားကြပါစေလို့ ....
-------------------------------------------
ဟီးဟီး..ဂယ်က..နံရံက ဆေးတွေက ဟောင်းပြီး နဲနဲရွဲးနေပြီ..အာ့ ကြောင့် စိတ်ကြိုက် လျှောက်ခြစ်ပစေ... နောက်တော့ ဆေးပြန်သုတ်လို့  ရတာပဲဆိုပြီး အကြိုက် ဆော့ နေတာ ကြည့် ကောင်းကောင်းနဲ့ လွှတ်ထားလိုက်တာလဲပါတယ်.ခိခိ
-----------
ခေးက အိမ်နံရံပေါ်မှာ ဆော့ ပင်နဲ့  စာသင်နေတာ ပုံဆွဲနေတာ ဆိုပြီး သူ့ နှုတ်ဖျားလေးက အသံမျိုးစုံထွက်ပြီး..လျှောက်ခြစ်ဆော့ နေတော့ .....ပထမတော့  နံရံတွေ ညစ်ပတ်ကုန်ပြီဆိုပြီး ဟန့် မလို့ စိတ်ကူးပြီးမှ..
ကလေးတစ်ယောက် သူ့ စိတ်ကူးနဲ့ သူ သူ့ အသိစိတ်ထဲက မှတ်ယူထားပုံရတဲ့  အပူမဲ့ ကောင်းကင်ကြီးအောက်မှာ အလွတ်လပ်ကြီး လွတ်လပ်ပြီး ပျော်နေတာဟာ ဘေးကကြည့် နေသူကိုပါ အပျော်တွေကူးစက်လာတော့ တယ် ကလေးတွေရဲ အသက်နဲ့ ဝေးတဲ့  အလွတ်လပ်ဆုံးပျော်ရွှင်ခွင့် ရဖို့ ဆိုတာ လူတစ်ယောက်ရဲ့ ဘ၀မှာ ခဏခဏရဖို့မလွယ်တဲ့အဖြစ်ပဲ
အိမ့် နံရံတွေမှာ လျှောက်ခြစ်ထားတဲ့  ကလေးတွေရဲ့  စိတ်ကူးယဉ်ပုံရိပ် ဆော့ ပင်ရာတွေ စွန်းထင်းနေတာကို ကြည့် ရင်း ကြည့် ရင်းက အဲ့ အစင်းအရာ အရောင်စုံလေးတွေဟာ ဘ၀တစ်ခုရဲ့ ဖြစ်တည်မှ့ မှာ အပျော်ဆုံးကာလလေးတွေရဲ့ အချိန်တွေကို ပြန်ပြီး ကိုယ်စားပြုပြနေတဲ့ နံရံပေါ်မှာ လွတ်လပ်စွာ ကခုန်နေ တဲ့ပုံရိပ်လေးတွေ လိုပါပဲလားလို့ တွေးရင်း..
.ကလေးတွေ လွတ်လပ်ကောင်းကင်အောက်မှာ အပူမဲ့ အပျော်လေးတွေနဲ့ ပျော်ခွင့် ရသလောက်အချိန်လေးတွေမှာ...ပျော်ခွင့် လေးတွေ ခဏပဲဖြစ်ဖြစ် ရသွားကြပါစေလို့ ....
-------------------------------------------
ဟီးဟီး..ဂယ်က..နံရံက ဆေးတွေက ဟောင်းပြီး နဲနဲရွဲးနေပြီ..အာ့ ကြောင့် စိတ်ကြိုက် လျှောက်ခြစ်ပစေ... နောက်တော့ ဆေးပြန်သုတ်လို့  ရတာပဲဆိုပြီး အကြိုက် ဆော့ နေတာ ကြည့် ကောင်းကောင်းနဲ့ လွှတ်ထားလိုက်တာလဲပါတယ်.ခိခိ
ပြိုင်ဆင်းကံ
ပြိုင်ဆင်းကံ
----
သိပ်မကြာခင်ကပဲဆိုပါတော့  .လမ်း ဟိုဖက်ထိပ်က လမ်းသားချင်းချင် အမျိုးသမီးတစ်ယောက် ၀င်လာတယ်..အဲ့အမျိုးသမီးက တစ်ခါလာဖူးတာတော့ သိတယ်..သူ့ အမျိုးသား ဆုံးသွားတယ်ဆိုတာလဲ သိထားပြီးသား..၊ ၀င်လာပြီးတော့  သူ့ အိပ်ကလေးကို ဖွင့် ပြီး..စာရွက်ကလေးတစ်ရွက်ထုတ်လိုက်ပြီး ကျနော့် ကို လှမ်းပြရင်း.ဆြာပြောလိုက်တာ သတိရလို့ ပြန်ရှာတာ အံဆွဲထဲက ပြန်တွေ့ လို့ ပြန်ဖတ်ကြည့် တာ အဲ့ ထဲမှာ သူ့ အမျိုးသား အသက်အန္တရာယ် သတိထားဆိုတာပါနေရဲ့ သားနဲ့  ကျမ ညံ့ တာဆြာတဲ့ ..၊ပြီးတော့  အငှင့် အငှင့် ဖြစ်ပါလေရောဗျာ..
----
သိပ်မကြာခင်ကပဲဆိုပါတော့  .လမ်း ဟိုဖက်ထိပ်က လမ်းသားချင်းချင် အမျိုးသမီးတစ်ယောက် ၀င်လာတယ်..အဲ့အမျိုးသမီးက တစ်ခါလာဖူးတာတော့ သိတယ်..သူ့ အမျိုးသား ဆုံးသွားတယ်ဆိုတာလဲ သိထားပြီးသား..၊ ၀င်လာပြီးတော့  သူ့ အိပ်ကလေးကို ဖွင့် ပြီး..စာရွက်ကလေးတစ်ရွက်ထုတ်လိုက်ပြီး ကျနော့် ကို လှမ်းပြရင်း.ဆြာပြောလိုက်တာ သတိရလို့ ပြန်ရှာတာ အံဆွဲထဲက ပြန်တွေ့ လို့ ပြန်ဖတ်ကြည့် တာ အဲ့ ထဲမှာ သူ့ အမျိုးသား အသက်အန္တရာယ် သတိထားဆိုတာပါနေရဲ့ သားနဲ့  ကျမ ညံ့ တာဆြာတဲ့ ..၊ပြီးတော့  အငှင့် အငှင့် ဖြစ်ပါလေရောဗျာ..
အကြောင်းအကျိုးသဘော နဲ့ သိနိုင်စွမ်း အကန့် အသတ်ရှိတဲ့ ဗေဒင်.
အကြောင်းအကျိုးသဘော နဲ့ သိနိုင်စွမ်း အကန့် အသတ်ရှိတဲ့ ဗေဒင်.
------------
ကမ္ဘာ့ သမိုင်းကို သုံးသပ်တဲ့  ကမ္ဘာစစ်တွေဖြစ်ရခြင်း အကြောင်းမှာ စစ်ဖြစ်ရခြင်းအကြောင်းကို ဝေးသောအကြောင်းနဲ့ နီးသော အကြောင်းဆိုပြီး ၂ မျိုးခွဲထုတ်လို့ ရတယ်...ဝေးသော အကြောင်း သဘောအဖြစ်က စစ်ဖြစ်လာဖို့  အခြေခံအကြောင်းတွေဆိုပြီး ပင်မအကြောင်းကြီး ၄ ကြောင်းနဲ့ ပြတယ်.အရှုံးသမားကိုလှုပ်မရအောင် စာချုပ် နဲ့ ဝိုင်း ပိတ်ဆို့ ခံထားရတာ ဒါကို တင်းလာတော့  စာချုပ်ကို ဖေါက်ဖျက်စပြလာတာ လူတွေဆင်းရဲလာတာ စသဖြင့် အထွေထွေကျပ်တည်းလာနေတာမျိုးက နှစ်တွေအကြာကြီးဖြစ်လာနေတဲ့ အကြောင်းရင်းကြီးတွေ..အဲ့ အကြောင်းရင်းတွေကြောင့်  ဒေါသတွေအမြင့် ဆုံးရောက်နေချိန်မှာ မင်းသားတစ်ယောက် ဂန်းလျှော့ အလုပ်ခံလိုက်ရတာကို အကြောင်းပြချက်လုပ်ပြီး ချက်ချင်းရာဇသံတွေထပေးပြီး စစ်ထတိုက်ကြတော့ တာက နီးသော အကြောင်းသဘောပေါ့ ...ဒါကို စစ်ဖြစ်ရခြင်းလတ်တလောအကြောင်းကြီးလို့  သုံးနှုံးကြတယ်...
Saturday, May 30, 2015
အင်္ဂ၀ိဇ္ဇာ ကျမ်းရင်းလင်္ကာ(၄၀)
(၁) အင်္ဂ၀ိဇ္ဇာ နည်းကျယ်စွာကို၊သေချာမှတ်စွဲ ကောက်ယူခွဲသော်….
(၂) အိုင်ထဲမြရွှေငွေ ၊ ကြံပါလူ့အသွေ ၊ ဆင်ရန်သူနဲ့ဝေး ၊လေသဲကျွန်းဆောင်မြူး
ပျော်ကြူးဧလှည့်နိုင် သာလှိုင်ဆင်ကြလန်း ၊နန်းအောင်ရွှေမြို့သာ ။
(၃) လိုရာဂြိုဟ်ရင်းကပ် ၊ဓာတ်မှန်ကိုထုတ် ၊ မိတ်လည်းအုပ် ၊ဓာတ်ထုတ်မိတ်ကိုစီး၊မိတ်ကြီးဓာတ်ကိုမံ။
(၄) ငါးတန်မဆွ၊တိုင်မူလနှင့်၊သိရသက်သေ၊ထင်လေနိမိတ်၊ဟိတ် ၊လက္ခဏာ၊စဉ်ကာထားမှ။
(၅) သူရဇ္ဇနှင့် သောကြ ထက်အောက် ၊ခယားဇောက် ၊ကောက်ဘိဆပွတ်ကြံ မှတ်ရန်နည်းတ၀။
(၆) သူရဇ္ဖက စ၍စဉ်စီ ရှစ်ခါညီ ရှစ်လီဂြိုဟ်ပေါင်းပြ ရာသီဆယ့်နှစ်ဝ သင်္ချာယူ၍ဆ။
(၇) အောင်လံတေဇ၊သကျမှီအုံး ၊နန္ဒိသေနထုံး။
(၈) ၀ိကလျာ၊၀ိဇ္ဖာနေယျ၊အညမည၊ခါနိစ္စ၊ ထိကြဓာတ်ပစ္စည်း။
(၉) အညမညံ ၊မဆက်ဆံ၊ပိတ္တံဝိဧက။
(၁၀) သူ့ကိုနိုင်လို ဆကိုခို လိုရာဆေးဖေါ်သုံး။
(၁၁) ထန်းအုန်းဂျုတ်ဇီး၊ ၀ါမုံသီး၊ ဆေးကြီးသန္နိဌာ၊နိုင်ရာဓာတ်နှင့်သတ်။
(၁၂) တောင်သူအမှတ် လုပ်ရပ်ကိန်းချူ ၊ဓာတ်တူ နံတူ ၊ဆေးကိုယူ။
(၁၃) ကက်ကင်းသေရှင်သူ၊ ထက်အောက်ပြန်လှန်ကူ၊နံတူသတ်ကအသေရ။
(၁၄) နံလွဲကြမူ အရှင်ယူ ဟောသူမှီခိုရုံ။
(၁၅) ဂဠုန်ပုန်းခိုက်၊ပုတ်သင်မိုက်၊ကိုက်လေ ၂ ပါးသေ။
(၁၆) ခြင်္သေံ့ဟောက်ဟန် ဆင်ဝှေ့ပြန် ရုပ်နာမ်နှစ်ပါး ကံကတ္တားခြား၍ ထက်အောက်သာ။
(၁၇) ကတ္တားရှိရာ ကံမလာနှင့် နာမ်မှာထက်ပေ ရုပ်လယ်နေ၊မဇ္စျေကံဟုမှတ် ကတ္တားအောက်ဂြိုဟ်
မြဲမှတ်ဆို။
(၁၈) မိတ်လိုပြန်ရာ ၊ဥသာစိန်ပန်း၊ ဒန်းလှကိုရှာ ။
(၁၉) ခိုက်ရန်မှာကား ဓမ္မသောက အင်းဝရာဇာ မယှဉ်ရာတည်း။
(၂၀) ဓာတ်လာသဘော အန္တောဂဗ္ဘေ စရေ၀ံသေ။
(၂၁) ဦးဝေစံကူး ၊ ရေဗူးတောသူ၊ ရန်မူလည်းဆို၊ ဦးညိုခေမာ၊ သုတဝေရီ၊ရန်မှီမြဲရှောင်။
(၂၂) အောင်ပကုလား၊ ဆွေသားနောင်ရင်း၊ မိတ်သွင်းပြီးခါ၊ဆောင်သင့်ရာ၏။
(၂၃) ဆောင်ရာသင့်လျှင်၊သံယောဇဉ်ကိုမယှဉ်စေရာ။
(၂၄) မီးမှာကားမြေ၊ ရေနှင့်လေ၊ မိတ်ဆွေမစပ်၊ပိဋိကတ်။
(၂၅) မီးဓာတ်နှင့်လေ၊မြေနှင့်ရေ၊မိတ်ဆွေတော်ကြ၊သဟာယ။
(၂၆) လမ်းပြစဉ်သာ၊ရှောင်ကြဉ်ခွာ၊ဝေးစွာသူရဇ္ဇ။
(၂၇) သစ်ဆိမ့်ပန်းရ၊သူရဇ္ဇ၊နေထကောင်းကြွယ်ရန်။
(၂၈) ဝေးသူပင်ပြန်ရ၊နီးလွယ်အောင်ကြံဆ။
(၂၉) မင်းကုသကိုဆောင်မှကောင်းလင့်ရာ၊စေတိယကိုရှောင်မှ ကြောင်းသင့်စွာ။
(၃၀) အောက်မှာနင်းကြမ်း၊ထက်ဆောင်ပန်း၊ တခန်းယူမှီးကြ။
(၃၁) က-င ငါးမှာ၊စန္ဒြာ၊သီလာမြေဓာတ်ဖို၊ရှမ်းအငန်ဟုဆို။
(၃၃) စ-ည ဘောမ ၊ပဉ္စာစ၊လေမြေဓာတ်ဖိုရ၊တလိုင်း အခါးပ။
(၃၄) ဋ-န သောရီ ၊ဤဆယ်လီ၊မီးတောက်ဓာတ်မ၊ကုလားအချဉ်ရ။
(၃၅) ယ-ရ နှစ်ခု၊ရာဟုလေမုန်တိုင်း၊အရိုင်းဓာတ်မ၊ယိုးဒယားအဖန်ရ။
(၃၆) လ-၀ နှစ်ဦး ၊ဗုဒ္ဓဟူးဓာတ်ဖို၊ရေသီတာဟုဆို၊မျိုးကိုကတူး၊ရောနှောပူး။
(၃၇) သုံးဦး သ- ဟ- ဠ၊သောကြာရေငန်ပ၊ဓာတ်မသက်ကသည်း ကြိုက်လည်းချိုသာ။
(၃၈) အ-အာ သရ ရှစ်ဌာန၊သူရဇ္ဇ နေ့စွဲ၊ မီးခဲဓာတ်ဖို၊ဂျွန်းအစပ်ဟုဆို။
(၃၉) ဟောလိုကြပြန်၊ ဆေးပေးရန်၊လုပ်ရပ်အကြံ၊သိဒ္ဓိနှံ၊စစ်ထိုးခိုက်ရန်၊ရှုံးနိုင်တန်၊ယတြာရုပ်နာမ်
ကျိန်းခြေပြန်၊အင်းမူစီမံ၊ဂြိုဟ်လင့်ကြံ၍၊ဂဏန်းမှန်ပြ၊ကောက်ယူဆလော့။
(၄၀) အညမညံ စိတ်ဝေဖန် ၀ိဇ္ဇာမယံ ဇော်ဂျီပျံ ရသေ့ရှင်မွန် လောကီဈာန် ခေမာအမတံ ပြည်နိဗ္ဗာန်
ရောက်လိမ့်ဧကန် မဂ်အလွန်ဖိုလ်မွန်ရလွယ်ကြိုး တိုး၍သာကြံကြစေလေကုန်။ ။
မှတ်ချက် ... ကျမ်းရင်းလင်္ကာအမှတ် ( ၂ ) ၏ "နန်းအောင်ရွှေမြို့သာ" မှာ အာစရိယ၀ါဒမူအရ "နန်းအောင်ရွှေမြို့စံ" ဖြစ်၏။ ပညာရှင်တို့နှစ်သက်ရာယူလေ ...
ကွက်ကြားစေတနာ ကန့် သတ်စေတနာ...
ကွက်ကြားစေတနာ ကန့် သတ်စေတနာ...
------
ရယ်စရာတော့ ကောင်းသလားပဲ ဆိတ်သားခြောက်ချေုာင်းလေးတွေ ၀ယ်လာတယ် ပြန်ကြော်ပေးတယ် ၊ ဆီနံ့ နဲ့ ပိုကြွပ်ပြီး ဇိမ်ခံစားလို့ ပိုကောင်းတယ်...ဒါပေမယ့်  အဖြစ်က အိမ်က ကြောင်တွေက လူ့ ပါးစပ် လှုပ်နေသလားပဲ တစ်ခြိမ်လုံးစောင့် ကြည့် နေတာများလို့  ထင်စရာ.
------
ရယ်စရာတော့ ကောင်းသလားပဲ ဆိတ်သားခြောက်ချေုာင်းလေးတွေ ၀ယ်လာတယ် ပြန်ကြော်ပေးတယ် ၊ ဆီနံ့ နဲ့ ပိုကြွပ်ပြီး ဇိမ်ခံစားလို့ ပိုကောင်းတယ်...ဒါပေမယ့်  အဖြစ်က အိမ်က ကြောင်တွေက လူ့ ပါးစပ် လှုပ်နေသလားပဲ တစ်ခြိမ်လုံးစောင့် ကြည့် နေတာများလို့  ထင်စရာ.
့''မိရိုးဖလာ''

့''မိရိုးဖလာ''
----
အဲ့ ပုံလေးကို ပြည်ပသားတွေရဲ့ ဝက်ဆိုက်တွေလျှောက်မွှေရင်းက တွေ့ လို့ ယူထားတာ နှစ်ကိုပေါက်နေပြီ..တွေ့ တွေ့ ချင်း အိုင်ဒီယာကို လက်လန်သွားတဲ့ ပုံပေါ့ ..(ကိုယ်တိုင်လည်း အဲ့ လို တွေးခဲ့ ဖူးတယ် '''ကိုယ်ဟာ ကိုယ့် ကိုယ်ကို ဘာအယူဝင်ပါလို့  အတိအကျ ပြန်သိလိုက်ချိန်မှာအတွင်း အနှစ်သဘောတွေကို ကိုယ်တိုင် သေသေခြာခြာ နားမလည်သေးတဲ့ အဲ့ အယူဝင်က ဖြစ်နေပြီသား''လို့ တွေးဘုးတယ်၊ .အဲ့ လိုတော့  ပုံတွေဘာတွေ လုပ်ပြီး မတွေးဘူးပါဘူးဗျာ့ ) အဲ့ ဒီ့ တံဆိပ်တုံးကပ်နေတဲ့ ပုံလေးကြည့် ပြီး စိတ်ကူးလေးနဲ့ ''မိရိုးဖလာ''လို့ အမည်ပေးလိုက်သေးတယ်။
နောက်တော့  အဲ့ ပုံထက် ဆက်စိတ်ဝင်စားစရာကောင်းတယ်လို့ ထင်တာက် အဲ့ ပုံထဲက အမြင်ကို စရတဲ့ သူကို ပို စိတ်ဝင်စားစရာကောင်းတယ်ပေါ့ ..သူက အယူတွေအပေါ် ဘာလို့  အဲ့ လိုမြင်ရသလဲ အယူတွေနဲ့ ပတ်သက်ပြီး သူဘာတွေခံစားခဲ့ ရလို့ လဲ သူ့ ဘ၀မှာ အယူတွေနဲ့ ပတ်သက်ပြီး ဘယ်လိုအဖြစ်မျိုးတွေ ရင်ဆိုင်ခဲ့ ရသလဲ ခါးသီးစရာတွေကြုံခဲ့ လို့ များလား..သူအခုရော အသက်ရှင်နေသေးလား ရှင်နေသေးရင် သူ့အခု ဘယ်အယူအောက်မှာနေလဲ ဘယ်အယူမှရော ယူမနေတော့ ဘူးလား.....အဲ့ လိုတွေ တောင်တွေးမြောက်တွေလုပ်နေရင်းက ..
ပုံထဲက မီးဖုတ်ထားတဲ့ သံပူတံဆိပ်ရဲရဲလေးကြည့် ပြီး ကိုယ့် တင်ပါးတောင်ပူလာသလိုလို ယားကျိကျိနဲ့ လိုလိုဖြစ်လာသေး...ဟီးဟီး...
.တိမ်တို့ ပြိုလို့ ..မိုးတို့ ညို့ 
.တိမ်တို့ ပြိုလို့ ..မိုးတို့ ညို့ 
-------------
ရင်ထဲမှာ ဟာနေချက်က ဘာဟာနေတာမှ နဲ့ မတူ..သဘာဝအာဟာရ ဆာလောင်မှု့ ကိုတောင် သတိမထားနိင်တော့ လောက်အောင် ရင်ထဲမှာအပူတွေကစို့ နေလို ဆာဖို့ တောင်မေ့ နေတာမျိုးပဲ၊..အဲ့ ချိန်မှာ ဘ၀ကလည်း အဓိပ္ပါယ်မရှိတော့  လောကကြီးကလည်း အဓိပ္ပါယ်မဲ့ သွားခဲ့ ပြီလိုပဲ..
သူငယ်ချင်းတွေကြားမှာ သင်းကွဲငှက်လို ....စားစားသွားသွားနားနားနေနေ နေ့ ရက်တွေမှာလည်း စက်ရုပ်လို တာဝန်ကျေလောက်လိုဖြစ်နေပြီ အသက်မပါတော့သလိုပေါ့ .အရမ်းရယ်ရတယ်ဆိုတဲ့ ဟာသတွေကလည်း ရယ်စရာမကောင်းတော့ တဲ့ အပြင် သူများကို မကောင်းတတ်လို့ ရယ်ပြတာကို မဲ့ ပြမိသလိုဖြစ်နေတာမျိုးပဲ..
.နာရီတွေကလည်း အဓိပ္ပါယ် မရှိတော့ ဘူး..အတိတ်တွေ ပစ္စုတ်ပန်တွေ အနာဂတ်တွေ ဆိုတာမျိုးတွေ ဘာအိုင်ဒီယာမှ ဦးနှောက်ထဲမရှိတော့ ဘူး..တွေးနိုင်တဲ့ စွမ်းရည်ဆိုတာ...ဗလာ..လမ်းလျှောက်နေတာ ခြေထောက်က လမ်းကြမ်းလမ်းဆိုး မသိသလို ကြုံသလိုလျှောက် နင်းချင်သလိုနင်း ခလုပ်တိုက်လို့ တောင်ကြာကြာ မနာနိုင် ခေါင်းက ပြန်ထုံသွားသလိုလို...ဘေးဘီတွေက အသံဗလံတွေ လှုပ်ရှားမှု့ တွေဟာ ကိုယ် နဲ့ လုံးဝ မသက်ဆိုင်ပါသော ဆိုသလိုပဲ ပတ်ဝန်းကျင်လောကကြီးကသပ်သပ် ကိုယ်က သပ်သပ်လို စိတ်ကထင်နေ၊
မှားသွားပြီလား..မမှားပါဘူး..မှားခဲ့ ပြီလားမသိ မှန်တယ် ထင်တယ် ..ဆိုတာတွေနဲ့ အတွေးတွေက လုံးလည်ချပ်ပြားလိုက်လို့ ပေါ့ ...ပြန်ဆုံချင်တယ် ပြန်ဆုံချင်တယ် ပြန်ဆုံချင်တယ် ဆိုတဲ့ စိတ်ကတော့  အချိန်က ၂၄ နာရီလို့ ဆိုလို့ ရမတတ်...အဖန်ဖန် တွေးမိတဲ့ စကားစုပေါ့ ..ရုပ်ရှင်နဲ ဖြေမပြေ. .စာအုပ်..ဆွဲလွှင့် ပစ်လိုက်ခဲ့ ..လမ်းမှာ ကားပေါ်မှာ ကျောင်းမှာ သူသွားတတ်တဲ့ နေရာတွေမှာ ဖြတ်ကနဲ တွေ့ နိုးနိုး မျက်လုံးကစားမိ မျှော်လင့် မိ...တကယ်ပဲ ဝေးကြပြီလား..တကယ်ပဲဝေးရတော့ မှာလား..အဲ့ လို တွေးမိလိုက်ချိန်မှာ...တိမ်တို့ ပြို လို့ မိုးတို့ ညို့ ခဲ့ ပြီ...
မျက်ဝန်းထဲမှာ မျက်ရည်မိုးတွေက...ချက်ချင်းဝဲတက်လာ..ဘေးဘီကြည့် ရှက် ဖလပ်ဖလပ်နဲ့ မျက်တောင်ခတ်ပစ်လိုက်...သွား..ရှက်စရာ..ဟာာားးးး...ရင်တစ်ခုလုံး စို့ တက်..နှလုံးသားထဲမှာ ဟာလို့ ..ကတုန်ကယင်.......
'' လွမ်းစေသောမေ ''..

'' လွမ်းစေသောမေ ''..
----
လွမ်းရစ်နှောင်ဖွဲ့ ၊လွမ်းဆက်ရာသီ
လွမ်းညီလာမိုး ၊ လွမ်းပင်ပျိုးခဲ့ 
လွမ်းလျက်ခါသာ ၊လွမ်းလှသည်လေ
လွမ်းရလေကြောင်း၊လွမ်းပါကြောင်းတော့ 
လွတ်လပ်စွာ လွမ်းခွင့် ပြုပါမေ.'' ....။ ။
ဖူးစာဆိုတာ...
ဖူးစာဆိုတာ...
---
အမေရိကားလူကြုံ နဲ့တော်ကီ =.''''.အဲ့ ဒါ သူ့ အမေက သူ့ သမီး လူမျိုးခြားနဲ့ ကျသွားမှာစိုးနေတာ. ကောင်လေးမေးကြည့် တော့  အဖေကရှမ်းတရုပ်လို့ ပြောတယ်တဲ့ .'''.(''' တော်သေးတာပေါ့  အဲ့ က ကပ္ပလီနဲ့ မဖြစ်ပြီးတာပဲဗျာ'''.) လို့ ဆိုလိုက်တော့ .'''.ကပ္ပလီတော့ မဟုတ်ဘူး ကလယ်ဆင်လေးဖြစ်နေလို့ တဲ့ ..
ဘယ်ဘာသာလဲ မေးကြည့် တော့  ကောင်လေးက ဘာသာမဲ့ လို့ ပြောတယ် ဟုတ်တော့ ဟုတ်မယ် ဘာအသားမှ မရှောင်ဘူးလို့ ပြောတယ် ''' တဲ့ .
.( '' ဒါလည်း မဆိုးဘူးပဲ..အဲ့ ဆရာသမားလေး က ဘာသာရေးသမားဆိုတာတွေကို အာရုံတွေ နောက်လာလို့ ဘုပြောလိုက်တာ နေမှာပေါ့  ခုခေတ် ဘာသာမဲ့ လို့ ပြောတဲ့ လူတွေ မနဲဘူး''' လို့  ဘာသာရေးဆိုတာ သိပ်အရေးမကြီးသယောင်ပြောလိုက်တော့ ကိုယ်စားလှယ်တော် အန်တီအိုကြီးက .ရီတယ်..ပြီးမှ...''''သူ့ အမေက အဲ့ ကောင်လေးက ကလယ်ဆင်နဲ့ တူလို့ သူ့ သမီး လူမျိုးခြားနဲ့ကျမှာစိုးနေတာ စိတ်ပူပြီး မေးချင်နေတာ''' လို့ ထပ်ပြောပြန်တော့ ...
ကြက်မွှေး..
ကြက်မွှေး..
အဲ့ ဒါနဲ့ အလုပ်ပြောင်းသစ်ပြောင်းသွားတဲ့ လေးဘီးဆရာဟောင်း တစ်ယောက်နဲ့  လမ်းမှာဆုံလို့ လေပစ်နေရင်းက ကြက်မွှေးတံမျက်စီးသည်က အနားကဖြတ်သွားတော့  အဲ့ ဆြာက လှည့် ပြီးလိုက်ကြည့် တယ်..၀ယ်မလို့ လားလို့ မေးတော့  မ၀ယ်ပါဘူးကွာ..ကားမောင်းတုံးက အကျင့် က ခုထိပါလာလို့  ကြက်မွှေးသည် တွေ့ ရင်ကို ကိုင်ကြည့် ချင်သလိုလို ၀ယ်ချင်သလိုလို ဖြစ်နေလို့ လိုက်ကြည့် တာတဲ့ ..သြော်..ဖစ်မှဖစ်ရလေ..ငိငိ
ဗေဒင်အတွေးအပိုင်းအစတစ်ခု..
ဗေဒင်အတွေးအပိုင်းအစတစ်ခု..
---
ဗေဒင်ကို ချဉ်းကပ်ပုံတွေက ကိုယ့် ဖီလင်နဲ့ ကိုယ် မတူကြဘူး..ကျနော်တို့ ချဉ်းကပ်ပုံက ကိုယ့် ဘ၀ခရီးအတွက် ဘေးအထောက်အကူအဖြစ် ဘာသုံးစားလို့ ရမလဲ ဆိုတဲ့  အတွေးနဲ့ ချဉ်းကပ်တာ သူများကိစ္စဆိုတာ သံသရာကပါလာတဲ့ ကံသတ္တိကြောင့်  ကျွဲကူးရေပါသဘော နောက်မှဖြစ်လာတာ...
ပြီးတော့ ထပ်တွေးတဲ့ အတွေးက လူ့ ဘ၀သက်တမ်းတွေက တိုတယ်..ဒီတော့  နောက်အနှစ်၂၀ကြာရင် ဘောစိကြီးဖြစ်လာမယ်ဆိုတဲ့ အဟောသဘောတွေကို အာရုံစား ပီတိ ပွားမနေနိုင်အားတော့ ဘူး ခေတ်စတိုင်ရဲ့ အပြောင်းအလဲက သိပ်မြန်နေတယ်..ီးတော့  အခုနှစ်ပိုင်းတွေ အခုလပိုင်းတွေမှာကို ကြုံနေရတဲ့ ကြုံနိုင်တဲ့ ကိစ္စတွေကို ဘယ်လိုရင်ဆိုင်ကြမလဲ ဘယ်လိုရှင်းထုတ်ကြမလဲက အရင်အရေးကြီးနေပြီ ဒီလိုတွေးပြီး အမြန်ဆုံးနဲ့ ခက်သုတ်သုတ် အဖြေထွက်တဲ့ 
ဗေဒင်စတိုင်မျိုး နောက်ကို ပိုအာရုံ လာသွားတော့ တယ်....ဒီနေ့ ဆုံးဖြတ်ချက် အမှား အမှန် တစ်ခုဟာ နောက်အနှစ် ၂၀အတွက်ပါအကျိုးသက်ရောက်မှု့ ရှိတယ်လို့ လည်းယူထားတယ်ပေါ့ ...
Friday, May 29, 2015
ဘယ်အချိန်မှာဗေဒင်တွက်ရမလဲ
ဘယ်အချိန်မှာဗေဒင်တွက်ရမလဲ
----------
အလုပ်သဘောမှာ ကြုံရတဲ့ သဘောမှာ..သက္ကရာဇ်တွေပြောင်းတိုင်း တစ်နှစ်တော့ ပြောင်းပြီ ဆိုပြီး ဗေဒင်လိုက်တွက်တဲ့ လူတွေကြုံလာရတယ်..ဆိုပါတော့  ၂၀၁၅တွင်း ဘာဖြစ်နိုင်သဘောပေါ့ ..အများအားဖြင့်  မြန်မာကောဇာအပြောင်းမှာ လိုက်တွက်တာမျိုးသိပ်နဲပြီး ခရစ်သက္ကရာဇ် အပြောင်းမှာလာတာက ပိုများသဗျ..
ရုပ်အကြောင်း..
ရုပ်အကြောင်း..
------
ူဝါဒတွေ လောကီပညာတွေ ဗေဒင်တွေကို မယုံဘူးတွေ ယုံတယ်တွေဆိုတာက ပြဿနာအတုတွေ
အာဟာရ မမှီဝဲရင် သေတယ်ဆိုတာကို မယုံဘူး ယုံတယ် ဆိုတာက ပြဿနာအစစ်....
ယုံဘူးလား ရေကအစ ဘာမှ မစားပဲ နေကြည့် လေ.....
ရုပ်ကို ဆာဂျရီ နဲ့ မိတ်ကပ်စောင့် ၏ တဲ့  အဲ..အာဟာရစောင့် ၏တဲ့ .....ငိငိ
အရိုးမရှိတဲ့ စကားလုံးတွေ...
အရိုးမရှိတဲ့ စကားလုံးတွေ...
-----
အမြင်တစ်ခုကို လှည့် စားရတာ ဘယ်လောက် လွယ်လည်းဆိုရင် ဒဿဂီရိတောင် အစဉ်အလာ ဗီလိန်းနေရာကနေ ချစ်ခြင်းအတွက် စံ သူရဲကောင်းနေရာထားမိတဲ့ အဖြစ်တွေ ရောက်သွားအောင် လှည့် စားခံလိုက်ရတယ်..
အတွေးအမြင်တွေသမိုင်းကြောင်းမှာ...ပထမတော့  လောကကို လူဗဟိုပြုပဲ...နောက်တော့  လောကကို ဗဟိုပြုလာတယ် လောကဆိုတာ အနန္တ သဘော ကျယ်ပြန့် လွန်းတော့  လောကနဲ့ တိုင်းရင် လူ့ ကဏ္ဍ မှိန်သွားတော့  လူဟာ လောကမှာ မြူမှုံလေးလောက်။....နောက်တော့  ကမ္ဘာပေါ်က သတ္တ၀ါ အနန္တမှာ အနာဒိအနန္တ လောကအကြောင်းကို သိနေတာ ဟောဒီ လူမျိုးနွယ် တစ်နွယ်ကပဲ ဆိုပြန်တော့ လူက လောကထဲမှာ နေရာပြန်ရလာလို့  သွေးပြန်ကြွလာ....
အရိုးမရှိတဲ့  စကားလုံးအဖျားတွေမှာပဲ...လူဟာ.သေးလိုက် ကြီးလိုက် .ပုံရိပ်အမျိုးမျိုး...
တစ်ခါတည်းပါ..ဒါပေသည့် တစ်သက်စာ .တစ်သက်တာ ရင်ထဲမှာ ဒဏ်ရာတွေအဖြစ်...
တစ်ခါတည်းပါ..ဒါပေသည့် တစ်သက်စာ .တစ်သက်တာ ရင်ထဲမှာ ဒဏ်ရာတွေအဖြစ်...
--------
ကျနော့် အဖေပြန်ပြောပြတဲ့  သူ့ ရဲ့ ငယ်ဘ၀က ဖြစ်ခဲ့ တဲ့ ကိစ္စတစ်ခု အကြောင်းပေါ့ ..၊ အမျိုးထဲမှာ အငြိမ့် ထောင်ဆရာ တစ်ယောက်ရှိခဲ့ တယ်၊ သူ့ အငြိမ့် က အဲ့ တုံးက နာမည်ကြီး၊ နာမည်ကြီးတော့  အဲ့ ခေတ်က ရေဒီယိုမှာပါ အသံလွှင့် ခွင့် ရတဲ့ နိုင်ငံကျော် လူရွှင်တော် ၂ ယောက်ပါ အဓိက အငြိမ့် သမားအဖြစ်ပါတယ်ပေါ့ ၊....တစ်ခါတော့ ပခုက္ကူဖက်ကို အငြိမ့် လိုက်ရတယ်လို့ ဆိုတယ်...
''..ချိုတယ်....''

''..ချိုတယ်....''
--
နောင်ဘ၀မှာ အဖန်တစ်ရာပြန်ကြုံရလိမ့် ဆိုတဲ့ 
ဒဏ်ရာ အကြောင်းတွေကို နှုတ်တက် ဖွဖွ ရေရွတ်ပြီး
အခု ဘ၀မှာ သဒ္ဒါလန်အောင် ခံနေရတဲ့ ဝေဒနာတွေကို
ကြံဖန်ပြီး စကားလုံး ဆနွင်းတွေနဲ့  ဖိဖိသိပ်ပေးနေခဲ့ ရ....
အဟာ့ .....
ကြံလား..?.
အရင်း အဖျား ချေးများ ပညာရှိနေကြတုန်း..
ဝုန်း ၀ုန်း ၀ုန်း ၀ုန်း ဂျလုံး ဂျလုံး ဂျလုံး ဂျလုံး နဲ့ 
စက် နဲ့ ကြိတ်သောက်ပစ်လိုက်တာ..အာာာ...အိုကေ.!.
''သြော်..ဒါနဲ့ 
နတ်ပြည် မှာ ကြံပင်တွေ ရှိမရှိ အကြောင်း ဆွေးနွေးတာ မကြားမိသေးဘူး..
ကြားဘူးကြလားငင်!..
မကြားဖူးသေးရင် သောက်ဖူးအောင်
တစ်ခွက်လောက်တော့ သောက်သွားကြပါလား...
ချိုတယ်...ခ်ခ်.''
မျက်ရည်ဝတ်စုံ ၊တေးဆို - ခင်မောင်တိုး၊တေးရေး - မင်းကိုနိုင် (စာသားထိုးပါတာလေး..) ။
မျက်ရည်ဝတ်စုံ ၊တေးဆို - ခင်မောင်တိုး၊တေးရေး - မင်းကိုနိုင် (စာသားထိုးပါတာလေး..) ။
ကို Min Ko Naing ရှယ်တာကို ပြန်ရှယ်တာ..
-------------
♫¸¸¸¸♬·¸¸
''တစ်ဦး နဲ့ တစ်ဦး အပြန်အလှန် စိတ်ချမ်းမြေ့ ရန် ရှာကြံလို့ ပေးတော့ မယ်လို့ ....
မင်း နဲ့ ကိုယ် စိတ်ကူး တတ်ချိန် ကိုယ်စီ အသိ နဲ့ နားလည်ချိန်
လွမ်းငွေ့ တို့ မှုန်ရာ မော်ကြည့် တဲ့ အခါ..သြော်..မိုးတွေ...ညိုလို့ ...
မျက်ရည်စိုစို ၀တ်စုံတွေကိုယ်စီ အတူဆင်မြန်းပြီး ခွဲရမယ့် ချိန်ခါကို ရောက်ပြီ
အမှတ်တရ အပြန်အလှန် လဲလှယ်ရန် နာကျင်မှု့ များပဲရှိတယ်..ယူရဲ..ပေးရဲရင်...'''
Thursday, May 28, 2015
လောင်းကစားနဲ့ အကျိုးပေးသလားတဲ့ ...
လောင်းကစားနဲ့ အကျိုးပေးသလားတဲ့ ...
------------
ခဏခဏအမေးခံရတာပေါ့  ကိုယ်နေတဲ့ အရပ်က ၁ ၂ ၃ တွေက တယ်ပေါ၊..ကျနော်ကတော့ ဒဲ့ ပဲ၊ အဲ့ ဒါမျိုးတွေ မတွက်ဖူးလို့  ပြီးတော့  ကျနော်လည်း ချဲကြောင့် တော့ မထောဘူးပါဘူးလို့ ( အဲ့ လိုတစ်ခါတည်းအပြီးပြောထားလိုက်တေ့ အေးရော..အဟီးး) ၊ အဲ တွေ့ ဖူးသမျှ ကြားဖူးသမျှ ချဲသမားတွေထဲက ဒိုင်ရော ထိုးသားရော ကော်သမားရော နောက်ဆုံးတော့  မြွေဖမ်းကုန်တာများတာပါပဲလို့ .ဂျေးအောင်းတဲ့ သူနဲ့တိုင်ကျွတ်တဲ့ သူနဲ့  အကြွေးလည်ပင်းခိုက်သွားတဲ့ သူနဲ မလျော်နိုင် မဆပ်နိုင်လို့ ဒိုးသွားတဲ့ သူတွေက ထောသွားတယ်ဆိုတဲ့ အသံတွေထက်တော့ ပိုများသလားးးး..လို့ ..ဟီးဟီး...
.
ကျနော်ကတော့  စိတ်လိုလက်ရရှိတဲ့ အခါ လောင်းကစားနဲ့ ပတ်သက်တဲ့  ကိုယ့် အမြင် တစ်ခုကို တော့ တွေးပြတတ်တယ်..ကျနော်လည်း သူများလို နဲနဲရင်းပြီး ဒလဟောတော့ ရချင်တာပါပဲလို့ .ပြီးတော့  လောင်းကစားသဘောက ပိုက်ဆံ လိုချင်တာလည်းပါသလို စိတ်လှုပ်ရှားမှု့ ကလည်း အရသာတစ်မျိုးလို စွဲလမ်းနေတာမျိုးပဲလို့ ၊..ဒါပေမယ့် ငွေကဏ္ဍပါလာတော့ မချောင်ဘူးလို့ ၊ ကျနော်ကတော့  လောင်းကစားကို လုပ်ပါ မလုပ်ပါနဲ့ လို့ ဒဲ့ ကြီးတော့ ပြောလေ့ မရှိဘူးဗျာလို့ ..ဒါပေမယ့် စဉ်းစားစရမယ့် အချက်တွေက ကိုယ်ထိုးလိုက်တဲ့ ချဲတစ်ကွက်ဟာ ပေါက်ချင် ပေါက်မယ် မပေါက်ချင်မပေါက်ဖူး..မပေါက်ဖူးဆိုပါတော့  အဲ့ ငွေပလုံပြီဗျာလို့ ၊ပေါက်တယ်ပဲဆိုပါဦး အလျော်က ရချင်ရမယ်မရချင်မရပြန်ဘူးဗျာလို့ တစ်ချို့ ဒိုင်တွေက သူ့ ဒိုင်က အပေါက်များလို့ မလျော်တော့ ပဲထွက်ပြေးတာတွေ တစ်ပုံကြီး ကြားဖူးတယ် မဟုတ်လားလို့ ....ဒီတော့ လောင်းကစားအတွက် ကိုယ်သုံးမယ့် ငွေဟာ အစကတည်းက အဆုံး သဘောထားတွက်ရတဲ့ သဘောရှိတယ်လို့ 
ဒီတော့  ကိုယ် တစ်ခုခုလောင်းပြီဆိုရင် ဒီငွေကို အဆုံးခံနိင်လား မခံနိုင်လား ကိုယ့် ဟာကိုယ် အရင်တွေးလို့ ၊ မခံနိုင်ရင်အစကတည်းက မပတ်သက်နဲ့ ပေါ့ လို့  ခံနိုင်ရင် သဘောပါလို့  ကျနော့် ပိုက်ဆံမှမဟုတ်တာလို့ ...ငိငိ....တစ်လကို လောင်းကစားကြောင့်  ငွေ၃သိန်းပလုံသွားတာ မီလျံနာတွေက အယားပြေသဘော သွားကြားတောင်မညပ်ဖူး ဆိုပေမယ့် တစ်ချို့ တွေအတွက်တော့  ဘ၀ပျက်စေတဲ့ ပမာဏပါလို့ ...ဒီတော့  ကိုယ့် ဝင်ငွေနဲ့  ကိုယ့် ကိစ္စ မီးစင်ကြည့် ကပေါ့ လို့ ..ကျနော်တော့  ထီ ၃ထောင်ဖိုးလောက်ထိုးလို့  မပေါက်ရင်တောင် စိတ်က နေသိပ်မကောင်းချင်တော့ လို့  ခုဆို ဘာထီမှ..မထိုး...လို့ ..ခ်ခ်ခ်....။
အဆိုတော် ကိုမွန်းအောင်ရဲ့ ငြိမ်းစေသောဝ် ငြိမ်း.. အော်စလိုကွန်ဖရင့်မှာ သီဆိုခဲ့စဉ်.။
အော်စလိုကွန်ဖရင့်မှာ သီဆိုခဲ့စဉ်.။
တောင်ဆီမှာမိုးတွေ ညို့ နေသလို..
''ညစ်စရာ ကိုယ်စီရှိပြီးသားတွေမို့ 
ချန်ရစ်ခံကိုယ့် အဖြစ်က ..ပိုဆိုးပါတယ်လို့ 
ဝေဒနာပြပွဲ လုပ်ပြနေတာ မဟုတ်ရပါမေ.......
တောင်ဆီမှာမိုးတွေ ညို့ နေသလို..
မျက်ဝန်းမှာ အလွမ်းမိုးရာသီဖြစ်ခဲ့ ပြီဆိုတာတော့ ..
နင်သိစေချင်တာ အမှန်ပါပဲပေါ့ လေ..''..။
တက္ကစီ
တက္ကစီ တက်စီးလိုက်တိုင်း ပိတ်ဆို့ ကျပ်ညပ်နေတဲ့  လမ်းမှာ လေလွင့် သွားတဲ့  အချိန်တွေအတွက် မပျင်းရအောင် တက္ကစီဆရာနဲ့  လေပစ် စကားဖေါင်ဖွဲ့ လိုက်လို့ ရတဲ့  တက္ကစီဆရာနဲ့ ကိုယ်နဲ့ ကြားမှာ တစ်ခုတည်းသော တူညီသော အကြောင်းအရာ တစ်ခုကတော့ ...အစိုးရမကောင်းကြောင်းတွေ လေပစ်ပြီး လိုရာခရီးကို အတူတူသွားကြတာပါပဲဗျား...ဟီးဟီး..
တွေးစရာ..
တွေးစရာ..
---
ကျနော်တို့ အလုပ်မှာ အလုပ်သဘောအရသာ အဖြေတစ်ခုခု ပေးရတယ် ဘယ်လိုလုပ် အဲ့ လိုကျင့် သုံးဖို့ လွယ်မလဲလို့  တွေးစရာ ဖြစ်လာတဲ့ မေးခွန်းတစ်ခုက
''''ဘယ်နေ့ သားနဲ့  စီးပွားတွဲလုပ်ရင် ကောင်းမလဲ ဆိုတဲ့ အမေး '''ပဲ..၊
အကြိမ်ရေ>အစွဲ>သံသယ
အကြိမ်ရေ>အစွဲ>သံသယ
-----------
အကြိမ်ရေထပ်လာရင် အစွဲတစ်ခုဖြစ်လာတယ် အဲ့ အစွဲနဲ့ ပဲ နောက်ထပ်အကြိမ်ရေတွေကို ထပ်ဆုံးဖြတ်တဲ့  စံနှူံး ဖြစ်လာတယ်...ဘာတွေကို ထပ်ခါ ထပ်ခါ ကြုံတွေ့ ရသလဲဆိုတဲ့  သဘောမှာတော့  ဘ၀ဖြတ်သန်းမှု့ တွေ သဘောကြောင့် တစ်ယောက်နဲ့ တစ်ယောက် တူတာလည်းရှိမယ် မတူတာလည်းရှိလိမ့် မယ်...
နဂ္ဂတစ်
နဂ္ဂတစ်
---------
ပုံမှန်လူ့ သဘာဝဟာ အညစ်တွေကို အကြာကြီးကြုံတွေကြားသိနေရမှာကို မကြိုက်ဘူး...အပျော်တွေကိုသာကြိုက်တယ်...ဒီသဘောကို ကိုယ့်  လူမှု့ ဆက်ဆံရေး ကဏ္ဍမှာပတ်သက်နေတဲ့  လူတွေကို ကိုယ် ဘယ်သူ့ ကို နှစ်သက်တယ် ဘယ်သူ့ ကိုတော့ မတတ်သာလို့ ဆိုတဲ့  စိတ်သဘောက ခွဲခြားလိုက်တာကိုပြန်တွေးကြည့် ရင် ရှင်းရှင်းလေးပေါ်တယ်...
အချင်းချင်းမို့ တဲ့ လား..
အချင်းချင်းမို့ တဲ့ လား..
---
ပိုက်ဆံချေးသွားတာ ပြန်မရသေးလို့ တဲ့ ..အမေ့ ဘက်ကအမျိုးတဲ့ အချင်းချင်းတွေမို့ ချေးလိုက်တာတဲ့ 
ဟားးး..အဲ့ အချင်းချင်းပဲ ကြောက်နေရတာ တစ်စိမ်းက လာလိမ်ရင် အင်ဆန်တစ်အိပ် အင်ဆီ၅ပိဿာပေါ့  ဘော်ဒါချင်းလိမ်တော့ ခဏဆိုပြီး ဆယ်ပုံး ပုံးနှစ်ဆယ်လောက်ပလုံသွားတာလေ ရီးစားက ဘတ်သွားတာလည်း အဲ့ အချင်းချင်းဆိုပြီး ယုံမိလို့ မို့ ပေါ့ ဗျ..ဟဲဟဲ.ကြည့် ဗျာ ဟိုအမွေဘတ်တဲ့ အမှုဆိုတာ အရင်းနှီးဆုံးတွေပေါ့ ဗျာ.လင်မယားချင်းလည်း အချင်ချင်းဆိုပြီး ကပ်ပြီးဘတ်တယ်ဗျာ..ဆရာတပည့် တွေလည်း အပြန်အလှန် လိမ်တယ်ဗျာ.အမေကို သားက ပြန်ဘတ်တယ်ဗျာ..ဒီမှာဘဲကြည့် လေ...ကျနော်တို့ နိုင်ငံလည်း အဲ့ အချင်းချင်းတွေ အုပ်ချုပ်တာဆိုပြီး မျှောပေးလာတာ အဲ့ အချင်းချင်းက ဘတ်သလား မမေးနဲ့  ရုပ်ကော နာမ်ကော ဘာမှမရှိတော့ ဘူး ကုန်ပြီဖြစ်နေပြီဗျာ..အင်္ဂလိပ်ခေတ်ကမှ တော်သေးလို့ တောင် တစ်ချို့ လူတွေပြောဆိုနေတာမျိုးတွေ ဖြစ်ကုန်ပြီ...ဟားဟားဟား .....ဆိုပြီး...ဘယ်ကဘယ်လို ဘောလောတစ်တွေ ဘောလောဆီတွေပါသွားမှန်းမသိဘူး..အဖြစ်က...ဟီးဟီးး
စနိုက်ပါသမား အယောက် ၄၀..
ʘ‿ʘ
စနိုက်ပါသမား အယောက် ၄၀..
-----
'' ကြွက်တွေပျော်တဲ့ မြို့ '' ဆိုတဲ့ ကြွက်နှိမ်နှင်းရေးသတင်း ဆောင်းပါးဖတ်ခဲ့ ရတာမှာ .အဲ့ ဆောင်ပါးထဲ့ မှာ ကြွက်တွေကို ဖဲ့ ဖို့ ဆိုတာ အတော်တော့ မလွယ်ပါဘူးဆိုတေဲ အကြောင်းတွေ သဘောဗျ..ရိုးရိုးကြွက်သုတ်သင်ရေး တိုက်ပွဲဝင်တပ်သားနဲ့ တောင်မရပဲ အထူးစပါယ်ရှယ် လေ့ ကျင့် ထားရတဲ့  ကြွက်သုတ်သင်ရေး လက်မရွံ့ စနိုက်ပါကြွက်သတ်သမား အထူးဝန်ထမ်း အယောက်၄၀ထဲ့ နဲ့ ည ညလိုက်ဖဲ့ နေရတာပါတဲ့ ..ကြွက်ပစ် ကျည်တစ်တောင့် ကို ကြွက်တစ်ကောင်ကျ..ပေါ့ လေ၊ စစချင်း ကြွက် တစ်ကောင်ပစ်ချနိုင်ဖို့ ဆိုတာ တော်တော်ခက်တာဆိုပဲ..နောက်မှ အိုကေ လာတာတဲ့ ။
Wednesday, May 27, 2015
စတိုင် ၂မျိုးနဲ့ လူ
-----------
ဒီဘက်ခေတ်မှာ ကျနော်တို့ တွေမှာ သူများ အတွေးတွေကို ကိုးကားရင်းက ကိုယ်တိုင်လည်း တွေးတတ်တဲ့ သဘောတွေက ပိုအားကောင်းလာတော့  တစ်ခါတစ်လေ ကိုယ့် အတွေးနဲ့ ကိုယ့် ဘ၀ ရပ်တည်နေတဲ့ ဒေသ ရဲ့ ဓလေ့ ယဉ်ကျေးမှု့ သဘောက သဟဇာတ ဖြစ်မလာတဲ့ အခါ ကျနော်တို့ ရဲ့ အသက် နဲ့ ဘ၀အိုးအိမ်တွေကိုထိခိုက်လာနိုင်တဲ့ အခြေအနေတွေ ဖြစ်လာနိုင်တယ်...
ဒီတော့  ကိုယ့် ရဲ့ အသက်နဲ့ ဘ၀အိုးအိမ်တွေ အထိခိုက် မခံနိုင်သေးတဲ့ အခါ အများရဲ့ ယုံကြည်မှု့ ဆိုင်ရာ ဓလေ့ တွေ နဲ့ ယဉ်ကျေးမှု့ တွေကြားထဲမှာ စိတ်ပါပါ မပါပါ ၀င်ကျင်လည်ရင်း ကိုယ့် ရဲ့  စိတ်အတွင်းက ယုံကြည်ချက်ပုံစံကို ကိုယ့် တစ်ဦးတည်းသာ လျို့ ဝှက်ပြီး အများကို ဖွင့် ပြမနေပဲ ကျိတ်ပြီး ကျင့် သုံးနေရတဲ့ စတိုင်မျိုးအဖြစ် ထားရတော့ တယ်..ဘယ်လောက်အထိ သိုဝှက်စိတ် ထားရသလဲဆိုရင် တအူတုံဆင်းမောင်ရင်း်နှစ်မတွေကိုတောင် တစ်ချို့ ယုံကြည်မှု့ တွေနဲ့ ပတ်သက်လာရင် ကိုယ်ဟာ ကိုယ့် ရဲ့  အယူအပေါ် ဘယ်လိုယုံတာမျိုးလို့ တောင် ဖွင့် ပြောပြလို့ မသင့် တော်..ဆိုတဲ့ သဘောအထိအောင်ပဲပေါ့ ...
ယုံကြည်မှု့ သဘောမှာ စိတ်ထဲမှာသာ တည်ဆောက်ထားတဲ့ အယူမျိုးက ကိုယ်ကသာ အပြင်ကို ထုတ်မပြရင် ထမင်းအိုးကို မထိခိုက်နေပေမယ့် အပြင်လောကနဲ့ ဆက်စပ်ပေးလိုက်မိပြီဆိုရင်တော့  အဆင်မသင့် ရင် ကိုယ့် ဘ၀ကို ထိခိုက်သွားနိုင်တယ်ပေါ့ လေ..
တွေးပေါက်တွေ..
တွေးပေါက်တွေ..
-------------
တွေးပုံတွေးနည်းကိုကစကွာတယ် ကျနော်တို့ လိုလားတဲ့ သူ အာဏာရလာလဲ ဘာမှဖြစ်မလာပါဘူးလို့ တွေးသူတွေအများကြီးတွေ့ ရတယ် ကျနော်တို့ တွေးပုံကကျနော်တို့ 
''မလိုလားတဲ့ သူ အာဏာမရဖို့ ''နဲ့ ''ကျနော်တို့ လိုလားတဲ့ သူ အာဏာရဖို့ '' တွေက အရင် အဓိက ကျတယ်၊ ကျန်တဲ့  နောက်ကဏ္ဍက ကျနော်တို့ လိုလားတဲ့ သူတွေ အာဏာရပြီးမှ ဆက်လုပ်ကြတာပေါ့ ဆိုတာမျိုး တစ်ဆင့် ပြီးတစ်ဆင့်  လှမ်းတက်သွားတာမျိုး တွေးတာမျိုးပဲ ..
ကျနော်တို့  ထောက်ခံလိုက်တဲ့ အဖွဲ့ က ပေါက်ကရတွေဖြစ်သွားရင်ဘယ်လိုလုပ်မလဲလို့ မေးလာရင် ဒါကတော့ လုကံ ၀ကံ ၂ ယောက်ကန်တော့ ခြင်ထောင်ပြဲ သဘောပဲ အခုတင်မဲပေးမလို့ အားခဲရင်း သေသွားတဲ့ သူတွေရှိနေတယ် အနာဂတ်ကံကို ဘယ်သူဘိုင်သေပြောနိုင်သလဲ
အမျှော်အမြင်တွေ တကယ့် ကို သိပ်ကောင်းနေကြရင် ဗမာပြည် ကနေ ဂလိုတွေတောင်ဖြစ်နေမှာ မဟုတ်ဖူး..ဒီတော့  ကိုယ်မဲပေးတဲ့ အဖွဲ့ အချိုးမပြေရင် နောက်တစ်ခါ တစ်ခြားအဖွဲ့ ပေါ့  အဲ ကိုယ် မသေသေးရင်ပြောပါတယ်...
ဆိုပါတော့  ၂၀၀၈တုန်းက ကိုယ် မဲပေးခဲ့ တဲ့ အဖွဲ့ ကဗရုတ်သုတ်ခဖြစ်သွားတယ်လို့ မြင်လိုက်ရတဲ့ အခါ ဒီတစ်ခါမှာတော့  အဲ့  ၂၀၀၈တုန်းက ပေးခဲ့ တဲ့ အဖွဲ့ ကို ထပ်ပေးစရာ အကြောင်းမရှိတော့ ဘူးပေါ့ ..ဒါဟာ ကိုယ်မဲပေးခဲ့ တဲ့  အဖွဲ့ ရဲ သက်တမ်းကာလအတွင်း ဆောင်ရွက်ချက်တွေကို အကဲဖြတ်ပြီးဆုံးဖြတ်လိုက်တဲ့ သဘောပဲ။
တမီလ်နဲ့ လစ်ဗျား
ʘ‿ʘ
တမီလ်နဲ့ လစ်ဗျား
--------
်သီရိလင်္ကာ တမီလ်ကျားတွေရဲ့ ကျဆုံးခန်း နဲ့ လစ်ဗျားတော်လှန်ရေးသမားတွေရဲ့ ကဒါဖီကို တိုက်ထုတ်နိုင်တဲ့ ပွဲ ၂ပွဲကိုကြည့် ရင် သီရိလင်္ကာကျားတွေရဲ့  အဓိက ပြော့ ကွက်ဖြစ်သွားရတာက မြို့ တော် ကိုလံဘိုကို တက်သိမ်းဖို့ ပလန်မရှိပဲ ကိုယ့် တမီလ်အများစုရှိတဲ့ ဒေသ ကွက်ကွက်ကလေးကနေပဲ တိုက်နေတာ ကြာသွားတဲ့ အတွက် ခေတ်တွေပြောင်းသွားတဲ့ အခါ ကျဆုံးခန်းဘက်ကိုရောက်လာတဲ့ သဘောစဖြစ်လာတာမျိုးပဲ...ဒါတောင် သူတို့ ကျားတွေက အသေခံဗုံးခွဲရဲသေးတယ်
န၀င်းပွဲမတိုးတာရှိလား
န၀င်းပွဲမတိုးတာရှိလား
------------
ပွဲကစားလို့ မတိုးဘူးဆိုတာ မရှိဘူးဗျ...အကြိမ်ရေ စိတ်တာနဲ့  စိတ်စရာ မလိုတဲ့ လူ နဲ့ ပြဿနာ အမျိုးအစားတွေပဲ ကွာတာ...ပြဿနာက ဘာလဲ ဘယ်လောက်ကြီးမားလဲ ဘ၀ပျက်နိုင်လား စိတ်ကဖြစ်နေတာလား ထောင်တန်းကိစ္စလား ရောဂါဆို သေးသေးလား ကင်ဆာလား..ဒါတွေပေါ်မူတည်ပြီး လုပ်ပေးရတဲ့ စတိုင်ကွာတယ်..ကစားကွက် ပုံစံတွေ ကွာတယ်.တရားမ အမှု့ သမားဆို ရုံးချိန်း သွားခါနီး တစ်ရက်အလိုတိုင်း လာထိုင်ပြီးမှသွားတယ် တစ်ချို့ က ခရီးတစ်ခါ ထွက်ခါနီးတိုင်း သင်္ဘောတစ်ကြောင်း တက်ခါနီးတိုင် လာထိုင်သွားတယ်...တစ်ချို့ ဆို တစ်ပတ် တစ်ကြိမ် သုံးပတ်လောက် ဆက်တိုက်သွားရတာမျိုးရှိတယ်...တစ်ချို့ ကတော့  သုံးနှစ်အတွင်းတစ်ကြိမ်နဲ့ တင်နော်မယ်လ်ဖြစ်သွားတယ်...( အများစုကတော့ တစ်သက်လုံး န၀င်းမထိုင်သွားဘူးဘူး ကြားတောင် မကြားဘူးကြတဲ့ သူတွေတစ်ပုံကြီး ....ဟီးဟီး) အဲ့ ဒီလူတွေက အားလုံးလိုလို အွန်လိုင်းကဆုံခဲ့ တဲ့ တဲ့ လူတွေမဟုတ်ဖူး ဆယ်နှစ်မက ဆက်ဆံရေးရှိခဲ့ သူတွေ..ကျနော်ရေးခဲ့ ဘူးတယ်လေ သုံးလုံး ချဲဒိုင်သမားက ၁၅ရက် တစ်ကြိမ် လာလာထိုင်ပါတယ်လို့ လေ...သူထိုင်တာက အလျော်အစားထက် အမှု့ ကင်းချင်လို့ ဆိုတာလေ....
သဘောက အွန်လိုင်းပေါ်မှာ ဖတ်နေရတဲ့ စတိုင်တွေ နဲ့ အပြင်မှာ သွားနေတဲ့ စတိုင်က ကွဲတယ် ပြီးတော့ အွန်လိုင်းကနေ ဆုံမိကြတဲ့ သူတွေ နဲ့  အွန်လိုင်း ခေတ်မစားခင် အရင် ဆယ်နှစ်တန်းတွေလောက် ကတည်းက လက်တို့ လို့ ရောက်လာတဲ့ သူတွေနဲ့ စတိုင် မတူကြဘူး...ကျနော်တို့  ရဲ့ တကယ့် အသက်မွေးဝမ်းကျောင်းကို ဖြစ်စေလာခဲ့ တဲ့ စတိုင်က အရင်ကတည်းက ကစားလာခဲ တဲ့  လူတွေနဲ့ ဖြတ်သန်းသွားနေတာမျိုးပဲ...သဘောက ဒီနေ့  ဖွဘုတ်ကို ဖြတ်တောက်လိုက်ရင်လည်း ကျနော်တို့ ရဲ့ အသက်မွေးဝမ်းကျောင်းကို လာမထိခိုက်ပါဘူးလို့ ဆိုလိုတာပါပဲ နဂိုကတည်း အွန်လိုင်းကို မှီထားတာမဟုတ်ခဲ့ လိုပဲဗျား..
သက်ရောက်ဗေဒင် အဟောနဲ့ ယတြာ
သက်ရောက်ဗေဒင် အဟောနဲ့ ယတြာ
--------
လောကဓံ ဗေဒင်ဟောနည်းက အမှားပြောမိဖို့ နဲတယ်ဗျ...နဲဆို စကတည်းက ဘာဖြစ်လာတယ် ညာဖြစ်လာတယ်လို့  တိတိကျကျ ဘာမှ မပြောပဲ သက်ရောက်ရဲ့  ဘေ့ စစ်တွေချည်း အရင်ထိုင်ပြောလိုက်တာ..အဲ့ ဘေ့ စစ်ထဲ သူမေးချင်တာတွေနဲ့  သူဖြစ်နေတာတွေ ပါသွားတော့  ဆိုက်ကိုမနိုင်တော့ ပဲ သူ့ ဟာသူ ပွင့် ကျလာတာမျိုးတွေ ဖြစ်ကုန်တာ...
အင်္ဂါရုပ်+အမူအကျင့် +အသိဥာဏ်ပညာကွန်ထရိုး..
အင်္ဂါရုပ်+အမူအကျင့် +အသိဥာဏ်ပညာကွန်ထရိုး..
---------
ကျော်ကြားနေတဲ့  ဒဿနဆရာရဲ့ နှာခေါင်းကသာမန်ထက်မြင်သာအောင်ကြီးနေတော့  အင်္ဂါရုပ်ဖတ်တတ်တဲ့ ပညာရှင်တွေက ဒီလက္ခဏာအရတော့  နှာဘူး စိတ်သန်တယ်လို့ ဝေဖန်ရင်း ကျော်ကြားမှု့ ကို မနာလိုတာနဲ့  လှောင်ပြောင်ကျတော့  ဒဿနဆရာရဲ့  တပည့် တွေက မခံနိုင်ဘူး...ဒါပေမယ့် ဒဿနဆရာက သူတို့ ဖတ်တာ မမှားဘူး.သူတို့ မသိတဲ့ အချက်က ငါက ကိုယ့် အသိဥာဏ်ပညာနဲ့ ကိုယ့်  စိတ်ရိုင်းတွေကို ထိမ်းချုပ်နိုင်ထားလိုက်တာ လို့ ပြန်ပြောတဲ့ သဘောလေး အတိအကျမဟုတ်တောင် ဒီသဘောဆန်ဆန် ဖတ်ခဲ့ ရတယ်..ကိုယ့် ဗီဇဆိုးတစ်ခုကို ကိုယ့် အသိဥာဏ်ပညာနဲ့ ထိမ်းချုပ်နိုင်ခဲ့ တယ်ပေါ့ လေ....
( အာ့ လေးနဲ့ ဆင်ခြေပေးပြီး ကာကွယ်ထားရတာ..ကျေးဇူးကြီးပါပေ့ ဒဿနဆရာရယ်..ငိငိ)
အစိမ်းရောင်မင်းသမီး...
အစိမ်းရောင်မင်းသမီး...
----------
ငယ်တုန်းကတော့ ထုံးစံအတိုင်း သိပ်စိတ်ကူးယဉ်ကြတာပေါ့ ဗျာ..ပြီးတော့  သဲသဲလှုပ်တွေလည်းဖြစ်ခဲ့ ကြတာပေါ့ လေ...ဒါနဲ့ ဇီးပြားတွေ ဘာတွေလည်း ကြိုက်တတ်တော့  ရီးစားတွေ ဘာတွေလည်း ထားခဲ့ ဘူးတယ်ပေါ့လေ....ခိခိ......(ငင့် ..ဘာမှလည်းမဆိုင်ဘူး..ခိခိ)
ဒီလိုနဲ့တစ်ခါတော့  သူမှားတယ် ကိုယ်မှန်တယ် ကိုယ်မှန်တယ် သူမှားတယ်နဲ့ 
..( ကိုယ်ချည်းမှန်ပလိုက်တယ် အေးရော..အဟိ..) နှစ်ယောက်သား ကောက်ကွေးပြီး...လမ်းခွဲကြမယ်ပေါ့ ...စိတ်သိပ်ဆိုးကြပြီပေါ့ လေ..နင့် မျက်နှာလည်း နာမကြည့် ချင်ဘူး နာ့ မျက်နှာလည်း နာမကြည့် ချင်ဘူး.လမ်းမှာတွေ့ ရင် ရေခဲမုန့် လာ မတောင်းမစားနဲ့ ကျွေးဘူး.ဘာဘူး ညာဘူးပေါ့ လေ...အဲ့ မှာ လမ်းခွဲတာ ရိုးရိုးတန်းတန်း မခွဲဘူး..အဖြစ်က...သူကစပြောပုံက ဇာတ်လမ်း စခဲ့ တဲ့ နေရာဟောင်းလေးမှာ ပြန်လမ်းခွဲမယ်တဲ့ ....အမငီး...မနဲပြန်စဉ်းစားရတယ် ဘယ်နေရာမှာမှန်းတောင် မမှတ်မိတော့ လို့ ....အတော်လေးစဉ်းစားလိုက်မှ သြော် ရွှေတိဂုံဘုရားက မြေပြိုပြီး ပြန်တည်ထားတဲ့  ရာဟုထောင့်  အောက်ချိုင့် ထဲက ပုံတော်တူစေတီလေးနား ချိန်းတာကိုး...လို့ ...ဟီဟိ..
ယတြာသဘော
ယတြာသဘော
ရေရှည်ယတြာသဘောက ပညာကိုပါ တီးခေါက်မိသွားပြီး ကံသုံးပါးစလုံးကိုပါ အလိုက်သင့် နေတတ်သွားတာမျိုးမှ အဆင်ပြေတယ်...မေးသူတွေအများစုက ပညာသမားမဟုတ်ပဲ သမားရိုးကျ မေးတယ် ကိစ္စတစ်ခုခုအတွက် ယတြာပေးရတယ် အဲ့ ယတြာမျိုးက တပွဲတိုး...ဒီတပွဲတိုးယတြာဟာ ပုံသေမရှိဘူး..သီဝရီတွေ ဆရာလုပ်သူရဲ့ အတွေ့ အကြုံတွေ ဗေဒင်လမိုင်းတွေကြောင့်  ဘာပေးရမလဲဆိုတာ ဖြတ်ကနဲပေါ်လာတဲ့ သဘောတွေကနေ အမျိုးစုံဖြစ်လာတဲ့ ယတြာတွေပဲ
ဥပမာ ဒီလူရဲ့ ကားကို သီဟို ဆိုပေမယ့်  နောက်လူရဲ့ ကားက လဘက်တွေ (သို့ ) သပြေတွေ (သို့ ) ဒန်းတွေ ဖြစ်ချင်ဖြစ်သွားတယ် ဒါဟာတပွဲတိုးပဲ...ဒီတော့ တပွဲတိုးကို ပုံသေမှတ်နေရင် မှတ်လို့ မဆုံး ကျက်လို့ မဆုံးဖြစ်နေတတ်တယ်...ဗေဒင်ကယူရတာက သဘောတွေကို ယူမှ ကိုယ် တိုင်အတွက်လုပ်တတ်လာလိမ့် မယ်....ဥပမာ...တနင်္လာသားကို သြဇာ သုံးချင်တာ သြဇာက ဘယ်မှမရတော့  သပြေ ညွန့် ထိပ်မှာ အုံးဆီတို့ ပြီးသုံးတာဟာ ဗေဒင်ဆရာတွေမှာ ကြံစီတတ်တဲ့ 
လမိုင်းပဲ...အဲ့ လမိုင်းကို ဗေဒင်လိုက်သူက လိုက်ဖမ်းတော့ မှ ကိုယ်တိုင်ကြံစီတတ်သူဖြစ်လာမှာပါပဲဗျား
မြစ်ပေါ်ကလှေ
မြစ်ပေါ်ကလှေ
-----
ကြံကြံဖန်ဖန်ပေါ့ ဗျာ..ပျက်ဆီးချင်လာရင် ဂလိုပဲလို့  တွေးရတာပဲဗျာ....၁ကြွင်း တနင်္လာသားကြီး ပုတိဖွားကြီး တစ်ယောက်ပေါ့  သူက ဆန်သမား..ပုံမှန်လုပ်စားနေတာ ဂွတ်နေတာပဲ...သူက အသက်၅၀ အင်္ဂါသက်ရောက်ဝင်တယ်...အဲ့ မှာ သူက ပြောလာတာက စားရိပ်သက်သာအောင်တဲ့  ကမ်းနားမှာ လှေခွံကြီးတစ်ခုဝယ်ပြီး အဲ့ လှေခွံထဲမှာ ဆန်အိပ်တွေထားမတဲ့  ပဲသေဆိုက်ထားတာတဲ့  ဂိုထောင်လေးသဘောတဲ့  ရာချီဆန့် တယ်တဲ့ ..သူများတွေလည်း အဲ့ လိုပဲတဲ့  ကုန်ကားကို အဲ့ လှေပေါ်ကနေ တိုက်ရိုက်တင်ပေးတော့  ကြားစားရိပ်တွေ သက်သာသတဲ့ ...
ကျနော်က သက်ရောက်က မကောင်းတဲ့ အပြင် သူက မော်တော်လို့ မပြောဘဲ လှေ လို့ ပြောတော့  နားထဲမှာ ၁ကြွင်းရဲ့  မရဏ ဗုဒ္ဓဟူးနံ ပစ္စည်းပဲ တန်းမြင်လိုက်တော့  မြွေတော့ ဖမ်းပြီနဲ့ တူတယ် ဆိုပြီးတားတယ်....ရှေ့ တင်တော့  တားလို့ ပဲ မ၀ယ်တော့ ဘူးလိုလိုပေါ့ ...နောက်တော့ ဝယ်လုပ်တာပဲ...၆လလောက်ပဲ သုံးလိုက်ရတယ် လှေဝမ်း ရုတ်တရက်ကွဲပြီး ကမ်းနားတင်မြုတ်တာ ဆန်အိပ်တွေက ၀ိတ်သေတွေဆိုတော့  ကျောက်ခဲမြုတ်သလို စုန်းစုန်းမြုတ်သွာတာ ဆန်အိပ်တွေ ရာချီပါသွားသတဲ့ ဗျာ....လက်လတ်သမားသိန်းတွေအများကြီးဆုံးရှုံးသွားတာ နာတာပေါ့ ဗျာ..
အဲ့ ဒါပဲ မရဏနံအားကြီးတဲ့ ပစ္စည်းကို စီးပွားအတွက်သုံးရတာ စိတ်မချရဘူးလို့ ဆိုတာ
အကြောက်တရား
အကြောက်တရား
-----------------
ထောင်ကြောက်လို့  ဥပဒေဆိုတာနဲ့  ရဲကိုကြောက်တဲ့ သဘောလို့ မြင်လို့ ရနိုင်မှာပါ..၊
ဖအေက ကျောက်ကပ်ပျက်သွားတော့ စက်နဲ့ ရေရှည်ဆေးရပြီ၊ ဒီတော့  အသက်ရှည်ရင် ရှည်သလောက်ဆေးရတော့ မှာဆိုတော့  အနာဂတ်အတွက် ငွေကြေးကိစ္စ
ကိုတွက်ရပြီပေါ့ ဗျာ။
အစောပိုင်းက သောကစိတ်တွေကို မေ့ပစ်လိုက်ပြီ ဘာဆက်လုပ်ရမလဲကို အသေအလဲ စဉ်းစားရတောတယ်၊..လောလောဆယ် ငွေကြေးကြောင့် ဟန်မပျက်သေးပေမယ့်  မိသားစုထဲရှိထားတဲ့ ဓနတွေ ကုန်သွားရင် ငါ့ အဖေတော့ ဆေးဆက်မကုနိုင်လို့ သေရပါတယ်ဆိုတဲ့ အဖြစ်ဆိုးမျိုတော့ ရောက်ရချည်ရဲ့ ဆိုပြီး တွေးပူရတဲ့ သောကထုထည်က သိပ်ကြီးတယ်...ဘေးနားက ဆရာဝန်ရဲ အားပေးချက်ကလည်း သင်းတယ်..ကျောက်ကပ် ဆေးခကုန်ချက်က ခြံရှိခြံ အိမ်ရှိအိမ် ပြုတ်တယ်တဲ့ ...
ကိုယ့် အကြောင်းကိုယ်သိ
ကိုယ့် အကြောင်းကိုယ်သိ
---------------------
ကိုယ့် အကြောင်းကိုယ်သိ ဆိုတာ အတော်အရေးကြီးတဲ့ သဘောရှိတယ်..သဘောက ကိုယ်ဟာ ဘာကိုခံနိုင်ရည်ရှိလဲ ဘာကိုမခံနိုင်ဘူးလဲကို သေသေခြာခြာတွေးထားပြီးတော့  ကိုယ့် အကြောင်းနဲ့ ကိုယ် ရှောင်ရန်ဆောင်ရန်တွေ ချမှတ်ထားရတဲ့ သဘော။...
Tuesday, May 26, 2015
၃ကြွင်းတွေမှာ

၃ကြွင်းတွေမှာ ကြောက်စရာကောင်းတဲ့ ပြဿနာတစ်ခုက ခြေထောက်သွေးပြန်ကြောတွေ ကျဉ်းကုန်ပြီး သွေးပြန်တက်တာနှေးသွားလို့  လမ်းကြာကြာမလျှောက်နိုင်မတ်တတ်ကြာကြာမရပ်နိုင်တော့ တာမျိုးဖြစ်လာပြီး ခြေဆင်းထိုင်နေရတာခြေထောက်မြှောက်ထိုက်နေရတာမျိုးတွေ ဖြစ်လာတတ်တာမျိုးပဲ အလုပ်လုပ်နေရတဲ့ လူတွေအဖို့  ဒုက္ခတစ်မျိုးပေါ့ ....သွေးပစ်တာကစတဲ့ ဝေဒနာဆိုလို့ သွေးကြဲဆေးတွေအကြာကြီးမှီဝဲနေလိုက်မှ ပြန်သက်သာသွားတတ်တယ် ဒီလိုဝေဒနာရှင်တွေအတော်လေးကြုံခဲ့ ရတော့  ၃ကြွင်းတွေ သွေးကြဲလွယ်တတ်တာဟာ အတော်အာရုံစားပါလားလို့ ..
(အဲ့ ဒါမျိုးအကြောရှည်နေတဲ့ ၃ကြွင်းမရဏရောဂါမျိုးကို ဆေးတိုးအောင်ကုသိုလ်ဆက်တာကတော့  အပူခံကျောက်ပြားတွေ ခြေသုတ်ခုံတွေ တံမျက်စီးတွေ ဖိနပ်တွေ စသဖြင့် ပေါ့  ရောဂါအပျောက်မြန်ပါစေဆိုပြီး ဒါနခန်းတွဲခဲ့ ရတယ်...အဲ့ တော့ မဆိုးဘူးလို့ ပြောလို့ ရတယ်ပေါ့ )
ကြယ်နဲ့ ကျယ်..
ကြယ်နဲ့ ကျယ်..
-------------
လူ မကြောက်ရတတ်ရအောင်ဆိုပြီး တူမပိစီလေးကို အိမ်ခေါ်လေး ကြယ်ကြယ် လို့ ခေါ်ဟပေါ့  စတားလို့ လည်း သဘောပါတယ်တယ်ပေါ့ ..သဘောပါချက်က ချော်တောငေါ့ သွားပုံရပါ့ ..လူမကြောက်တော့ တဲ့ အပြင် လိုတာ မရလို့ ဆန္ဒပြ အာခေါင်ခြစ် အာဖြဲငိုပြရင် အသံကျယ်ချက်က တစ်အိမ်လုံး နားမခံနိုင်ဘူး..ကြယ် နဲ့ ကျယ်နဲ့ တော့ ရောသုတ်ရိုက်ပြီနဲ့ တူပါရဲ့ ....အာ နဲ့ ခေးလိုချင်တာ ၀ယ်ပေးလိုက်ကွာ.ငယ်တုန်းလေးဆိုတော့ ...ပိုက်ပိုက်တွေက ဒလဟော...ဟီးဟီး..
လူတွေနဲ့  အကြောမတည့် အောင်နေနည်း
လူတွေနဲ့  အကြောမတည့် အောင်နေနည်း
---------
၁ကြွင်းမွေးက မျက်နှာကို ရှစ်ခေါက်ချိုးထား သူများအမြင်နဲ့ ပြောင်းပြန်လိုက်ပြောလိုက်ရင်
၂ကြွင်းမွေးက ဘာလာပြောပြော သိပြီးသားလို့  ကြားဖူးသယောင်ယောင် လုပ်လွှတ်လိုက်ယုံ
၃ကြွင်းမွေးက ဘာကြားကြား ဂလန့် ပြန်ပြန်မေးခွန်းထုတ် ဘုတော
၎ကြွင်းမွေးက တစ်လောကလုံးကို ကိုယ့် လုပ်စာ စားနေသူတွေလို အပေါ်ကကြည့် ပေးလိုက်.
၅ကြွင်းမွေးက နေရာတကာ ၀င်ပါပြီ နေရာယူထားလိုက်
၆ကြွင်းမွေးက နေရာတကာ ပိုက်ဆံကိစ္စ တွက်ပြ
သုညကြွင်းက ဗျစ်တောက်ဗျစ်တောက်နဲ့ တစ်ချိန်လုံးပေါက်ကွဲပြနေ...
-----------
အာ့ ဆို ဧကစာကျင့် ဖို့ နားနီးလာပြီပေါ့ လေ...
လူတွေနဲ့ တည့် အောင် အယောင်ဆောင်ပုံတွေ..
လူတွေနဲ့ တည့် အောင် အယောင်ဆောင်ပုံတွေ..
-----------
၁ကြွင်းမွေးက ယဉ်ကျေးသယောင်ဆောင်တာ
၂ကြွင်းမွေးက မနပ်သလိုလို အယောင်ဆောင်တာ
၃ကြွင်းမွေးက ဖေါ်လိုလိုက်ပေးသလိုလိုအယောင်ဆောင်တာ
၎ကြွင်းမွေးက ရိုးသလိုလို အယောင်ဆောင်တာ
၅ကြွင်းမွေးက ပရဟိတ္တကောင်းသလိုလို အယောင်ဆောင်တာ
၆ကြွင်းမွေးက ပညာရှိ ရင့် ကျက်သူလိုလို အယောင်ယောင်ဆောင်တာ
သုညကြွင်းက သနားတတ်သယောင်ယောင် ဆောင်တာ....
-----------
အာ့ ဆို ကိုယ့် အကြွင်းနဲ့ ကိုယ် လူတွေ တော်တော်များများနဲ့  ကီးကို ကိုက်လို့ သဘော...
ဆင်ခြင်ခြင်းစက်ဝိုင်း..
ဆင်ခြင်ခြင်းစက်ဝိုင်း..
-------
ကိုယ်လိုက်စားတဲ့ ကိုယ့် အသက်မွေးဝမ်းကြောင်းရဲ့ စက်ဝိုင်းသဘောကို ကျောင်းပညာကနေတစ်ဆင့် တွေးယူခဲ့ တာပဲ..ကျနော်တို့ ပြောတာတွေဟာ ဘာကြောင့်  ချွင်းချက် စက်ဝိုင်းတွေရှိသလဲဆိုတာကိုပေါ့ 
ဆိုပါတော့  သေခြင်းတရားရဲ့ စက်ဝိုင်းအကြောင်းကိုကြည့် ရင် ကိုယ့် တွေ့ အရရော ခေတ်အဆက်ဆက်က သေဆုံးခဲ့ ပြီးသာ လူတွေကိုကြည့် ပြီး ဆင်ခြင်မှု့ အရရော လူသားအားလုံးသေမျိုးဖြစ်တယ် ဆိုတဲ့ ကောက်ချက် စက်ဝိုင်းကအလွန်ကြီးလွန်းလို့  ၉၉.၉၉..အင်ဖနတီ% လက္ခံထားရတယ်..၊ ၁၀၀% မပေးသေးတာက မသေသေးတဲ့  လူတစ်ယောက်ကျန်နေရင်တောင်မှ ၁၀၀% သတ်မှတ်ပေးလို့ မရသေးဘူးသဘော..၁၀၀% သတ်မှတ်ဖို့ ဆိုတာဟာ လူသားတွေက သတ်မှတ်လို့ မရနိုင်ပေဘူး...လူသားမျိုးနွယ်တစ်စုလုံး တစ်ယောက်မကျန်သေဆုံးခဲ့ ပြီးကြောင်းကို လူသားမဟုတ်တဲ့  တစ်ခြား မျိုးနွယ်စု တစ်စုကသာ သတ်မှတ်ရလိမ့်မယ်ပေါ့ ၊.
စာစောင်လေးတွေမှတစ်ဆင့် ...
စာစောင်လေးတွေမှတစ်ဆင့် ...
---------
သာသနာပြုတွေ လမ်းထဲကို ခဏခဏလာတတ်တယ်.အသွင်အပြင်တွေ ကြည့် လိုက်ရင် သူတို့ လေးတွေရဲ့ မျက်နှာမှာ အအေးဓါတ်တွေ ရှိနေတာများတယ်..သူတို့ အဖွဲ့ လေးတွေဟာ သိပ်စိတ်ရှည်ကြတယ် သည်းခံနိုင်ကြတယ်.စကားချိုကြတယ် ..သူတို့ လာရတဲ့ အကြောင်းက ကင်းမျှော်စင်လို သတင်းကောင်းလို ဓမ္မလက်ကမ်းစာစောင် အပိုင်းအစလေးတွေ ဝေကြတာမျိုးပဲ..မယူသေးပါဘူး ကျနော်တို့ က ဗုဒ္ဓဘာသာအိမ်ပါ ပြောလိုက်လည်း အပြုံးမပျက် စိတ်မဆိုးပဲ အသာအယာ ထွက်သွားကြတယ်...ပြန်ဖြေလို့ ကျေးဇူးပါလို့ တောင် ပြောသွားကြသေးတယ်..တစ်ခါတစ်လေ စိတ်လိုလက်ရရှိလို့  သူတို့ စာတွေထဲ ဘာတွေပါပါလိမ့် လို့စပ်စုချင်တာနဲ့  ကမ်ပေးတာလှမ်းယူလိုက်တဲ့ အခါ ဘုရားသခင်ကောင်းချီးပေးပါစေလို့ ဆုတောင်းပေးပြီး ပြုံးရွှင်ပြီး ကျေးဇူးတင်ပါကြောင်း ပြောသွားကြတယ်...
တစ်ခါတစ်လေ စာရွက်ကို လှမ်းဖတ်ပြီး စာထဲက အကြောင်းတစ်ချို့ ကို တောင်မေး မြောက်မေးလုပ်ရင်တော့  ပိုပြီးသဘောကျသွားတတ်ကြပြီး လေအေးအေးနဲ့  ဖြေပါတော့ တယ်....
( အဲ့ ဒီ့ လို စိတ်ရှည်ပြီး သည်းခံတတ်တဲ့ အဖွဲ့ တွေ အိမ်ရှေ့ လာ စာစောင်ဝေကြလေ့ ရှိတာဆိုတော့  ဘယ်လိုလုပ်ပြီး ဘုပြောဖို့  အရစ်တွေ မေးလွှတ်လိုက်ဖို့ ဘယ်ဖြစ်တော့ မလဲ..နဂိုကကို အားနာတတ်တဲ့ အမျိုးတွေဆိုတော့ လေ...)
ယေဘူယျအားဖြင့်  ကမ္ဘာတစ်ခွင်က လူအများစုရဲ့ စိတ်နှလုံးအတွင်းမှာ ငြိမ်းချမ်းတာကိုကြိုက်တယ် ချစ်ခြင်းမေတ္တာကိုနှစ်သက်တယ် အေးအေးချမ်းချမ်းနေလိုတယ် အလေးပေး ဆက်ဆံခံရတာကို သဘောကျတယ် ကိုယ့် ကို ပစ်မထားကြပါဘူးဆိုတာမျိုးကို အားတက်တယ် ချိုချိုသာသာဆက်ဆံတာကို နှစ်သက်တယ် တန်းတူ ဆက်ဆံခံရတာကို သဘောကျတယ် အပြုံးကို နှစ်သက်တယ် အားပေးစကားပြောလာသူကို အားကိုးတယ် မျှဝေခံစားပေးတာကို ကျေးဇူးတင်တယ်
ပျော်ရွှင်တဲ့ ဘ၀လေးကို လိုချင်တယ် မိုးထိအောင် ချမ်းသာလွန်းဖို့ ထက်မပူမပင်မကြောင့် မကျရတဲ့ ဘ၀လောက်ဆိုကျေနပ်ပါပြီဆိုပြီး ရောင့် ရဲနိုင်ကြတယ်..စကားလေးနဲ့ ပဲဖြစ်ပါစေ.နှစ်သိမ့် မှု့ ပေးတ့ဲသူကိုတွယ်တာသွားတတ်တယ်...ဒါမျိုးသဘောတွေကို ပေးနိုင်တဲ့ သူတွေကို သဘောကျသွားတတ်လေ့ရှိတယ်..
ဆုတောင်းပေးဖို့ လိုသလား
ဆုတောင်းပေးဖို့ လိုသလား
--------------
လိုတယ်ပဲပြောရမှာပဲ စစ်နဲ့ ငြိမ်းချမ်းရေး ဆိုတာ အမြဲလိုလို တစ်ခုလင်း တစ်ခုမှိန်သဘောနဲ့ အမြဲ ဒွန့် တွဲနေမှာပဲ..တစ်နေရာရာမှာ ဘုရားကျောင်းတွေဆောက် ဘုရားတွေ တည်နေချိန်မှာ တစ်နေရာရာမှာ စစ်ပွဲတွေဖြစ်နေမှာပဲ ဒါပေမယ့်  ''ကမ္ဘာမြေငြိမ်းချမ်းပါစေ'' လို့  ဆုတောင်းနေရမှာပဲ...အပြည့် အ၀ မပြည့် နိုင်မှန်းသိပေမယ့် လည်း ဆုတောင်းနေရမှာပဲ..အကြောင်းက ငြိမ်းချမ်းရေးကို အာရုံပြုတာဟာ ငြိမ်းချမ်းစေချင်တဲ့ စိတ်ရှိသူကို အရင်ဆုံး ငြိမ်းချမ်းစေတဲ့ သုခချမ်းသာကိုရသွားစေလို့ ပဲ...သဘောက မေတ္တာပို့ ရင် ရည်ရွယ်ရာကို ရောက်မရောက် မသိတတ်နိုင်ပေမယ့်  ပို့ နေတဲ့သူဟာ မေတ္တာပို့ နေချိန် ဖြစ်နေဆဲ မေတ္တာစိတ်ကြောင့်  ကိုယ်တိုင်ရဲ့ စိတ်မှာ အရင်အေးချမ်းနေတယ်...ရွဲ့ ပြီး ငေါ့ ပြီး ပို့ တဲ့  ချဉ်ဗျင်ကြီး ကြမ်းမာပါစီ ဆိုတဲ့ မေတ္တာပို့ နည်းမျိုးတော့  ဟုတ်ဖူးပေါ့ လေ...
သူတိုတွေရဲ့ ကျေးဇူးကြောင့် 
သူတိုတွေရဲ့ ကျေးဇူးကြောင့် 
------------------
အခံအသိနဲ့ တိုင်းတာပြီး သူများအသိကို ရယ်သွမ်းသွေးခဲ့ တာ ကျောင်းမှာ စပြီးသတိပြုမိတယ်. ..အနောက်ဒဿနတွေကို စ မိတ်ဆက်တုံးက ကမ္ဘာကြီး (၀ါ)လောကရဲ့ အစဟာ ရေကဖြစ်သူ မီးကစဖြစ်သူ ဓါတ်ကြီး ၄ပါးကစဖြစ်သူ စသဖြင့် ပေါ့ ဗျာ...အစ တွေကို အတွေးရှင်တွေက အမျိုးမျိုး တွေးတောပြီးပြောခဲ့ ကြတယ်...အဲ့ ဒါတွေ ကိုဖတ်ရ သင်ရတော့  ကျနော်တို့ တွေက ကျိတ်ပြုံးကြ ပေါ်တင်ရယ်မိကြပေါ့ ..ဆရာသမားက သိပ်တော်တယ်..ဘာကြောင့် ရယ်ကြတယ်ဆိုတာကို သိတယ်...ကျနော်တို့ တွေဟာ ငယ်ငယ်ကတည်းသိလာတဲ့  ဗြဟ္မာကြီး ၄ ဦးကစခဲ့ တာဆိုတဲ့ အသိမျိုးကို ကိုင်ပြီး အတွေးရှင်တွေတွေးတာတွေဟာ ရယ်စရာလို ထင်နေတာမျိုးလို့ ဆိုတယ်...
အဲ့ ဒီ့  အစ တွေကို တွေးတောသူတွေနဲ့ သူတို့ ရဲ့ တွေးတောဆင်ခြင်ပုံတွေဟာ ဒီနေ့ ဘာလို့ သမိုင်းတင်ကျန်ခဲ့ ပြီး ကျောင်းသင်္ခန်းစာအဖြစ်ပါလာရတာလဲကို စပြီး စဉ်းစာမကြည့် သင့် ဘူးလားပေါ့ ...အဲ ဒီ့  တွေးတောသူတွေရဲ့  ခေတ်တွေမှာ လူတကာ ဘယ်သူက အဲ့ ဒီလို စပြီး တွေးတောခဲ့ ဘူးသလဲ တွေးတောရ ကောင်းမှန်းသူတို့ လို ဘယ်သူ သိသလဲ နတ်ဘုရားတွေအများကြီးရှိတဲ့  အယူလွှမ်းမိုးတဲ့ ခေတ်မှာနတ်ဘုရားတွေရဲ့ သြဇာကိုကျော်ပီး ဘယ်သူကရော အသေခံပြီး တွေးတောရဲခဲ့ သလဲ ...အတွေးတစ်ချက်က ခေတ်ပြိုင် အယူတွေနဲ့  ဆန့်ကျင်နေရင် တစ်ချို့  အသတ်တောင်ခံခဲ့ ရတယ် အသတ်ခံရနိုင်တယ် သိကြတယ် မဟုတ်လား..သူတို့ ဟာ သူတို့ ရဲ့ အသက်ကိုတောင် စွန့် လွှတ်ပြီး ကမ္ဘာလောကကြီးအတွက် တွေးပြသွားခဲ့ တဲ့ သတ္တိဗျတ္တိတွေပြည့် စုံတဲ့ စွန့် စားရဲသူတွေ အတွေးရှင်တွေပဲ..ဒါကြောင့်  သမိုင်တင်ကျန်ခဲ့ တဲ့ သူတွေဖြစ်လာတာပဲ....သူတိုတွေရဲ့ ကျေးဇူးကြောင့်  တွေးခေါ်ကြည့် ရမှန်း သိလာခဲ့ ကြတာပဲလို့ ဆိုပါသဗျားးး..
စုံနဖါစိအမေးရှင်တွေလောကလေးတစ်ခုပါ.
စုံနဖါစိအမေးရှင်တွေလောကလေးတစ်ခုပါ.
--------------------
တော်ယုံတန်ယုံ အတွေးမျိုးနဲ့  မေးတဲ့ အတွေးအမေးမျိုးတော့ မဟုတ်ပေဘူး ( ၂ကြွင်းတနင်္လာ ဘင်္ဂဖွား အမျိုးသမီးတစ်ယောက် ၄၀ အောက်ပါ..အပျိုကြီး.)....ထွေလီကာလီတွေ မေးပြီးမှ နောက်ဆုံးတစ်ခု မေးပါရစေတဲ့ ..ဟုတ်..ပေါ့ ...သူ က တရားထိုင်တာ ၀ါသနာပါလို့  ရိပ်သာဝင်နေကျပါတဲ့ ...ဟုတ်..ပေါ့ ..ဥာဏ်စဉ် ၂ဆင့် တော့ တက်ပြီးပါပြီတဲ့ ဟုတ်.ဟားးး..ကောင်းလိုက်တာဗျား..ကျနော်တောင် ခုထိ ဥပုဒ် မစောင့် ဘူးသေးပါဘူးဗျာ.အားကျလိုက်တာ ဘာညာ ပေါ့ .(ထွက်သွားတဲ့ ကိုယ့် လေသံက အိုဗာ.ဟီးး)....( ဖြတ်ကနဲတော့  တွေးပြီးပြုံးချင်သွားတယ် ၂ကြွင်းမဟာဘုတ်မွေးတွေများ မေးလိုက်ရင် တော်တော် ကြံကြံဖန်ဖန် တွေ တွေးမေးတတ်ပါ့ ဆိုပြီး )..
Monday, May 25, 2015
Rangoon 4,477,638 ။..Myanmar..53,414,374 people

Rangoon 4,477,638 ။..Myanmar..53,414,374 people
-----------------------
ကွကိုယ် သတိပေးနေတဲ့ ကိန်းဂဏန်းပေါ့ ..''' ဟယောင် ..ကွကိုယ် .သိပ်အတုံးမကြီးနဲ့  မင်းနဲ့ လူချင်းအပြင်မှာ တကယ် ဆုံဘူးတာ ဒဿမ လောက်ရှိတာ..ရန်ကုန်မှာ လူဦးရေ ၅သန်းလောက်ရှိတယ်..တစ်ပြည်လုံးဆို လူဦးရေက သန်း၅၀ကျော်တယ်ဟ..ဒါတောင် ကမ္ဘာကြီးမှာ သန်း၇၀၀၀လောက် ရှိနေတာ ထည့် မပြောသေးဘူး.''လို့ ...ဟီးဟီး..
Subscribe to:
Posts (Atom)