'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, May 27, 2015
န၀င်းပွဲမတိုးတာရှိလား
န၀င်းပွဲမတိုးတာရှိလား
------------
ပွဲကစားလို့ မတိုးဘူးဆိုတာ မရှိဘူးဗျ...အကြိမ်ရေ စိတ်တာနဲ့  စိတ်စရာ မလိုတဲ့ လူ နဲ့ ပြဿနာ အမျိုးအစားတွေပဲ ကွာတာ...ပြဿနာက ဘာလဲ ဘယ်လောက်ကြီးမားလဲ ဘ၀ပျက်နိုင်လား စိတ်ကဖြစ်နေတာလား ထောင်တန်းကိစ္စလား ရောဂါဆို သေးသေးလား ကင်ဆာလား..ဒါတွေပေါ်မူတည်ပြီး လုပ်ပေးရတဲ့ စတိုင်ကွာတယ်..ကစားကွက် ပုံစံတွေ ကွာတယ်.တရားမ အမှု့ သမားဆို ရုံးချိန်း သွားခါနီး တစ်ရက်အလိုတိုင်း လာထိုင်ပြီးမှသွားတယ် တစ်ချို့ က ခရီးတစ်ခါ ထွက်ခါနီးတိုင်း သင်္ဘောတစ်ကြောင်း တက်ခါနီးတိုင် လာထိုင်သွားတယ်...တစ်ချို့ ဆို တစ်ပတ် တစ်ကြိမ် သုံးပတ်လောက် ဆက်တိုက်သွားရတာမျိုးရှိတယ်...တစ်ချို့ ကတော့  သုံးနှစ်အတွင်းတစ်ကြိမ်နဲ့ တင်နော်မယ်လ်ဖြစ်သွားတယ်...( အများစုကတော့ တစ်သက်လုံး န၀င်းမထိုင်သွားဘူးဘူး ကြားတောင် မကြားဘူးကြတဲ့ သူတွေတစ်ပုံကြီး ....ဟီးဟီး) အဲ့ ဒီလူတွေက အားလုံးလိုလို အွန်လိုင်းကဆုံခဲ့ တဲ့ တဲ့ လူတွေမဟုတ်ဖူး ဆယ်နှစ်မက ဆက်ဆံရေးရှိခဲ့ သူတွေ..ကျနော်ရေးခဲ့ ဘူးတယ်လေ သုံးလုံး ချဲဒိုင်သမားက ၁၅ရက် တစ်ကြိမ် လာလာထိုင်ပါတယ်လို့ လေ...သူထိုင်တာက အလျော်အစားထက် အမှု့ ကင်းချင်လို့ ဆိုတာလေ....
သဘောက အွန်လိုင်းပေါ်မှာ ဖတ်နေရတဲ့ စတိုင်တွေ နဲ့ အပြင်မှာ သွားနေတဲ့ စတိုင်က ကွဲတယ် ပြီးတော့ အွန်လိုင်းကနေ ဆုံမိကြတဲ့ သူတွေ နဲ့  အွန်လိုင်း ခေတ်မစားခင် အရင် ဆယ်နှစ်တန်းတွေလောက် ကတည်းက လက်တို့ လို့ ရောက်လာတဲ့ သူတွေနဲ့ စတိုင် မတူကြဘူး...ကျနော်တို့  ရဲ့ တကယ့် အသက်မွေးဝမ်းကျောင်းကို ဖြစ်စေလာခဲ့ တဲ့ စတိုင်က အရင်ကတည်းက ကစားလာခဲ တဲ့  လူတွေနဲ့ ဖြတ်သန်းသွားနေတာမျိုးပဲ...သဘောက ဒီနေ့  ဖွဘုတ်ကို ဖြတ်တောက်လိုက်ရင်လည်း ကျနော်တို့ ရဲ့ အသက်မွေးဝမ်းကျောင်းကို လာမထိခိုက်ပါဘူးလို့ ဆိုလိုတာပါပဲ နဂိုကတည်း အွန်လိုင်းကို မှီထားတာမဟုတ်ခဲ့ လိုပဲဗျား..
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..