Powered By Blogger

Wednesday, May 27, 2015

သက်ရောက်ဗေဒင် အဟောနဲ့ ယတြာ



သက်ရောက်ဗေဒင် အဟောနဲ့ ယတြာ
--------
လောကဓံ ဗေဒင်ဟောနည်းက အမှားပြောမိဖို့ နဲတယ်ဗျ...နဲဆို စကတည်းက ဘာဖြစ်လာတယ် ညာဖြစ်လာတယ်လို့  တိတိကျကျ ဘာမှ မပြောပဲ သက်ရောက်ရဲ့  ဘေ့ စစ်တွေချည်း အရင်ထိုင်ပြောလိုက်တာ..အဲ့ ဘေ့ စစ်ထဲ သူမေးချင်တာတွေနဲ့  သူဖြစ်နေတာတွေ ပါသွားတော့  ဆိုက်ကိုမနိုင်တော့ ပဲ သူ့ ဟာသူ ပွင့် ကျလာတာမျိုးတွေ ဖြစ်ကုန်တာ...



ဆိုပါတော့  အင်္ဂါသက်ရောက် ဖြတ်နေတဲ့ သူကို စိတ်ဆင်းရဲစရာတွေ စိတ်ပေါက်ကွဲချင်တာတွေ ဒေါသထွက်စရာတွေ စိတ်အလိုမကျစရာတွေ လိုတာမရ ရတာမလိုသဘောတွေ ညစ်စရာတွေစိတ်ဓါတ်တွေကျချင်သလိုလိုဖြစ်လာတွေမျိုး ခံစားလာရပြီ မနှစ်ကလို ပျော်စရာသိပ်မကောင်းတော့ ဘူး အဆင်မပြေစရာတွေ ဖြစ်လာနေတဲ့ အကြောင်းကိုဖြစ်တတ်တာတွေနဲ့ ချိန်ပြောလိုက်ပြီး...နောက်တစ်ချက်က တနင်္လာနံခိုက်လို့  ငွေယ်လောက်ဝင်ပစေမလောက်တော့ ထွက်နှုံးသန်လာတဲ့ သဘောတွေတစ်ခါတစ်လေ ငွေတောင်ကျပ်လာတာမျိုးတွေနဲ့  အဲ့ ငွေတွေ ရစ်ပုံရစ်နည်းတွေကို ဖြစ်တတ်တာတွေနဲ့ ပြောလိုက်ရင်....

အဲ့  စိတ်ကို ပြဿနာတွေ အရှာခံနေရတယ် တစ်ချက်နဲ့  တနင်္လာနံခိုက်တဲ့ ခေါင်းစဉ်ကြီး ၂ခုထဲက တစ်ခုခု အောက်မှာ သူဗေဒင်လာတွက်ကြည့် ရတဲ့ အကြောင်းပါလာနေတာဖြစ်နေတော့ တာပါပဲဗျာ...အဲ့ မှာ လာရင်းကိစ္စက သူ့ ဟာသူချပြောတော့ တာပဲ...ဘာကြောင့်  စိတ်တွေဆင်းရဲနေရတယ်ပေါ့ လေ...အဲ့ မှာ ဆွေးနွေးခန်းကို ဆက်သွားတော့ တာပါပဲ...

ဘယ်လိုဗေဒင်နည်းတွေနဲ့ တွက်ချချ...ဗမာပြည်သဘောအရပြောရရင် အားလုံးလည်း ပြီးခါနီးရော..ယတြာ သဘောပါလာပြီး ယတြာနဲ့  နိဂုံးချုပ်လိုက်တော့ တာပါပဲဗျာ...ဒီတော့  ဗေဒင်တွေ ဘယ်နည်းနဲ့ တွက်တွက် ဗမာပြည်အထာက ယတြာမှာ နိဂုံချုပ်တာ အများစုသဘောပေါ့  အဟောတွေချည်းနဲ့ စိတ်မကျေနပ်တတ် မပြီးတတ်ပါပေါ့ ..လာတွက်သူတွေကလည်း ယတြာလေးတစ်ခုခုမှာ မရသွားရင် လုပ်တာ မလုပ်တာနောက်ထား ဘာလိုနေမှန်းမသိခံစားရပါတယ်ပေါ့ ဗျာ...ဒီတော့  သိမ်ဟောပြောတတ်ရင်တောင် ခိုင်မာတာများတဲ့ ယတြာကိုကိုင်ထားရင် အလုပ်ဖြစ်တယ်ပေါ့ ဗျာ.ယတြာကြောင့်  ပြန်ပြန်လာတဲ့ သူတွေက အဟောမှန်လို့ ပြန်ပြန်လာတဲ့ သူတွေထက် ဆယ်ဆ တစ်ဆ မကပါဘူးပေါ့ ပေါ့ ဗျာ

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..