အကြောက်တရား
-----------------
ထောင်ကြောက်လို့  ဥပဒေဆိုတာနဲ့  ရဲကိုကြောက်တဲ့ သဘောလို့ မြင်လို့ ရနိုင်မှာပါ..၊
ဖအေက ကျောက်ကပ်ပျက်သွားတော့ စက်နဲ့ ရေရှည်ဆေးရပြီ၊ ဒီတော့  အသက်ရှည်ရင် ရှည်သလောက်ဆေးရတော့ မှာဆိုတော့  အနာဂတ်အတွက် ငွေကြေးကိစ္စ
ကိုတွက်ရပြီပေါ့ ဗျာ။
အစောပိုင်းက သောကစိတ်တွေကို မေ့ပစ်လိုက်ပြီ ဘာဆက်လုပ်ရမလဲကို အသေအလဲ စဉ်းစားရတောတယ်၊..လောလောဆယ် ငွေကြေးကြောင့် ဟန်မပျက်သေးပေမယ့်  မိသားစုထဲရှိထားတဲ့ ဓနတွေ ကုန်သွားရင် ငါ့ အဖေတော့ ဆေးဆက်မကုနိုင်လို့ သေရပါတယ်ဆိုတဲ့ အဖြစ်ဆိုးမျိုတော့ ရောက်ရချည်ရဲ့ ဆိုပြီး တွေးပူရတဲ့ သောကထုထည်က သိပ်ကြီးတယ်...ဘေးနားက ဆရာဝန်ရဲ အားပေးချက်ကလည်း သင်းတယ်..ကျောက်ကပ် ဆေးခကုန်ချက်က ခြံရှိခြံ အိမ်ရှိအိမ် ပြုတ်တယ်တဲ့ ...
အဲ့ ဒီအချိန်မှာပဲ အသိထဲက အမျိုးသမီးတစ်ယောက်က ခိုးကူးခွေလက်ကြီးဒိုင်ဖြန့် နေသူ။ မင်္ဂလာဈေးကနေပေါ့ ..သူက လာအကြံပေးတာ ခွေကူးပါလား တစ်ခွေကို ၁၅ကျပ်နှုံး ၂၀နှုံးရတယ်များရင်အစိတ်နှုံးတဲ့  တစ်နေ့ကို ထောင်နဲ့ ချီကူးနိုင်ရင် ၀င်ငွေကောင်းတယ်တဲ့ ၊....အဲ့ မှာ..ခိုးကူးခွေတွေ တစ်နေကုန် ထိုင်ကူးပေးတော့ တဲ့ ဘ၀ကိုရောက်တော့ တာပါပဲ..။..ရိုးရိုးကွန်ပြူတာနဲ့  ရွန်လေး ၄ လုံးလောက်နဲ့  တစ်နေကုန်နဲ့ ညတစ်ဝက်လောက်ကို မောင်းတော့ တာ၊ မောင်နှမတွေ လူလဲနဲ့ ပေါ့ 
ဖအေ့ ဆေးဘိုး အရံအကူဆိုပြီး ပစ်မှတ်နဲ့ ကူးသားကူးရတာ ဥပဒေနဲ့ ငြိမှာက အသေအလဲ ကြောက်တတ်တဲ့ သူတွေ..။ ပြီးတော့  ခွေလွတ်ဘူးကြီးတွေက အကြီးကြီးတွေ ဘေးထွက်အမှိုက် စက္ကူတွေဖော့ ဘူးကြီးတွေ မြင်သာထင်သာရှိလိုက်တာမှ ဖွက်ရခက်တဲ့ ပစ္စည်းတွေ...ဒီတော့ လူခြေတိတ်ချိန် ညဖက်ကြမှ ကိုယ့် ရပ်ကွက်မဟုတ်တဲ့  တစ်ခြားရပ်ကွက်အဝေးကြီးကို သွားကျော်ပစ်ရတဲ့ ဘ၀ပေါ့ ..လမ်းတစ်လျှောက် ခိုးကြောင်ခိုးဝှက်က သွားရသေးတယ်...
အခွေလွတ်ဘူးတွေသွားယူတော့ လည်း ထုထည်ကြီးလို့  ခိုးကြောင်ခိုးဝှက်သွားရသလို မင်္ဂလာဈေးကို သွားပို့ တော့ လည်း ကျွတ်ကျွတ်အိပ်ဂျပ်ပိတ်တွေနဲ့ ခွဲထည့် ပြီးရင်တထိတ်ထိတ်နဲ့ ပါပဲ..ခိုးလုပ်ရတာ ဘာမှမကောင်းပုံများ အိမ်ရှေ့ ကနေ အစိုးရ၀န်ထမ်းဝတ်စုံနဲ့  ဖြတ်လျှောက်သွားရင်တောင် လန့် နေရတဲ့ ဘ၀ပေါ့ ..မီတာခပါခင်မျ ဆိုလည်း ထိတ်ကနဲ..ရေခွန်..ဆိုလည်း လန့် ချက်..ဂျလောက်ဂျလောက်နဲ့  အိမ်ရှေ့ ဘာဂျာတံခါးက သော့ ကို လာလှုပ်ရင်တောင်အသံမပေးရဲသေးဘူး လိုက်ကာခန်းဆီးလေး ကြားကနေ အသာလေးချောင်းကြည့် ရသေးတယ်.. အမျိုးတွေဆိုမှ ရင်ထဲက အလုံးကြီးကျသွားတာ..
.
မဟုတ်တာလုပ်နေတယ်လို့ ကိုယ့် ကိုယ်ကို ယူဆထားပြီဆိုရင် ဖြစ်နေတဲ့ အတွင်းစိတ်က အကြောက်တရားဟာ ဘယ်လောက်တောင် လူကို ခြောက်ခြားနေစေတတ်သလဲဆိုတာ အဲ ကတည်းက သိနေပြီ.ရပ်ကွက်.ကြက်ခြေနီတစ်ယောက် သူ့ ဟာသူ အိမ်ရှာရင်း နှစ်ခေါက်သုံးခေါက် ဖြတ်လျှောက်သွားတာတောင် ငါတို့ တွေ ခွေကူးနေတာ ရိပ်မိနေလို့ များလားလို့ တွေးထင်နေတာမျိုးပဲ....စိတ်ကို ပြန်တင်းယူရတာက ..အိုးးး ဖအေ့ ဆေးဘိုးပဲ ဘာမှ မဖြစ်နိုင်ပါဘူးနဲ့  ကိုယ့် ကိုယ်ကို ပြန်အားတင်းယူခဲ ရတယ်ဗျား..
.
နှစ်ပေါက်အောင်ကူးခဲ့ ရတာ လူတွေလည်း အလန့် တရားနဲ့ ဆံပင်တွေတောင် စောစောဖြူထွက်လာတယ်...ခွေမကူးရတော့ ဘူးဆိုတဲ့ နေ့က ပေါ့ ပါးသွားလိုက်တာ ဘာနဲ့ မှတောင်မတူဘူး နေလို့ ကောင်းလိုက်တာဆိုတာ...အဲ့ တော့ မှ လူတွေကို ရဲရဲကြည့် ရဲတော့ တယ်...
ဟီးဟီးး..လွယ်ပါဘူးမဟုတ်တာလုပ်နေတယ်လို့ ကိုယ့် ဟာကိုယ် ခံယူလိုက်ရင် လိပ်ပြာမလုံတော့ လို့ .ဖြစ်လာတဲ့ ခြောက်ခြားမှု့ က အတော်ကြီးကျယ်တဲ့ ခံစားမှု့ ပါပဲဗျား..။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..