'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, May 27, 2015
ကိုယ့် အကြောင်းကိုယ်သိ
ကိုယ့် အကြောင်းကိုယ်သိ
---------------------
ကိုယ့် အကြောင်းကိုယ်သိ ဆိုတာ အတော်အရေးကြီးတဲ့ သဘောရှိတယ်..သဘောက ကိုယ်ဟာ ဘာကိုခံနိုင်ရည်ရှိလဲ ဘာကိုမခံနိုင်ဘူးလဲကို သေသေခြာခြာတွေးထားပြီးတော့  ကိုယ့် အကြောင်းနဲ့ ကိုယ် ရှောင်ရန်ဆောင်ရန်တွေ ချမှတ်ထားရတဲ့ သဘော။...
တက္ကစီဆွဲစားဘူးတာ ကောင်စီဝင်တွေ ခေတ်က လူကြီးတွေကိုချပေးတဲ့ လေးဘီး ဘီ ၆၀၀လေးကို စမောင်းရတာ..ပေါ့ ပါးပြီး အသက်ငယ်တဲ့  အငှားယာဉ်မောင်းသမားလေးအတွက် အနေတော်လေးပေါ့ ..ကျောင်းပြီးစလေး အိမ်က ဒီကောင် လပ်ယားလပ်ယားနဲ့ ကြည့် မရဘူးဆိုပြီး လုပ်ပေးတာ ခြင်္သေ့ ခြေထောက်ကို စကိတ်တတ်ပေးလိုက်သလိုပါပဲ..ခ်ခ်....
တစ်ခါတော့  ဘူတာကြီးကျော မီးရထားဝင်းရပ်ကွက်ကနေ အလုံဘက်ကို အိမ်အလှဆင်ကြမ်းခင်းကျောက်ပြားဖာလိုက်တွေ ပို့ ပေးဖို့ အငှားခံရတယ်..ပေးတဲ့ ဈေးက တော်တော်လေးရတော့ လိုက်တာပေါ့ ..တစ်ခါမှမတင်ဘူးတော့ သူပြောတဲ့ ကျောက်ပြားဖာဘူးတွေက နဲနဲလေးထင်တာ...ကားပေါ်တင်တော့  ဖာဘူးသာနဲတာ ကျောက်ပြားဝိတ်က ၀တိသေ..မနဲဘူး.. ရင်တထိတ်ထိတ်နဲ့  ကားလေးထုတ်ကို ကြည့် နေရတယ်...ကားလေးထုတ်ခမျာ ဂငယ် မဖြစ်ယုံတမည်ပဲ...ဖြိုးဖြိုးဖျစ်ဖျစ်နဲ့ အသံတွေတောင်ထွက်လာတယ်...
စမောင်းတော့  ဂိုထောင်ထုတ်စ အင်ဂျင်သစ်မို့  ရုန်းနိုင်ပေမယ့်  လေးဘီးကားက သရုပ်ပျက်နေပုံက အင်းလေးက ဦးထောင်နေတဲ့ ပဲချိတ်အတိုင်းဖြစ်နေရောဗျာ...
အဲ့ ဒီမှာ စွတ်မမောင်းရဲတာ့ ပဲ မှန်မှန်လေးနင်းရတော့ တယ်...ကားဖြစ်နေပုံက မဟာဒယားဝိတ်ကြီးတင်ထားလို့  ယိမ်းနွဲ့ နေပုံက လှေစီးနေရသလိုပါပဲ...အဲ့ မှာ
လေးကျိုးမှာစိုးလို့  မှန်မှန်နင်းနေမှ ဘေးက ကျောက်ပြား ပိုင်ရှင်ခရီးသည်က စပိလေး နဲနဲမြန်မြန်တဲ့ ....အချိန်က မှောင်စပျိုးနေပြီလေ..သူက ချိန်းထားလို့ ပါတဲ့ ..
ဆက်ပြောသေးတယ် ...ဒါပေမယ့်  သူ့ အမူအယာက ကျီးကန်းတောင်းမှောက်နဲ့ ဗျ..အိမ်မှာကိုယ်မရှိတုန်း မိန်းမ ဘယ်ကို စိတ်ကောက်ဆင်းသွားမှန်းမသိလို့ လိုက်ရှာနေတဲ့ အိမ်သားလိုပဲ..အဲ့ ဒီမှာ စိတ်က မသင်္ကာဖြစ်လာတယ်..ဒါနဲ့  ပေါ်တင်မေးလိုက်ရတယ် ခင်ဗျား ကျောက်ပြားတွေက ဥပဒေရောလွတ်ရဲ့ လားဆိုတော့  သူက ညီလေးရာ ဘယ်လွတ်ပါ့ မလဲ ဒါကရထားနဲ့ ပါလာတဲ့ အောက်လမ်းက ပစ္စည်းတွေ အာရကေတွေပေးပြီးသယ်ရတာတဲ့ ....
အဲ့ မှာ.ရင်ထဲ အေးကနဲဖြစ်သွားပြီး နာထင်နားရင်းတွေ ထူပူတက်လာတော့ တာပါပဲဗျာ...ခြေထောက်တွေဆိုတာ ညောင်းဆင်းသွားလိုက်တာ ဖျင်းဖျင်းဖျင်းဖျင်းတွေ
ကိုဖြစ်လာရော...ရင်ထဲလည်း တလှပ်လှပ်နဲ့  ပါးစပ်က၀ါးနေတဲ့ ကွမ်းယာပါ တံတွေးမထွက်တော့ ပဲ ခြောက်ကပ်ကပ်တွေဖြစ်လာတာ ဥပဒေမလွတ်ဆိုတာနဲ့ ဖြစ်ပျက် သွားလိုက်တာ။...ကြောက်ကြောက်နဲ့  မြန်မြန်ရောက်မှ ဖြစ်မယ်ဆိုပြီး အဲ့ တော့ မှာ ခြေထောက်က လီဘာကို စွတ်နင်းတော့ တာ...လမ်းတွေ့ တဲ့  လေးဘီးတွေကို အကုန်ကျော်တက်လာတာ..တစ်ခြားလေးဘီးတွေက လှမ်းအော်သေးတယ်...ဟယောင် စွတ်မနင်းနဲ့  လေးကျိုးကုန်မယ်တွေဘာတွေပေါ့ ...သူ့ ကျီးကန်းတောင်မှောက်ကြည့် တဲ့ မျက်လုံး ကိုယ့် ဆီ ချက်ချင်းခုန်ကူးလာသလိုပဲ ကားမောင်းရင် ရှေ့ အဝေးကြီးကို ရဲ ရှိမရှိ လှမ်းမျော်ကြည့် ရတာ...မီးပွိုင့် တွေ
တောက်လျှောက် စိမ်းနေပါစေလို့ လည်း စိတ်ကဆုတောင်းရတာအမော...တော်သေးတယ် စိမ်းနေတာတွေနဲ့ ချည်းကြုံရလို့ ...
အလုံရောက်လို့  ကျောက်ပြားဖာတွေ ကားပေါ်ကအကုန်ချပေးပြီး မြန်မြန်ပြန်မောင်းထွက်လာပြီးတော့ မှပဲ..ဟူးး.ကနဲလုပ်နိုင်တော့ တယ်...အဲ ကတည်းက ကိုယ့် အကြောင်း ကိုယ်သိသွားတော့ တာ မဟုတ်တာလုပ်စားဖို့  ငါ့ ပုံစံနဲ့ မဖြစ်ပါဘူး..ရိုက်မစစ်ရပဲ ရဲအကြည့် နဲ့ တင်တန်းပေါ်မှာ ဒီလောက် သရုပ်ပျက်နေပုံက ဆိုပြီး..ဟီးဟီးး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..