Powered By Blogger

Wednesday, May 27, 2015

မြစ်ပေါ်ကလှေ


မြစ်ပေါ်ကလှေ
-----
ကြံကြံဖန်ဖန်ပေါ့ ဗျာ..ပျက်ဆီးချင်လာရင် ဂလိုပဲလို့  တွေးရတာပဲဗျာ....၁ကြွင်း တနင်္လာသားကြီး ပုတိဖွားကြီး တစ်ယောက်ပေါ့  သူက ဆန်သမား..ပုံမှန်လုပ်စားနေတာ ဂွတ်နေတာပဲ...သူက အသက်၅၀ အင်္ဂါသက်ရောက်ဝင်တယ်...အဲ့ မှာ သူက ပြောလာတာက စားရိပ်သက်သာအောင်တဲ့  ကမ်းနားမှာ လှေခွံကြီးတစ်ခုဝယ်ပြီး အဲ့ လှေခွံထဲမှာ ဆန်အိပ်တွေထားမတဲ့  ပဲသေဆိုက်ထားတာတဲ့  ဂိုထောင်လေးသဘောတဲ့  ရာချီဆန့် တယ်တဲ့ ..သူများတွေလည်း အဲ့ လိုပဲတဲ့  ကုန်ကားကို အဲ့ လှေပေါ်ကနေ တိုက်ရိုက်တင်ပေးတော့  ကြားစားရိပ်တွေ သက်သာသတဲ့ ...

ကျနော်က သက်ရောက်က မကောင်းတဲ့ အပြင် သူက မော်တော်လို့ မပြောဘဲ လှေ လို့ ပြောတော့  နားထဲမှာ ၁ကြွင်းရဲ့  မရဏ ဗုဒ္ဓဟူးနံ ပစ္စည်းပဲ တန်းမြင်လိုက်တော့  မြွေတော့ ဖမ်းပြီနဲ့ တူတယ် ဆိုပြီးတားတယ်....ရှေ့ တင်တော့  တားလို့ ပဲ မ၀ယ်တော့ ဘူးလိုလိုပေါ့ ...နောက်တော့ ဝယ်လုပ်တာပဲ...၆လလောက်ပဲ သုံးလိုက်ရတယ်  လှေဝမ်း ရုတ်တရက်ကွဲပြီး ကမ်းနားတင်မြုတ်တာ ဆန်အိပ်တွေက ၀ိတ်သေတွေဆိုတော့  ကျောက်ခဲမြုတ်သလို စုန်းစုန်းမြုတ်သွာတာ ဆန်အိပ်တွေ ရာချီပါသွားသတဲ့ ဗျာ....လက်လတ်သမားသိန်းတွေအများကြီးဆုံးရှုံးသွားတာ နာတာပေါ့ ဗျာ..

အဲ့ ဒါပဲ မရဏနံအားကြီးတဲ့ ပစ္စည်းကို စီးပွားအတွက်သုံးရတာ စိတ်မချရဘူးလို့ ဆိုတာ

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..