'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, May 27, 2015
တမီလ်နဲ့ လစ်ဗျား
ʘ‿ʘ
တမီလ်နဲ့ လစ်ဗျား
--------
်သီရိလင်္ကာ တမီလ်ကျားတွေရဲ့ ကျဆုံးခန်း နဲ့ လစ်ဗျားတော်လှန်ရေးသမားတွေရဲ့ ကဒါဖီကို တိုက်ထုတ်နိုင်တဲ့ ပွဲ ၂ပွဲကိုကြည့် ရင် သီရိလင်္ကာကျားတွေရဲ့  အဓိက ပြော့ ကွက်ဖြစ်သွားရတာက မြို့ တော် ကိုလံဘိုကို တက်သိမ်းဖို့ ပလန်မရှိပဲ ကိုယ့် တမီလ်အများစုရှိတဲ့ ဒေသ ကွက်ကွက်ကလေးကနေပဲ တိုက်နေတာ ကြာသွားတဲ့ အတွက် ခေတ်တွေပြောင်းသွားတဲ့ အခါ ကျဆုံးခန်းဘက်ကိုရောက်လာတဲ့ သဘောစဖြစ်လာတာမျိုးပဲ...ဒါတောင် သူတို့ ကျားတွေက အသေခံဗုံးခွဲရဲသေးတယ်
ဒါပေမယ့်  ကမ္ဘာတစ်ခွင်ရဲ့ သမိုင်းကြောင်းကို ပြန်ကြည့် ရင် အသေခံဗုံးခွဲခွဲ..အသားလွတ် ခွဲခွဲ ..ဗုံးခွဲတဲ့ နည်းနဲ့ ကိုယ် မလိုလားတဲ့ အုပ်ချုပ်သူတွေကို အာရုံနောက်အောင် အလုပ်ပေးတာကလွဲလို့  ပြုတ်ကျမသွားခဲ့ ဘူး ဆင်မသင့် ရင်တောင် ဗုံးခွဲတဲ့ သူတွေကို သာမန်လူထုက ပြန်အာရုံနောက်လာတယ်...
လစ်ဗျားကိစ္စကိုကြည့် ရင် လစ်ဗျားတော်လှန်ရေးသမားတွေဟာလည်း အမှန်တော့ အစပိုင်းမှာ မတူညီတဲ့ မူဝါဒကိုယ်စီနဲ့ မတူညီတဲ့ အုပ်စုခွဲတွေချည်းပဲ..ဒါပေမယ့်  သူတို့ ရဲ့  အဓိကပစ်မှတ် ကဒါဖီကို ဘုံရန်သူအဖြစ် တော်လှန်ဖြုတ်ချဖို့ ဆိုတာမှာ သွားတူတယ် သူတို့ကိုယ်စီချုပ်ကိုင်ထားတဲ့  ဒေသ ကွက်ကွက်လေးတွေကနေ လစ်ဗျားမြို့ တော် ထရီပိုလီကိုနောက်ဆုံး ပစ်မှတ်အဖြစ် ပန်းတိုင်ထား ထွက်လာပြီး တော်လှန်ရေး ခရီးစဉ်အဖြစ် ချီတက် တော်လှန်ကြတယ် အဲ့ ဒီမှာ မတူတဲ့ အဖွဲ့ တွေဟာ ထက်မြက်ပြီး အနောက်နဲ့ ပလဲနံပသင့်  ခေတ်ပညာတတ်တဲ့  တပ်ဦးခေါင်းဆောင် တစ်ယောက်ရဲ့ အောက်မှာ အတူတူစုစည်းပြီး တစ်မြို့ ပြီး တစ်မြို့ သိမ်းပြီး တိုက်ကြတော့ တယ်..ဒီလို မတူညီတဲ့ အင်အားတွေ ပစ်မှတ်တစ်ခုအတွက် ယာယီပဲဖြစ်စေ...စုမိသွားပြီဆိုတော့ တော်လှန်ရေးတပ်ပေါင်းစု အင်အားထုကြီးဖြစ်လာပြီး နောက်ဆုံးတော့  ကဒါဖီတို့ ထွက်ပြေးရတဲ့ ဘ၀ရောက်တော့ တာပဲ..
ဒုတိယကမ္ဘာစစ်လည်း ဒီအတိုင်းပဲ မတူညီတဲ့ တစ်နိုင်ငံချင်း သီးခြားစီတိုက်နေသလိုဖြစ်နေတုန်းက နာဇီတွေကို တွန်လှန်ရ သိပ်ခက်နေတယ်...မတူညီတဲ့  နိုင်ငံတွေ မဟာမိတ်တပ်ပေါင်းစုအဖြစ် နည်းပညာသတင်းပညာဖလှယ်ပြီး ပူးပေါင်းတိုက်ကြတဲ့ အခါ နာဇီတွေ ကျဆုံးခန်းမြန်မြန်ရောက်သွားတော့ တဲ့ အချက်ကလည်း စစ်ပွဲကိုစောစော ရပ်ပစ်နိုင်ခဲ့ တဲ့ သဘောပဲ
Labels:
အတွေးစာများ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..