Powered By Blogger

Wednesday, May 27, 2015

ယတြာသဘော


ယတြာသဘော

ရေရှည်ယတြာသဘောက ပညာကိုပါ တီးခေါက်မိသွားပြီး ကံသုံးပါးစလုံးကိုပါ  အလိုက်သင့် နေတတ်သွားတာမျိုးမှ အဆင်ပြေတယ်...မေးသူတွေအများစုက ပညာသမားမဟုတ်ပဲ သမားရိုးကျ မေးတယ် ကိစ္စတစ်ခုခုအတွက် ယတြာပေးရတယ် အဲ့ ယတြာမျိုးက တပွဲတိုး...ဒီတပွဲတိုးယတြာဟာ ပုံသေမရှိဘူး..သီဝရီတွေ ဆရာလုပ်သူရဲ့ အတွေ့ အကြုံတွေ ဗေဒင်လမိုင်းတွေကြောင့်  ဘာပေးရမလဲဆိုတာ ဖြတ်ကနဲပေါ်လာတဲ့ သဘောတွေကနေ အမျိုးစုံဖြစ်လာတဲ့ ယတြာတွေပဲ
ဥပမာ ဒီလူရဲ့ ကားကို သီဟို ဆိုပေမယ့်  နောက်လူရဲ့ ကားက လဘက်တွေ (သို့ ) သပြေတွေ (သို့ ) ဒန်းတွေ ဖြစ်ချင်ဖြစ်သွားတယ် ဒါဟာတပွဲတိုးပဲ...ဒီတော့ တပွဲတိုးကို ပုံသေမှတ်နေရင် မှတ်လို့ မဆုံး ကျက်လို့ မဆုံးဖြစ်နေတတ်တယ်...ဗေဒင်ကယူရတာက သဘောတွေကို ယူမှ ကိုယ် တိုင်အတွက်လုပ်တတ်လာလိမ့် မယ်....ဥပမာ...တနင်္လာသားကို သြဇာ သုံးချင်တာ သြဇာက ဘယ်မှမရတော့  သပြေ ညွန့် ထိပ်မှာ အုံးဆီတို့ ပြီးသုံးတာဟာ ဗေဒင်ဆရာတွေမှာ ကြံစီတတ်တဲ့ 
လမိုင်းပဲ...အဲ့ လမိုင်းကို ဗေဒင်လိုက်သူက လိုက်ဖမ်းတော့ မှ ကိုယ်တိုင်ကြံစီတတ်သူဖြစ်လာမှာပါပဲဗျား

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..