စတိုင် ၂မျိုးနဲ့ လူ
-----------
ဒီဘက်ခေတ်မှာ ကျနော်တို့ တွေမှာ သူများ အတွေးတွေကို ကိုးကားရင်းက ကိုယ်တိုင်လည်း တွေးတတ်တဲ့ သဘောတွေက ပိုအားကောင်းလာတော့  တစ်ခါတစ်လေ ကိုယ့် အတွေးနဲ့ ကိုယ့် ဘ၀ ရပ်တည်နေတဲ့ ဒေသ ရဲ့ ဓလေ့ ယဉ်ကျေးမှု့ သဘောက သဟဇာတ ဖြစ်မလာတဲ့ အခါ ကျနော်တို့ ရဲ့ အသက် နဲ့ ဘ၀အိုးအိမ်တွေကိုထိခိုက်လာနိုင်တဲ့ အခြေအနေတွေ ဖြစ်လာနိုင်တယ်...
ဒီတော့  ကိုယ့် ရဲ့ အသက်နဲ့ ဘ၀အိုးအိမ်တွေ အထိခိုက် မခံနိုင်သေးတဲ့ အခါ အများရဲ့ ယုံကြည်မှု့ ဆိုင်ရာ ဓလေ့ တွေ နဲ့ ယဉ်ကျေးမှု့ တွေကြားထဲမှာ စိတ်ပါပါ မပါပါ ၀င်ကျင်လည်ရင်း ကိုယ့် ရဲ့  စိတ်အတွင်းက ယုံကြည်ချက်ပုံစံကို ကိုယ့် တစ်ဦးတည်းသာ လျို့ ဝှက်ပြီး အများကို ဖွင့် ပြမနေပဲ ကျိတ်ပြီး ကျင့် သုံးနေရတဲ့ စတိုင်မျိုးအဖြစ် ထားရတော့ တယ်..ဘယ်လောက်အထိ သိုဝှက်စိတ် ထားရသလဲဆိုရင် တအူတုံဆင်းမောင်ရင်း်နှစ်မတွေကိုတောင် တစ်ချို့ ယုံကြည်မှု့ တွေနဲ့ ပတ်သက်လာရင် ကိုယ်ဟာ ကိုယ့် ရဲ့  အယူအပေါ် ဘယ်လိုယုံတာမျိုးလို့ တောင် ဖွင့် ပြောပြလို့ မသင့် တော်..ဆိုတဲ့ သဘောအထိအောင်ပဲပေါ့ ...
ယုံကြည်မှု့ သဘောမှာ စိတ်ထဲမှာသာ တည်ဆောက်ထားတဲ့ အယူမျိုးက ကိုယ်ကသာ အပြင်ကို ထုတ်မပြရင် ထမင်းအိုးကို မထိခိုက်နေပေမယ့် အပြင်လောကနဲ့ ဆက်စပ်ပေးလိုက်မိပြီဆိုရင်တော့  အဆင်မသင့် ရင် ကိုယ့် ဘ၀ကို ထိခိုက်သွားနိုင်တယ်ပေါ့ လေ..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..