'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, May 27, 2015
အစိမ်းရောင်မင်းသမီး...
အစိမ်းရောင်မင်းသမီး...
----------
ငယ်တုန်းကတော့ ထုံးစံအတိုင်း သိပ်စိတ်ကူးယဉ်ကြတာပေါ့ ဗျာ..ပြီးတော့  သဲသဲလှုပ်တွေလည်းဖြစ်ခဲ့ ကြတာပေါ့ လေ...ဒါနဲ့ ဇီးပြားတွေ ဘာတွေလည်း ကြိုက်တတ်တော့  ရီးစားတွေ ဘာတွေလည်း ထားခဲ့ ဘူးတယ်ပေါ့လေ....ခိခိ......(ငင့် ..ဘာမှလည်းမဆိုင်ဘူး..ခိခိ)
ဒီလိုနဲ့တစ်ခါတော့  သူမှားတယ် ကိုယ်မှန်တယ် ကိုယ်မှန်တယ် သူမှားတယ်နဲ့ 
..( ကိုယ်ချည်းမှန်ပလိုက်တယ် အေးရော..အဟိ..) နှစ်ယောက်သား ကောက်ကွေးပြီး...လမ်းခွဲကြမယ်ပေါ့ ...စိတ်သိပ်ဆိုးကြပြီပေါ့ လေ..နင့် မျက်နှာလည်း နာမကြည့် ချင်ဘူး နာ့ မျက်နှာလည်း နာမကြည့် ချင်ဘူး.လမ်းမှာတွေ့ ရင် ရေခဲမုန့် လာ မတောင်းမစားနဲ့ ကျွေးဘူး.ဘာဘူး ညာဘူးပေါ့ လေ...အဲ့ မှာ လမ်းခွဲတာ ရိုးရိုးတန်းတန်း မခွဲဘူး..အဖြစ်က...သူကစပြောပုံက ဇာတ်လမ်း စခဲ့ တဲ့ နေရာဟောင်းလေးမှာ ပြန်လမ်းခွဲမယ်တဲ့ ....အမငီး...မနဲပြန်စဉ်းစားရတယ် ဘယ်နေရာမှာမှန်းတောင် မမှတ်မိတော့ လို့ ....အတော်လေးစဉ်းစားလိုက်မှ သြော် ရွှေတိဂုံဘုရားက မြေပြိုပြီး ပြန်တည်ထားတဲ့  ရာဟုထောင့်  အောက်ချိုင့် ထဲက ပုံတော်တူစေတီလေးနား ချိန်းတာကိုး...လို့ ...ဟီဟိ..
( မလာနိုင်သယောင်ယောင် ပဲထုပြီး) ချိန်းတိုင်း အားချင်မှ အားမှာ ဘာလုပ်ဖို့ အဲ့ မှာ ချိန်းတာလဲလို့ ဘုဆတ်ဆတ်မေးတော့ ဟိုဖက်ကလည်း ဘောက်ကျကျပါပဲ အသံတူပါ့ ...စာတွေ ဓါတ်ပုံတွေ ပြန်ပေး..ဒီကလည်းပြန်ယူလာမယ် တစ်ခုမကျန်...တဲ့ ...အဟားးး..နင်က ဒီလိုဆိုတော့  လုပ်လိုက်လေကြာသလားလို့ ..ပေါ့ ...ခ်ခ်..
ဒါနဲ့ တိမ်ပြာပြာ နေ့ တစ်နေ့  ဆန်းဒေးမှာ မင်္ဂါ မဆောင်ရပဲ လမ်းခွဲသီအိုရီကြီး ထလုပ်ရတော့ တာပေါ့ ...ဘာစာတွေ ဘာဓါတ်ပုံတွေမှမယူသွားပါဘူး .နဂိုကကိုတာ့ တာ့ လုပ်ဖို့ စိတ်ကူးမှ မရှိတာလေ..တွေ့ မှ မှောင်မှားပါတယ် ဂျစ်ရယ် ဘာညာကွိကွတွေ ချော့ လိုက်မယ်ပေါ့ ...ခိခိ..အဲ အဲ..ချိန်းထားတာများ နာရီအတိအကျနဲ့ ဗျ..မှာတော်မူသေးတာ ဘော်ဒါတွေ တစ်ယောက်မှ ခေါ်မလားနဲ့ တဲ့  သူလည်းခေါ်မလားဘူးတဲ့ ...ရတယ် အိုကေပေါ့  အနားတော့ ခေါ်မထားပါဘူး..ဘော်ဒါတွေက ကုန်းတော်ပေါ်ကနေ ချောင်းနေကြတာ..ဟီးး..၊ အဲ့ နေ့ မှာ သူက စောင်းတန်းကနေ ဘုရားပေါ်မတက်ပဲ စောင်းတန်းဂုတ်က လမ်းကနေတန်းပြီး လမ်းလျှောက်လာတာ .တစ်ပွေတည်း...( စောင်းတန်းထဲမှာ ချောင်းပြီးကျန်ခဲ့ တဲ့ သူ့ ဘော်ဒါတွေကို ရိပ်ကနဲတော့ မြင်လိုက်ရသေးတယ်..မျက်စိက ဒါမျိုးဆို အားကောင်းချက် ဟီး..)
ဟိုက် ရှာလဘတ်ရည်...ကမ္ဘောဇလွယ်အိပ်က အမွှေးပွတွေနဲ့ တစ်အိပ်လုံးအစိမ်း၊ မြန်မာဝတ်စုံ အင်းကျီလက်ရှည်နဲ့ ထဘီဝမ်းဆက်ကလည်း အစိမ်းဗျာ ဟားးးး..အစိမ်းရောင် မင်းသမီး လုပ်လာပါလားဟ.. ဖျားငုတ်တုတ်..ဂယ်ကြီး စိမ်းပြီထင်တယ်ဟပေါ့ လေ....အမငီးး...အနားရောက်တော့ မှ စိမ်းချက်က လက်လန်တယ်ခြေခွင်တယ်ပဲ...လက်ကိုင်ပုဝါက ပန်းနုကို အစိမ်းကွပ် ဖန်စီနားကပ် ပန်းပွင့် ကြီးကလည်း အစိမ်း ဖန်စီလက်ကောက်တွေက လည်းအစိမ်း..တစ်ကိုယ်လုံးအစိမ်းနဲ့ ..မျက်ခွံလေး ဖလပ်ဖလပ်ပေါ် မှာပါ အစိမ်းရောင် ရှဲဒိုးလေး.....အဟိ...သူ့ ခမျာ လမ်းခွဲဖို့ ကို တော်တော် စိတ်ကူးယဉ်ပြီး ပြင်ဆင်လာပုံပဲဟ...ဘယ်ကတောင် တကူးတက ဒီအစိမ်းရောင်တွေ လိုက်ရှာထားလဲ မသိဘူး..ဆိုပြီး..သူ့ ရဲ့ တစ်ကိုယ်လုံး အစိမ်းကိုကြည့် ရင်း ကြည့် ရင်း....
ရီးစားလေး.မလာခင်က.ကြေကွဲနေသလိုလို စိတ်မကောင်းသလိုလို ချက်ချင်းပဲဘုံးဘုံးလဲ သေတော့ မလိုလို နဲ့  အပိုးကျိုးအောင် ဟန်ဆောင်ထားရတဲ့  မျက်နှာသေလေးက ဘယ်လိုမှ ဆက်ဟန်ဆောင်လို့ မရတော့ ပဲ တဟားဟားဟား နဲ့ ရီပြီး နင့် မြင်တာ ငါပါ ချီးစိမ်းပန်းချင်လာပြီဟာ....ဟီးဟီး ဟားဟားတွေနဲ့  အသားကုန် ရယ်တော့  လမ်းခွဲမယ်ဆိုပြီး ဒေါင့် တိ မောင်းတိနဲ့ ချီတက်လာတဲ့ ရီးစားလေးလဲ မနေနိုင်တော့ ပဲ အရယ်တွေ ကူးပြီးရောပြီး ဟီးဟီးဟားဟားတွေ ဖြစ်ကုန်ပါရောဗျားးးး...ဟီးဟီး...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..