Powered By Blogger

Wednesday, May 27, 2015

အင်္ဂါရုပ်+အမူအကျင့် +အသိဥာဏ်ပညာကွန်ထရိုး..


အင်္ဂါရုပ်+အမူအကျင့် +အသိဥာဏ်ပညာကွန်ထရိုး..
---------
ကျော်ကြားနေတဲ့  ဒဿနဆရာရဲ့ နှာခေါင်းကသာမန်ထက်မြင်သာအောင်ကြီးနေတော့  အင်္ဂါရုပ်ဖတ်တတ်တဲ့ ပညာရှင်တွေက ဒီလက္ခဏာအရတော့  နှာဘူး စိတ်သန်တယ်လို့ ဝေဖန်ရင်း ကျော်ကြားမှု့ ကို မနာလိုတာနဲ့  လှောင်ပြောင်ကျတော့  ဒဿနဆရာရဲ့  တပည့် တွေက မခံနိုင်ဘူး...ဒါပေမယ့် ဒဿနဆရာက သူတို့ ဖတ်တာ မမှားဘူး.သူတို့ မသိတဲ့ အချက်က ငါက ကိုယ့် အသိဥာဏ်ပညာနဲ့ ကိုယ့်  စိတ်ရိုင်းတွေကို ထိမ်းချုပ်နိုင်ထားလိုက်တာ လို့ ပြန်ပြောတဲ့ သဘောလေး အတိအကျမဟုတ်တောင် ဒီသဘောဆန်ဆန် ဖတ်ခဲ့ ရတယ်..ကိုယ့် ဗီဇဆိုးတစ်ခုကို ကိုယ့် အသိဥာဏ်ပညာနဲ့ ထိမ်းချုပ်နိုင်ခဲ့ တယ်ပေါ့ လေ....
( အာ့ လေးနဲ့ ဆင်ခြေပေးပြီး ကာကွယ်ထားရတာ..ကျေးဇူးကြီးပါပေ့ ဒဿနဆရာရယ်..ငိငိ)



ကျနော်တို့ အရပ်ထဲမှာရော အသိုင်းအ၀ိုင်းထဲမှာရော ကိုယ်တိုင်မှာရောမှာ အကျင့် တစ်မျိုး တူညီတာက ဘာမှ ပြန်မပြောသာတော့ ရင် .ဘာမှလာမပြောနဲ့  ငါကြိုက်တာ ငါ လုပ်တာကွာ ကိုယ်ဖြစ် ကိုယ်ခံမယ် တို့  ကိုယ့် ထမင်း ကိုယ်စားနေတာ ဘယ်ကောင်မှ သောက် ဂရုမစိုက်ဘူး.တို့ ဆိုတဲ့ စကားလုံးတွေနဲ့  ကိုယ်ထင်ရာ စိုင်းချင်တဲ့ စကားမျိုးတွေ ကိုယ်တိုင်လည်း ပြောခဲ့ ဘူးတယ် အများပြောသံလည်း ကြားဖူးတယ်...ဒါဟာ ကြားရလွန်းတဲ့ စကားလုံးတွေဖြစ်လို့  ဒီဒေသအတွင်းက လူတွေ တစ်ချို့ ရဲ တူညီနေကြတဲ့ စရိုက်တစ်မျိုးလားလို့ တောင် သံသယ အတွေးပွားစရာဖြစ်မိတဲ့ အထိပဲ...

ဒါပေမယ့်  အသိတစ်ခုကပ်လာတဲ့ အချိန်မှာ တစ်ဖက်သားအတွက်ကိုပါ ထည့် တွက်စဉ်းစားပေးတဲ့ သဘောလေး ဖြစ်လာတော့ ဒီလိုကြီး အသာစီးရတိုင်း အထက်စီးကဖြစ်နေတိုင်း..လူတကာကို ဘုတောနေတာတော့  သိပ်မဟုတ်သေးဘူးထင်တယ်ဆိုတဲ့  အတွေးကနေ ကိုယ့် ရဲ့  ပုံမလာတဲ့  အမူအကျင့် ကို ချက်ချင်းမပြင်နိုင်တောင် ကြဲသွားအောင်ကစပြီး တစ်စတစ်စ ချိန်းယူခဲ့ ရတယ် ငါတကောကောခြင်းဟာ လူမှု့ ဆက်ဆံရေးအတွက် မကောင်း ဆိုတာကို လက္ခံထားလိုက်တဲ့  အချိန်ကစပြီးပေါ့ ..ခက်ခဲပေမယ့်  ဒီလိုပဲ လုပ်ယူရခဲ့ ရတယ်..အပြီးတိုင် မထိမ်းချုပ်နိုင်သေးပေမယ့်  အရင်လိုတော့  အလွန်အကျွံ လွတ်ထွက်မသွားတော့ ဘူးပေါ့ ....

အုပ်ချုပ်ရေးပိုင်းတွေမှာ အဆင့် တစ်ခုရောက်လာရာကနေ အပေါ်ဆုံးနေရာတွေကို ကံကြောင့် ရောက်နေတဲ့ သူတွေထဲက တစ်ချို့ ကတော့  အင်္ဂါရုပ်ကော အမူအကျင့် ရော ထပ်တူ ထပ်မျှသဘောတွေလို့ တောင်ကြားနေရမြင်နေရသလိုပဲ....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..