Powered By Blogger

Thursday, May 28, 2015

အကြိမ်ရေ>အစွဲ>သံသယ


အကြိမ်ရေ>အစွဲ>သံသယ
-----------
အကြိမ်ရေထပ်လာရင် အစွဲတစ်ခုဖြစ်လာတယ်  အဲ့ အစွဲနဲ့ ပဲ  နောက်ထပ်အကြိမ်ရေတွေကို ထပ်ဆုံးဖြတ်တဲ့  စံနှူံး ဖြစ်လာတယ်...ဘာတွေကို ထပ်ခါ ထပ်ခါ ကြုံတွေ့ ရသလဲဆိုတဲ့  သဘောမှာတော့  ဘ၀ဖြတ်သန်းမှု့ တွေ သဘောကြောင့် တစ်ယောက်နဲ့ တစ်ယောက် တူတာလည်းရှိမယ် မတူတာလည်းရှိလိမ့် မယ်...



သူငယ်ချင်းတစ်ယောက်ဟာ  တနင်္ဂနွေသား ရာဇဖွားတွေ နဲ့  ကြုံလိုက်ရတိုင်း သူ့ မှာ ဒုက္ခတွေချည်း ရောက်ကျန်ခဲ့ တာ တစ်ယောက်မြောက်နဲ့ လည်းမပြီး နှစ်ယောက်မြောက်နဲ့ ဆိုလည်းခံရ သုံးယောက်မြောက်နဲ့ ဆိုလည်းကွဲ ၄ ယောက်မြောက်နဲ့ ဆိုလည်း ဂျွန်းပစ်ဆိုသလို ကြုံပါများလာတဲ အခါ..တနင်္ဂနွေသား ရာဇဖွားဆို ဘယ်ကောင်မှ အကျင့် မကောင်းဘူးလို့  အစွဲဖြစ်သွားတယ်....

အဲ့ အစွဲကနေ နောက်ထပ်ကြုံလာတဲ့  တနင်္ဂနွေသား ရာဇဖွားတွေကို သူဟာ သာမန်ထက် ထင်သာမြင်သာ ရှိလောက်အောင်ကို သတိကြီးကြီးထားဆက်ဆံမိတော့ တယ်...သူ့ စိတ်ထဲမှာ ရှိတဲ့  ဖိအားက တနင်္ဂနွေသား ဆိုတာနဲ့  ရာဇဖွားများလားဆိုတဲ့ သံသယစိတ်က အမြဲလိုလို တန်းဖြစ်လာလေ့ ရှိသွားတယ်. ၊ အဲ့ ရာဇဖွားတနင်္ဂနွေသားထဲမှာ ကောင်းတဲ့  ရာဇဖွားတနင်္ဂနွေသားလည်းရှိလောက်ပေလိမ့် မယ်လို့ တောင် တွေးမပေးနိုင်လောက်အောင်ဖြစ်ခဲ့ ပြီ...၊ ဒါပေမယ့်  အဲ
့ဒီလိုတွေးမပေးနိုင်တာကို အပြစ်တော့ ဆိုရခက်တယ်၊ အကြောင်းက သူက တကယ်ရင်ဆိုင်ခဲ့ ရသူဖြစ်နေပြီး ကိုယ်က ဘယ်တနင်္ဂနွေသားနဲ့ မှ ပြဿနာကြီးကြီးမကြုံခဲ့ ဘူးလို့  ဘေးကနေ အေးအေးဆေးဆေးဝင်တွေးပေးနေတဲ့ သူဖြစ်တာရယ် ကိုယ်မှ သူ့ လိုမှ မခံခဲ့ ရဘူးသေးလို့ ကိုး..ဆိုတာကိုပါ ပြန်တွေးလိုက်ရတယ်...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..