Powered By Blogger

Thursday, May 28, 2015

နဂ္ဂတစ်


 နဂ္ဂတစ်
---------
ပုံမှန်လူ့ သဘာဝဟာ အညစ်တွေကို အကြာကြီးကြုံတွေကြားသိနေရမှာကို မကြိုက်ဘူး...အပျော်တွေကိုသာကြိုက်တယ်...ဒီသဘောကို ကိုယ့်  လူမှု့ ဆက်ဆံရေး ကဏ္ဍမှာပတ်သက်နေတဲ့  လူတွေကို ကိုယ် ဘယ်သူ့ ကို နှစ်သက်တယ် ဘယ်သူ့ ကိုတော့ မတတ်သာလို့ ဆိုတဲ့  စိတ်သဘောက ခွဲခြားလိုက်တာကိုပြန်တွေးကြည့် ရင် ရှင်းရှင်းလေးပေါ်တယ်...



တွေ့ လိုက်တိုင်း အမြဲတမ်းခိုလိုငြီးပြီး ညစ်ပြနေတဲ့  မိတ်ဆွေတွေနဲ့  တွေ့ လိုက်တာ နဲ့ လမ်းတွေ့ လိုက်တာနဲ့  ရယ်ကာမောကာနဲ့  ပျော်စရာလေးတွေ စ ပြောတတ်တဲ့ မိတ်ဆွေ ၂ မျိုးထဲမှာ ဘယ်မိတ်ဆွေ အမျိုးအစားနဲ့ တွေ့ ဆုံရတာ ပိုပြီး သဘောကျသလဲ ဆိုတာပြန်တွေးရင် ပေါ်လာတာပါပဲ...

ညစ်ပြနေတတ်တဲ့ သူတွေကို နဂ္ဂတစ်အမြင်သမားတွေ...ပျော်စရာလေးတွေကြံဖန်ပြောတတ်တဲ့ သူတွေကို ပေါ့စတစ် အမြင်သမားတွေလို့ ဆိုတယ်..နဂ္ဂတစ်အမြင်သမားတွေအများစုဟာ အကြောင်းတစ်ခုဆို အငြင်းဝါကျတွေက စပြီးပြောတတ်လေ့ ရှိတယ်လို့ မြင်သားတယ်...ရုပ်ဖြောင့် ပြီး တန်ခိုးနဲ့ ပြည့် စုံနေတဲ့ သိကြားမင်းတောင် သိကြားမင်းနားကင်းကတော့  ရှည်လွန်းတယ်လို့ ပြောတတ်တာမျိုးလို့ ဆိုတယ်...( ရုပ်ဖြောင့် တယ်ဆိုလို့  သိကြားမင်းကို စာထဲ ပန်းချီပန်းပုထဲမဟုတ်ပဲ...ဘူများ အရှင်လတ်လတ် အပြင်မှာမြင်ဘူးလည်း မသိ လို့ တောင် တွေးမိသေး...ခ်ခ်ခ်..)

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..