တွေးစရာ..
---
ကျနော်တို့ အလုပ်မှာ အလုပ်သဘောအရသာ အဖြေတစ်ခုခု ပေးရတယ် ဘယ်လိုလုပ် အဲ့ လိုကျင့် သုံးဖို့ လွယ်မလဲလို့  တွေးစရာ ဖြစ်လာတဲ့ မေးခွန်းတစ်ခုက
''''ဘယ်နေ့ သားနဲ့  စီးပွားတွဲလုပ်ရင် ကောင်းမလဲ ဆိုတဲ့ အမေး '''ပဲ..၊
အများဆိုင်ရာသဘောအတွက် ကိုယ်ပိုင်စီးပွားအတွက် အိပ်မက်ကြီးရင် ၊ ၀န်ထမ်းဖြစ်နေရင် အဲ့ ဒီလို တွေ့ သမျှ လူတွေကို ဘာနေ့ သားလဲဟင်...လို့ မေးပြီး ရွေးပေါင်းလို့  ရွေးခြယ်ဖို့ ရွေးခြယ်ခွင့် အခြေအနေ ရနိုင်ပါ့ မလား.စဉ်းစားစရာ..နိုင်ငံလုံးဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ ကြီးမားတဲ့ လုပ်ငန်းသဘောတွေမှာရော အဲ့ ဒီလို နေ့ သားတွေရွေးခြယ်ပြီး လုပ်သွားကြတာမျိုး ဖြစ်နိုင်ပါ့ မလား..ကိုယ်ကရော တွေ့ သမျှ လူတွေကို ဘာနေ့ သားလည်းလို့ မေးပြီး ပေါင်းသင်းဆက်ဆံရေးတွေ လုပ်နေခဲ့ ပါသလဲ...တွေးစရာ...
လူမှု့ ဆက်ဆံရေးဆိုတာ ၀မ်းဘိုင်ဝမ်း.သဘော..အိမ်ထောင်ဘက်ရွေးတာမျိုးနဲ့ တူပါသလား မတူပါဘူးလား...အကယ်၍ လူမှု့ ဆက်ဆံရေးမှာ နေ့သားတွေ မေးပြီးဆက်ဆံရေး လုပ်တာဟာ ထုံးစံလည်းမရှိဘူး မေးရိုးလည်း မရှိခဲ့ ဘူး ကြုံတဲ့ လူနဲ့ အလိုက်သင့် ဆက်ဆံခဲ့ ရတာချည်းပါပဲလို့ ဆိုလာရင်...
ဒါဆို..လူမှု့ ဆက်ဆံရေးမှာ ဘာကို ကြည့် ပြီး ဆက်ဆံပါသလဲ...ဘယ်လို လူတွေကို အတွင်းကျကျ ဆက်ဆံလိုက်ပြီး ဘယ်လိုလူတွေကို မေးထူးခေါ်ပြော ဘယ်လိုလူတွေကို ဝေးဝေးကရှောင် ဘယ်လို လူတွေကို အောက်ကြို့ ခံ ဘယ်လိုလူတွေကို ရက်စပက်ပေးပေါင်းတယ်ဆိုတာမျိုး ရှိနိုင်ပါသလား..
ရှိတတ်ပါတယ်ဆိုရင် လာအတွက်ရှိတတ်တာပါလဲ...စသဖြင့်  တွေးစရာ....( တွေးစရာ တွေးစရာတွေ နဲ့ လုပ်ပြနေပုံထောက်တော့  ဧကန္တ အိပ်ဖေါင်းနေလို့ လားမသိ..အဟိ)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..